အချစ်တဲ့လား ......
အချစ်တဲ့လား ...... - Property Knowledge in Myanmar from iMyanmarHouse.com
20 Apr 2023 9:44 am တွင် တင်ခဲ့သည်
725 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ချစ်တာနဲ့ အိမ်ထောင်ပြုတဲ့ ကိစ္စကရောယှက်နေတယ်။ဆက်စပ်နေတယ်။တစ်သီးတခြားလည်း ရှိနေနိုင်တယ်။ ဟုတ်ချင်လည်းဟုတ်မယ်။ဟုတ်ချင်မှလည်း ဟုတ်မယ်ပေါ့။
တစ်ရက်တော့ အလုပ်ကထမင်းစားခန်းထဲ ကော်ဖီဖျော်ဖို့သွားတော့ ဝန်ထမ်းမိန်ကလေး ၃ ယောက် စကားပြောနေကြတယ်။အကုန်လုံးက အပျိုလေးတွေပါပဲ။သူတို့ပြောနေကြတာက အိမ်ထောင်ပြုကြတဲ့ အကြောင်း။
သူတို့က အဆင့်လွန်ပြီးတွေးများ တွေးနေကြသလားလို့ပါ။ အချစ်ကို ဦးနှောက်နဲ့ စဉ်းစားဖို့ အကြောင်း ပြောနေကြတဲ့ ပုံပါပဲ။တကယ်တော့ သူတို့မှာ ရည်းစားရှိတဲ့သူရော၊ရည်းစားမရှိတဲ့သူရော။ တစ်ယောက်မှတော့ အိမ်ထောင်မကျ ကျသေးပါ။
အချစ်ကိုစဉ်းစားတဲ့အခါ ဦးနှောက်နဲ့ မစဉ်းစားဖူးလို့တော့ မထင်ပါဘူး။လူတွေဟာ အရွယ်ရောက်လာပြီဆိုရင် အချစ်ကိစ္စကို ကြိုတင်ရင်ခုန်တတ်ကြတာပါပဲ။ရင်ခုန်တဲ့အခါမှာ ဦးနှောက်နဲ့စဉ်းစားတာပါပဲ။ပညာတတ်ရမယ်၊ ပိုက်ဆံရှိရမယ်၊ ရုပ်ချောရမယ်၊သဘောကောင်းရမယ်၊ကိုယ့်ကိုယ် နားလည်ပေးနိုင်တဲ့သူဖြစ်ရမယ် စသဖြင့် အကောင်းတကာ့ အကောင်းဆုံးတွေ စံတင်ထားလို့ပေါ့။ နောက်တော့မှသာ ဖြစ်ချင်တာနဲ့ ဖြစ်လာတာ တစ်ထပ်တည်း ကျချင်မှ ကျတာပါ။
သူတို့ပြောနေတာလေးက အသက်ကြီးကြီး အမျိုးသမီးက သူ့ထက် ရှစ်နှစ် ဆယ်နှစ်လောက်ငယ်တဲ့ ကောင်လေးကို ယူထားတဲ့အကြောင်း၊အဲဒီကောင်လေးကလည်း ငယ်ငယ်ကတည်းက သိနေတဲ့ ကောင်လေးဖြစ်ပြီး စိတ်နေစိတ်ထား အကျင့်စရိုက်ဘယ်လိုရှိတယ်ဆိုတာ သိရဲ့သားနဲ့ သူမို့ယူတယ်ဆိုတဲ့ အကြောင်းတွေပေါ့။
သူပြောနေတာက အဲဒီကောင်လေးဆိုတဲ့သူဟာ လက်ကြော မတင်းကြောင်း၊အားကိုးထိုက်သူ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို သိနေပါရဲ့နဲ့ အဲဒီမိန်းမဟာ အဲဒီကောင်လေးကို ယူဝံ့တဲ့အကြောင်းတွေပေါ့။ဆိုလိုချင်တာက ဦးနှောက်နဲ့စဉ်းစားဖို့အကြောင်းကို ပြောသွားတာပါပဲ။
သူတို့မသိတာက ကာယကံရှင်မ်ိန်းကလေးရဲ့ ရင်ထဲမှာရှိနေတဲ့ အကြောင်းတွေလေ။ ကိုယ့်ရင်ထဲက ဖြစ်ချင်တာနဲ့ ကာယကံရှင်မိန်းကလေးရဲ့ ရင်ထဲမှာ ဘယ်လိုရှိနေလဲဆိုတာ သူမှ မသိဘဲလေ။မသိတော့ သူ့ရင်ထဲကအတိုင်းပြောမိတာပဲပေါ့။ အမြင်မတူဘူးဖြစ်နေဦးမှာပါပဲ။လူတိုင်းဟာ ကွြဲပားတဲ့ခံစားချက်ကိုယ်စီ ရှိနေကြလို့ပါပဲ။
အချစ်ဆိုတာကို စံချိန်စံညွှန်းတွေနဲ့ ဘယ်သူမှလုပ်ထားလို့ မရဘူးလို့ထင်ပါတယ်။ဘယ်အချိန်မှာ ချစ်သူထားမယ်။ ဘယ်အချိန်မှာချစ်ရမယ်ဆိုပြီး တရားသေထားလို့ ရတယ်မထင်ပါဘူး။ သူဖြစ်ချင်တဲ့အချိန် ကောက်ဖြစ်တာပါပဲ။
အထက်ကပြောခဲ့သလို ဦးနှောက်နဲ့ စံချိန်စံညွှန်းတွေနဲ့ ထားကြတဲ့သူတွေတောင်မှ လျှပ်တစ်ပြက် ဝင်လာတဲ့ အချစ်က သူတို့စံချိန်စံညွှန်းတွေကို ဘေးကိုရောက်သွား စေတတ်သေးတယ်လို့ထင်ပါတယ်။
အချစ်ဆိုတဲ့သဘာဝကိုက နှလုံးသားနဲ့ စဉ်းစားတယ်လို့ထင်ပါတယ်။ဦးနှောက်နဲ့ စဉ်းစားတယ် အိမ်ထောင်မှုက အချစ်လို့တောင်ခေါ်ခွင့်ရှိပါ့မလား။ကျွန်တော်လည်းမသိ။သိတဲ့သူများက ချဲ့ထွင်ရှင်းလင်းကြပါကုန်တော့။
အချစ်အပေါ် ကျွန်တော်ခံစားနားလည်သည်က ဦးပုညရဲ့ တေးထပ်ထဲကလို “ကောင်းခြောက်ဆယ့်လေးရပ်၊ သွေးထပ်ထပ်ရုပ်ညီ၊ ရှေးနိပါတ်ထုပ်မှီသည်၊ဖုဿတီထွဋ်ထား၊ဗိမ္ဗာနတ် ကိန္နရီလို တသိင်္ဂီ ယိုးတော့မမှား…” မျိုး မဟုတ်။
သူကိုမြင်လိုက်တဲ့ခဏ သူ့ရဲ့လှုပ်ရှားမှုထဲက တစ်ခုခုဟာ ကျွန်တော့်နှလုံးသားကို နှစ်သက်လက်ခံမိစေလိုက်တဲ့ အကြောင်းကိစ္စလေးတစ်ခု ရှိနေဖို့ပဲ လိုတယ်လို့ထင်ပါတယ်။ ဒါပါပဲ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အခ်စ္တဲ့လား ......
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
royal-hill
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service