ပြင်းလွန်းလှသော နွေအပူရှိန်ကို နေအိမ်တွင်းလျော့ချနည်းများ

ပြင်းလွန်းလှသော နွေအပူရှိန်ကို နေအိမ်တွင်းလျော့ချနည်းများ - Property Knowledge in Myanmar from iMyanmarHouse.com
24 Apr 2023 1:14 pm တွင် တင်ခဲ့သည်
581 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

နွေရာသီရောက်တဲ့အခါ ပုံမှန်ထက်မြင့်မားတဲ့ အပူဒဏ်ကို ခံရသလို ပတ်ဝန်းကျင်တစ်ခုလုံးလည်းခြောက်သွေ့ပြီး အပူချိန်မြင့်မားမှုက လူတွေရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေမှာ အင်မတန်ကို ခက်ခဲစေပါတယ်။ နေထွက်လာတာနဲ့အမျှ အပူချိန် တရိပ်ရိပ်တက်လာတာကြောင့် ပူလောင် အိုက်စက်တဲ့ ဒဏ်ကို လူကြီးလူငယ်၊ ကလေးသူငယ် မရွေးအားလုံး ခံစားကြရပါတယ်။ ဒီလိုဆိုရင် ပူပြင်းလှတဲ့ နွေရာသီနဲ့ အပူချိန်ကိုအံတုဖြတ်ကျော်ဖို့ဆိုရင် နေအိမ်တွေမှာ ဘယ်လိုနည်းလမ်းတွေနဲ့ အပူချိန်သက်သာအောင်၊ အေးမြနေအောင်လုပ်လို့ ရမလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိမ်အတွင်းခန်းထဲ နေရဲ့အလင်းရောင် ထိုးဖောက်ဝင်ရောက်နိုင်တာကို သတိပြုပါ

သဘာဝအလင်းရောင် ကောင်းကောင်းရခြင်းနဲ့ လေဝင်လေထွက်ခြင်းက ကောင်းတယ်ဆိုပေမဲ့ နွေရာသီမှာတော့ နေအိမ်ခန်းထဲ သဘာဝအလင်းရောင်နဲ့အတူ အပူတွေလည်း ဝင်ရောက်လာတာပါ။ ပြတင်းပေါက်တွေက လာတဲ့ အလင်းရောင်ရဲ့ ၇၆ ရာခိုင်နှုန်းက အိမ်ထဲကို ဝင်လာပြီး အပူဖြစ်လာစေကာ နေရောင်ခြည်က အိမ်ကို နွေးထွေးစေပေမဲ့ ခရမ်းလွန်ရောင်ခြည်တွေကတော့လူ့ကျန်းမာရေးနဲ့ ပရိဘောဂတွေကို ပျက်စီးစေနိုင်ပါတယ်။

အဲဒီအတွက်ကြောင့် မလိုအပ်ပါက မနက်ခင်းပိုင်း နေအပူချိန် မြင့်လာပြီဆိုတာနဲ့ ပြတင်းပေါက်မှန်တွေ၊ တံခါးတွေကို ပိတ်ထားဖို့၊ အလင်းရောင်နဲ့ အပူရှိန်ပါတဲ့ နေအလင်းရောင် ဝင်နိုင်တဲ့ ခန်းစီးလိုက်ကာ စတာတွေကို ပိတ်ထားသင့်ပါတယ်။ အိမ်ခန်းထဲ နေရောင်ပိုဝင်လေလေ အတွင်းခန်းက အေးမြနေတဲ့ လေရဲ့ အပူချိန်ဟာ ပိုပြီးနွေးလာလေလေ ဖြစ်တာကြောင့် ပိတ်ထားလိုက်တာက အခန်းတွင်းလေကို ဆက်လက်အေးမြနေစေမှာဖြစ်ပါတယ်။

အမိုးအကာ၊ ဆန်းရှိတ်တွေ တပ်ဆင်ပါ

ဆန်းရှိတ် (နေကာ အမိုးတွေ) ဟာ သစ်ပင်ကြီးကြီးမရှိတဲ့ နေအိမ်တွေအတွက်တော့ အမိုးအကာရနိုင်တဲ့ တခြားသော ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ အထပ်မြင့်မှာ နေတဲ့သူတွေဖြစ်ဖြစ်၊ မြေစိုက်အိမ်တွေမှာနေတဲ့ သူတွေမှာဖြစ်ဖြစ် အရိပ်ကောင်းကောင်းရနိုင်တဲ့ သစ်ပင်ကြီး မရှိပါက အမိုးအကာ၊ ဆန်းရှိတ် တွေ တပ်ဆင်ပြီး နွေရာသီမှာ နေရဲ့ အပူဒဏ်ကို သက်သာစေနိုင်ပါတယ်။ ပြတင်းပေါက်လိုနေရာတွေမှာဖြစ်စေ၊ တံခါးမကြီးအရှေ့ဘက်မှာဖြစ်စေ တပ်ဆင်ပြီး သင့်အိမ်ကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။

