ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
(တီဗီကြိုက်၊ ဗီဒီယိုကြိုက်)
ကျွန်တော်တို့ငယ်ငယ်က တီဗီဆိုတာ အိမ်တိုင်းဘယ်ရှိလိမ့်မတုံး။တီဗီပေါ်ဦးစတုန်းကလည်း ကျွန်တော်တို့မြို့မှာ မှတ်မှတ်ရ နှစ်နေရာပဲရှိတယ်လို့ ထင်ပါတယ်။မြို့နယ်ဆရာဝန်ကြီးရဲ့အိမ်မှာနဲ့ ပါတီယူနစ်ရုံးမှာတစ်ခု။ ဒါပဲရှိတယ်ထင်တယ်။ပိုက်ဆံရှိတဲ့ တချို့အိမ်တွေမှာ ရှိကောင်းရှိနိုင်ပေမယ့် မသိရဘူးလေ။
အဲဒီတုန်းက တီဗီကြည့်ချင်ရင် မြို့နယ်ဆရာဝန်ကြီးအိမ်နဲ့ ပါတီယူနစ်ရုံးတို့မှာ သွားကြည့်ရတယ်။ အများအားဖြင့်တော့ မြို့နယ်ဆရာဝန်ကြီးအိမ်မှာ သွားကြည့်ကြရတာက များပါတယ်။ဆရာဝန်ကြီးအိမ်က မပြဖြစ်တော့မှ ပါတီယူနစ်ရုံးကို သွားကြည့်ကြရပါတယ်။
ညနေရောက်လာပြီဆိုရင် ဇာတ်လမ်းကြိုက်တဲ့သူတွေဟာ ဆေးရုံဝင်းထဲက ဆရာဝန်ကြီးနေတဲ့အိမ်ကို ရောက်လာကြပြီး တစ်ယောက်စ နှစ်ယောက်စနဲ့ တဖြည်းဖြည်း လူများလာတဲ့အခါ ဆရာဝန်ကြီးက သူ့အိမ်ထဲကတီဗီကြီးကို အိမ်အပြင်မြေကွက်လပ်မှာထုတ်လို့ တီဗီ အစီအစဉ်တွေကိုပြပေးတော့တာပေါ့။
ဆရာဝန်ကြီးအိမ်က ဆေးရုံဝင်းထဲမှာပါ။ဆေးရုံဝင်းက အထက်တန်းကျောင်းကြီးရဲ့ အရှေ့ဘက် တည့်တည့် တစ်ခြံကျော်လောက်မှာ ရှိပါတယ်။ပါတီယူနစ်ရုံးဆိုတာကလည်း အထကကျောင်းဝင်းကြီးရဲ့ အနောက်တောင်ဘက်မှာရှိပြီး ဈေးရဲ့မြောက်ဖက်မှာပေါ့။
ဟိုအရင်တစ်ခါတုန်းက တီဗီကလွှင့်တဲ့ အစီအစဉ်တွေဟာ ဘယ်လိုဆိုတာသိကြတယ်မို့လား။ ဇာတ်လမ်းကြည့်ချင်တဲ့ ကျွန်တော်တို့ကလေးတွေဟာ မကြည့်ချင်တဲ့ သတင်းအစီအစဉ်တွေကို အောင့်အီးသီးခံပြီး ကြည့်ခဲ့ရတယ်လေ။သိပ်စိတ်မဝင်စားတဲ့ အစီအစဉ်တွေကို ကြိတ်မှိတ်သီးခံပြီး ကြည့်ခဲ့ကြရတယ်။ အဲဒီတုန်းက တီဗီလိုင်းက တစ်လိုင်းပဲရှိခဲ့တာမို့လား။
တီဗီ အစီအစဉ်တွေကြည့်ချင်ပေမယ့် နေ့တိုင်းတော့ ဆရာဝန်ကြီးအိမ်ကို သွားမကြည့်ဖြစ်ကြပါဘူး။ အားနာရတယ်လေ။နေ့တိုင်းလည်းပြမပေးပါဘူး။ ရုပ်ရှင်ဇာတ်လမ်းတွေ လာတဲ့ စနေ၊တနင်္ဂနွေ နေ့တွေမှာမှ သွားကြည့်ဖြစ်ကြတယ်။ အဲဒီနေ့တွေမှာပဲ တီဗီပြပေးတာကိုး။
