လမ်းထဲမှ ချိုင့်ကြီးတစ်ခုကို သက်ဆိုင်ရာက အချိန်အတန်ကြာသည်အထိ ပြုပြင်ပေးခြင်း မရှိသောကြောင့် အာနိုးရှဝါဇနက်ဂါက ကိုယ်တိုင်ပြုပြင်

လမ်းထဲမှ ချိုင့်ကြီးတစ်ခုကို သက်ဆိုင်ရာက အချိန်အတန်ကြာသည်အထိ ပြုပြင်ပေးခြင်း မရှိသောကြောင့် အာနိုးရှဝါဇနက်ဂါက ကိုယ်တိုင်ပြုပြင် - Property News in Myanmar from iMyanmarHouse.com
18 Apr 2023 12:17 pm တွင် တင်ခဲ့သည်
555 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆောင်းကာလက နှင်းမုန်တိုင်းများ တိုက်ခတ်ခဲ့ရာ ရေမြေခန်းခြောက်မှုများ ပျယ်လွင့်ခဲ့သော်လည်း လမ်းများပေါ်တွင် ကြီးမားသော ချိုင့်ကျင်းကြီးများ အလွန်တရာ များပြားစွာ ကျန်ရစ်ခဲ့သည်။

နွေဦးပေါက်လာချိန်တွင် လမ်းများပေါ်၌ ကျန်ရစ်ခဲ့သော ချိုင့်များနှင့် အက်ကြောင်းများကို လမ်းလုပ်သားများက အားသွန်ခွန်စိုက် ပြုပြင်ပေးရလျက်ရှိသည်။

လမ်းပြင်မည့်အဖွဲ့ကို စောင့်ဆိုင်းရသည်မှာ ဒေသခံများ စိတ်ပျက်လာကြသည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ဖူးသော အက်ရှင်ကြယ်ပွင့် အာနိုးရှဝါ ဇနက်ဂါကမူ ဂေါ်ပြားတစ်ခုယူကာ ကိုယ်တိုင်လမ်းပြင်ရန် ဆုံးဖြတ်ခဲ့သည်။

မင်းသားကြီး အာနိုးက တွစ်တာတွင် ဗွီဒီယိုဖိုင်တစ်ခုတင်ခဲ့ကာ လော့စ်အိန်ဂျလိမြို့ ၊ Brendwood အရပ်မှ လမ်းချိုင့်ကို အကူတစ်ဦးနှင့်အတူ Quikrete ဖြင့် ပြုပြင်ခဲ့ကြောင်း ပြောသည်။

(မှတ်ချက်။ Quikrete မှာ ကွန်ကရစ်ဖြစ်ပြီး အမြန်ခြောက်ကာ အချိန်တိုအတွင်း ခိုင်ခံမှု အားကောင်းသည့် ကွန်ကရစ်တစ်မျိုးဖြစ်ကာ လူသွားလမ်းများ ၊ ကားလမ်းများ ၊ အဝေးပြေးလမ်းများကို ပြုပြင်ရာတွင် သုံးပြီး အချိန်တိုအတွင်း ခိုင်မာမှုရသောကြောင့် အမေရိကန်တွင် အသုံးပြုကြသည်။)

သမားရိုးကျ ကွန်ကရစ်နည်းတူ သဲ ၊ ကျောက် ၊ ဘိလပ်မြေတို့ ပါဝင်သည့်အပြင် သမားရိုးကျ ကွန်ကရစ်တွင် မပါသော အခြားပါဝင်ပစ္စည်းအချို့ လည်းပါသည်။

မင်းသားကြီး အာနိုးက တွစ်တာတွင် ရေးခဲ့သည်မှာ “ကားတွေနဲ့ စက်ဘီးတွေကို ရက်သတ္တပတ်ပေါင်းများစွာ အခက်ကြုံစေခဲ့တဲ့ ဒီချိုင့်ကြီးဟာ အနီးဝန်းကျင်ဒေသတစ်ခုလုံးက လူတွေကို စိတ်ဆင်းရဲစေခဲ့ပါတယ်။ ဒီနေ့ မှာတော့ ကျွန်တော်နဲ့ ကျွန်တော်အဖွဲ့ လိုက်လာပြီး ဒါကို ပြုပြင်ခဲ့ပါတယ်။ ကျွန်တော် အမြဲပြောဖူးသလို အတိုင်းပါပဲ…. မကျေမနပ် တိုင်တန်းမနေပါနဲ့ .. ကိုယ်တိုင်ပဲ တစ်ခုခုလုပ်လိုက်ကြပါစို့”ဟု ဖြစ်သည်။