အေးမြတဲ့အိမ်ခေါင်မိုးဖန်တီးပါ

အေးမြတဲ့ခေါင်မိုးတွေဟာ နေရောင်ခြည်နဲ့ အပူကို ရောင်ပြန်ဟပ်စေကာ နွေရာသီမှာ သင့်အိမ်ကို ထိရောက်စွာ အေးမြစေနိုင်ပါတယ်။ အိမ်ရဲ့ အမိုးတွေမှာ ရောင်ပြန်အုတ်ကြွပ်တွေ ဒါမှ မဟုတ် ရောင်ပြန်ဆေးသုတ်ခြင်း၊ အပူခံစာရွက်တွေနဲ့ ဖုံးကာခြင်း စသဖြင့် အပူဒဏ်ကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေနဲ့ အိမ်ရဲ့ အမိုးတွေမှာ ဖန်တီးအသုံးပြုနိုင်ပါတယ်။

အိမ်ခန်းတွင်းက မီးသီးအဟောင်း၊ မီးလုံးအဟောင်းတွေ လဲပစ်ပါ

စွမ်းအင်ပိုမိုသုံးစွဲပြီး မီးအလင်းအားမှိန်မှိန်နဲ့ အပူစွမ်းအင်ပိုမို ထုတ်ပေးတဲ့ ခေတ်ဟောင်းမီးသီးတွေကို သင့်ရဲ့ နေအိမ်တွင်းမှာ သုံးစွဲနေတယ်ဆိုရင် အခုလို ပူလောင်အိုက်စက်လှတဲ့ နွေရာသီမှာ လဲလှယ်လိုက်ဖို့ အကြံပြု ပါရေစ။ နေအိမ်တွင်းနဲ့ အခန်းရဲ့ အပူချိန်ကို တက်စေတဲ့ အရာတွေထဲမှာလည်း ခေတ်မမီတော့တဲ့ မီးလုံးတွေလည်း ပါဝင်ပါတယ်။ အဲဒီအတွက်ကြောင့် တိုးတက်ပြီးအဆင့်မြင့်လာတဲ့ ခေတ်မှာ စွမ်းအင်သုံးစွဲမှု ပိုမိုသက်သာပြီးအပူဓာတ်ထုတ်လွှတ်မှုနည်းတဲ့ LED မီးသီးတွေနဲ့ အစားထိုးအသုံးပြုနိုင်ပါတယ်။ LED မီးသီးတွေဟာ အပူဓာတ်ထုတ်လွှတ်မှုနည်းပါးပြီး အလင်းရောင်ကောင်းကောင်းကိုလည်း ပေးစွမ်းနိုင်တဲ့အပြင် အပူဒဏ်လည်း သက်သာစေနိုင်လို့ နေအိမ်တွင်း အေးမြတဲ့ လေထုကိုလည်း ထိန်းပေးထားနိုင်မှာဖြစ်ပါတယ်။

အလင်းဘက်သွားတဲ့ အရောင်လေးတွေ အသုံးပြုပါ

နေအိမ်တွင်းမှာ အသုံးပြုတဲ့ နံရံတွေရဲ့ အရောင်တွေ၊ မျက်နှာကျက်၊ အခင်းတွေမှာ အသုံးပြုတဲ့ အရောင်လေး တွေက နွေရာသီနဲ့ အပူချိန်ကို လျှော့ချတဲ့နေရာမှာ တစ်ဖက်တစ်လမ်းကနေ အကူအညီပေးပါတယ်။ အလင်းဘက်ကို သွားတဲ့ အရောင်အဖျော့လေးတွေက နေရဲ့မြင်နိုင်တဲ့ လှိုင်းတွေကို ထင်ဟပ်စေနိုင်ပြီး အပူဒဏ်စုပ်ယူမှု နည်းပါးတာကြောင့် အိမ်ရဲ့အတွင်းခန်းပိုင်း အပူချိန်ကို လျော့ကျစေကာ အေးမြမှုကို ထိန်းထားပေးနိုင်ပါတယ်။ အရောင်တောက်တောက်တွေ၊ အနက်ရောင်ဘက်သွားတဲ့ အရောင်တွေဟာ နေအပူချိန်၊ အပူငွေ့တွေကို စုပ်ယူနိုင်တဲ့ သဘာဝရှိပါတယ်။ ဒီအတွက်ကြောင့် နွေရာသီလို နေပူချိန်ပြင်းပြီး ရာသီဥတု ပူနွေးနေတဲ့ ကာလတွေမှာ အလင်းရောင်ဘက်သွားတဲ့ အရောင်အဖျော့လေးတွေ၊ မျက်စိအေးစေမယ့် အရောင်လေးတွေ အသုံးပြုခြင်းဖြင့် အိမ်ခန်းတွင်းကော၊ လူတွေရဲ့ စိတ်ရော ကိုယ်ပါ အေးမြမှုတွေ ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

