ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
မဂ်ဉာဏ်၏အသင်းအပင်းတွင် ပါဝင်သော တရားစု (ဝါ) မဂ်ဉာဏ်ဘက်၌ ပါဝင်၍ မဂ်ဉာဏ်၏ အကျိုးကို သယ်ပိုးဆောင်ရွက်တတ်သော တရားစုကို ဗောဓိပက္ခိယဟု ခေါ်ပါသည်။ (ဗောဓိ = မဂ်ဉာဏ်၊ ပက္ခိယ = အဖို့အစု)
တနည်းအားဖြင့် -
သာဝသဗောဓိ၊ပစ္စေကဗောဓိ၊သမ္မာသမ္ဗောဓိ ဆိုတဲ့ ဗောဓိသုံးပါဆီ အရောက်ချီတက်သည့်အခါတွင် ဗောဓိဉာဏ်၏ အသင်းအပင်းတရားများကို “ဗောဓိပက္ခိယ”လို့ခေါ်ဆိုခြင်းဖြစ်သည်။ယင်း ဗောဓိပက္ခိယတရားစုများကား −
(က) သတိပဋ္ဌာန် ၄ ပါး
(ခ) သမ္မပ္ပဓာန် ၄ ပါး
(ဂ) ဣဒ္ဓိပါဒ် ၄ ပါး
(ဃ) ဣန္ဒြေ ၅ ပါး
(င) ဗိုလ် ၅ ပါး
(စ) ဗောဇ္ဈင် ၇ ပါး
(ဆ) မဂ္ဂင် ၈ ပါး ဟူ၍ စုစုပေါင်း ၃၇ ပါးရှိသည်။
(၁)သတိပဋ္ဌာန် ၄ ပါး
သတိပဋ္ဌာန်ဟူသည် လွန်စွာတည်သော သတိ၊ ခိုင်မြဲစွာတည်သော သတိဟု အဓိပ္ပာယ်ရသည်။ သက်ဆိုင်ရာ အာရုံထဲ၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေသော သတိစေတသိက်ကို ဆိုလိုသည်။ တရားကိုယ်အားဖြင့် သတိစေတသိက်တပါးတည်း ဖြစ်သော်လည်း အာရုံ (၄) မျိုး၊ ပယ်ခွာခြင်းကိစ္စ (၄) မျိုး ပြားခြင်းကြောင့် သတိပဋ္ဌာန် (၄) မျိုး ပြားရခြင်း ဖြစ်သည်။၎င်းတို့မှာ...
ကာယာနုပဿနာ သတိပဋ္ဌာန် - ထွက်သက်ဝင်သက်အစရှိသော ကိုယ်အင်္ဂါအစု၌ အရှုအမြင် အထင်စွဲမြဲသော သတိတရား။
ဝေဒနာနုပဿနာ သတိပဋ္ဌာန် - သုခ ဒုက္ခစသော ဝေဒနာအစု၌ အရှုအမြင် အထင်အစွဲ မြဲသော သတိတရား။
စိတ္တာနုပဿနာ သတိပဋ္ဌာန် - သရာဂ, သဒေါသ စသော စိတ်အစု၌ အရှုအမြင် အထင်စွဲမြဲသော သတိတရား။
ဓမ္မာနုပဿနာ သတိပဋ္ဌာန် - ကာမစ္ဆန္ဒ စသောဓမ္မအစု၌ အရှုအမြင် အထင်စွဲမြဲသော သတိတရား။ တို့ဖြစ်သည်။
၁။ ကာယာနုပဿနာ သတိပဋ္ဌာန်ဟူသည် ထွက်သက် ဝင်သက် အစရှိသော ရူပကာယ၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်၊ တနည်းအားဖြင့် ခန္ဓာကိုယ်၌ (ဝါ) ဆံပင် မွေးညှင်းစသော (၃၂) ကောဋ္ဌာသ၌ အဖန်ဖန် ရှုခြင်းဖြစ်သည်။ ဤသို့ အဖန်ဖန် ရှုသောအခါ အသုဘ (မတင့်တယ် ရွံ့ရှာဖွယ်ဖြစ်သော) အခြင်းအရာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ခန္ဓာကိုယ်ကို တင့်တယ်သည်ဟု မှတ်ထင်သော သုဘဝိပလ္လာသ (တင့်တယ်၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။