အာနိုးလမ်းပြင်နေစဉ် ကားဖြတ်မောင်းသည့် အိမ်နီးချင်းအမျိုးသမီးတစ်ဦးက ကားမှန်ချကာ အာနိုးအား ကျေးဇူးတင်ကြောင်း လှမ်းအော်ပြောခဲ့ရာ အာနိုးက.. ရပါတယ်..ဟု ပြန်လည်ပြောကြားခဲ့သည်။

အာနိုးသည် အလုပ်ကြမ်းလုပ်သည့် ဘွတ်ဖိနပ်နှင့် လည်သာဂျက်ကက်တို့ ဝတ်ဆင်ထားရာ သူ၏ ကမ္ဘာကျော် Terminator ဇာတ်ကားကို ပြန်လည် အမှတ်ရဖွယ်ပင်။

“ဒါကို ကိုယ်တိုင်လုပ်ရတယ်။ အဲဒါက ရူးတာပါပဲ။ ဒီချိုင့်ပြင်မယ့်သူတွေကို စောင့်နေတာ ရက်သတ္တ ၃ ပတ်လောက်ရှိပါပြီ”ဟု အာနိုးက ပြောသည်။

အာနိုးရှဝါဇနက်ဂါ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Daniel Ketchell ကပြောသည်မှာ ဆောင်းတွင်းကာလ မုန်တိုင်းများ တိုတ်ခတ်မှုကြောင့် လမ်းများပေါ်တွင် ချိုင့်ကျင်းများနှင့် အက်ကြောင်းများ ဖြစ်ပေါ်လာသဖြင့် Brentwood မှ ဒေသခံများက သက်ဆိုင်ရာထံ မကြာခဏ အကူအညီတောင်းခဲ့ကြောင်း ပြောသည်။

မြို့တော်ဝန် အမျိုးသမီး Karen Bass က ပြောသည်မှာ လော့စ်အိန်ဂျလိ၏ လမ်းများတွင် ယခင်က မကြုံဖူး ခဲ့သည့် ပမာဏအထိ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ၊ ထိုပြဿနာကို ဖြေရှင်းရန် စီစဉ် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ပြောသည်။

လွန်ခဲ့သော ဒီဇင်ဘာလ ၃၀ ရက်မှစတင်ကာ လော့စ်အိန်ဂျလိတွင် လမ်းအပျက်အစီးများ ပြုပြင်ပေးပါရန် ဆက်သွယ်တောင်းဆိုမှုပေါင်း ၁၉၆၉၂ ခုရှိခဲ့ပြီး ဧပြီလ ၆ ရက်အထိ ချိုင့်ကျင်းပေါင်း ၁၇၅၄၉ ခု ဖို့ပေးခဲ့ပြီဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

အက်ရှင်မင်းသားကြီး အာနိုးပြုပြင်ခဲ့သည့် ချိုင့်ကျင်းနေရာကို အုပ်ချုပ်ရေးအဖွဲ့က ပြင်ဆင်ရန် စီစဉ်ထားခဲ့မှု ရှိ ၊ မရှိ နှင့် စပ်လျဉ်းပြီး အေပီသတင်းဌာနက လော့စ်အိန်ဂျလိ ပြည်သူ့လုပ်ငန်းများဌာနသို့ အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် ပြန်လည်ဖြေကြားခြင်း မရှိသေးချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: After pothole goes unrepaired, Arnold Schwarzenegger takes matter into his own hands (apnews, abc7)

[Zawgyi]

လမ္းထဲမွ ခ်ိဳင့္ၾကီးတစ္ခုကုိ သက္ဆိုင္ရာက အခ်ိန္အတန္ၾကာသည္အထိ ျပဳျပင္ေပးျခင္း မရွိေသာေၾကာင့္ အာႏိုးရွဝါဇနက္ဂါက ကိုယ္တိုင္ျပဳျပင္