ကဲ ... ဒီလောက်ဆိုရင် ပူလောင်အိုက်စက်တဲ့ နွေရာသီ နေပူပူမှာ နေအိမ်တွင်း အပူဒဏ်သက်သာအောင် နေထိုင်လို့ရမယ့် နည်းလမ်းတွေသိပြီးလောက်ပြီထင်ပါတယ်။ iMyanmarhouse.com ရဲ့ စာဖတ်ပရိသတ်ကြီးလည်း နွေရာသီရဲ့ နွေနေပူပူမှာ အပူဒဏ်တွေလျော့ပါးသက်သာပြီး အေးမြစွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

[Zawgyi]

ျပင္းလြန္းလွေသာ ေႏြအပူ႐ွိန္ကို ေနအိမ္တြင္းေလ်ာ့ခ်နည္းမ်ား

ေႏြရာသီေရာက္တဲ့အခါ ပုံမွန္ထက္ျမင့္မားတဲ့ အပူဒဏ္ကို ခံရသလို ပတ္ဝန္းက်င္တစ္ခုလုံးလည္းေျခာက္ေသြ႕ၿပီး အပူခ်ိန္ျမင့္မားမႈက လူေတြရဲ႕ ေန႔စဥ္လႈပ္႐ွားသြားလာမႈေတြမွာ အင္မတန္ကို ခက္ခဲေစပါတယ္။ ေနထြက္လာတာနဲ႔အမွ် အပူခ်ိန္ တရိပ္ရိပ္တက္လာတာာေၾကာင့္ ပူေလာင္ အိုက္စက္တဲ့ ဒဏ္ကို လူႀကီးလူငယ္၊ ကေလးသူငယ္ မေ႐ြးအားလုံး ခံစားၾကရပါတယ္။ ဒီလိုဆိုရင္ ပူျပင္းလွတဲ့ ေႏြရာသီနဲ႔ အပူခ်ိန္ကိုအံတုျဖတ္ေက်ာ္ဖို႔ဆိုရင္ ေနအိမ္ေတြမွာ ဘယ္လိုနည္းလမ္းေတြနဲ႔ အပူခ်ိန္သက္သာေအာင္၊ ေအးျမေနေအာင္လုပ္လို႔ ရမလဲဆိုတဲ့ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

အိမ္အတြင္းခန္းထဲ ေနရဲ႕အလင္းေရာင္ ထိုးေဖာက္ဝင္ေရာက္ႏိုင္တာကိုသတိျပဳပါ

သဘာဝအလင္းေရာင္ ေကာင္းေကာင္းရျခင္းနဲ႔ ေလဝင္ေလထြက္ျခင္းက ေကာင္းတယ္ဆိုေပမဲ့ ေႏြရာသီမွာေတာ့ ေနအိမ္ခန္းထဲ သဘာဝအလင္းေရာင္နဲ႔အတူ အပူေတြလည္း ဝင္ေရာက္လာတာပါ။ ျပတင္းေပါက္ေတြက လာတဲ့ အလင္းေရာင္ရဲ႕ ၇၆ ရာခိုင္ႏႈန္းက အိမ္ထဲကို ဝင္လာၿပီး အပူျဖစ္လာေစကာ ေနေရာင္ျခည္က အိမ္ကို ေႏြးေထြးေစေပမဲ့ ခရမ္းလြန္ေရာင္ျခည္ေတြကေတာ့လူ႕က်န္းမာေရးနဲ႔ ပရိေဘာဂေတြကို ပ်က္စီးေစႏိုင္ပါတယ္။ အဲဒီအတြက္ေၾကာင့္ မလိုအပ္ပါက မနက္ခင္းပိုင္း ေနအပူခ်ိန္ ျမင့္လာၿပီဆိုတာနဲ႔ ျပတင္းေပါက္မွန္ေတြ၊ တံခါးေတြကို ပိတ္ထားဖို႔၊ အလင္းေရာင္နဲ႔ အပူ႐ွိန္ပါတဲ့ ေနအလင္းေရာင္ ဝင္ႏိုင္တဲ့ ခန္းစီးလိုက္ကာ စတာေတြကို ပိတ္ထားသင့္ပါတယ္။ အိမ္ခန္းထဲ ေနေရာင္ပိုဝင္ေလေလ အတြင္းခန္းက ေအးျမေနတဲ့ ေလရဲ႕ အပူခ်ိန္ဟာ ပိုၿပီးေႏြးလာေလေလ ျဖစ္တာေၾကာင့္ ပိတ္ထားလိုက္တာက အခန္းတြင္းေလကို ဆက္လက္ေအးျမေနေစမွာျဖစ္ပါတယ္။