၂။ ဝေဒနာနုပဿနာသတိပဋ္ဌာန်ဟူသည် ဝေဒနာတရားတို့၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ဝေဒနာတို့ကို ဒုက္ခအခြင်းအရာထင်လာအောင် အဖန်ဖန် ရှုဆင်ခြင်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် သုခဝေဒနာ၊ ဒုက္ခဝေဒနာနှင့် ဥပေက္ခာဝေဒနာတို့ကို အဖန်ဖန်ရှုသောအခါ အဖြစ်အပျက်ဒဏ် အမြဲခံရပုံကို မြင်ရသဖြင့် ကြောက်မက်ဖွယ် ဘေးဒုက္ခဟူ၍ ထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် ရုပ်နာမ်တို့၌ သုခဟု မှတ်ထင်သော သုခဝိပလ္လာသ (ချမ်းသာ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။
၃။ စိတ္တာနုပဿနာသတိပဋ္ဌာန်ဟူသည် သရာဂစိတ် ဝီတရာဂစိတ် အစရှိသော စိတ်အပြား၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် စိတ်ကို အာရုံပြု၍ ဤစိတ်ကား ရာဂစိတ်၊ ဤစိတ်ကား ရာဂကင်းသောစိတ် စသည်ဖြင့် ခွဲခြားလျက် အနိစ္စ အခြင်းအရာ ထင်လာအောင် အဖန်ဖန်ရှုတတ်သော သတိဖြစ်သည်။ ဤသတိပဋ္ဌာန်ဖြင့် စိတ်တို့ကို ခွဲခြားဆင်ခြင်သောအခါ စိတ်အမျိုးမျိုး ပြောင်းလဲပုံကို သေချာစွာ သိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် နိစ္စဝိပလ္လာသ (မြဲ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။
၄။ ဓမ္မာနုပဿနာသတိပဋ္ဌာန်ဟူသည် နီဝရဏစသော ဓမ္မတို့၌ ခိုင်မြဲစွာတည်သော သတိဖြစ်သည်။ တနည်းအားဖြင့် ရူပက္ခန္ဓာကို ကာယာနုပဿနာဖြင့်၊ ဝေဒနာက္ခန္ဓာကို ဝေဒနာနုပဿနာဖြင့်၊ ဝိညာဏက္ခန္ဓာကို စိတ္တာနုပဿနာဖြင့် ရှုပြီးဖြစ်သောကြောင့် ကြွင်းသော သညာက္ခန္ဓာနှင့် သင်္ခါရက္ခန္ဓာဟူသော ဓမ္မကို အဖန်ဖန်ရှုသော သတိဖြစ်သည်။ ယင်းဓမ္မတို့ကို အနတ္တအခြင်းအရာထင်လာအောင် အဖန်တလဲလဲ အာရုံပြု၍ ရှုသောအခါ အရာရာကိစ္စတို့၌ ပရမတ္ထဓမ္မများသာ ရွက်ဆောင်နေကြောင်း၊ ပရမတ္ထဓမ္မချည်းသာ ထင်ရှားရှိကြောင်းကို သိရ၍ စီမံနိုင်သော အတ္တ (အသက်၊ လိပ်ပြာ၊ ဝိညာဏ်) ကောင် မရှိဟူသော အနတ္တအခြင်းအရာ လွန်စွာထင်လာသည်။ ဤသတိပဋ္ဌာန်ဖြင့် အတ္တဝိပလ္လာသ (အတ္တရှိ၏ဟု အမြင်မှားနေမှု) ကို ပယ်ရှားနိုင်သည်။
