ထိုင်းနိုင်ငံတွင် မေလအစောပိုင်း၌ ကျင်းပလေ့ရှိသော မိုးခေါ် မီးရှုးပွဲတော်

ထိုင်းနိုင်ငံတွင် မေလအစောပိုင်း၌ ကျင်းပလေ့ရှိသော မိုးခေါ် မီးရှုးပွဲတော် - Property News in Myanmar from iMyanmarHouse.com
1 May 2023 12:31 pm တွင် တင်ခဲ့သည်
1061 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းနိုင်ငံ၏ ကျေးလက်ဒေသတွင် နေထိုင်သူတို့သည် နှစ်စဉ်ကျင်းပသော မီးရှုးပွဲတော်တွင် ကြီးမားသော လက်လုပ်မီးရှုးမီးပန်းများ ပစ်ဖောက်လေ့ရှိရာ ထိုင်း၏ မိုးရာသီမှာ တဝုန်းဝုန်းတဒိုင်းတဒိုင်းအသံများဖြင့် စတင်သည်ဟု ဆိုရမည်။

ဘောင်ဘန်းဖိုင် (boun bang fai) (သို့မဟုတ်) မီးရှုးပွဲတော်ကို လပြက္ခဒိန်၏ ၆ လ မြောက်တွင် ကျင်းပလေ့ရှိသည်။

လယ်ကွင်းပြင်များထဲတွင် ပြည်သူများ စုရုံးကြကာ ကောက်ပဲသီးနှံကောင်းမွန်စေရေး ကူညီမှိုင်းမတော်မူပါရန် မိုးနတ်မင်းထံ ဆုတောင်းကြခြင်း ဖြစ်သည်။

ပွဲတော်တွင် လက်လုပ်မီးရှုးများ ပစ်ဖောက်ရုံမျှမက အချို့သော အမျိုးသားတို့က မိန်းကလေးအသွင် ဝတ်စားဆင်ယင်ကာ ကောင်းကင်ဆီသို့ သစ်သားဖြင့် ပြုလုပ်ထားသော လိင်တံအတုကြီးများ ဝှေ့ယမ်းပြ ကြသည်။

ထိုသို့ ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ ရိုင်းပျသော အပြုအမူအတွက် မိုးနတ်မင်းက ဒေါသထွက်ကာ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်ပြီး မိုးများ ရွာသွန်းစေရန် ဖြစ်သည်။

(ဘောင်ဘန်းဖိုင် (boun bang fai) (သို့မဟုတ်) မီးရှုးပွဲတော်ကို လပြက္ခဒိန်၏ ၆ လ မြောက်တွင် ကျင်းပလေ့ရှိသည်။ လယ်ကွင်းပြင်များထဲတွင် ပြည်သူများ စုရုံးကြကာ ကောက်ပဲသီးနှံကောင်းမွန်စေရေး ကူညီစောင့်ရှောက်တော်မူပါရန် မိုးနတ်မင်းထံ ဆုတောင်းကြခြင်း ဖြစ်သည်။)

(ပွဲတော်တွင် လက်လုပ်မီးရှုးများ ပစ်ဖောက်ရုံမျှမက အချို့သော အမျိုးသားတို့က မိန်းကလေးအသွင် ဝတ်စားဆင်ယင်ကာ ကောင်းကင်ဆီသို့ သစ်သားဖြင့် ပြုလုပ်ထားသော လိင်တံအတုကြီးများ ဝှေ့ယမ်းပြကြသည်။ ထိုသို့ ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ ရိုင်းပျသော အပြုအမူအတွက် မိုးနတ်မင်းက ဒေါသထွက်ကာ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်ပြီး မိုးများ ရွာသွန်းစေရန် ဖြစ်သည်။)

(ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Yasothon မြို့တွင် မိုးခေါ်ပွဲတော် ပါဝင်ဆင်နွှဲနေသူများ )

(ပွဲတော်ဆင်နွှဲရန် ပါဝင်မည့်သူများသည် ကျေးရွာများ၏ အပြင်ဘက်ရှိ လယ်ကွင်းများဆီသို့ သွားကြကာ အလှဆုံးနှင့် အမြင့်ဆုံး လက်လုပ်မီးရှုးပစ်ခတ်နိုင်မှုကို ယှဉ်ပြိုင်ကြသည်။)

(အလှပဆုံး မွမ်းမံအလှဆင်မှု ပြိုင်ပွဲတွင် အားလုံးယှဉ်ပြိုင်နိုင်သော်လည်း အမြင့်ဆုံးရောက်အောင် ပစ်ခတ်မှု ပြိုင်ပွဲတွင်မူ ဝါးဖြင့်ပြုလုပ်သော မီးရှုးများသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိသည်။)

