ပိတောက်မဲ့ သင်္ကြန်

ပိတောက်မဲ့ သင်္ကြန် - Property Knowledge in Myanmar from iMyanmarHouse.com
18 Apr 2023 12:38 pm တွင် တင်ခဲ့သည်
2947 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

သင်္ကြန်ကတော့ ပြီးသွားပြန်ပြီဖြစ်သည်။ပိတောက်ရနံ့တို့ကိုကား မရခဲ့။တန်ခူးလအတွင်း ပွင့်ခဲ့ရင်ပဲ ပိတောက်တို့ သစ္စာမပျက်သေးဟု ယူဆနိုင်ကောင်းပါရဲ့။

သင်္ကြန်မတိုင်ခင်က သွားခဲ့သည့် လမ်းတိုင်း၊နေရာတိုင်းတွင်ရှိသော ပိတောက်ပင်တို့ကို ကြည့်မိသည့်အခါ စိမ်းမြမြပိတောက်ဖူးတွေနှင့် အိတွဲကိုင်းညွှတ်နေသည့် ကိုင်းတို့ကို တွေ့ခဲ့ရသည်။ ဒီသင်္ကြန်မှာတော့ ပိတောက်တို့ ပွင်းနိုင်ကောင်းရဲ့ဟု တွက်ဆခဲ့မိသည်။သို့ပါသော်လည်း…သင်္ကြန်သာပြီးသွားသည်။ပိတောက်က ပွင့်မလာခဲ့သေးပေ။

သစ္စာရှင်ကြီး သစ္စာမဲ့ခဲ့လေပြီလား။မစွပ်စွဲရက်ပါ။သူ့မှာလည်း အကြောင်းတော့ရှိတန်ကောင်းသည်။ပွင့်ဖို့ အကြောင်းကလည်းရှိမှဖြစ်ပေမည်။

သတိထားမိသည်။ တန်ခူးလများသည်ကား အပူဆုံးလများပင်ဖြစ်သည်။အပူဆုံးလများဖြစ်သော်လည်း လွန်လေပြီးသော တန်ခူးလတို့တွင် မိုးငွေ့တိမ်ရိပ်တို့ မကင်းခဲ့ပေ။အချို့သောနှစ်များတွင် တကယ့် သင်္ကြန်ရက်ကြီးတွင်မှ ရွာလိုက်သည့်မိုးက မိုးရာသီကြီးအလား ထင်ရလောက်အောင် ရွာခဲ့ကြဖူးသည်။

ဒီလိုရက်မျိုးတွင် ပိတောက်တို့ကို မပွင့်ပါနှင့်ဟု တားခဲ့သော်မှ တားမရအောင် မြိုင်မြိုင်ဆိုင်ဆိုင်ပွင့်ကြ ပါတော့သည်။

ပိတောက်ခမျာ သံယောဇဉ်မိုးနှင့်မှ ပွင့်ရှာသည်ထင်၏။ဟုတ်ပါလိမ့်မည်။ မိုးမရွာသော်လည်း မိုးငွေ့ပါသော မိုးတိမ်တို့ သင်္ကြန်အတွင်း တရိပ်ရိပ် တသုတ်သုတ် ဖြတ်ပြေးလိုက်ပြီဆိုလျှင် နောက်နေ့မနက် ပိတောက်ရနံ့တို့ သင်းပျံ့နေတတ်သည်။

ယခုသော်ကား မိုးငွေ့မိုးတိမ်တို့ ပိတောက်ကို အကျီစယ်လွန်အားကြီးနေပုံရသည်။တိမ်ရိပ်မပြ၊ မိုးငွေ့မဖြန့် ၊ အိပ်မောပင်ကျနေရောလားမသိ။မျှော်သူသာ အချိန်တို့လွန်ခဲ့သည် သူကရောက်မလာခဲ့ပေ။ မျှော်သူရောက်မလာသည့် အဖြစ်ကြောင့် ပွင့်ဖို့ရည်စူးထားသည့် အချိန်တို့သည် ကျော်လွန်ခဲ့ပါပြီကောလား။ သစ္စာမဲ့သူအဖြစ်ပင် ပိတောက်မှာ အပြောခံရရှာသည်။တကယ်တော့ ပိတောက်မှာ ဒီအချိန်၊ဒီရာသီအတွက် ပွင့်ရန်အသင့် ဖြစ်နေခဲ့ပြီးသားပါ။