ဗောဓိပက္ခိယတရား အပိုင်း(၂) ဆက်ပါမည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ေဗာဓိပကၡိယတရား
မဂ္ဉာဏ္၏အသင္းအပင္းတြင္ ပါဝင္ေသာ တရားစု (ဝါ) မဂ္ဉာဏ္ဘက္၌ ပါဝင္၍ မဂ္ဉာဏ္၏ အက်ိဳးကို သယ္ပိုးေဆာင္႐ြက္တတ္ေသာ တရားစုကို ေဗာဓိပကၡိယဟု ေခၚပါသည္။ (ေဗာဓိ = မဂ္ဉာဏ္၊ ပကၡိယ = အဖို႔အစု)
တနည္းအားျဖင့္-
သာဝသေဗာဓိ၊ပေစၥကေဗာဓိ၊သမၼာသေမၺာဓိ ဆိုတဲ့ ေဗာဓိသုံးပါဆီ အေရာက္ခ်ီတက္သည့္အခါတြင္ ေဗာဓိဉာဏ္၏ အသင္းအပင္းတရားမ်ားကို “ေဗာဓိပကၡိယ”လို႔ေခၚဆိုျခင္းျဖစ္သည္။ယင္း ေဗာဓိပကၡိယတရားစုမ်ားကား −
(က) သတိပ႒ာန္ ၄ ပါး
(ခ) သမၼပၸဓာန္ ၄ ပါး
(ဂ) ဣဒၶိပါဒ္ ၄ ပါး
(ဃ) ဣေျႏၵ ၅ ပါး
(င) ဗိုလ္ ၅ ပါး
(စ) ေဗာဇၩင္ ၇ ပါး
(ဆ) မဂၢင္ ၈ ပါး ဟူ၍ စုစုေပါင္း ၃၇ ပါးရွိသည္။
(၁)သတိပ႒ာန္ ၄ ပါး
သတိပ႒ာန္ဟူသည္ လြန္စြာတည္ေသာ သတိ၊ ခိုင္ၿမဲစြာတည္ေသာ သတိဟု အဓိပၸာယ္ရသည္။ သက္ဆိုင္ရာ အာ႐ုံထဲ၌ စြဲစြဲၿမဲၿမဲ သက္ဝင္တည္ေနေသာ သတိေစတသိက္ကို ဆိုလိုသည္။ တရားကိုယ္အားျဖင့္ သတိေစတသိက္တပါးတည္း ျဖစ္ေသာ္လည္း အာ႐ုံ (၄) မ်ိဳး၊ ပယ္ခြာျခင္းကိစၥ (၄) မ်ိဳး ျပားျခင္းေၾကာင့္ သတိပ႒ာန္ (၄) မ်ိဳး ျပားရျခင္း ျဖစ္သည္။၎တို႔မွာ...
ကာယာႏုပႆနာ သတိပ႒ာန္ - ထြက္သက္ဝင္သက္အစ႐ွိေသာ ကိုယ္အဂၤါအစု၌ အ႐ႈအျမင္ အထင္စြဲၿမဲေသာ သတိတရား။
ေဝဒနာႏုပႆနာ သတိပ႒ာန္ - သုခ ဒုကၡစေသာ ေဝဒနာအစု၌ အရႈအျမင္ အထင္အစြဲ ၿမဲေသာ သတိတရား။
စိတၱာႏုပႆနာ သတိပ႒ာန္ - သရာဂ, သေဒါသ စေသာ စိတ္အစု၌ အရႈအျမင္ အထင္စြဲၿမဲေသာ သတိတရား။
ဓမၼာႏုပႆနာ သတိပ႒ာန္ - ကာမစၦႏၵ စေသာဓမၼအစု၌ အရႈအျမင္ အထင္စြဲၿမဲေသာ သတိတရား။ တို႔ျဖစ္သည္။
၁။ ကာယာႏုပႆနာ သတိပ႒ာန္ဟူသည္ ထြက္သက္ ဝင္သက္ အစရွိေသာ ႐ူပကာယ၌ ခိုင္ၿမဲစြာတည္ေသာ သတိျဖစ္သည္၊ တနည္းအားျဖင့္ ခႏၶာကိုယ္၌ (ဝါ) ဆံပင္ ေမြးညႇင္းစေသာ (၃၂) ေကာ႒ာသ၌ အဖန္ဖန္ ရႈျခင္းျဖစ္သည္။ ဤသို႔ အဖန္ဖန္ ရႈေသာအခါ အသုဘ (မတင့္တယ္ ႐ြံ႕ရွာဖြယ္ျဖစ္ေသာ) အျခင္းအရာထင္လာသည္။ ဤသတိပ႒ာန္ျဖင့္ ခႏၶာကိုယ္ကို တင့္တယ္သည္ဟု မွတ္ထင္ေသာ သုဘဝိပလႅာသ (တင့္တယ္၏ဟု အျမင္မွားေနမႈ) ကို ပယ္ရွားႏိုင္သည္။