ကျွန်တော်တို့မြို့လေးက အခြားတောရွာတွေ လိုပါပဲ နေဝင်ပြီ ဆိုတာနဲ့ စောစောအိပ်တတ်ကြပါတယ်။ တီဗီအစီအစဉ်တွေပြီးလို့ ပြန်လာတဲ့အချိန်ဟာ တရေးနိုးချိန်ပါပဲ။
တစ်ခါတော့ ဆရာဝန်ကြီးအိမ်မှာ တီဗီကြည့်ဖို့သွားပြီးစောင့်နေတာပေါ့။နောက်အချိန်တော်တော်ကြာမှ ဆရာဝန်ကြီးမရှိလို့ အဲဒီနေ့ မပြဖြစ်တော့ဘူးဆိုလို့ ကျွန်တော်သူငယ်ချင်းတစ်သိုက် ပါတီယူနစ်ရုံးကို အပြင်းချီတက်ခဲ့ကြရတယ်။
ပါတီယူနစ်ရုံးရောက်တော့လည်း တီဗီမပြဘူးဆိုတာနဲ့ ကျွန်တော်တို့တစ်တွေ ရင်မောစွာနဲ့ ပြန်လာခဲ့ကြရတယ်။ ကြည့်ချင်စိတ်ကို မျိုသိပ်ခဲ့ကြရလို့လည်း စိတ်ထဲမှာ မသက်မသာလည်းဖြစ်ခဲ့ကြရတယ်။
ကျွန်တော်တို့မြို့မှာ တီဗီဟာ အဲဒီလိုကို ရှားခဲ့ပါတယ်။ဆင်းရဲသားနဲ့ ဝန်ထမ်းသားသမီးတွေဟာ ဒီလိုနေရာ လေးတွေ ရှာပြီး အပျော်ရှာကြရတယ်။
နောက်ပိုင်း ကျွန်တော်မြို့ရဲ့ဈေးအရှေ့ဘက်မှာ အခပေးကြည့်ရတဲ့ ဗီဒီယိုရုံတွေပေါ်လာတော့မှ တီဗီကလာတဲ့ ဇာတ်လမ်းတွေရော၊ဗီဒီယိုအခွေကဇာတ်လမ်းတွေကို နေ့ရောညပါ အားပါးတရ ကြည့်ခွင့်ရပါတော့တယ်။ ရုံဝင်ခတတ်နိုင်ရင်ပေါ့လေ။
ကျွန်တော်ဆိုတာကလည်း ရုပ်ရှင်နဲ့ဗီဒီယို ဇာတ်လမ်းတွေဆို သိပ်ကြိုက်ပေါ့။ဗီဒီယိုဆိုင်တွေဆိုတာကလည်း ညတင်ပြတာ မဟုတ်ဘူး နေ့ရောညပါပြတာပေါ့။ဗီဒီယိုသိပ်ကြိုက်တဲ့ ကျွန်တော် မုန့်ဖိုးလေးတွေရှိရင်တော့ မှန်မှန်ကြည့်လိုရတာပေါ့။
အဲမုန်းဖိုးလည်းကုန်ရောဆိုရင် ကျွန်တော့်မှာ နေမထိထိုင်မသာ ဖြစ်ကုန်ရောပဲ။ကိုယ်ကြိုက်တဲ့ မင်းသားပါတဲ့ ဇာတ်ကားများဆိုရင် လူဟာလေ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်ကိုဖြစ်လာတော့တာပါပဲ။ရုံဝင်ခ ဘယ်နားကရမလဲဆိုတာ ကြံရတာပေါ့။
