တစ်ခါတုန်းက အဖြစ်လေးတွေ (၂)

တစ်ခါတုန်းက အဖြစ်လေးတွေ (၂) - Property Knowledge in Myanmar from iMyanmarHouse.com
24 Apr 2023 3:17 pm တွင် တင်ခဲ့သည်
547 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

တစ်ခါတုန်းက အဖြစ်လေးတွေကို ပြောဖို့ဖြစ်လာတာကလည်း TikTok မှာ မိသားစုတွေ TV ကြည့်နေတဲ့ အကြောင်းလေးရိုက်ထားတာကို ပြသွားတာလေးက စပါတယ်။ဟိုးအရင် ကျွန်တော်တို့ ငယ်ငယ်က အဖြစ်လေးတွေနဲ့ လာတူနေတော့ ငယ်ငယ်တုန်းက အဖြစ်ကလေးတွေကို အမှတ်ရမိတာနဲ့အတူ ဒီခေါင်းစဉ်နဲ့ စာလေးတွေရေးဖို့ အတွေးလေးတွေလည်း ရလာခဲ့ရတယ်။

ဒီပြကွက်ထဲမှာ တရုတ်မိသားစုတစ်စု တီဗီကြည့်နေကြတာပေါ့။သူတို့ကြည့်နေကြတဲ့ တီဗီကြီးက ခေတ်ဦး တီဗီကြီးပေါ့။တီဗီလိုင်းရှာဖို့ လှည့်ပြီးရှာရတဲ့ ခလုတ်ကြီးနဲ့။ကြည့်နေရင်း အစင်းတွေပေါ်လာပြီး ရုပ်တွေပျောက်သွားလို့ တီဗီကို နားရင်းရိုက်ရတာနဲ့၊အင်တာနာတိုင်သွားလှည့်ရတာနဲ့ကို မိသားစုတစ်စုလုံး တီဗီကြည့်ဖို့အရေး အလုပ်တွေရှုပ်ကုန်ကြတဲ့ အဖြစ်လေးကို ပြသွားတဲ့ပြကွက်လေးပါပဲ။

အင်တာနက် ခေတ်မကောင်းစဉ်ကာလက ဒီဖြစ်ရပ်လေးတွေက တီဗီရှိတဲ့ မိသားစုတိုင်းနဲ့ အိမ်တိုင်းမှာ ကြုံခဲကြဖူးတဲ့ အဖြစ်လေးတွေပါပဲ။ဒါလေးကိုကြည့်မိပြီး အတိတ်က ဖြတ်သန်းခဲ့ရတဲ့ ဘဝရဲ့အစိတ်အပိုင်း လေးတွေကို သတိရစေတာပေါ့။ဒါကြောင့် တစ်ခါတုန်းက အဖြစ်လေးတွေဆိုပြီး ခေါင်းစဉ်ပြုလို့ရေးချင်လာ မိတယ်။

တစ်ခါတုန်းက အဖြစ်လေးတွေကိုပြောတဲ့အခါမှာ ဘဝရဲ့ အစဉ်အတိုင်းပြောဖို့ ကြိုးစားထားပေမယ့် ရှေ့ရောက် နောက်ရောက်လေးတွေလည်း တော်တော်များများ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ပါပြီးသား၊ပြောပြီးသား တွေလည်း ပါကောင်း ပါနေနိုင်ပါတယ်။ ကြုံသလိုပြောနေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ အပ်ကြောင်းထပ်တာမျိုးရောပေါ့။

ရည်ရွယ်တာကတော့ လူတိုင်းရဲ့ တစ်ခါတုန်းက အဖြစ်လေးတွေကို ဖော်ထုတ်နိုင်ဖို့ ဦးတည်ကြည့်တာပါပဲ။ နာမည်ကြီးသူတွေသာ သူတို့အကြောင်း စိတ်ဝင်စားတာမဟုတ်ပါဘူး။လူတိုင်းရဲ့ ဖြတ်သန်းလာရတဲ့ ဘဝအကြောင်းတွေကလည်း အင်မတန်မှကို စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်လေးတွေရှိနေကြလို့ပါပဲ။