၂။ ေဝဒနာႏုပႆနာသတိပ႒ာန္ဟူသည္ ေဝဒနာတရားတို႔၌ ခိုင္ၿမဲစြာတည္ေသာ သတိျဖစ္သည္။ တနည္းအားျဖင့္ ေဝဒနာတို႔ကို ဒုကၡအျခင္းအရာထင္လာေအာင္ အဖန္ဖန္ ရႈဆင္ျခင္ေသာ သတိျဖစ္သည္။ ဤသတိပ႒ာန္ျဖင့္ သုခေဝဒနာ၊ ဒုကၡေဝဒနာႏွင့္ ဥေပကၡာေဝဒနာတို႔ကို အဖန္ဖန္ရႈေသာအခါ အျဖစ္အပ်က္ဒဏ္ အၿမဲခံရပုံကို ျမင္ရသျဖင့္ ေၾကာက္မက္ဖြယ္ ေဘးဒုကၡဟူ၍ ထင္လာသည္။ ဤသတိပ႒ာန္ျဖင့္ ႐ုပ္နာမ္တို႔၌ သုခဟု မွတ္ထင္ေသာ သုခဝိပလႅာသ (ခ်မ္းသာ၏ဟု အျမင္မွားေနမႈ) ကို ပယ္ရွားႏိုင္သည္။
၃။ စိတၱာႏုပႆနာသတိပ႒ာန္ဟူသည္ သရာဂစိတ္ ဝီတရာဂစိတ္ အစရွိေသာ စိတ္အျပား၌ ခိုင္ၿမဲစြာတည္ေသာ သတိျဖစ္သည္။ တနည္းအားျဖင့္ စိတ္ကို အာ႐ုံျပဳ၍ ဤစိတ္ကား ရာဂစိတ္၊ ဤစိတ္ကား ရာဂကင္းေသာစိတ္ စသည္ျဖင့္ ခြဲျခားလ်က္ အနိစၥ အျခင္းအရာ ထင္လာေအာင္ အဖန္ဖန္ရႈတတ္ေသာ သတိျဖစ္သည္။ ဤသတိပ႒ာန္ျဖင့္ စိတ္တို႔ကို ခြဲျခားဆင္ျခင္ေသာအခါ စိတ္အမ်ိဳးမ်ိဳး ေျပာင္းလဲပုံကို ေသခ်ာစြာ သိရသျဖင့္ အနိစၥအျခင္းအရာ လြန္စြာထင္လာသည္။ ဤသတိပ႒ာန္ျဖင့္ နိစၥဝိပလႅာသ (ၿမဲ၏ဟု အျမင္မွားေနမႈ) ကို ပယ္ရွားႏိုင္သည္။
၄။ ဓမၼာႏုပႆနာသတိပ႒ာန္ဟူသည္ နီဝရဏစေသာ ဓမၼတို႔၌ ခိုင္ၿမဲစြာတည္ေသာ သတိျဖစ္သည္။ တနည္းအားျဖင့္ ႐ူပကၡႏၶာကို ကာယာႏုပႆနာျဖင့္၊ ေဝဒနာကၡႏၶာကို ေဝဒနာႏုပႆနာျဖင့္၊ ဝိညာဏကၡႏၶာကို စိတၱာႏုပႆနာျဖင့္ ရႈၿပီးျဖစ္ေသာေၾကာင့္ ႂကြင္းေသာ သညာကၡႏၶာႏွင့္ သခၤါရကၡႏၶာဟူေသာ ဓမၼကို အဖန္ဖန္ရႈေသာ သတိျဖစ္သည္။ ယင္းဓမၼတို႔ကို အနတၱအျခင္းအရာထင္လာေအာင္ အဖန္တလဲလဲ အာ႐ုံျပဳ၍ ရႈေသာအခါ အရာရာကိစၥတို႔၌ ပရမတၳဓမၼမ်ားသာ ႐ြက္ေဆာင္ေနေၾကာင္း၊ ပရမတၳဓမၼခ်ည္းသာ ထင္ရွားရွိေၾကာင္းကို သိရ၍ စီမံႏိုင္ေသာ အတၱ (အသက္၊ လိပ္ျပာ၊ ဝိညာဏ္) ေကာင္ မရွိဟူေသာ အနတၱအျခင္းအရာ လြန္စြာထင္လာသည္။ ဤသတိပ႒ာန္ျဖင့္ အတၱဝိပလႅာသ (အတၱရွိ၏ဟု အျမင္မွားေနမႈ) ကို ပယ္ရွားႏိုင္သည္။
ေဗာဓိပကၡိယတရား အပိုင္း(၂) ဆက္ပါမည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com