မိဘတွေဆိုတာကလည်း မိသားစုဦးရေများတော့ ဘယ်သားသမီးကိုမှ အပိုပိုက်ဆံ ပေးမသုံးဘူး။မုန့်ဆိုလည်း အကုန်လုံးစားနိုင်မယ့်မုန့်မျိုးကို လုပ်ကြွေးတယ်။ကလေးတွေဖြစ်တဲ့ကျွန်တော်တို့က သားရေကွင်းပစ်လို့ ရလာတဲ့ ပိုက်ဆံလေးတွေနဲ့မှ ကိုယ်လုပ်ချင်တာလေးတွေကို လုပ်ရတာပေါ့။ရှားရှားပါးမုန့်ဖိုးလေးတွေကိုတော့ ပစ်တိုင်းထောင် မြေအိုးစုဘူးလေးထဲ ထည့်ပြီး စုကြရတယ်။ပစ်တိုင်းထောင်ပုံစံ မြေအိုးစုဘူးလေးမှာ ပိုက်ဆံထည့်ဖို့ အပေါက်မြောင်းအရှည်လေးနှစ်ခုပါ ပါတယ်။
အခုနတုန်းက တီဗီတို့ဗီဒီယိုတို့ကို အလွန်အမင်း ကြည့်ချင်လာတဲ့အခါ အဲဒီစုဘူးထဲကနေချူရတာပေါ့။ မိန်းကလေးတွေသုံးတဲ့ ဆံညှပ်ကလစ်လေးနဲ့ စုဘူးထဲကနေ ချူတာပေါ့။အရင်က လှုပ်ခါချရင် ဆယ်ပြား၊တစ်မတ်တော့ရတာပေါ့။အဲနေ့ကတော့ ဗီဒီယိုပြချိန်ကလည်းနီးနေပြီ ပိုက်ဆံကလည်းရှာမရတော့ စုဘူးပြေးကိုင်တော့တာပါပဲ။
အိမ်ပေါ်မှာရှိတဲ့ သေတ္တာထဲက စုဘူးကိုထုတ်ပြီး စုဘူးကိုဇောက်ထိုးလုပ်ပြီး ပိုက်ဆံချူတာပေါ့။ ပထမတော့လှုပ်ခါချပြီး ထုတ်တယ်။ မရဘူးဗျ။ဒါနဲ့ မေမေ့ကလစ်လေးယူပြီး ပိုက်ဆံထည့်တဲ့ အပေါက်လေးထဲထည့်ပြီး ညှပ်ယူတာပေါ့။
တစ်မတ်စိလေးညှပ်မိပြီး ဆွဲထုတ်တော့ အပေါက်ထက် ပိုက်ဆံနဲ့ ကလစ်ထုကကြီးနေတော့ ဆွဲထုတ်လို့ မရဘူးဖြစ်နေတယ်။ရလိုရငြား နှဲ့ပြီးထုတ်ကြည့်တာပေါ့။မြေအိုးဆိုတာ ရာဘာ ပလတ်စတစ်မဟုတ်တော့ သူကလည်း တင်းခံနေတာပေါ့။ အားလေးနဲနဲထပ်ထည့်လိုက်တယ်။ “ဖောက်” ကနဲ အသံထွက်သွားပြီး တစ်မတ်စိလေးက ကလစ်လေးနဲ့အတူ ထွက်လာပါတော့တယ်။
ကျွန်တော်ပျော်သွားတယ်ဗျာ။ဒါပေမဲ့ ဆက်တိုက်ကျလာတဲ့ အကြွေစေ့တွေကြောင့် ကျွန်တော်မျက်လုံးပြူးသွား ပါတော့တယ်။ပါးစပ်က အီကြာကွေးရဲ့ “ဟိုက်ရှာပတ်”လို အသံထွက်သွားပါတော့တယ်။
“အံမယ်မင်း…သူခိုးလူမိပါပြီဗျာ”။ပိုက်ဆံထည့်တဲ့ အပေါက်နှစ်ခုကြားက အတန်းလေးက ပဲ့ထွက်သွားတော့ စုဘူးဟာ အပေါက်ကြီးဖြစ်သွားတော့တာပေါ့။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၄)
