ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
သင်သည် ကျေးလက်ဒေသတွင် အိမ်ငှားခမပေးရဘဲ သာယာအေးချမ်းသည့်ဘဝကို ဖြတ်သန်းရန် စိတ်ကူးရှိသည်ဆိုပါက သင့်အတွက် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လျက်ရှိသည်။
ကံကောင်းသည့် မိသားစုတစ်စုမှာ အိပ်ခန်း ၅ ခန်းပါ နေအိမ်ကို အခမဲ့ နေထိုင်ခွင့်ရမည်ဖြစ်သည်။
စည်းမျဉ်းကန့်သတ်ချက် တစ်ခုကား ရှိသည်။
နေထိုင်လိုသည့် မိသားစုမှာ ကလေးငယ်များရှိသော မိသားစု ဖြစ်ရမည်ဟု ဆိုသည်။
နေအိမ်တည်နေရာမှာ အိုင်ယာလန်နိုင်ငံ အနောက်ပိုင်း Galway နယ်မြေ ၊ Cannemara Gaeltach ကျေးလက်ဒေသတွင် ရှိသည်။ အဆိုပါ နေအိမ်တွင် အခမဲ့ နေထိုင်ခွင့်ပေးသူမှာ Scoil Naomh Padraing အမည်ရှိ စာသင်ကျောင်းမှာ ၁၉၆၅ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့သောကျောင်းဖြစ်သည်။
ယခုအခါ မိဘများကို နေအိမ်အခမဲ့ ငှားရမ်းပေးရန် စီစဉ်လာခြင်း ဖြစ်သည်။
ဆရာ ၂ ဦးရှိသော ကျောင်းဖြစ်ပြီး ဆရာ ၂ ဦး ဆက်လက်ရှိစေရန် အနည်းဆုံး ကျောင်းသား ၁၂ ဦးရှိရမည်ဖြစ်သည်။
သို့သော် ထိုဒေသတွင် ငယ်ရွယ်သူများ အလွန်နည်းပါးသည်။
(စာသင်ကျောင်း ဖွင့်ထားနိုင်ရန် ကျောင်းသား ၁၂ ဦး လိုအပ်သည်။ ဓာတ်ပုံ- Scoil Naomh Padraing)
ကျောင်းအုပ် Gearoidin Ui Fhiric က “ဒီကျောင်းလေး မရှိတော့ဘူးဆိုရင် အသိုက်အဝန်း စိတ်ဝိဉာဉ် ဆုံးရှုံးသွားရမှာ ဖြစ်ပြီး ဒါက အရှက်ရစရာ ဖြစ်လာပါလိမ့်မယ်” ဟု ပြောသည်။
“လှပသာယာတဲ့ဒေသမှာ ကျွန်မတို့အတွက် လှပတဲ့ စာသင်ကျောင်းလေးရှိတယ်။ ကစားကွင်းတွေရှိတယ်။ လှပသာယာတဲ့ ဝန်းကျင်မှာ ဟင်းလင်းပြင် စာသင်နေရာတွေ ရှိပါတယ်”
(စာသင်ကျောင်းကလေးရှိရာ Cannemara Gaeltach ဒေသ၏ မပျက်စီးသေးသော သဘာဝအလှတရား။ ဓာတ်ပုံ- Cannemara.ie )
Comharchumann Dhúiche Sheoigheach Teo co-op ကုမ္ပဏီနှင့် ECC အမည်ရှိ ဒေသတွင်းလုပ်ငန်းတစ်ခု တို့က ယခုအငှားချထားမည့်အိမ်ကို စာသင်ကျောင်းကလေးထံ လှူဒါန်းထားခြင်း ဖြစ်သည်။
ကျောင်းအုပ်ဆရာမ Gearoidin ၏ ပြောကြားမှုအရ ထိုအိမ်တွင် နေထိုင်လိုကြောင်း လျှောက်ထားတင်ပြလာသူ ၁၆၀၀ ရှိသည်ဟု ဆိုသည်။
Lough Measc ရေကန်ကြီးနှင့် Lough Coirib ရေကန်ကြီးတို့အကြား တည်ရှိပြီး လူသွားလမ်းကလေးများ၊ သာယာလှပသော ရှုမျှော်ခင်းများဖြင့် နာမည်ကျော်သော်လည်း လူနေထူထပ်သည့်နေရာများနှင့် အလှမ်းကွာသည်။
(ကြည်လင်သော ရေကန်များနှင့် လှပသော တောင်ကုန်းများ။ ဓာတ်ပုံ-Getty Images)
အခမဲ့နေထိုင်ခွင့်ပေးမည့်အိမ်မှာ စာသင်ကျောင်းကလေးသို့ ကားဖြင့် ၂ မိနစ်၊ ခြေလျင်ခရီး ၁၀ မိနစ်အကွာတွင် တည်ရှိပြီး Mayo ခရိုင်၊ Ballina မြို့မှဆိုလျှင် ၂၅ ကီလိုမီတာ ဝေးကွာသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: You can live in a five-bedroom house rent-free for a year – but you need to be a parent (metro)
