ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
ဒီတစ်ကြိမ်လည်း ထပ်ဖတ်မိပြန်ပါပြီ။ဖတ်ပြီးသားဖြစ်သော်လည်း စဖတ်လိုက်သည်နှင့် အပြီးထိ လက်က မချနိုင်အောင်ပဲဖြစ်ရသည်။ကျွန်တော်လည်း ဒီစာအုပ်ကို အခုအပါအဝင် ဘယ်နှစ်ကြိမ်မြောက် ဖတ်မိခဲ့ပြီလည်း မသိတော့ပါ။အဲဒါကတော့ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ “သာ၍ဝေးရာဆီကိုပါ”စာအုပ်ပဲဖြစ်သည်။
မီးကို စိတ်မချရသလို ရေကိုလည်းစိတ်မချရသဖြင့် ရေတင်ထားသည့်အချိန်တွင် ရေအဆက်မပြတ် ရေလာမလာကို စောင့်ရင်း လက်လှမ်းမီရာ စာအုပ်ပုံမှ ဆရာကြီး၏စာအုပ်ကို ယူပြီးဖတ်လိုက်ခြင်းဖြစ်သည်။ ထိုစာအုပ်သည် ကျွန်တော်အနှစ်သက်ဆုံးဖြစ်သည်။ကျေးဇူးအတင်ရဆုံး စာအုပ်လည်းဖြစ်သည်။
ဘာကြောင့်ကျေးဇူးတင်ရသနည်းဟူမူ “သာ၍ဝေးရာဆီကိုပါ”စာအုပ်ဖတ်ပြီးမှ ဆရာကြီး၏ စာအုပ်အကုန်လုံးကို မရရအောင် ရှာဖွေဖတ်ရှုမိခြင်းကြောင့် ကျေးဇူးတင်ရခြင်းဖြစ်သည်။
ပထမဖတ်ရသည်က ဆရာကြီး၏ နွေကန္တာဦးဝတ္ထုဖြစ်သည်။နွေကျောင်းပိတ်စဉ်ကာလ အမေကြီးရှိရာ ရွာသို့ အလည်ပြန်ရင်း ဦးလေး၏ စာအုပ်စင်မှ နွေကန္တာဦးကိုတွေ့ခဲ့သည်။ထိုစာအုပ်ကို မေမေ့ဘက်က အဒေါ်ကြီးရှိရာ ထန်းတောသို့ ယူသွားပြီးဖတ်ခဲ့သည်။
ထိုစဉ်က ထိုစာအုပ်ကို ဖတ်ရသည်မှာ နားမလည်ခဲ့။အရွယ်ကြောင့်ထင်သည် ရင်ထဲခံစားရသည်က တစ်မျိုး။ သိပ်ပြီးနားမလည်ခဲ့၍ထင်သည်။ ထိုစာအုပ်မျိုးဖတ်ရမည်ကိုပင် ကြောက်သလို၊လက်တွန့်သလိုဖြစ်သွားသည်။ ထိုကြောင့် ထိုစဉ်က ဆရာကြီး၏ စာအုပ်တွေကို မဖတ်တော့ဟူ၍ပင် ဆုံးဖြတ်လိုက်ခဲ့ဘူးသည်။
သို့သော်လည်း ကျောင်းရက်ရှည်ပိတ်ခြင်း ဦးလေးထံတွင် စာအုပ်များ များပြားသော်လည်း မိမိဖတ်ချင်သည့် ဝတ္ထုမျိုးက နည်းပါးခြင်းတို့ကြောင့် ရှိသည်စာအုပ်များမှ မိမိဖတ်နိုင်မည်ထင်သည်များကို ဖတ်နေရသည်။
