ငွေသည် ကျိန်စာလော (သို့မဟုတ်) ပေါင် ၆ ဒသမ ၅ သန်း ထီပေါက်ခဲ့ပြီး ၆ လအကြာတွင် ထောင်ကျခြင်းဖြင့် အဆုံးသတ်ခဲ့ရသော အင်္ဂလန်နိုင်ငံသား

ငွေသည် ကျိန်စာလော (သို့မဟုတ်) ပေါင် ၆ ဒသမ ၅ သန်း ထီပေါက်ခဲ့ပြီး ၆ လအကြာတွင် ထောင်ကျခြင်းဖြင့် အဆုံးသတ်ခဲ့ရသော အင်္ဂလန်နိုင်ငံသား - Property News in Myanmar from iMyanmarHouse.com
20 Apr 2023 2:16 pm တွင် တင်ခဲ့သည်
1054 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၁၉၉၅ ခုနှစ် ၊ မတ်လတွင် ထီဆုကြီး ပေါက်ခဲ့သူ Lee Ryan အမည်ရှိ အမျိုးသားက ပြောသည်မှာ ငွေဆိုသည်မှာ ကျိန်စာတစ်ခုသာဖြစ်ကြောင်း ပြောသည်။

(Lee Ryan ကို ၅၁ ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်တွင် တွေ့ရပုံ။ ဓာတ်ပုံ- PA Press Association)

(Stafford အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ထွက်ခွာလာချိန်တွင် ဇနီး(ဟောင်း) Karen လာ

ရောက်တွေ့ဆုံခဲ့သည်။ ဓာတ်ပုံ- PA Press Association)

(Lee Ryan နှင့် ဇနီးတို့ကို ၁၉၉၅ ခုနှစ်က တွေ့ခဲ့ပုံ။ Ryan က ထီပေါက်သောငွေဖြင့် မော်တော်ကားများနှင့် ရဟတ်ယာဉ်တစ်စီး ဝယ်ယူခဲ့သည်။ ဓာတ်ပုံ- Rex)

Lee Ryan သည် ယခုအခါ အသက် ၆၀ ကျော်အရွယ်ရှိနေပြီ ဖြစ်သည်။

Lee Ryan သည် ခိုးရာပါ ကားများ လက်ဝယ်ထားရှိမှုဖြင့် ထောင်ဒဏ် ၁၈ လကျခံခဲ့ရာ ထိုဖြစ်ရပ်ကို Ryan က ‘ထီဒုက္ခ’ဟု အမည်ပေးခဲ့သည်။

Ryan သည် ထီပေါက်ကာ သန်းကြွယ်သူဌေးဖြစ်လာပြီးနောက် ထောင်ကျသွားသည့် ပထမဆုံး ဗြိတိန် နိုင်ငံသား ဖြစ်လာသည်။ သူ၏ ထောင်ဒဏ်အနက် ၉ လခန့် အကျဉ်းထောင်တွင် နေခဲ့ရသည်။

Ryan သည် နှစ်ပေါင်းအတန်ကြာ အဆင့်အတန်းမြင့်မြင့်နေထိုင်ခဲ့ကာ ရင်းနှီးမြှပ်နှံမှု အမှားများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ လန်ဒန်မြို့တောင်ပိုင်းရှိ တိုက်ခန်းတစ်ခန်းကို အငှားချထားပြီး ငှားခဝင်ငွေမှာ ပေါင် ၁၀,၀၀၀ အောက်သာရှိသည်။

Ryan က ပြောသည်မှာ သန်းကြွယ်သူဌေးဘဝထက် ဆင်းဆင်းရဲရဲဘဝတွင် ပိုမိုပျော်ရွှင်ခဲ့ကြောင်းပြောသည်။