ရိုးရာအားဖြင့် ဝါးများအတွင်းသို့ ယမ်းမှုန့်များ သိပ်ထည့်ကာ ပြုလုပ်ကြသော်လည်း ယနေ့ခေတ်တွင်မူ ပိုမိုချဲ့ထွင်လာကြကာ ဖန်ထည်များ ၊ သတ္တုပိုက်များဖြင့် ပုံသဏ္ဍန်အမျိုးမျိုး ၊ အရွယ်အစားအမျိုးမျိုး ပြုလုပ်လာကြသည်။

အလှပဆုံး မွမ်းမံအလှဆင်မှု ပြိုင်ပွဲတွင် အားလုံးယှဉ်ပြိုင်နိုင်သော်လည်း အမြင့်ဆုံးရောက်အောင် ပစ်ခတ်မှု ပြိုင်ပွဲတွင်မူ ဝါးဖြင့်ပြုလုပ်သော မီးရှုးများသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိသည်။

အကယ်၍ မီးရှုးမပေါက်ကွဲပါက ထိုအဖွဲ့၏ နည်းပညာရှင်မှာ ရွှံ့ရေ (သို့မဟုတ်) ဆန်အရက်သောက်ရမည်ဟု စည်းကမ်းသတ်မှတ်ထားသည်။

(အဆိုပါ မီးရှုးပွဲတော်များကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတခွင်နှင့် လာအိုနိုင်ငံတို့တွင် ကျင်းပကြပြီး ဟန် (သို့မဟုတ်) Muen Saen ဟု ခေါ်သော မိုးနတ်မင်းထံ မိမိတို့၏ ဆုတောင်းများ ပို့သမှုအဖြစ် ရည်ရွယ်ကြ သည်။)

ပွဲတော်ကျင်းပရေး ၊ ဘေးကင်းလုံခြုံရေးနှင့် ဆုချီးမြှင့်ရေးများအတွက် ကော်မတီများဖွဲ့ကာ လုပ်ဆောင်ကြသည်။

နေအိမ်များ ထိခိုက်ပျက်စီးမှုမရှိစေရန်အတွက် လူနေအိမ်ခြေများနှင့် ဝေးကွာသော နေရာတွင် ပွဲတော်ကျင်းပ ကြပြီး ပွဲတော်မတိုင်မီရက်များတွင် ရိုးရာအစားအစာများ ချက်ပြုတ်ကျွေးမွေး လှူဒါန်းကြသည်။

(အကယ်၍ မီးရှုးမပေါက်ကွဲပါက ထိုအဖွဲ့၏ နည်းပညာရှင်မှာ ရွှံ့ရေ (သို့မဟုတ်) ဆန်အရက်သောက်ရမည်ဟု စည်းကမ်းသတ်မှတ်ထားသည်။)

(နေအိမ်များ ထိခိုက်ပျက်စီးမှုမရှိစေရန်အတွက် လူနေအိမ်ခြေများနှင့် ဝေးကွာသော နေရာတွင် ပွဲတော်ကျင်းပ ကြပြီး ပွဲတော်မတိုင်မီရက်များတွင် ရိုးရာအစားအစာများ ချက်ပြုတ်ကျွေးမွေး လှူဒါန်းကြသည်။)

(ယနေ့ခေတ်တွင်မူ လူနေအိမ်ခြေနှင့် ကင်းလွတ်သော နေရာနည်းပါးလာမှုကြောင့် ပွဲတော်၏ ကြီးကျယ်ခမ်းနားမှု ပမာဏ ကျဆင်းသွားခဲ့သည်။ လေယာဉ်ခရီးစဉ် လမ်းကြောင်းများရှိရာ နေရာများတွင်လည်း ပွဲတော်ကျင်းပခွင့် မရှိချေ။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thai residents launch enormous homemade rockets into the air as rainy season arrives with a bang in traditional Buddhist festival (dailymail)

[Zawgyi]

ထိုင္းႏိုင္ငံတြင္ ေမလအေစာပုိင္း၌ က်င္းပေလ့ရွိေသာ မိုးေခၚ မီးရႈးပြဲေတာ္

ထိုင္းႏိုင္ငံ၏ ေက်းလက္ေဒသတြင္ ေနထုိင္သူတို႔သည္ ႏွစ္စဥ္က်င္းပေသာ မီးရႈးပြဲေတာ္တြင္ ၾကီးမားေသာ လက္လုပ္မီးရႈးမီးပန္းမ်ား ပစ္ေဖာက္ေလ့ရွိရာ ထိုင္း၏ မိုးရာသီမွာ တဝုန္းဝုန္းတဒိုင္းတဒိုင္းအသံမ်ားျဖင့္ စတင္သည္ဟု ဆိုရမည္။