တစ်ရက်တော့ ထန်းတောမသွားခင် ဖတ်ရန်ယူသွားရမည် စာအုပ်ကို ရှာရာတွင် မျက်နှာဖုံးလှလှလေးနှင့် စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသဖြင့် ယူကြည့်လိုက်သည်။ကလောင်ရှင် စာရေးဆရာနာမည်ကို ကြည့်လိုက်ရာ တက္ကသိုလ်ဘုန်းနိုင်ဖြစ်နေသည်။ဝတ္ထုနာမည်က “သာ၍ဝေးရာဆီကိုပါ” စာအုပ်ဖြစ်သည်။
ပထမတော့ ဒီစာရေးဆရာ၏ဝတ္ထုကို မဖတ်ဘဲ ပြန်ချထားဖို့လုပ်ခဲ့သေးသည်။ သို့သော်လည်း မျက်နှာဖုံး၏ စွဲဆောင်မှုက ဖတ်ဖို့တိုက်တွန်းနေတော့သည်။ထို့ကြောင့်ထိုစာအုပ်ကို ထန်းတောသို့ယူခဲ့သည်။
ထန်းရွက်တို့နှင့်မိုးထားသော တဲ၏အောက်တွင် ထန်းလက်တို့နှင့် လုပ်ထားသော ပက်လက်ကုလားထိုင်တွင် ထိုင်ကာ “သာ၍ဝေးရာဆီကိုပါ” ဝတ္ထုကို ကျွန်တော်ဖတ်ပါတော့သည်။
“သာ၍ဝေးရာဆီကိုပါ” ဝတ္ထုကိုဖတ်တော့ အိပ်မက်ထဲက အမှောင်ကိုလွတ်ဖို့ ရုန်းကန်ခြင်းတွေနဲ့ အတွေးစဉ်ကိုစထားသည်။ ထိုအတွေးစဉ်တို့ဖြင့် မိမိ၏စာဖတ်လိုစိတ်ကို ခေါ်ဆောင်သွားတော့သည်။
ဝတ္ထုထဲကလူဟာ ဘာဖြစ်ခဲ့သနည်း။ဘာတွေလုပ်ခဲ့လို့ လွတ်အောင်ပြေးနေရသနည်း။သိလိုစိတ်များက စာအုပ်ကို လက်ကမချနိုင်အောင် ဖြစ်လည်းခဲ့သည်။
အရူးဟု အများက သတ်မှတ်ထားသည့် အတိတ်မေ့နေသူ ဇာတ်ကောင်တစ်ယောက်၊ အကြောင်း တိုက်ဆိုင်လျှင် ပေါ်လာသည့် ပညာတတ်တစ်ယောက်၏ ဟန်၊ပန်းချီနှင့် မြန်မာသီချင်းကြီးတို့၏ အရသာတို့ကို ယှက်ဖွဲ့ဖော်ဆောင်ထားသည့် ထိုဝတ္ထုသည် မိမိ၏နှလုံးသား ချင်ခြင်းနှင့် အဟက်မိတော့သည်။
လူတွေသည် ဇာတ်လမ်းဆုံးလျှင် မင်းသားနှင့် မင်းသမီးညားသည်ကိုကြိုက်သည်။ထိုဇာတ်လမ်းတွင်လည်း အိမ်ထောင်ရေး ပြဿနာတို့၏ အဆင်မပြေမှုတို့ကို ဖြေရှင်းသွားခဲ့ပြီး နှလုံးသားခြင်း၊အကြိုက်စရိုက်ခြင်း နီးကြသည့် ဇာတ်ကောင်ကိုသာဓုနှင့်မသင်းနုတို့ ပြန်တွေ့ခဲ့သည်နှင့် အဆုံးသတ်ခဲ့သည်။