တစ်ခါတုန်းကအဖြစ်လေးတွေကို စာအနေနဲ့ မရေးတတ်ကြလို့သာ မရေးကြပေမယ့် စကားအဖြစ်နဲ့တော့ ကြုံရင်ပြောတတ်ကြတယ်မို့လား။ဒါလေးတွေကို ကိုယ်နားလည်သလို၊အဆင်ပြေသလို အတတ်နိုင်ဆုံး ရေးကြည့်ကြမယ်ဆိုရင် လူတိုင်းရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်လေးတွေ ထွက်ပေါ်လာနိုင်ပါတယ်။

တစ်ခါတုန်းက အဖြစ်လေးတွေဖြစ်တဲ့ ကိုယ်အကြောင်းလေးတွေကို ရသဆန်အောင်ဖော်ပြနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒါမျိုးရေးနိုင်ဖို့ဆိုတာကလည်း ခက်သားကလား။

အခုကျွန်တော်လည်းရေးကြည့်မယ်ဗျာ….

စစ်ကိုင်းတိုင်း မြောင်မြို့မှာ လွန်ခဲ့တဲ့ ၁၉၇၂ ခုနှစ်၊ဒီဇင်ဘာလထဲမှာ ကျွန်တော်ကို မွေးခဲ့တယ်လို့ ဖေဖေ့မှတ်တမ်းအရ ကျွန်တော်သိရတယ်။

ကျွန်တော်မှာ အစ်ကိုနှစ်ယောက်ရှိတယ်။ကျွန်တော်က မြို့ပေါ်မှာမွေးခဲ့ပေမယ့်။ကျွန်တော့် အစ်ကိုကြီးတွေ ကတော့ မြောင်နယ်ထဲက ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းက ပရိမ္မဆိုတဲ့ ကျန်စစ်သားမွေးဖွားခဲ့တဲ့ ရွာကြီးမှာ မွေးဖွားခဲ့ကြကြောင်းသိရတယ်။ချက်မြှုပ်ခြင်း ကွာသွားတာပေါ့။

ဖေဖေက ကျွန်တော်တို့ညီအစ်ကို သုံးယောက်အတွက်တော့ အခုခေတ်လိုဆိုရင် မွေးစာရင်းခေါ်ရမလား ဇာတာ လုပ်ပေးထားခဲ့ပါတယ်။ဝါးနဲ့ယက်လုပ်ထားတဲ့ ဇာတာဘူးလေးထဲမှာ ကျွန်တော်တို့ရဲ့ တစ်ဦးချင်းရဲ့ ဇာတာလေးတွေကို ထည့်ထားခဲ့တယ်။ ကျွန်တော်တို့က ဒီဇာတာကို မကြည့်တတ်ပေမယ့် ကြည့်တတ်သူအနေနဲ့ ဒီဇာတာကို ကြည့်လိုက်ရင်တော့ အပြည့်အစုံ တွက်ချက်နိုင်မှာပါပဲ။

အခုခေတ်မှာတော့ မွေးစာရင်း မရှိရင် ကျောင်းအပ်ဖို့တောင်အဆင်မပြေဘူးမို့လား။ဇာတာဆိုတာ အရင်ခေတ်က လူတစ်ယောက်ရဲ့ အပြည့်စုံဆုံး မွေးစာရင်းပါပဲ။

ဒီဇာတာကို ကျွန်တော်တို့က အရေးကြီးမှန်း မကြီးမှန်းသာ မသိတာ၊ဖေဖေက အဲဒီဇာတာဘူးလေးကို ဘုရားစင်ပေါ်မှာတင်ထားတယ်။ဒါဟာအရေးကြီးလို့ပဲနေမှာပေါ့လို့ နောက်များမှာမှ တွေးမိတော့တယ်။

ဒီလိုပါပဲ ဘဝမှာ အရေးကြီးမှန်း မကြီးမှန်း မသိဘဲ သေသာသွားရော အမှုမဲ့ အမှတ်မဲ့ ပစ်ထားခဲ့တဲ့ အရာတွေဟာ လူတိုင်းမှာရှိကြမှာပါဘဲ။ ဆက်ဦးမယ်ဗျာ….။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၂)

 

တစ္ခါတုန္းက အျဖစ္ေလးေတြကို ေျပာဖို႔ျဖစ္လာတာကလည္း TikTok မွာ မိသားစုေတြ TV ၾကည့္ေနတဲ့ အေၾကာင္းေလး႐ိုက္ထားတာကို ျပသြားတာေလးက စပါတယ္။ဟိုးအရင္ ကြၽန္ေတာ္တို႔ ငယ္ငယ္က အျဖစ္ေလးေတြနဲ႔ လာတူေနေတာ့ ငယ္ငယ္တုန္းက အျဖစ္ကေလးေတြကို အမွတ္ရမိတာနဲ႔အတူ ဒီေခါင္းစဥ္နဲ႔ စာေလးေတြေရးဖို႔ အေတြးေလးေတြလည္း ရလာခဲ့ရတယ္။