ဒီအတွေးက ရေးခဲ့ဖူးသည့် ကဗျာလေးထဲက အတွေးအတိုင်း ဒီနှစ်မှာပြန်ပေါ်လာသည်။တစ်ခါတစ်ရံ သင်္ကြန်မှာ ရေပက်ရသည်ထက် မြင်ကွင်းတို့ကို အကြောင်းပြုပြီး တွေးနေရသည်က ကဗျာတွေစာတွေကို ဖြစ်စေသည်။ ယခုအကြောင်းအရာလေးကလည်း လွန်လေခဲ့ပြီးသော အတိတ်သင်္ကြန် တစ်ခုမှအတွေးတို့နှင့် လာတူနေခဲ့သည်။သင်္ကြန်မှာတွေးခဲ့သည့် ကဗျာလေးနှင့်…..

 

“ပိတောက်မဲ့ သင်္ကြန်”

ဒီတနွေလည်း

မိုးကိုပဲလေ

သိပ်ဆဲချင်တယ်။

သင်္ကြန်အမီ

ပွင့်ဖို့ရည်စူး

မြရည်ဖူးငုံ

မိုးမှုန်မိုးဖွဲ

စောင့်မျှော်လည်းလေ။

ပဇ္ဇုန်ရှင်မူ

ကလူလွန်အား

မိုးသားမခြွေ

လုပ်ရက်ပေသည်။

တန်ခူးနေ့ရက်

မိုးမသက်တော့

ပိတောက်မဲ့ သင်္ကြန်

ဖြစ်ရပြန်ပြီ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

 

[Zawgyi]

 

ပိေတာက္မဲ့ သၾကၤန္

 

သၾကၤန္ကေတာ့ ၿပီးသြားျပန္ၿပီျဖစ္သည္။ပိေတာက္ရနံ႔တို႔ကိုကား မရခဲ့။တန္ခူးလအတြင္း ပြင့္ခဲ့ရင္ပဲ ပိေတာက္တို႔ သစၥာမပ်က္ေသးဟု ယူဆႏိုင္ေကာင္းပါရဲ႕။

သၾကၤန္မတိုင္ခင္က သြားခဲ့သည့္ လမ္းတိုင္း၊ေနရာတိုင္းတြင္ရွိေသာ ပိေတာက္ပင္တို႔ကို ၾကည့္မိသည့္အခါ စိမ္းျမျမပိေတာက္ဖူးေတြႏွင့္ အိတြဲကိုင္းညႊတ္ေနသည့္ ကိုင္းတို႔ကို ေတြ႔ခဲ့ရသည္။ ဒီသၾကၤန္မွာေတာ့ ပိေတာက္တို႔ ပြင္းႏိုင္ေကာင္းရဲ႕ဟု တြက္ဆခဲ့မိသည္။သို႔ပါေသာ္လည္း…သၾကၤန္သာၿပီးသြားသည္။ပိေတာက္က ပြင့္မလာခဲ့ေသးေပ။

သစၥာရွင္ႀကီး သစၥာမဲ့ခဲ့ေလၿပီလား။မစြပ္စြဲရက္ပါ။သူ႔မွာလည္း အေၾကာင္းေတာ့ရွိတန္ေကာင္းသည္။ပြင့္ဖို႔ အေၾကာင္းကလည္းရွိမွျဖစ္ေပမည္။

သတိထားမိသည္။ တန္ခူးလမ်ားသည္ကား အပူဆုံးလမ်ားပင္ျဖစ္သည္။အပူဆုံးလမ်ားျဖစ္ေသာ္လည္း လြန္ေလၿပီးေသာ တန္ခူးလတို႔တြင္ မိုးေငြ႔တိမ္ရိပ္တို႔ မကင္းခဲ့ေပ။အခ်ိဳ႕ေသာႏွစ္မ်ားတြင္ တကယ့္ သၾကၤန္ရက္ႀကီးတြင္မွ ရြာလိုက္သည့္မိုးက မိုးရာသီႀကီးအလား ထင္ရေလာက္ေအာင္ ရြာခဲ့ၾကဖူးသည္။