ဆရာကြီး၏ ဤဇာတ်လမ်းသည် မိမိ၏နှလုံးသားကို အလွန်ပင် ကျေနပ်နှစ်သက်မှုကို ပေးခဲ့ပါသည်။ အကြိုက်ကိုလည်း ဖြစ်စေခဲ့သည်။ဖတ်ပြီး စိတ်မှာ ကြည်ကြည်နူးနူးလည်း ဖြစ်နေခဲ့သည်။
ထိုစာအုပ်ဖတ်ပြီးသည့်နောက်တွင် ဆရာကြီး၏ စာအုပ်များကို ဖတ်ရမည်မှာ မကြောက်တော့ပေ။ နောက်ပိုင်းတွင် ဆရာကြီး ဘယ်စာအုပ်ကိုမဆို မရမက ရှာဖွေဖတ်ရှုခဲ့သလို ဆရာကြီး၏ စာအုပ်များကိုလည်း စုဆောင်းမှု လုပ်ခဲ့တော့သည်။
ဆရာကြီး၏ စာအုပ်များကို ဖတ်ရှုရခြင်းကြောင်းလည်း ဒေသတိုင်း၏ ရေမြေတောတောင် အလှ၊မြန်မာ့ဂီတ ကဗျာအလှ၊နိုင်ငံတကာစာပေနှင့် ကဗျာစာပေတို့အပေါ် ခံစားမှုတို့လည်းလုပ်လာနိုင်ခဲ့တော့သည်။ ချစ်ခင်လာနိုင်ခဲ့သည်။
ဆရာကြီးကို ကျေးဇူးရှင်တစ်ယောက်ပမာ ကျေးဇူးတင်နေပါတော့သည်။မေတ္တာရည်၍…..။ ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
“သာ၍ေဝးရာဆီကိုပါ”
ဒီတစ္ႀကိမ္လည္း ထပ္ဖတ္မိျပန္ပါၿပီ။ဖတ္ၿပီးသားျဖစ္ေသာ္လည္း စဖတ္လိုက္သည္ႏွင့္ အၿပီးထိ လက္က မခ်ႏိုင္ေအာင္ပဲျဖစ္ရသည္။ကြၽန္ေတာ္လည္း ဒီစာအုပ္ကို အခုအပါအဝင္ ဘယ္ႏွစ္ႀကိမ္ေျမာက္ ဖတ္မိခဲ့ၿပီလည္း မသိေတာ့ပါ။အဲဒါကေတာ့ ဆရာႀကီးတကၠသိုလ္ဘုန္းႏိုင္၏ “သာ၍ေဝးရာဆီကိုပါ”စာအုပ္ပဲျဖစ္သည္။
မီးကို စိတ္မခ်ရသလို ေရကိုလည္းစိတ္မခ်ရသျဖင့္ ေရတင္ထားသည့္အခ်ိန္တြင္ ေရအဆက္မျပတ္ ေရလာမလာကို ေစာင့္ရင္း လက္လွမ္းမီရာ စာအုပ္ပုံမွ ဆရာႀကီး၏စာအုပ္ကို ယူၿပီးဖတ္လိုက္ျခင္းျဖစ္သည္။ ထိုစာအုပ္သည္ ကြၽန္ေတာ္အႏွစ္သက္ဆုံးျဖစ္သည္။ေက်းဇူးအတင္ရဆုံး စာအုပ္လည္းျဖစ္သည္။
ဘာေၾကာင့္ေက်းဇူးတင္ရသနည္းဟူမူ “သာ၍ေဝးရာဆီကိုပါ”စာအုပ္ဖတ္ၿပီးမွ ဆရာႀကီး၏ စာအုပ္အကုန္လုံးကို မရရေအာင္ ႐ွာေဖြဖတ္႐ႈမိျခင္းေၾကာင့္ ေက်းဇူးတင္ရျခင္းျဖစ္သည္။
