တစ်ခါတုန်းက အဖြစ်လေးတွေ(၁)
တစ်ခါတုန်းက အဖြစ်လေးတွေ(၁) - Property Knowledge in Myanmar from iMyanmarHouse.com
21 Apr 2023 1:48 pm တွင် တင်ခဲ့သည်
423 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
တစ်ခါတုန်းက အဖြစ်လေးတွေဆိုတာက လူတိုင်းမှာရှိကြပါတယ်။ဖြတ်သန်းလာတဲ့ သက်တမ်းနဲ့အတူ ပြောစရာတွေလည်း အများအပြား ရှိတတ်ကြပါတယ်။မကြုံလို့သာ မပြောဖြစ်ကြရင်းနဲ့ ဘဝနေဝင်ချိန်တွေကို ရောက်သွားတတ်ကြပါတယ်။သိပ်ကို နှမြောစရာတော့ ကောင်းလွန်းလှတာပေါ့။
တစ်ခါတုန်းက အဖြစ်လေးတွေဆိုတာကို လူတွေအနေနဲ့ မပြောတာတော့ မဟုတ်ပါဘူး။ ပြောဖြစ်ကြပါတယ်။ ကွဲကွာနေတဲ့ဆွေမျိုးသားချင်းတွေ ပြန်စုံတဲ့အခါမှာ၊ခင်မင်ရာမိတ်ဆွေတွေ၊ငယ်ပေါင်း သူငယ်ချင်းတွေ အချင်းချင်း ပြန်တွေ့ကြတဲ့ အခါတွေမှာ ပြန်ပြောဖြစ်ကြတယ်မို့လား။အားလုံးဟာ တစ်ခါတုန်းက အဖြစ်လေးတွေကို အနည်းနဲ့အများ ပြောဖြစ်ကြမှာပါပဲ။
ဒါပေမယ့် လေထဲကအသံ လေထဲမှာပဲ ပျောက်သွားတတ်ကြတော့ မှတ်သားဖို့ မလိုတာတွေရော၊ မှတ်သားဖို့ ကောင်းတာတွေရောဟာ မှတ်ထင်မကျန်တော့ပါဘူး။အသက်ရှုရပ်တန့်သွားခြင်းနှင့်အတူ အမှတ်ရစရာ တစ်ခါတုန်းက အဖြစ်လေးတွေဟာလည်း ရပ်တန့်ပျောက်ပျက်သွားတော့တာပါပဲ။
မပျောက်ပျက်အောင် အမှတ်အသားပြုတတ်တဲ့သူတွေကြတော့လည်း သူတို့ရဲ့ တစ်ခါတုန်းက အမှတ်ရစရာ အဖြစ်လေးတွေကို သားစဉ်မြေးဆက် နှုတ်ပြောနဲ့ရော စာပေအနေနဲ့ရော လက်ဆင့်ကမ်းခဲ့ကြတယ်။ မှတ်တမ်းတွေ ထားခဲ့ကြတယ်။ ဒါတွေဟာ ကိုယ်ရေးအတ္ထုပ္ပတ္တိရဲ့တစ်စိတ်တစ်ပိုင်း တွေလို့တောင် ခေါ်ရမှာပဲလေ။ဒါတွေဟာ သူတို့ကြီးပြင်းရာ အရပ်ဒေသတွေရဲ့ သမိုင်းကားချပ်တွေလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။
အလှမ်းမဝေးပေမယ့် ကျွန်တော်တို့ မမီလိုက်တဲ့ ကျွန်တော့်တို့ရဲ့ ဘိုးဘေးတွေအကြောင်းကို တစ်ခါတုန်းက အဖြစ်လေးတွေအနေနဲ့ ကျွန်တော့်အဖေက ကျွန်တော်တို့ညီအစ်ကို မောင်နှမတွေကို ပြောပြတတ်ပါတယ်။ အဲဒီအထဲက ဗရုတ်သုတ်ခတွေရော၊အတည်အတန့်တွေရော မှတ်သားခဲ့ရဘူးတာပေါ့။
ဖေဖေက သူ့ဘိုးဘေးတွေ အကြောင်းတင်မကပါဘူး။သူတို့ငယ်စဉ်က ကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ သူ့ဘော်ဒါအပေါင်းအသင်းတွေအကြောင်းကို ကျွန်တော်တို့ငယ်စဉ်က အိပ်ရာဝင်ပုံပြင်တွေလို့ကို ပြောပြတတ်ပါတယ်။သူ့ရဲ့တစ်ခါတုန်းက အဖြစ်ကလေးတွေပေါ့။ဖေဖေက အပြောကောင်းခဲ့ပေမယ့် စာနဲ့တော့ မှတ်တမ်းမတင်ခဲ့ဘူးလေ။