(တီဗီႀကိဳက္၊ ဗီဒီယိုႀကိဳက္)
ကၽြန္ေတာ္တို႔ငယ္ငယ္က တီဗီဆိုတာ အိမ္တိုင္းဘယ္ရွိလိမ့္မတုံး။တီဗီေပၚဦးစတုန္းကလည္း ကၽြန္ေတာ္တို႔ၿမိဳ႕မွာ မွတ္မွတ္ရ ႏွစ္ေနရာပဲရွိတယ္လို႔ ထင္ပါတယ္။ၿမိဳ႕နယ္ဆရာဝန္ႀကီးရဲ႕အိမ္မွာနဲ႔ ပါတီယူနစ္ရုံးမွာတစ္ခု။ ဒါပဲရွိတယ္ထင္တယ္။ပိုက္ဆံရွိတဲ့ တခ်ိဳ႕အိမ္ေတြမွာ ရွိေကာင္းရွိႏိုင္ေပမယ့္ မသိရဘူးေလ။
အဲဒီတုန္းက တီဗီၾကည့္ခ်င္ရင္ ၿမိဳ႕နယ္ဆရာဝန္ႀကီးအိမ္နဲ႔ ပါတီယူနစ္ရုံးတို႔မွာ သြားၾကည့္ရတယ္။ အမ်ားအားျဖင့္ေတာ့ ၿမိဳ႕နယ္ဆရာဝန္ႀကီးအိမ္မွာ သြားၾကည့္ၾကရတာက မ်ားပါတယ္။ဆရာဝန္ႀကီးအိမ္က မျပျဖစ္ေတာ့မွ ပါတီယူနစ္ရုံးကို သြားၾကည့္ၾကရပါတယ္။
ညေနေရာက္လာၿပီဆိုရင္ ဇာတ္လမ္းႀကိဳက္တဲ့သူေတြဟာ ေဆးရုံဝင္းထဲက ဆရာဝန္ႀကီးေနတဲ့အိမ္ကို ေရာက္လာၾကၿပီး တစ္ေယာက္စ ႏွစ္ေယာက္စနဲ႔ တျဖည္းျဖည္း လူမ်ားလာတဲ့အခါ ဆရာဝန္ႀကီးက သူ႔အိမ္ထဲကတီဗီႀကီးကို အိမ္အျပင္ေျမကြက္လပ္မွာထုတ္လို႔ တီဗီ အစီအစဥ္ေတြကိုျပေပးေတာ့တာေပါ့။
ဆရာဝန္ႀကီးအိမ္က ေဆးရုံဝင္းထဲမွာပါ။ေဆးရုံဝင္းက အထက္တန္းေက်ာင္းႀကီးရဲ႕ အေရွ႕ဘက္ တည့္တည့္ တစ္ျခံေက်ာ္ေလာက္မွာ ရွိပါတယ္။ပါတီယူနစ္ရုံးဆိုတာကလည္း အထကေက်ာင္းဝင္းႀကီးရဲ႕ အေနာက္ေတာင္ဘက္မွာရွိၿပီး ေဈးရဲ႕ေျမာက္ဖက္မွာေပါ့။
ဟိုအရင္တစ္ခါတုန္းက တီဗီကလႊင့္တဲ့ အစီအစဥ္ေတြဟာ ဘယ္လိုဆိုတာသိၾကတယ္မို႔လား။ ဇာတ္လမ္းၾကည့္ခ်င္တဲ့ ကၽြန္ေတာ္တို႔ကေလးေတြဟာ မၾကည့္ခ်င္တဲ့ သတင္းအစီအစဥ္ေတြကို ေအာင့္အီးသီးခံၿပီး ၾကည့္ခဲ့ရတယ္ေလ။သိပ္စိတ္မဝင္စားတဲ့ အစီအစဥ္ေတြကို ႀကိတ္မွိတ္သီးခံၿပီး ၾကည့္ခဲ့ၾကရတယ္။ အဲဒီတုန္းက တီဗီလိုင္းက တစ္လိုင္းပဲရွိခဲ့တာမို႔လား။
တီဗီ အစီအစဥ္ေတြၾကည့္ခ်င္ေပမယ့္ ေန႔တိုင္းေတာ့ ဆရာဝန္ႀကီးအိမ္ကို သြားမၾကည့္ျဖစ္ၾကပါဘူး။ အားနာရတယ္ေလ။ေန႔တိုင္းလည္းျပမေပးပါဘူး။ ရုပ္ရွင္ဇာတ္လမ္းေတြ လာတဲ့ စေန၊တနဂၤေႏြ ေန႔ေတြမွာမွ သြားၾကည့္ျဖစ္ၾကတယ္။ အဲဒီေန႔ေတြမွာပဲ တီဗီျပေပးတာကိုး။