ပထမဖတ္ရသည္က ဆရာႀကီး၏ ေႏြကႏၲာဦးဝတၳဳျဖစ္သည္။ေႏြေက်ာင္းပိတ္စဥ္ကာလ အေမႀကီး႐ွိရာ ႐ြာသို႔ အလည္ျပန္ရင္း ဦးေလး၏ စာအုပ္စင္မွ ေႏြကႏၲာဦးကိုေတြ႕ခဲ့သည္။ထိုစာအုပ္ကို ေမေမ့ဘက္က အေဒၚႀကီး႐ွိရာ ထန္းေတာသို႔ ယူသြားၿပီးဖတ္ခဲ့သည္။
ထိုစဥ္က ထိုစာအုပ္ကို ဖတ္ရသည္မွာ နားမလည္ခဲ့။အ႐ြယ္ေၾကာင့္ထင္သည္ ရင္ထဲခံစားရသည္က တစ္မ်ိဳး။ သိပ္ၿပီးနားမလည္ခဲ့၍ထင္သည္။ ထိုစာအုပ္မ်ိဳးဖတ္ရမည္ကိုပင္ ေၾကာက္သလို၊လက္တြန္႔သလိုျဖစ္သြားသည္။ ထိုေၾကာင့္ ထိုစဥ္က ဆရာႀကီး၏ စာအုပ္ေတြကို မဖတ္ေတာ့ဟူ၍ပင္ ဆုံးျဖတ္လိုက္ခဲ့ဘူးသည္။
သို႔ေသာ္လည္း ေက်ာင္းရက္႐ွည္ပိတ္ျခင္း ဦးေလးထံတြင္ စာအုပ္မ်ား မ်ားျပားေသာ္လည္း မိမိဖတ္ခ်င္သည့္ ဝတၳဳမ်ိဳးက နည္းပါးျခင္းတို႔ေၾကာင့္ ႐ွိသည္စာအုပ္မ်ားမွ မိမိဖတ္ႏိုင္မည္ထင္သည္မ်ားကို ဖတ္ေနရသည္။
တစ္ရက္ေတာ့ ထန္းေတာမသြားခင္ ဖတ္ရန္ယူသြားရမည္ စာအုပ္ကို ႐ွာရာတြင္ မ်က္ႏွာဖုံးလွလွေလးႏွင့္ စာအုပ္တစ္အုပ္ကို ေတြ႕လိုက္ရသျဖင့္ ယူၾကည့္လိုက္သည္။ကေလာင္႐ွင္ စာေရးဆရာနာမည္ကို ၾကည့္လိုက္ရာ တကၠသိုလ္ဘုန္းႏိုင္ျဖစ္ေနသည္။ဝတၳဳနာမည္က “သာ၍ေဝးရာဆီကိုပါ” စာအုပ္ျဖစ္သည္။
ပထမေတာ့ ဒီစာေရးဆရာ၏ဝတၳဳကို မဖတ္ဘဲ ျပန္ခ်ထားဖို႔လုပ္ခဲ့ေသးသည္။ သို႔ေသာ္လည္း မ်က္ႏွာဖုံး၏ စြဲေဆာင္မႈက ဖတ္ဖို႔တိုက္တြန္းေနေတာ့သည္။ထို႔ေၾကာင့္ထိုစာအုပ္ကို ထန္းေတာသို႔ယူခဲ့သည္။
ထန္း႐ြက္တို႔ႏွင့္မိုးထားေသာ တဲ၏ေအာက္တြင္ ထန္းလက္တို႔ႏွင့္ လုပ္ထားေသာ ပက္လက္ကုလားထိုင္တြင္ ထိုင္ကာ “သာ၍ေဝးရာဆီကိုပါ” ဝတၳဳကို ကြၽန္ေတာ္ဖတ္ပါေတာ့သည္။
“သာ၍ေဝးရာဆီကိုပါ” ဝတၳဳကိုဖတ္ေတာ့ အိပ္မက္ထဲက အေမွာင္ကိုလြတ္ဖို႔ ႐ုန္းကန္ျခင္းေတြနဲ႔ အေတြးစဥ္ကိုစထားသည္။ ထိုအေတြးစဥ္တို႔ျဖင့္ မိမိ၏စာဖတ္လိုစိတ္ကို ေခၚေဆာင္သြားေတာ့သည္။