ဒီျပကြက္ထဲမွာ တ႐ုတ္မိသားစုတစ္စု တီဗီၾကည့္ေနၾကတာေပါ့။သူတို႔ၾကည့္ေနၾကတဲ့ တီဗီႀကီးက ေခတ္ဦး တီဗီႀကီးေပါ့။တီဗီလိုင္း႐ွာဖို႔ လွည့္ၿပီး႐ွာရတဲ့ ခလုတ္ႀကီးနဲ႔။ၾကည့္ေနရင္း အစင္းေတြေပၚလာၿပီး ႐ုပ္ေတြေပ်ာက္သြားလို႔ တီဗီကို နားရင္း႐ိုက္ရတာနဲ႔၊အင္တာနာတိုင္သြားလွည့္ရတာနဲ႔ကို မိသားစုတစ္စုလုံး တီဗီၾကည့္ဖို႔အေရး အလုပ္ေတြ႐ႈပ္ကုန္ၾကတဲ့ အျဖစ္ေလးကို ျပသြားတဲ့ျပကြက္ေလးပါပဲ။

အင္တာနက္ ေခတ္မေကာင္းစဥ္ကာလက ဒီျဖစ္ရပ္ေလးေတြက တီဗီ႐ွိတဲ့ မိသားစုတိုင္းနဲ႔ အိမ္တိုင္းမွာ ၾကဳံခဲၾကဖူးတဲ့ အျဖစ္ေလးေတြပါပဲ။ဒါေလးကိုၾကည့္မိၿပီး အတိတ္က ျဖတ္သန္းခဲ့ရတဲ့ ဘဝရဲ႕အစိတ္အပိုင္း ေလးေတြကို သတိရေစတာေပါ့။ဒါေၾကာင့္ တစ္ခါတုန္းက အျဖစ္ေလးေတြဆိုၿပီး ေခါင္းစဥ္ျပဳလို႔ေရးခ်င္လာ မိတယ္။

တစ္ခါတုန္းက အျဖစ္ေလးေတြကိုေျပာတဲ့အခါမွာ ဘဝရဲ႕ အစဥ္အတိုင္းေျပာဖို႔ ႀကိဳးစားထားေပမယ့္ ေ႐ွ႕ေရာက္ ေနာက္ေရာက္ေလးေတြလည္း ေတာ္ေတာ္မ်ားမ်ား ျဖစ္ေကာင္းျဖစ္ေနႏိုင္ပါတယ္။ပါၿပီးသား၊ေျပာၿပီးသား ေတြလည္း ပါေကာင္း ပါေနႏိုင္ပါတယ္။ ၾကဳံသလိုေျပာေနတာမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္ေနပါလိမ့္မယ္။ အပ္ေၾကာင္းထပ္တာမ်ိဳးေရာေပါ့။

ရည္႐ြယ္တာကေတာ့ လူတိုင္းရဲ႕ တစ္ခါတုန္းက အျဖစ္ေလးေတြကို ေဖာ္ထုတ္ႏိုင္ဖို႔ ဦးတည္ၾကည့္တာပါပဲ။ နာမည္ႀကီးသူေတြသာ သူတို႔အေၾကာင္း စိတ္ဝင္စားတာမဟုတ္ပါဘူး။လူတိုင္းရဲ႕ ျဖတ္သန္းလာရတဲ့ ဘဝအေၾကာင္းေတြကလည္း အင္မတန္မွကို စိတ္ဝင္စားစရာေကာင္းတဲ့ အျဖစ္ေလးေတြ႐ွိေနၾကလို႔ပါပဲ။

တစ္ခါတုန္းကအျဖစ္ေလးေတြကို စာအေနနဲ႔ မေရးတတ္ၾကလို႔သာ မေရးၾကေပမယ့္ စကားအျဖစ္နဲ႔ေတာ့ ၾကဳံရင္ေျပာတတ္ၾကတယ္မို႔လား။ဒါေလးေတြကို ကိုယ္နားလည္သလို၊အဆင္ေျပသလို အတတ္ႏိုင္ဆုံး ေရးၾကည့္ၾကမယ္ဆိုရင္ လူတိုင္းရဲ႕ စိတ္ဝင္စားစရာေကာင္းတဲ့ အျဖစ္ေလးေတြ ထြက္ေပၚလာႏိုင္ပါတယ္။