Ryan သည် ကားခိုးမှုဖြင့် ၁၉၈၆ ခုနှစ်တွင် ထောင်ကျခဲ့ဖူးသည်။ ထောင်ထဲတွင် ရှိနေစဉ် ဘုရားသခင်ထံ သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာစေရေး ဆုတောင်းခဲ့သည်ဟု Ryan က The Sun သတင်းဌာနသို့ ပြောသည်။

“ကျွန်တော်ရဲ့ ဆုတောင်းနဲ့ ပတ်သက်ပြီး သတိထားဖို့ အခန်းဖော် (ထောင်ထဲမှ) က သတိပေးပါတယ်။ ငွေဟာ ကျိန်စာတစ်ခုပါပဲ” Ryan သည် တပတ်ရစ်ကားများ ဝယ်ရောင်းအဖြစ် အသက်မွေးခဲ့ပြီး ချစ်သူမိန်းကလေး Karen Taylor နှင့် အတူနေထိုင်ခဲ့ရင်းမှ ပေါင် ၆ ဒသမ ၅ သန်း ထီပေါက်ခဲ့ခြင်း ဖြစ်သည်။

Ryan က ထီပေါက်သောငွေဖြင့် ပေါင် ၁ သန်းတန် ကျေးလက်စံအိမ်တစ်လုံး ၊ Bentley ၁စီး ၊ Ferrari ၁ စီး ၊ Porsche ၁ စီး နှင့် BMW ၁ စီး အစရှိသော ဇိမ်ခံကားများ ဝယ်ယူခဲ့သည်။

၎င်း၏ အိမ်တွင်လည်း ရေကူးကန် ၊ တင်းနစ်ကွင်း ၊ Sauna ၊ Jacuzzi နှင့် ဂိမ်းကစားခန်းတို့ ထည့်သွင်းခဲ့သည်။

ထို့အပြင် Ryan က Ducati မော်တော်ဆိုင်ကယ် ၂ စီး ၊ ပေါင် ၁၂၅၀၀၀ တန် လေယာဉ်တစ်စီးနှင့် ပေါင် ၂၃၅၀၀၀ တန် Bell JetRanger ရဟတ်ယာဉ်တစ်စီးတို့လည်း ဝယ်ယူခဲ့သည်။

နောက်ပိုင်းတွင် အဆိုပါ ရဟတ်ယာဉ်က တဝီဝီမြည်သံများမှာ အိမ်နီးချင်းများ အနှောင့်အယှက်ဖြစ်စေသောကြောင့် ဒဏ်ရိုက်ခံခဲ့ရသည်။

Ryan ထောင်တွင်းရှိနေစဉ် သူ၏ မိသားစုအပေါ် ထောင်ထဲမှ လူများ၏ ခြိမ်းခြောက်မှုများ ရှိခဲ့သောကြောင့် Ryan က သက်တော်စောင့် ငှားရမ်းပေးခဲ့ရသည်။

ထိုအချိန် ထိုကာလက အမည်မဖော်သော Ryan မိတ်ဆွေတစ်ဦးက Daily Record သတင်းဌာနသို့ ပြောသည်မှာ “သူထောင်ကျသွားတဲ့အချိန် ထောင်ထဲမှာ သူနဲ့ မိတ်ဆွေဖွဲ့ချင်သူတွေ အများကြီးရှိခဲ့တယ်။ ငွေကြေးချမ်းသာမှုကြောင့် လာကပ်ကြတာပါ။ ဒါပေမယ့် သူရဲ့ စိတ်သဘောထားကို မနှစ်သက်တဲ့ ထောင်ထဲက သြဇာရှိတဲ့လူတွေကတော့ သူနဲ့ မတည့်ကြဘူး”ဟု ဆိုသည်။