အေမရိကန္ျပည္ေထာင္စု ၊ ကယ္လီဖုိးနီးယားျပည္နယ္တြင္ ေဆာင္းကာလက ႏွင္းမုန္တိုင္းမ်ား တုိက္ခတ္ခဲ့ရာ ေရေျမခန္းေျခာက္မႈမ်ား ပ်ယ္လြင့္ခဲ့ေသာ္လည္း လမ္းမ်ားေပၚတြင္ ၾကီးမားေသာ ခ်ဳိင့္က်င္းၾကီးမ်ား အလြန္တရာ မ်ားျပားစြာ က်န္ရစ္ခဲ့သည္။

ေႏြဦးေပါက္လာခ်ိန္တြင္ လမ္းမ်ားေပၚ၌ က်န္ရစ္ခဲ့ေသာ ခ်ဳိင့္မ်ားႏွင့္ အက္ေၾကာင္းမ်ားကို လမ္းလုပ္သားမ်ားက အားသြန္ခြန္စိုက္ ျပဳျပင္ေပးရလ်က္ရွိသည္။

လမ္းျပင္မည့္အဖြဲ႔ကုိ ေစာင့္ဆိုင္းရသည္မွာ ေဒသခံမ်ား စိတ္ပ်က္လာၾကသည္။

ကယ္လီဖိုးနီးယားျပည္နယ္တြင္ အုပ္ခ်ဳပ္ေရးမွဴးတာဝန္ထမ္းေဆာင္ဖူးေသာ အက္ရွင္ၾကယ္ပြင့္ အာႏိုးရွဝါ ဇနက္ဂါကမူ ေဂၚျပားတစ္ခုယူကာ ကိုယ္တိုင္လမ္းျပင္ရန္ ဆံုးျဖတ္ခဲ့သည္။

မင္းသားၾကီး အာႏိုးက တြစ္တာတြင္ ဗြီဒီယိုဖိုင္တစ္ခုတင္ခဲ့ကာ ေလာ့စ္အိန္ဂ်လိျမိဳ႕ ၊ Brendwood အရပ္မွ လမ္းခ်ဳိင့္ကို အကူတစ္ဦးႏွင့္အတူ Quikrete ျဖင့္ ျပဳျပင္ခဲ့ေၾကာင္း ေျပာသည္။

(မွတ္ခ်က္။ Quikrete မွာ ကြန္ကရစ္ျဖစ္ျပီး အျမန္ေျခာက္ကာ အခ်ိန္တိုအတြင္း ခိုင္ခံမႈ အားေကာင္းသည့္ ကြန္ကရစ္တစ္မ်ဳိးျဖစ္ကာ လူသြားလမ္းမ်ား ၊ ကားလမ္းမ်ား ၊ အေဝးေျပးလမ္းမ်ားကို ျပဳျပင္ရာတြင္ သံုးျပီး အခ်ိန္တိုအတြင္း ခိုင္မာမႈရေသာေၾကာင့္ အေမရိကန္တြင္ အသံုးျပဳၾကသည္။)

သမားရိုးက် ကြန္ကရစ္နည္းတူ သဲ ၊ ေက်ာက္ ၊ ဘိလပ္ေျမတို႔ ပါဝင္သည့္အျပင္ သမားရုိးက် ကြန္ကရစ္တြင္ မပါေသာ အျခားပါဝင္ပစၥည္းအခ်ဳိ႕ လည္းပါသည္။)

မင္းသားၾကီး အာႏိုးက တြစ္တာတြင္ ေရးခဲ့သည္မွာ “ကားေတြနဲ႔ စက္ဘီးေတြကုိ ရက္သတၱပတ္ေပါင္းမ်ားစြာ အခက္ၾကံဳေစခဲ့တဲ့ ဒီခ်ဳိင့္ၾကီးဟာ အနီးဝန္းက်င္ေဒသတစ္ခုလံုးက လူေတြကို စိတ္ဆင္းရဲေစခဲ့ပါတယ္။ ဒီေန႔ မွာေတာ့ ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ္အဖြဲ႔ လုိက္လာျပီး ဒါကို ျပဳျပင္ခဲ့ပါတယ္။ ကၽြန္ေတာ္ အျမဲေျပာဖူးသလို အတုိင္းပါပဲ…. မေက်မနပ္ တိုင္တန္းမေနပါနဲ႔ .. ကိုယ္တိုင္ပဲ တစ္ခုခုလုပ္လိုက္ၾကပါစို႔”ဟု ျဖစ္သည္။