ေဘာင္ဘန္းဖိုင္ (boun bang fai) (သို႔မဟုတ္) မီးရႈးပြဲေတာ္ကို လျပကၡဒိန္၏ ၆ လ ေျမာက္တြင္ က်င္းပေလ့ရွိသည္။

လယ္ကြင္းျပင္မ်ားထဲတြင္ ျပည္သူမ်ား စုရံုးၾကကာ ေကာက္ပဲသီးႏွံေကာင္းမြန္ေစေရး ကူညီမိႈင္းမေတာ္မူပါရန္ မိုးနတ္မင္းထံ ဆုေတာင္းၾကျခင္း ျဖစ္သည္။

ပြဲေတာ္တြင္ လက္လုပ္မီးရႈးမ်ား ပစ္ေဖာက္ရံုမွ်မက အခ်ိဳ႕ေသာ အမ်ဳိးသားတို႔က မိန္းကေလးအသြင္ ဝတ္စားဆင္ယင္ကာ ေကာင္းကင္ဆီသို႔ သစ္သားျဖင့္ ျပဳလုပ္ထားေသာ လိင္တံအတုၾကီးမ်ား ေဝွ႔ယမ္းျပ ၾကသည္။

ထိုသုိ႔ ျပဳလုပ္ျခင္း၏ ရည္ရြယ္ခ်က္မွာ ၎တို႔၏ ရိုင္းပ်ေသာ အျပဳအမူအတြက္ မိုးနတ္မင္းက ေဒါသထြက္ကာ မိုးၾကိဳးမုန္တိုင္းမ်ား တိုက္ခတ္ျပီး မိုးမ်ား ရြာသြန္းေစရန္ ျဖစ္သည္။

(ေဘာင္ဘန္းဖိုင္ (boun bang fai) (သို႔မဟုတ္) မီးရႈးပြဲေတာ္ကို လျပကၡဒိန္၏ ၆ လ ေျမာက္တြင္ က်င္းပေလ့ရွိသည္။ လယ္ကြင္းျပင္မ်ားထဲတြင္ ျပည္သူမ်ား စုရံုးၾကကာ ေကာက္ပဲသီးႏွံေကာင္းမြန္ေစေရး ကူညီေစာင့္ေရွာက္ေတာ္မူပါရန္ မိုးနတ္မင္းထံ ဆုေတာင္းၾကျခင္း ျဖစ္သည္။)

(ပြဲေတာ္တြင္ လက္လုပ္မီးရႈးမ်ား ပစ္ေဖာက္ရံုမွ်မက အခ်ိဳ႕ေသာ အမ်ဳိးသားတို႔က မိန္းကေလးအသြင္ ဝတ္စားဆင္ယင္ကာ ေကာင္းကင္ဆီသို႔ သစ္သားျဖင့္ ျပဳလုပ္ထားေသာ လိင္တံအတုၾကီးမ်ား ေဝွ႔ယမ္းျပၾကသည္။ ထိုသုိ႔ ျပဳလုပ္ျခင္း၏ ရည္ရြယ္ခ်က္မွာ ၎တို႔၏ ရိုင္းပ်ေသာ အျပဳအမူအတြက္ မိုးနတ္မင္းက ေဒါသထြက္ကာ မိုးၾကိဳးမုန္တိုင္းမ်ား တိုက္ခတ္ျပီး မိုးမ်ား ရြာသြန္းေစရန္ ျဖစ္သည္။)

(ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္း Yasothon ျမိဳ႕တြင္ မိုးေခၚပြဲေတာ္ ပါဝင္ဆင္ႏႊဲေနသူမ်ား )

(ပြဲေတာ္ဆင္ႏႊဲရန္ ပါဝင္မည့္သူမ်ားသည္ ေက်းရြာမ်ား၏ အျပင္ဘက္ရွိ လယ္ကြင္းမ်ားဆီသို႔ သြားၾကကာ အလွဆံုးႏွင့္ အျမင့္ဆံုး လက္လုပ္မီးရႈးပစ္ခတ္ႏိုင္မႈကို ယွဥ္ျပိဳင္ၾကသည္။)

(အလွပဆံုး မြမ္းမံအလွဆင္မႈ ျပဳိင္ပြဲတြင္ အားလံုးယွဥ္ျပိဳင္ႏိုင္ေသာ္လည္း အျမင့္ဆံုးေရာက္ေအာင္ ပစ္ခတ္မႈ ျပိဳင္ပြဲတြင္မူ ဝါးျဖင့္ျပဳလုပ္ေသာ မီးရႈးမ်ားသာ ဝင္ေရာက္ယွဥ္ျပိဳင္ခြင့္ ရွိသည္။)