“သူက ခြိမ်းခြောက်လာတာတွေအပေါ် တော်တော်သတိထားပါတယ်။ ဒါကြောင့် သူ ထောင်မထွက်မီအထိ Karen နဲ့ ကလေးတွေကို လုံခြုံရေးနဲ့ ထားဖို့ ဆုံးဖြတ်ခဲ့တယ်” Ryan က သူ့အိမ်တွင် လုံခြုံရေး ထားရှိမှုအပြင် နည်းပညာဖြင့် ကင်မရာများ ၊ လုံခြုံရေးတံခါးများ တပ်ဆင်ခဲ့သည်။

Ryan နှင့် Taylor တို့သည် ၂၀၀၃ ခုနှစ်တွင် လမ်းခွဲခဲ့ကြသည်။

ယင်းနောက်ပိုင်း Ryan သည် အင်္ဂလန်တွင် ကျောင်းလာတက်သော အသက် ၂၄ နှစ်အရွယ် Jyldyz Djangaracheva ဆိုသည့် မိန်းကလေးနှင့် ချစ်ကြိုက်ကာ လန်ဒန်တွင် ရွှေ့ပြောင်းနေထိုင်ခဲ့သည်။

Ryan သည် ထိုနောက်ပိုင်း လုပ်ကိုင်ခဲ့သော လုပ်ငန်းတစ်ခုတွင် ပေါင် ၂ သန်းခန့် အရှုံးပေါ်ခဲ့ပြီးနောက် မိန်းကလေး၏ ဇာတိနိုင်ငံ ကာဂျစ်စတန်နိုင်ငံသို့ လိုက်ပါသွားခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ထိုမိန်းကလေးနှင့် ကွာရှင်းပြီး အင်္ဂလန်သို့ Ryan ပြန်လာခဲ့သည်။

ထိုအချိန်တွင် သူ၌ ပိုင်ဆိုင်မှုဆို၍ အိပ်ယာလိပ်တစ်ခုသာရှိတော့ပြီး ၂ နှစ်ခန့် လမ်းပေါ်တွင် အိပ်စက်ခဲ့ရသည်။

“ကျွန်တော်တစ်နိုင်ငံလုံးကို ခြေဦးတည့်ရာ သွားခဲ့ပါတယ်။ ဘယ်သူဆီက ဘာအကူအညီမှ မတောင်းခဲ့ပါဘူး။ တချို့ကတော့ … မင်းအဆင်ပြေရဲ့လား … လို့ လာမေးကြတယ်” ယခုအခါ Ryan သည် ဓာတ်ပုံဆရာ တစ်ဦးအဖြစ် အသက်မွေးနေကာ လန်ဒန်တောင်ဘက်တွင် တိုက်ခန်းတစ်ခန်း ငှားရမ်းထားပြီး အိမ်ယာမဲ့များကို ဖိတ်ခေါ်ဧည့်ခံမှုများ ပြုလုပ်လျက်ရှိသည်။

(Ryan သည် ၁၉၉၅ ခုနှစ် ၊ မတ်လတွင် ပေါင် ၆ ဒသမ ၅ သန်း ထီပေါက်ခဲ့သည်။ ဓာတ်ပုံ- News Group Newspaper)

(ထီပေါက်ပြီးနောက် Ryan ဝယ်ခဲ့သော ကားများတွင် ပါဝင်သော Bentley ကား။ ဓာတ်ပုံ- Rex)

(လမ်းပေါ်တွင် ၂ နှစ်နေထိုင်ခဲ့ရသည်။ ဓာတ်ပုံ- Collect)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: LOTTO LAG’ I won £6.5m on lottery but I ended up in jail just months after hitting jackpot – the money was cursed (the-sun)

[Zawgyi]

ေငြသည္ က်ိန္စာေလာ (သို႔မဟုတ္) ေပါင္ ၆ ဒသမ ၅ သန္း ထီေပါက္ခဲ့ျပီး ၆ လအၾကာတြင္ ေထာင္က်ျခင္းျဖင့္ အဆံုးသတ္ခဲ့ရေသာ အဂၤလန္ႏိုင္ငံသား