[Zawgyi]
အိုိင္ယာလန္ႏိုင္ငံတြင္ အိပ္ခန္း ၅ ခန္းပါေသာ ေနအိမ္တစ္လံုး ကေလးရွိသည့္ မိသားစုကို အခမဲ့ေနထုိင္ခြင့္ ေပးမည္
သင္သည္ ေက်းလက္ေဒသတြင္ အိမ္ငွားခမေပးရဘဲ သာယာေအးခ်မ္းသည့္ဘဝကို ျဖတ္သန္းရန္ စိတ္ကူးရွိသည္ဆုိပါက သင့္အတြက္ အခြင့္အလမ္းတစ္ခု ေပၚေပါက္လ်က္ရွိသည္။
ကံေကာင္းသည့္ မိသားစုတစ္စုမွာ အိပ္ခန္း ၅ ခန္းပါ ေနအိမ္ကို အခမဲ့ ေနထိုင္ခြင့္ရမည္ျဖစ္သည္။
စည္းမ်ဥ္းကန္႔သတ္ခ်က္ တစ္ခုကား ရွိသည္။
ေနထိုင္လိုသည့္ မိသားစုမွာ ကေလးငယ္မ်ားရွိေသာ မိသားစု ျဖစ္ရမည္ဟု ဆိုသည္။
ေနအိမ္တည္ေနရာမွာ အိုင္ယာလန္ႏိုင္ငံ အေနာက္ပိုင္း Galway နယ္ေျမ ၊ Cannemara Gaeltach ေက်းလက္ေဒသတြင္ ရွိသည္။ အဆိုပါ ေနအိမ္တြင္ အခမဲ့ ေနထုိင္ခြင့္ေပးသူမွာ Scoil Naomh Padraing အမည္ရွိ စာသင္ေက်ာင္းမွာ ၁၉၆၅ ခုႏွစ္ကတည္းက ဖြင့္လွစ္ခဲ့ေသာေက်ာင္းျဖစ္သည္။
ယခုအခါ မိဘမ်ားကို ေနအိမ္အခမဲ့ ငွားရမ္းေပးရန္ စီစဥ္လာျခင္း ျဖစ္သည္။
ဆရာ ၂ ဦးရွိေသာ ေက်ာင္းျဖစ္ျပီး ဆရာ ၂ ဦး ဆက္လက္ရွိေစရန္ အနည္းဆံုး ေက်ာင္းသား ၁၂ ဦးရွိရမည္ျဖစ္သည္။
သို႔ေသာ္ ထိုေဒသတြင္ ငယ္ရြယ္သူမ်ား အလြန္နည္းပါးသည္။
(စာသင္ေက်ာင္း ဖြင့္ထားႏိုင္ရန္ ေက်ာင္းသား ၁၂ ဦး လုိအပ္သည္။ ဓာတ္ပံု- Scoil Naomh Padraing)
ေက်ာင္းအုပ္ Gearoidin Ui Fhiric က “ဒီေက်ာင္းေလး မရွိေတာ့ဘူးဆိုရင္ အသုိက္အဝန္း စိတ္ဝိဥာဥ္ ဆံုးရႈံးသြားရမွာ ျဖစ္ျပီး ဒါက အရွက္ရစရာ ျဖစ္လာပါလိမ့္မယ္” ဟု ေျပာသည္။
“လွပသာယာတဲ့ေဒသမွာ ကၽြန္မတို႔အတြက္ လွပတဲ့ စာသင္ေက်ာင္းေလးရွိတယ္။ ကစားကြင္းေတြရွိတယ္။ လွပသာယာတဲ့ ဝန္းက်င္မွာ ဟင္းလင္းျပင္ စာသင္ေနရာေတြ ရွိပါတယ္”
(စာသင္ေက်ာင္းကေလးရွိရာ Cannemara Gaeltach ေဒသ၏ မပ်က္စီးေသးေသာ သဘာဝအလွတရား။ ဓာတ္ပံု- Cannemara.ie )
Comharchumann Dhúiche Sheoigheach Teo co-op ကုမၸဏီႏွင့္ ECC အမည္ရွိ ေဒသတြင္းလုပ္ငန္းတစ္ခု တို႔က ယခုအငွားခ်ထားမည့္အိမ္ကို စာသင္ေက်ာင္းကေလးထံ လွဴဒါန္းထားျခင္း ျဖစ္သည္။
ေက်ာင္းအုပ္ဆရာမ Gearoidin ၏ ေျပာၾကားမႈအရ ထိုအိမ္တြင္ ေနထိုင္လိုေၾကာင္း ေလွ်ာက္ထားတင္ျပလာသူ ၁၆၀၀ ရွိသည္ဟု ဆိုသည္။
Lough Measc ေရကန္ၾကီးႏွင့္ Lough Coirib ေရကန္ၾကီးတို႔အၾကား တည္ရွိျပီး လူသြားလမ္းကေလးမ်ား၊ သာယာလွပေသာ ရႈေမွ်ာ္ခင္းမ်ားျဖင့္ နာမည္ေက်ာ္ေသာ္လည္း လူေနထူထပ္သည့္ေနရာမ်ားႏွင့္ အလွမ္းကြာသည္။
(ၾကည္လင္ေသာ ေရကန္မ်ားႏွင့္ လွပေသာ ေတာင္ကုန္းမ်ား။ ဓာတ္ပံု-Getty Images)
အခမဲ့ေနထိုင္ခြင့္ေပးမည့္အိမ္မွာ စာသင္ေက်ာင္းကေလးသို႔ ကားျဖင့္ ၂ မိနစ္၊ ေျခလ်င္ခရီး ၁၀ မိနစ္အကြာတြင္ တည္ရွိျပီး Mayo ခရိုင္၊ Ballina ျမိဳ႕မွဆိုလွ်င္ ၂၅ ကီလိုမီတာ ေဝးကြာသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: You can live in a five-bedroom house rent-free for a year – but you need to be a parent (metro)