သူရဲ့တစ်ခါတုန်းက အဖြစ်လေးတွေကို ကြားနာခဲ့၊မှတ်သားခွင့် ရခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ နှလုံးသားမှတ်တမ်း မှာလည်း အဲဒီဖြစ်စဉ်တွေဟာ အချိန်ကာလဆိုတဲ့ နေရောင်ရဲ့တိုက်စားမှုတွေကြောင့်ထင်ပါရဲ့ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ကုန်သလောက်တောင် ဖြစ်ကုန်ပါတော့တယ်။မမေ့သေးခင်…
စာရေးသူ ကျွန်တော့်အနေနဲ့ ဖေဖေပြောခဲ့တဲ့ အကြောင်းလေးတွေနဲ့ ကျွန်တော့် ဖြတ်သန်းခဲ့တဲ့ မှတ်မိသေးတဲ့ တစ်ခါတုန်းက အဖြစ်လေးတွေကို အခန်းဆက်လေးတွေအနေနဲ့ ဖော်ပြရရင်ကောင်းမယ်လို့ တွေးမိလာတယ်။
လူတိုင်းလည်း ကိုယ့်ရဲ့တစ်ခါတုန်းက အဖြစ်လေးတွေကို ကိုယ့်ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြနိုင်ခွင့် ရှိလာကြပါပြီ။လုပ်ကြည့်ကြတာပေါ့။ကောင်းတာယူမယ်။မကောင်းတာလည်း သိပြီးရှောင်နိုင်ကြအောင်ပေါ့။
တစ်ခါတုန်းက အဖြစ်လေးတွေဆိုတာ အားလုံးအကောင်းကြီးထဲတော့ မရှိနိုင်ဘူးလေ။ရှော်တာတွေ၊ ထူတာ တွေလည်း ပါမှာပေါ့။
လူတိုင်းဟာ တစ်ခါတုန်းက အဖြစ်လေးတွေကို ရေးသားဖော်ပြရင်းနဲ့ တစ်ဦးနဲ့တစ်ဦး တိုက်ဆိုင်တဲ့ ဖြစ်ရပ်မျိုးလေးတွေ ကြုံခဲ့ ရှိခဲ့ရင် ရင်ဘတ်ခြင်းပိုနီးလာတယ်လို့ခံစား ကြရတာပေါ့။မဟုတ်ဘူးလား။
စာအနေနဲ့ မရေးတတ်ကြလို့ မရေးကြပေမယ့် တစ်ခါတုန်းက အဖြစ်လေးတွေကို ဖတ်မိသူတွေအနေနဲ့လည်း “ေဩာ် ငါလည်း ဒီလိုအဖြစ်လေးတွေ ကြုံခဲ့ဘူးပါလားဟ” ဆိုတဲ့ တိုက်ဆိုင်တဲ့အကြောင်းလေးတွေ ရှိခဲ့ရင် အမှတ်ရခြင်းနဲ့အတူ၊ပြုံးကြ၊ကြည်နူး ကြရတာပေါ့။
ဒီတော့ဗျာ… ကျွန်တော်လည်း တစ်ခါတုန်းက အဖြစ်လေးတွေကို ကြည်နူးလွမ်းစရာအဖြစ်လေးတွေ အနေနဲ့ အလွမ်းနယ်ချဲ့ကြည့်လိုက်ချင်ပါရဲ့လေ။ခင်းဗျားတို့ရောဗျာ….။ ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
စာအနေနဲ့ မရေးတတ်ကြလို့ မရေးကြပေမယ့် တစ်ခါတုန်းက အဖြစ်လေးတွေကို ဖတ်မိသူတွေအနေနဲ့လည်း “ဩော် ငါလည်း ဒီလိုအဖြစ်လေးတွေ ကြုံခဲ့ဘူးပါလားဟ” ဆိုတဲ့ တိုက်ဆိုင်တဲ့အကြောင်းလေးတွေ ရှိခဲ့ရင် အမှတ်ရခြင်းနဲ့အတူ၊ပြုံးကြ၊ကြည်နူး ကြရတာပေါ့။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service