၁၉၉၅ ခုႏွစ္ ၊ မတ္လတြင္ ထီဆုၾကီး ေပါက္ခဲ့သူ Lee Ryan အမည္ရွိ အမ်ဳိးသားက ေျပာသည္မွာ ေငြဆိုသည္မွာ က်ိန္စာတစ္ခုသာျဖစ္ေၾကာင္း ေျပာသည္။

(Lee Ryan ကို ၅၁ ၾကိမ္ေျမာက္ ကိန္းရုပ္ရွင္ပြဲေတာ္တြင္ ေတြ႔ရပံု။ ဓာတ္ပံု- PA Press Association)

(Stafford အက်ဥ္းေထာင္မွ ျပန္လည္ လြတ္ေျမာက္ထြက္ခြာလာခ်ိန္တြင္ ဇနီး(ေဟာင္း) Karen လာေရာက္ေတြ႔ဆံုခဲ့သည္။ ဓာတ္ပံု- PA Press Association)

(Lee Ryan ႏွင့္ ဇနီးတို႔ကို ၁၉၉၅ ခုႏွစ္က ေတြ႔ခဲ့ပံု။ Ryan က ထီေပါက္ေသာေငြျဖင့္ ေမာ္ေတာ္ကားမ်ားႏွင့္ ရဟတ္ယာဥ္တစ္စီး ဝယ္ယူခဲ့သည္။ ဓာတ္ပံု- Rex)

Lee Ryan သည္ ယခုအခါ အသက္ ၆၀ ေက်ာ္အရြယ္ရွိေနျပီ ျဖစ္သည္။

Lee Ryan သည္ ခုိးရာပါ ကားမ်ား လက္ဝယ္ထားရွိမႈျဖင့္ ေထာင္ဒဏ္ ၁၈ လက်ခံခဲ့ရာ ထိုျဖစ္ရပ္ကို Ryan က ‘ထီဒုကၡ’ဟု အမည္ေပးခဲ့သည္။

Ryan သည္ ထီေပါက္ကာ သန္းၾကြယ္သူေဌးျဖစ္လာျပီးေနာက္ ေထာင္က်သြားသည့္ ပထမဆံုး ျဗိတိန္ ႏိုင္ငံသား ျဖစ္လာသည္။ သူ၏ ေထာင္ဒဏ္အနက္ ၉ လခန္႔ အက်ဥ္းေထာင္တြင္ ေနခဲ့ရသည္။

Ryan သည္ ႏွစ္ေပါင္းအတန္ၾကာ အဆင့္အတန္းျမင့္ျမင့္ေနထိုင္ခဲ့ကာ ရင္းႏွီးျမွပ္ႏွံမႈ အမွားမ်ား ျပဳလုပ္ခဲ့ျပီးေနာက္ ယခုအခါ လန္ဒန္ျမိဳ႕ေတာင္ပိုင္းရွိ တိုက္ခန္းတစ္ခန္းကို အငွားခ်ထားျပီး ငွားခဝင္ေငြမွာ ေပါင္ ၁၀,၀၀၀ ေအာက္သာရွိသည္။

Ryan က ေျပာသည္မွာ သန္းၾကြယ္သူေဌးဘဝထက္ ဆင္းဆင္းရဲရဲဘဝတြင္ ပိုမိုေပ်ာ္ရႊင္ခဲ့ေၾကာင္းေျပာသည္။

Ryan သည္ ကားခိုးမႈျဖင့္ ၁၉၈၆ ခုႏွစ္တြင္ ေထာင္က်ခဲ့ဖူးသည္။ ေထာင္ထဲတြင္ ရွိေနစဥ္ ဘုရားသခင္ထံ သန္းၾကြယ္သူေဌးတစ္ဦး ျဖစ္လာေစေရး ဆုေတာင္းခဲ့သည္ဟု Ryan က The Sun သတင္းဌာနသုိ႔ ေျပာသည္။