ဒီလိုရက္မ်ိဳးတြင္ ပိေတာက္တို႔ကို မပြင့္ပါႏွင့္ဟု တားခဲ့ေသာ္မွ တားမရေအာင္ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ပြင့္ၾက ပါေတာ့သည္။

ပိေတာက္ခမ်ာ သံေယာဇဥ္မိုးႏွင့္မွ ပြင့္ရွာသည္ထင္၏။ဟုတ္ပါလိမ့္မည္။ မိုးမရြာေသာ္လည္း မိုးေငြ႔ပါေသာ မိုးတိမ္တို႔ သႀကၤန္အတြင္း တရိပ္ရိပ္ တသုတ္သုတ္ ျဖတ္ေျပးလိုက္ၿပီဆိုလွ်င္ ေနာက္ေန႔မနက္ ပိေတာက္ရနံ႔တို႔ သင္းပ်ံ႕ေနတတ္သည္။

ယခုေသာ္ကား မိုးေငြ႔မိုးတိမ္တို႔ ပိေတာက္ကို အက်ီစယ္လြန္အားႀကီးေနပုံရသည္။တိမ္ရိပ္မျပ၊ မိုးေငြ႔မျဖန္႔ ၊ အိပ္ေမာပင္က်ေနေရာလားမသိ။ေမွ်ာ္သူသာ အခ်ိန္တို႔လြန္ခဲ့သည္ သူကေရာက္မလာခဲ့ေပ။ ေမွ်ာ္သူေရာက္မလာသည့္ အျဖစ္ေၾကာင့္ ပြင့္ဖို႔ရည္စူးထားသည့္ အခ်ိန္တို႔သည္ ေက်ာ္လြန္ခဲ့ပါၿပီေကာလား။ သစၥာမဲ့သူအျဖစ္ပင္ ပိေတာက္မွာ အေျပာခံရရွာသည္။တကယ္ေတာ့ ပိေတာက္မွာ ဒီအခ်ိန္၊ဒီရာသီအတြက္ ပြင့္ရန္အသင့္ ျဖစ္ေနခဲ့ၿပီးသားပါ။

ဒီအေတြးက ေရးခဲ့ဖူးသည့္ ကဗ်ာေလးထဲက အေတြးအတိုင္း ဒီႏွစ္မွာျပန္ေပၚလာသည္။တစ္ခါတစ္ရံ သၾကၤန္မွာ ေရပက္ရသည္ထက္ ျမင္ကြင္းတို႔ကို အေၾကာင္းျပဳၿပီး ေတြးေနရသည္က ကဗ်ာေတြစာေတြကို ျဖစ္ေစသည္။ ယခုအေၾကာင္းအရာေလးကလည္း လြန္ေလခဲ့ၿပီးေသာ အတိတ္သၾကၤန္ တစ္ခုမွအေတြးတို႔ႏွင့္ လာတူေနခဲ့သည္။သၾကၤန္မွာေတြးခဲ့သည့္ ကဗ်ာေလးႏွင့္…..

“ပိေတာက္မဲ့ သၾကၤန္”

ဒီတေႏြလည္း

မိုးကိုပဲေလ

သိပ္ဆဲခ်င္တယ္။

သၾကၤန္အမီ

ပြင့္ဖို႔ရည္စူး

ျမရည္ဖူးငုံ

မိုးမႈန္မိုးဖြဲ

ေစာင့္ေမွ်ာ္လည္းေလ။

ပဇၨဳန္ရွင္မူ

ကလူလြန္အား

မိုးသားမေျခြ

လုပ္ရက္ေပသည္။

တန္ခူးေန႔ရက္

မိုးမသက္ေတာ့

ပိေတာက္မဲ့ သၾကၤန္

ျဖစ္ရျပန္ၿပီ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service