အမိုးအကာ၊ ဆန္း႐ွိတ္ေတြ တပ္ဆင္ပါ

ဆန္း႐ွိတ္ (ေနကာ အမိုးေတြ) ဟာ သစ္ပင္ႀကီးႀကီးမ႐ွိတဲ့ ေနအိမ္ေတြအတြက္ေတာ့ အမိုးအကာရႏိုင္တဲ့ တျခားေသာ ေ႐ြးခ်ယ္စရာတစ္ခုျဖစ္ပါတယ္။ အထပ္ျမင့္မွာ ေနတဲ့သူေတြျဖစ္ျဖစ္၊ ေျမစိုက္အိမ္ေတြမွာေနတဲ့ သူေတြမွာျဖစ္ျဖစ္ အရိပ္ေကာင္းေကာင္းရႏိုင္တဲ့ သစ္ပင္ႀကီး မ႐ွိပါက အမိုးအကာ၊ ဆန္း႐ွိတ္ ေတြ တပ္ဆင္ၿပီး ေႏြရာသီမွာ ေနရဲ႕ အပူဒဏ္ကို သက္သာေစႏိုင္ပါတယ္။ ျပတင္းေပါက္လိုေနရာေတြမွာျဖစ္ေစ၊ တံခါးမႀကီးအေ႐ွ႕ဘက္မွာျဖစ္ေစ တပ္ဆင္ၿပီး သင့္အိမ္ကို ေနေရာင္ျခည္ဒဏ္ကေန ကာကြယ္ေပးႏိုင္ပါတယ္။

ေအးျမတဲ့အိမ္ေခါင္မိုးဖန္တီးပါ

ေအးျမတဲ့ေခါင္မိုးေတြဟာ ေနေရာင္ျခည္နဲ႔ အပူကို ေရာင္ျပန္ဟပ္ေစကာ ေႏြရာသီမွာ သင့္အိမ္ကို ထိေရာက္စြာ ေအးျမေစႏိုင္ပါတယ္။ အိမ္ရဲ႕ အမိုးေတြမွာ ေရာင္ျပန္အုတ္ႂကြပ္ေတြ ဒါမွ မဟုတ္ ေရာင္ျပန္ေဆးသုတ္ျခင္း၊ အပူခံစာ႐ြက္ေတြနဲ႔ ဖုံးကာျခင္း စသျဖင့္ အပူဒဏ္ကို ကာကြယ္ေပးႏိုင္မယ့္ နည္းလမ္းေတြနဲ႔ အိမ္ရဲ႕ အမိုးေတြမွာ ဖန္တီးအသုံးျပဳႏိုင္ပါတယ္။

အိမ္ခန္းတြင္းက မီးသီးအေဟာင္း၊ မီးလုံးအေဟာင္းေတြ လဲပစ္ပါ

စြမ္းအင္ပိုမိုသုံးစြဲၿပီး မီးအလင္းအားမွိန္မွိန္နဲ႔ အပူစြမ္းအင္ပိုမို ထုတ္ေပးတဲ့ ေခတ္ေဟာင္းမီးသီးေတြကို သင့္ရဲ႕ ေနအိမ္တြင္းမွာ သုံးစြဲေနတယ္ဆိုရင္ အခုလို ပူေလာင္အိုက္စက္လွတဲ့ ေႏြရာသီမွာ လဲလွယ္လိုက္ဖို႔ အၾကံျပဳ ပါေရစ။ ေနအိမ္တြင္းနဲ႔ အခန္းရဲ႕ အပူခ်ိန္ကို တက္ေစတဲ့ အရာေတြထဲမွာလည္း ေခတ္မမီေတာ့တဲ့ မီးလုံးေတြလည္း ပါဝင္ပါတယ္။ အဲဒီအတြက္ေၾကာင့္ တိုးတက္ၿပီးအဆင့္ျမင့္လာတဲ့ ေခတ္မွာ စြမ္းအင္သုံးစြဲမႈ ပိုမိုသက္သာၿပီးအပူဓာတ္ထုတ္လႊတ္မႈနည္းတဲ့ LED မီးသီးေတြနဲ႔ အစားထိုးအသုံးျပဳႏိုင္ပါတယ္။ LED မီးသီးေတြဟာ အပူဓာတ္ထုတ္လႊတ္မႈနည္းပါးၿပီး အလင္းေရာင္ေကာင္းေကာင္းကိုလည္း ေပးစြမ္းႏိုင္တဲ့အျပင္ အပူဒဏ္လည္း သက္သာေစႏိုင္လို႔ ေနအိမ္တြင္း ေအးျမတဲ့ ေလထုကိုလည္း ထိန္းေပးထားႏိုင္မွာျဖစ္ပါတယ္။