ကၽြန္ေတာ္တို႔ၿမိဳ႕ေလးက အျခားေတာရြာေတြ လိုပါပဲ ေနဝင္ၿပီ ဆိုတာနဲ႔ ေစာေစာအိပ္တတ္ၾကပါတယ္။ တီဗီအစီအစဥ္ေတြၿပီးလို႔ ျပန္လာတဲ့အခ်ိန္ဟာ တေရးႏိုးခ်ိန္ပါပဲ။
တစ္ခါေတာ့ ဆရာဝန္ႀကီးအိမ္မွာ တီဗီၾကည့္ဖို႔သြားၿပီးေစာင့္ေနတာေပါ့။ေနာက္အခ်ိန္ေတာ္ေတာ္ၾကာမွ ဆရာဝန္ႀကီးမရွိလို႔ အဲဒီေန႕ မျပျဖစ္ေတာ့ဘူးဆိုလို႔ ကၽြန္ေတာ္သူငယ္ခ်င္းတစ္သိုက္ ပါတီယူနစ္ရုံးကို အျပင္းခ်ီတက္ခဲ့ၾကရတယ္။
ပါတီယူနစ္ရုံးေရာက္ေတာ့လည္း တီဗီမျပဘူးဆိုတာနဲ႔ ကၽြန္ေတာ္တို႔တစ္ေတြ ရင္ေမာစြာနဲ႔ ျပန္လာခဲ့ၾကရတယ္။ ၾကည့္ခ်င္စိတ္ကို မ်ိဳသိပ္ခဲ့ၾကရလို႔လည္း စိတ္ထဲမွာ မသက္မသာလည္းျဖစ္ခဲ့ၾကရတယ္။
ကၽြန္ေတာ္တို႔ၿမိဳ႕မွာ တီဗီဟာ အဲဒီလိုကို ရွားခဲ့ပါတယ္။ဆင္းရဲသားနဲ႔ ဝန္ထမ္းသားသမီးေတြဟာ ဒီလိုေနရာ ေလးေတြ ရွာၿပီး အေပ်ာ္ရွာၾကရတယ္။
ေနာက္ပိုင္း ကၽြန္ေတာ္ၿမိဳ႕ရဲ႕ေဈးအေရွ႕ဘက္မွာ အခေပးၾကည့္ရတဲ့ ဗီဒီယိုရုံေတြေပၚလာေတာ့မွ တီဗီကလာတဲ့ ဇာတ္လမ္းေတြေရာ၊ဗီဒီယိုအေခြကဇာတ္လမ္းေတြကို ေန႔ေရာညပါ အားပါးတရ ၾကည့္ခြင့္ရပါေတာ့တယ္။ ရုံဝင္ခတတ္ႏိုင္ရင္ေပါ့ေလ။
ကၽြန္ေတာ္ဆိုတာကလည္း ရုပ္ရွင္နဲ႔ဗီဒီယို ဇာတ္လမ္းေတြဆို သိပ္ႀကိဳက္ေပါ့။ဗီဒီယိုဆိုင္ေတြဆိုတာကလည္း ညတင္ျပတာ မဟုတ္ဘူး ေန႔ေရာညပါျပတာေပါ့။ဗီဒီယိုသိပ္ႀကိဳက္တဲ့ ကၽြန္ေတာ္ မုန္႔ဖိုးေလးေတြရွိရင္ေတာ့ မွန္မွန္ၾကည့္လိုရတာေပါ့။
အဲမုန္းဖိုးလည္းကုန္ေရာဆိုရင္ ကၽြန္ေတာ့္မွာ ေနမထိထိုင္မသာ ျဖစ္ကုန္ေရာပဲ။ကိုယ္ႀကိဳက္တဲ့ မင္းသားပါတဲ့ ဇာတ္ကားမ်ားဆိုရင္ လူဟာေလ ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိေအာင္ကိုျဖစ္လာေတာ့တာပါပဲ။ရုံဝင္ခ ဘယ္နားကရမလဲဆိုတာ ၾကံရတာေပါ့။