တစ္ခါတုန္းက အျဖစ္ေလးေတြျဖစ္တဲ့ ကိုယ္အေၾကာင္းေလးေတြကို ရသဆန္ေအာင္ေဖာ္ျပႏိုင္ရင္ေတာ့ ပိုေကာင္းတာေပါ့။ ဒါမ်ိဳးေရးႏိုင္ဖို႔ဆိုတာကလည္း ခက္သားကလား။

အခုကြၽန္ေတာ္လည္းေရးၾကည့္မယ္ဗ်ာ….

စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕မွာ လြန္ခဲ့တဲ့ ၁၉၇၂ ခုႏွစ္၊ဒီဇင္ဘာလထဲမွာ ကြၽန္ေတာ္ကို ေမြးခဲ့တယ္လို႔ ေဖေဖ့မွတ္တမ္းအရ ကြၽန္ေတာ္သိရတယ္။

ကြၽန္ေတာ္မွာ အစ္ကိုႏွစ္ေယာက္႐ွိတယ္။ကြၽန္ေတာ္က ၿမိဳ႕ေပၚမွာေမြးခဲ့ေပမယ့္။ကြၽန္ေတာ့္ အစ္ကိုႀကီးေတြ ကေတာ့ ေျမာင္နယ္ထဲက ခ်င္းတြင္းျမစ္အေ႐ွ႕ဘက္ကမ္းက ပရိမၼဆိုတဲ့ က်န္စစ္သားေမြးဖြားခဲ့တဲ့ ႐ြာႀကီးမွာ ေမြးဖြားခဲ့ၾကေၾကာင္းသိရတယ္။ခ်က္ျမႇဳပ္ျခင္း ကြာသြားတာေပါ့။

ေဖေဖက ကြၽန္ေတာ္တို႔ညီအစ္ကို သုံးေယာက္အတြက္ေတာ့ အခုေခတ္လိုဆိုရင္ ေမြးစာရင္းေခၚရမလား ဇာတာ လုပ္ေပးထားခဲ့ပါတယ္။ဝါးနဲ႔ယက္လုပ္ထားတဲ့ ဇာတာဘူးေလးထဲမွာ ကြၽန္ေတာ္တို႔ရဲ႕ တစ္ဦးခ်င္းရဲ႕ ဇာတာေလးေတြကို ထည့္ထားခဲ့တယ္။ ကြၽန္ေတာ္တို႔က ဒီဇာတာကို မၾကည့္တတ္ေပမယ့္ ၾကည့္တတ္သူအေနနဲ႔ ဒီဇာတာကို ၾကည့္လိုက္ရင္ေတာ့ အျပည့္အစုံ တြက္ခ်က္ႏိုင္မွာပါပဲ။

အခုေခတ္မွာေတာ့ ေမြးစာရင္း မ႐ွိရင္ ေက်ာင္းအပ္ဖို႔ေတာင္အဆင္မေျပဘူးမို႔လား။ဇာတာဆိုတာ အရင္ေခတ္က လူတစ္ေယာက္ရဲ႕ အျပည့္စုံဆုံး ေမြးစာရင္းပါပဲ။

ဒီဇာတာကို ကြၽန္ေတာ္တို႔က အေရးႀကီးမွန္း မႀကီးမွန္းသာ မသိတာ၊ေဖေဖက အဲဒီဇာတာဘူးေလးကို ဘုရားစင္ေပၚမွာတင္ထားတယ္။ဒါဟာအေရးႀကီးလို႔ပဲေနမွာေပါ့လို႔ ေနာက္မ်ားမွာမွ ေတြးမိေတာ့တယ္။

ဒီလိုပါပဲ ဘဝမွာ အေရးႀကီးမွန္း မႀကီးမွန္း မသိဘဲ ေသသာသြားေရာ အမႈမဲ့ အမွတ္မဲ့ ပစ္ထားခဲ့တဲ့ အရာေတြဟာ လူတိုင္းမွာ႐ွိၾကမွာပါဘဲ။ ဆက္ဦးမယ္ဗ်ာ….။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service