ဝတၳဳထဲကလူဟာ ဘာျဖစ္ခဲ့သနည္း။ဘာေတြလုပ္ခဲ့လို႔ လြတ္ေအာင္ေျပးေနရသနည္း။သိလိုစိတ္မ်ားက စာအုပ္ကို လက္ကမခ်ႏိုင္ေအာင္ ျဖစ္လည္းခဲ့သည္။
အ႐ူးဟု အမ်ားက သတ္မွတ္ထားသည့္ အတိတ္ေမ့ေနသူ ဇာတ္ေကာင္တစ္ေယာက္၊ အေၾကာင္း တိုက္ဆိုင္လွ်င္ ေပၚလာသည့္ ပညာတတ္တစ္ေယာက္၏ ဟန္၊ပန္းခ်ီႏွင့္ ျမန္မာသီခ်င္းႀကီးတို႔၏ အရသာတို႔ကို ယွက္ဖြဲ႕ေဖာ္ေဆာင္ထားသည့္ ထိုဝတၳဳသည္ မိမိ၏ႏွလုံးသား ခ်င္ျခင္းႏွင့္ အဟက္မိေတာ့သည္။
လူေတြသည္ ဇာတ္လမ္းဆုံးလွ်င္ မင္းသားႏွင့္ မင္းသမီးညားသည္ကိုႀကိဳက္သည္။ထိုဇာတ္လမ္းတြင္လည္း အိမ္ေထာင္ေရး ျပႆနာတို႔၏ အဆင္မေျပမႈတို႔ကို ေျဖ႐ွင္းသြားခဲ့ၿပီး ႏွလုံးသားျခင္း၊အႀကိဳက္စ႐ိုက္ျခင္း နီးၾကသည့္ ဇာတ္ေကာင္ကိုသာဓုႏွင့္မသင္းႏုတို႔ ျပန္ေတြ႕ခဲ့သည္ႏွင့္ အဆုံးသတ္ခဲ့သည္။
ဆရာႀကီး၏ ဤဇာတ္လမ္းသည္ မိမိ၏ႏွလုံးသားကို အလြန္ပင္ ေက်နပ္ႏွစ္သက္မႈကို ေပးခဲ့ပါသည္။ အႀကိဳက္ကိုလည္း ျဖစ္ေစခဲ့သည္။ဖတ္ၿပီး စိတ္မွာ ၾကည္ၾကည္ႏူးႏူးလည္း ျဖစ္ေနခဲ့သည္။
ထိုစာအုပ္ဖတ္ၿပီးသည့္ေနာက္တြင္ ဆရာႀကီး၏ စာအုပ္မ်ားကို ဖတ္ရမည္မွာ မေၾကာက္ေတာ့ေပ။ ေနာက္ပိုင္းတြင္ ဆရာႀကီး ဘယ္စာအုပ္ကိုမဆို မရမက ႐ွာေဖြဖတ္႐ႈခဲ့သလို ဆရာႀကီး၏ စာအုပ္မ်ားကိုလည္း စုေဆာင္းမႈ လုပ္ခဲ့ေတာ့သည္။
ဆရာႀကီး၏ စာအုပ္မ်ားကို ဖတ္႐ႈရျခင္းေၾကာင္းလည္း ေဒသတိုင္း၏ ေရေျမေတာေတာင္ အလွ၊ျမန္မာ့ဂီတ ကဗ်ာအလွ၊ႏိုင္ငံတကာစာေပႏွင့္ ကဗ်ာစာေပတို႔အေပၚ ခံစားမႈတို႔လည္းလုပ္လာႏိုင္ခဲ့ေတာ့သည္။ ခ်စ္ခင္လာႏိုင္ခဲ့သည္။
ဆရာႀကီးကို ေက်းဇူး႐ွင္တစ္ေယာက္ပမာ ေက်းဇူးတင္ေနပါေတာ့သည္။ေမတၱာရည္၍…..။ ။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com