မိဘေတြဆိုတာကလည္း မိသားစုဦးေရမ်ားေတာ့ ဘယ္သားသမီးကိုမွ အပိုပိုက္ဆံ ေပးမသုံးဘူး။မုန္႔ဆိုလည္း အကုန္လုံးစားႏိုင္မယ့္မုန္႔မ်ိဳးကို လုပ္ေၾကြးတယ္။ကေလးေတြျဖစ္တဲ့ကၽြန္ေတာ္တို႔က သားေရကြင္းပစ္လို႔ ရလာတဲ့ ပိုက္ဆံေလးေတြနဲ႔မွ ကိုယ္လုပ္ခ်င္တာေလးေတြကို လုပ္ရတာေပါ့။ရွားရွားပါးမုန္႔ဖိုးေလးေတြကိုေတာ့ ပစ္တိုင္းေထာင္ ေျမအိုးစုဘူးေလးထဲ ထည့္ၿပီး စုၾကရတယ္။ပစ္တိုင္းေထာင္ပုံစံ ေျမအိုးစုဘူးေလးမွာ ပိုက္ဆံထည့္ဖို႔ အေပါက္ေျမာင္းအရွည္ေလးႏွစ္ခုပါ ပါတယ္။
အခုနတုန္းက တီဗီတို႔ဗီဒီယိုတို႔ကို အလြန္အမင္း ၾကည့္ခ်င္လာတဲ့အခါ အဲဒီစုဘူးထဲကေနခ်ဴရတာေပါ့။ မိန္းကေလးေတြသုံးတဲ့ ဆံညွပ္ကလစ္ေလးနဲ႔ စုဘူးထဲကေန ခ်ဴတာေပါ့။အရင္က လႈပ္ခါခ်ရင္ ဆယ္ျပား၊တစ္မတ္ေတာ့ရတာေပါ့။အဲေန႔ကေတာ့ ဗီဒီယိုျပခ်ိန္ကလည္းနီးေနၿပီ ပိုက္ဆံကလည္းရွာမရေတာ့ စုဘူးေျပးကိုင္ေတာ့တာပါပဲ။
အိမ္ေပၚမွာရွိတဲ့ ေသတၱာထဲက စုဘူးကိုထုတ္ၿပီး စုဘူးကိုေဇာက္ထိုးလုပ္ၿပီး ပိုက္ဆံခ်ဴတာေပါ့။ ပထမေတာ့လႈပ္ခါခ်ၿပီး ထုတ္တယ္။ မရဘူးဗ်။ဒါနဲ႔ ေမေမ့ကလစ္ေလးယူၿပီး ပိုက္ဆံထည့္တဲ့ အေပါက္ေလးထဲထည့္ၿပီး ညွပ္ယူတာေပါ့။
တစ္မတ္စိေလးညွပ္မိၿပီး ဆြဲထုတ္ေတာ့ အေပါက္ထက္ ပိုက္ဆံနဲ႔ ကလစ္ထုကႀကီးေနေတာ့ ဆြဲထုတ္လို႔ မရဘူးျဖစ္ေနတယ္။ရလိုရျငား ႏွဲ႔ၿပီးထုတ္ၾကည့္တာေပါ့။ေျမအိုးဆိုတာ ရာဘာ ပလတ္စတစ္မဟုတ္ေတာ့ သူကလည္း တင္းခံေနတာေပါ့။ အားေလးနဲနဲထပ္ထည့္လိုက္တယ္။ “ေဖာက္” ကနဲ အသံထြက္သြားၿပီး တစ္မတ္စိေလးက ကလစ္ေလးနဲ႔အတူ ထြက္လာပါေတာ့တယ္။
ကၽြန္ေတာ္ေပ်ာ္သြားတယ္ဗ်ာ။ဒါေပမဲ့ ဆက္တိုက္က်လာတဲ့ အေၾကြေစ့ေတြေၾကာင့္ ကၽြန္ေတာ္မ်က္လုံးျပဴးသြား ပါေတာ့တယ္။ပါးစပ္က အီၾကာေကြးရဲ႕ “ဟိုက္ရွာပတ္”လို အသံထြက္သြားပါေတာ့တယ္။
“အံမယ္မင္း…သူခိုးလူမိပါၿပီဗ်ာ”။ပိုက္ဆံထည့္တဲ့ အေပါက္ႏွစ္ခုၾကားက အတန္းေလးက ပဲ့ထြက္သြားေတာ့ စုဘူးဟာ အေပါက္ႀကီးျဖစ္သြားေတာ့တာေပါ့။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com