အလင္းဘက္သြားတဲ့ အေရာင္ေလးေတြ အသုံးျပဳပါ

ေနအိမ္တြင္းမွာ အသုံးျပဳတဲ့ နံရံေတြရဲ႕ အေရာင္ေတြ၊ မ်က္ႏွာက်က္၊ အခင္းေတြမွာ အသုံးျပဳတဲ့ အေရာင္ေလး ေတြက ေႏြရာသီနဲ႔ အပူခ်ိန္ကို ေလွ်ာ့ခ်တဲ့ေနရာမွာ တစ္ဖက္တစ္လမ္းကေန အကူအညီေပးပါတယ္။ အလင္းဘက္ကို သြားတဲ့ အေရာင္အေဖ်ာ့ေလးေတြက ေနရဲ႕ျမင္ႏိုင္တဲ့ လိႈင္းေတြကို ထင္ဟပ္ေစႏိုင္ၿပီး အပူဒဏ္စုပ္ယူမႈ နည္းပါးတာေၾကာင့္ အိမ္ရဲ႕အတြင္းခန္းပိုင္း အပူခ်ိန္ကို ေလ်ာ့က်ေစကာ ေအးျမမႈကို ထိန္းထားေပးႏိုင္ပါတယ္။ အေရာင္ေတာက္ေတာက္ေတြ၊ အနက္ေရာင္ဘက္သြားတဲ့ အေရာင္ေတြဟာ ေနအပူခ်ိန္၊ အပူေငြ႕ေတြကို စုပ္ယူႏိုင္တဲ့ သဘာဝ႐ွိပါတယ္။ ဒီအတြက္ေၾကာင့္ ေႏြရာသီလို ေနပူခ်ိန္ျပင္းၿပီး ရာသီဥတု ပူေႏြးေနတဲ့ ကာလေတြမွာ အလင္းေရာင္ဘက္သြားတဲ့ အေရာင္အေဖ်ာ့ေလးေတြ၊ မ်က္စိေအးေစမယ့္ အေရာင္ေလးေတြ အသုံးျပဳျခင္းျဖင့္ အိမ္ခန္းတြင္းေကာ၊ လူေတြရဲ႕ စိတ္ေရာ ကိုယ္ပါ ေအးျမမႈေတြ ဖန္တီးေပးႏိုင္မွာျဖစ္ပါတယ္။

ကဲ ... ဒီေလာက္ဆိုရင္ ပူေလာင္အိုက္စက္တဲ့ ေႏြရာသီ ေနပူပူမွာ ေနအိမ္တြင္း အပူဒဏ္သက္သာေအာင္ ေနထိုင္လို႔ရမယ့္ နည္းလမ္းေတြသိၿပီးေလာက္ၿပီထင္ပါတယ္။ iMyanmarhouse.com ရဲ႕ စာဖတ္ပရိသတ္ႀကီးလည္း ေႏြရာသီရဲ႕ ေႏြေနပူပူမွာ အပူဒဏ္ေတြေလ်ာ့ပါးသက္သာၿပီး ေအးျမစြာျဖတ္သန္းႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ
နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ
ကမ္ဘာပေါ်တွင် အကြီးမားဆုံးကျွန်းကြီးဖြစ်သော ဂရင်းလန်ကျွန်း (နိုင်ငံ) ကို ဒေါ်နယ်ထရမ့်က ဝယ်ယူရန် စိတ်ဝင်စားနေရာ ဂရင်းလန်မှာ ရောင်းရန်မဟုတ်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က ပြော၊ ဒိန်းမတ်နိုင်ငံက ဂရင်းလန်ကို ကာကွယ်ရန်အတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံသုံးစ...

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
7Mile Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service