အာႏိုးလမ္းျပင္ေနစဥ္ ကားျဖတ္ေမာင္းသည့္ အိမ္နီးခ်င္းအမ်ဳိးသမီးတစ္ဦးက ကားမွန္ခ်ကာ အာႏိုးအား ေက်းဇူးတင္ေၾကာင္း လွမ္းေအာ္ေျပာခဲ့ရာ အာႏိုးက.. ရပါတယ္..ဟု ျပန္လည္ေျပာၾကားခဲ့သည္။

အာႏိုးသည္ အလုပ္ၾကမ္းလုပ္သည့္ ဘြတ္ဖိနပ္ႏွင့္ လည္သာဂ်က္ကက္တို႔ ဝတ္ဆင္ထားရာ သူ၏ ကမၻာေက်ာ္ Terminator ဇာတ္ကားကို ျပန္လည္ အမွတ္ရဖြယ္ပင္။

“ဒါကို ကိုယ္တိုင္လုပ္ရတယ္။ အဲဒါက ရူးတာပါပဲ။ ဒီခ်ဳိင့္ျပင္မယ့္သူေတြကို ေစာင့္ေနတာ ရက္သတၱ ၃ ပတ္ေလာက္ရွိပါျပီ”ဟု အာႏိုးက ေျပာသည္။

အာႏိုးရွဝါဇနက္ဂါ၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ Daniel Ketchell ကေျပာသည္မွာ ေဆာင္းတြင္းကာလ မုန္တိုင္းမ်ား တုိတ္ခတ္မႈေၾကာင့္ လမ္းမ်ားေပၚတြင္ ခ်ဳိင့္က်င္းမ်ားႏွင့္ အက္ေၾကာင္းမ်ား ျဖစ္ေပၚလာသျဖင့္ Brentwood မွ ေဒသခံမ်ားက သက္ဆိုင္ရာထံ မၾကာခဏ အကူအညီေတာင္းခဲ့ေၾကာင္း ေျပာသည္။

ျမိဳ႕ေတာ္ဝန္ အမ်ဳိးသမီး Karen Bass က ေျပာသည္မွာ ေလာ့စ္အိန္ဂ်လိ၏ လမ္းမ်ားတြင္ ယခင္က မၾကံဳဖူး ခဲ့သည့္ ပမာဏအထိ ထိခိုက္ပ်က္စီးမႈမ်ား ရွိခဲ့ေၾကာင္း ၊ ထိုျပႆနာကို ေျဖရွင္းရန္ စီစဥ္ ေဆာင္ရြက္မႈမ်ား ျပဳလုပ္ေနေၾကာင္း ေျပာသည္။

လြန္ခဲ့ေသာ ဒီဇင္ဘာလ ၃၀ ရက္မွစတင္ကာ ေလာ့စ္အိန္ဂ်လိတြင္ လမ္းအပ်က္အစီးမ်ား ျပဳျပင္ေပးပါရန္ ဆက္သြယ္ေတာင္းဆိုမႈေပါင္း ၁၉၆၉၂ ခုရွိခဲ့ျပီး ဧျပီလ ၆ ရက္အထိ ခ်ဳိင့္က်င္းေပါင္း ၁၇၅၄၉ ခု ဖို႔ေပးခဲ့ျပီျဖစ္ေၾကာင္း အုပ္ခ်ဳပ္ေရးအဖြဲ႔က ေျပာသည္။

အက္ရွင္မင္းသားၾကီး အာႏိုးျပဳျပင္ခဲ့သည့္ ခ်ဳိင့္က်င္းေနရာကို အုပ္ခ်ဳပ္ေရးအဖြဲ႔က ျပင္ဆင္ရန္ စီစဥ္ထားခဲ့မႈ ရွိ ၊ မရွိ ႏွင့္ စပ္လ်ဥ္းျပီး ေအပီသတင္းဌာနက ေလာ့စ္အိန္ဂ်လိ ျပည္သူ႔လုပ္ငန္းမ်ားဌာနသို႔ အီးေမးလ္ျဖင့္ ဆက္သြယ္ေမးျမန္းခဲ့ရာတြင္ ျပန္လည္ေျဖၾကားျခင္း မရွိေသးေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: After pothole goes unrepaired, Arnold Schwarzenegger takes matter into his own hands (apnews, abc7)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...

ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
CarsDB
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service