“ကၽြန္ေတာ္ရဲ႕ ဆုေတာင္းနဲ႔ ပတ္သက္ျပီး သတိထားဖို႔ အခန္းေဖာ္ (ေထာင္ထဲမွ) က သတိေပးပါတယ္။ ေငြဟာ က်ိန္စာတစ္ခုပါပဲ” Ryan သည္ တပတ္ရစ္ကားမ်ား ဝယ္ေရာင္းအျဖစ္ အသက္ေမြးခဲ့ျပီး ခ်စ္သူမိန္းကေလး Karen Taylor ႏွင့္ အတူေနထိုင္ခဲ့ရင္းမွ ေပါင္ ၆ ဒသမ ၅ သန္း ထီေပါက္ခဲ့ျခင္း ျဖစ္သည္။

Ryan က ထီေပါက္ေသာေငြျဖင့္ ေပါင္ ၁ သန္းတန္ ေက်းလက္စံအိမ္တစ္လံုး ၊ Bentley ၁စီး ၊ Ferrari ၁ စီး ၊ Porsche ၁ စီး ႏွင့္ BMW ၁ စီး အစရွိေသာ ဇိမ္ခံကားမ်ား ဝယ္ယူခဲ့သည္။

၎၏ အိမ္တြင္လည္း ေရကူးကန္ ၊ တင္းနစ္ကြင္း ၊ Sauna ၊ Jacuzzi ႏွင့္ ဂိမ္းကစားခန္းတို႔ ထည့္သြင္းခဲ့သည္။

ထို႔အျပင္ Ryan က Ducati ေမာ္ေတာ္ဆိုင္ကယ္ ၂ စီး ၊ ေပါင္ ၁၂၅၀၀၀ တန္ ေလယာဥ္တစ္စီးႏွင့္ ေပါင္ ၂၃၅၀၀၀ တန္ Bell JetRanger ရဟတ္ယာဥ္တစ္စီးတို႔လည္း ဝယ္ယူခဲ့သည္။

ေနာက္ပိုင္းတြင္ အဆိုပါ ရဟတ္ယာဥ္က တဝီဝီျမည္သံမ်ားမွာ အိမ္နီးခ်င္းမ်ား အေႏွာင့္အယွက္ျဖစ္ေစေသာေၾကာင့္ ဒဏ္ရိုက္ခံခဲ့ရသည္။

Ryan ေထာင္တြင္းရွိေနစဥ္ သူ၏ မိသားစုအေပၚ ေထာင္ထဲမွ လူမ်ား၏ ျခိမ္းေျခာက္မႈမ်ား ရွိခဲ့ေသာေၾကာင့္ Ryan က သက္ေတာ္ေစာင့္ ငွားရမ္းေပးခဲ့ရသည္။

ထိုအခ်ိန္ ထိုကာလက အမည္မေဖာ္ေသာ Ryan မိတ္ေဆြတစ္ဦးက Daily Record သတင္းဌာနသို႔ ေျပာသည္မွာ “သူေထာင္က်သြားတဲ့အခ်ိန္ ေထာင္ထဲမွာ သူနဲ႔ မိတ္ေဆြဖြဲ႔ခ်င္သူေတြ အမ်ားၾကီးရွိခဲ့တယ္။ ေငြေၾကးခ်မ္းသာမႈေၾကာင့္ လာကပ္ၾကတာပါ။ ဒါေပမယ့္ သူရဲ႕ စိတ္သေဘာထားကို မႏွစ္သက္တဲ့ ေထာင္ထဲက ၾသဇာရွိတဲ့လူေတြကေတာ့ သူနဲ႔ မတည့္ၾကဘူး”ဟု ဆိုသည္။