ရိုးရာအားျဖင့္ ဝါးမ်ားအတြင္းသို႔ ယမ္းမႈန္႔မ်ား သိပ္ထည့္ကာ ျပဳလုပ္ၾကေသာ္လည္း ယေန႔ေခတ္တြင္မူ ပိုမုိခ်ဲ႕ထြင္လာၾကကာ ဖန္ထည္မ်ား ၊ သတၱဳပိုက္မ်ားျဖင့္ ပံုသ႑န္အမ်ဳိးမ်ဳိး ၊ အရြယ္အစားအမ်ဳိးမ်ဳိး ျပဳလုပ္လာၾကသည္။

အလွပဆံုး မြမ္းမံအလွဆင္မႈ ျပဳိင္ပြဲတြင္ အားလံုးယွဥ္ျပိဳင္ႏိုင္ေသာ္လည္း အျမင့္ဆံုးေရာက္ေအာင္ ပစ္ခတ္မႈ ျပိဳင္ပြဲတြင္မူ ဝါးျဖင့္ျပဳလုပ္ေသာ မီးရႈးမ်ားသာ ဝင္ေရာက္ယွဥ္ျပိဳင္ခြင့္ ရွိသည္။

အကယ္၍ မီးရႈးမေပါက္ကြဲပါက ထုိအဖြဲ႔၏ နည္းပညာရွင္မွာ ရႊံ႕ေရ (သို႔မဟုတ္) ဆန္အရက္ေသာက္ရမည္ဟု စည္းကမ္းသတ္မွတ္ထားသည္။

(အဆိုပါ မီးရႈးပြဲေတာ္မ်ားကို ထိုင္းႏိုင္ငံအေရွ႕ေျမာက္ပိုင္းတခြင္ႏွင့္ လာအိုႏိုင္ငံတို႔တြင္ က်င္းပၾကျပီး ဟန္ (သို႔မဟုတ္) Muen Saen ဟု ေခၚေသာ မုိးနတ္မင္းထံ မိမိတုိ႔၏ ဆုေတာင္းမ်ား ပို႔သမႈအျဖစ္ ရည္ရြယ္ၾက သည္။)

ပြဲေတာ္က်င္းပေရး ၊ ေဘးကင္းလံုျခံဳေရးႏွင့္ ဆုခ်ီးျမွင့္ေရးမ်ားအတြက္ ေကာ္မတီမ်ားဖြဲ႔ကာ လုပ္ေဆာင္ၾကသည္။

ေနအိမ္မ်ား ထိခိုက္ပ်က္စီးမႈမရွိေစရန္အတြက္ လူေနအိမ္ေျခမ်ားႏွင့္ ေဝးကြာေသာ ေနရာတြင္ ပြဲေတာ္က်င္းပ ၾကျပီး ပြဲေတာ္မတိုင္မီရက္မ်ားတြင္ ရုိးရာအစားအစာမ်ား ခ်က္ျပဳတ္ေကၽြးေမြး လွဴဒါန္းၾကသည္။

(အကယ္၍ မီးရႈးမေပါက္ကြဲပါက ထုိအဖြဲ႔၏ နည္းပညာရွင္မွာ ရႊံ႕ေရ (သို႔မဟုတ္) ဆန္အရက္ေသာက္ရမည္ဟု စည္းကမ္းသတ္မွတ္ထားသည္။)

(ေနအိမ္မ်ား ထိခိုက္ပ်က္စီးမႈမရွိေစရန္အတြက္ လူေနအိမ္ေျခမ်ားႏွင့္ ေဝးကြာေသာ ေနရာတြင္ ပြဲေတာ္က်င္းပ ၾကျပီး ပြဲေတာ္မတိုင္မီရက္မ်ားတြင္ ရုိးရာအစားအစာမ်ား ခ်က္ျပဳတ္ေကၽြးေမြး လွဴဒါန္းၾကသည္။)

(ယေန႔ေခတ္တြင္မူ လူေနအိမ္ေျခႏွင့္ ကင္းလြတ္ေသာ ေနရာနည္းပါးလာမႈေၾကာင့္ ပြဲေတာ္၏ ၾကီးက်ယ္ခမ္းနားမႈ ပမာဏ က်ဆင္းသြားခဲ့သည္။ ေလယာဥ္ခရီးစဥ္ လမ္းေၾကာင္းမ်ားရွိရာ ေနရာမ်ားတြင္လည္း ပြဲေတာ္က်င္းပခြင့္ မရွိေခ်။)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Thai residents launch enormous homemade rockets into the air as rainy season arrives with a bang in traditional Buddhist festival (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service