“သူက ျခိမ္းေျခာက္လာတာေတြအေပၚ ေတာ္ေတာ္သတိထားပါတယ္။ ဒါေၾကာင့္ သူ ေထာင္မထြက္မီအထိ Karen နဲ႔ ကေလးေတြကို လံုျခံဳေရးနဲ႔ ထားဖို႔ ဆံုးျဖတ္ခဲ့တယ္” Ryan က သူ႔အိမ္တြင္ လံုျခံဳေရး ထားရွိမႈအျပင္ နည္းပညာျဖင့္ ကင္မရာမ်ား ၊ လံုျခံဳေရးတံခါးမ်ား တပ္ဆင္ခဲ့သည္။

Ryan ႏွင့္ Taylor တို႔သည္ ၂၀၀၃ ခုႏွစ္တြင္ လမ္းခြဲခဲ့ၾကသည္။ ယင္းေနာက္ပုိင္း Ryan သည္ အဂၤလန္တြင္ ေက်ာင္းလာတက္ေသာ အသက္ ၂၄ ႏွစ္အရြယ္ Jyldyz Djangaracheva ဆိုသည့္ မိန္းကေလးႏွင့္ ခ်စ္ၾကိဳက္ကာ လန္ဒန္တြင္ ေရႊ႕ေျပာင္းေနထိုင္ခဲ့သည္။

Ryan သည္ ထိုေနာက္ပိုင္း လုပ္ကိုင္ခဲ့ေသာ လုပ္ငန္းတစ္ခုတြင္ ေပါင္ ၂ သန္းခန္႔ အရံႈးေပၚခဲ့ျပီးေနာက္ မိန္းကေလး၏ ဇာတိႏိုင္ငံ ကာဂ်စ္စတန္ႏိုင္ငံသို႔ လိုက္ပါသြားခဲ့သည္။

၂၀၁၀ ျပည့္ႏွစ္တြင္ ထိုမိန္းကေလးႏွင့္ ကြာရွင္းျပီး အဂၤလန္သို႔ Ryan ျပန္လာခဲ့သည္။

ထိုအခ်ိန္တြင္ သူ၌ ပိုင္ဆိုင္မႈဆို၍ အိပ္ယာလိပ္တစ္ခုသာရွိေတာ့ျပီး ၂ ႏွစ္ခန္႔ လမ္းေပၚတြင္ အိပ္စက္ခဲ့ရသည္။

“ကၽြန္ေတာ္တစ္ႏိုင္ငံလံုးကို ေျခဦးတည့္ရာ သြားခဲ့ပါတယ္။ ဘယ္သူဆီက ဘာအကူအညီမွ မေတာင္းခဲ့ပါဘူး။ တခ်ဳိ႕ကေတာ့ … မင္းအဆင္ေျပရဲ႕လား … လို႔ လာေမးၾကတယ္” ယခုအခါ Ryan သည္ ဓာတ္ပံုဆရာ တစ္ဦးအျဖစ္ အသက္ေမြးေနကာ လန္ဒန္ေတာင္ဘက္တြင္ တိုက္ခန္းတစ္ခန္း ငွားရမ္းထားျပီး အိမ္ယာမဲ့မ်ားကို ဖိတ္ေခၚဧည့္ခံမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

(Ryan သည္ ၁၉၉၅ ခုႏွစ္ ၊ မတ္လတြင္ ေပါင္ ၆ ဒသမ ၅ သန္း ထီေပါက္ခဲ့သည္။ ဓာတ္ပံု- News Group Newspaper)

(ထီေပါက္ျပီးေနာက္ Ryan ဝယ္ခဲ့ေသာ ကားမ်ားတြင္ ပါဝင္ေသာ Bentley ကား။ ဓာတ္ပံု- Rex)

(လမ္းေပၚတြင္ ၂ ႏွစ္ေနထိုင္ခဲ့ရသည္။ ဓာတ္ပံု- Collect)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: LOTTO LAG’ I won £6.5m on lottery but I ended up in jail just months after hitting jackpot – the money was cursed (the-sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service