အိမ်ခြံမြေအရေးသိမှတ်စရာ စာချုပ်စာတမ်းချုပ်ဆိုတဲ့အခါ .....

အိမ်ခြံမြေအရေးသိမှတ်စရာ စာချုပ်စာတမ်းချုပ်ဆိုတဲ့အခါ ..... - Property Knowledge in Myanmar from iMyanmarHouse.com
16 Apr 2023 4:12 pm တွင် တင်ခဲ့သည်
1104 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

အပတ်စဉ် iMyanmarHouse.com ကိုမေးမြန်းလာတဲ့ ဥပဒေမေးခွန်းတွေထဲကမှ ဒီတစ်ပတ်အတွက် စာချုပ်စာတမ်းချုပ်ဆိုခြင်းနဲ့ပတ်သတ်ပြီးသိမှတ်ထားရမယ့် ဥပဒေအကြောင်းအရာလေးများကို တင်ဆက်ပေးလိုက်ပါတယ်။

မေးခွန်း (၁) - အိမ်ခြံ‌မြေရောင်းရာတွင် တရားဝင်လင်မယားဖြစ်သူက ကန့်ကွက်နိုင်ပါသလား ?

အဖြေ (၁) - မြန်မာဓလေ့ထုံးတမ်းဥပဒေက စီရင်ထုံးလေးတွေနဲ့ဖော်ပြပေးလိုက်ပါတယ်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်မယားတို့သည် တရားဝင်ပေါင်းသင်းနေစဉ်အတွင်း ပစ္စည်းခန်းတွင်အတူပိုင်ဖြစ် သည်။ ဂရန်(သို့)မြေပိုင်ဆိုင်မှု စာချုပ်စာတမ်းတွင်ဖြစ်စေ၊အရောင်းအဝယ်မှတ်ပုံတင်စာချုပ်စာတမ်းများနှင့် ပစ္စည်း လွှဲပြောင်းမှု စာချုပ်စာတမ်းများတွင်ဖြစ်စေလင်(သို့)မယားတစ်ဦးတည်းအမည်ပေါက်သည့်တိုင် အတူပိုင်ဖြစ်၍ လင်မယားတို့ပစ္စည်းဝယ်လျှင်နှစ်ဦးစလုံးလက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။အကယ်၍ လင်(သို့) မယား တစ်ဦး တည်း လက်မှတ်ရေးထိုးရောင်းချလျှင် ရောင်းချသည့် အပိုင်းသာ အတည်ဖြစ်ပြီး မြေတစ်ကွက် လုံးဝယ် စေကာမှုတစ်ခြမ်းသာပိုင်ဆိုင်မှု ရပေမည်။

လင်မယားနှစ်ဦးပိုင်မြေလင်မယားနှစ်ဦးပိုင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို လင်(သို့)မယားက တစ်ဦးဦးမသိပါဘဲ ရောင်းချခြင်းတွင် အတူပိုင်သူများဖြစ်၍ မိမိဝေစုအတွက်သာ ရောင်းချမှု အတည်ဖြစ်ကြောင်း။ (ဒေါက်တာတင်ဦးနှင့်ဒေါ်အေးအေးသန်း) ၂၀၀၉ မတစ-၅၂ ထို့ကြောင့် လင်မယားနှစ်ဦးပိုင်ပစ္စည်းကို ပေါင်းသင်းနေစဉ်အတွင်း တစ်ဦးပဲအမည်ပေါက်ရင်တောင်လင်မယား နှစ်ဦးလုံးပိုင်ဆိုင်ပါတယ်။ နှစ်ဦးလုံးလက်မှတ်ထိုးပေးမှ ၎င်းတို့ပိုင် အိမ်ခြံမြေကိုဝယ်ယူပါ။မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မယားဖြစ်သူသည်တစ်ပါးနှင့်ဖောက်ပြန်သည်ဟုဆိုရုံမျှဖြင့် လင်ယောက်ျားဖြစ်သူက နှစ်ဦးပိုင်ပစ္စည်းများကို သိမ်းယူထားပိုင်ခွင့်မရှိပေ။လင်သည်တရားရုံး၌ ကွာလိုမှုစွဲဆိုပြီး မယား၌အပြစ်ရှိကြောင်း ဝန်ခံချက်ကို ရယူပြီးနောက် နှစ်ဦးသဘောတူညီမှုဖြင့် လင်ကနှစ်ပါးစုံပစ္စည်းကို သိမ်းယူပြီး လင်ခန်းမယားခန်း ပြတ်စဲနိုင်ခွင့်ရှိပေသည်။ဒေါ်သိန်းမြနှင့်ဒေါ်ကျင်(၈၄/၃၀၂) ထို့ကြောင့် ကွာရှင်းနေသည့်လင်မယားနှစ်ဦး၏ အိမ်ခြံမြေ နှစ်ပါးစုံပစ္စည်းအား ဝယ်ယူသည့်အခါတိုင်းလင်ခန်း မယားခန်းတရားဝင်ပြတ်ခြင်းရှိမရှိ အရင်ဆုံးစုံစမ်းစစ်ဆေးပြီးမှ ဝယ်ယူပါ။ လင်မယားနှစ်ဦးပေါင်းသင်းနေစဉ် လက်ထက်ပွားပစ္စည်းအဖြစ် ဇနီးအမည်ဖြင့် မှတ်ပုံတင် စာချုပ်ပြုလုပ်ပြီးမြေတစ်ကွက်ဝယ်ခဲ့သည်။ကွာရှင်းကြပြီးနောက် ပစ္စည်းခန်းမခွဲရသေးမီ ဇနီးတစ်ဦးတည်းဂရန်အမည်ပေါက်ဖြစ် လာသည့်တိုင် လက်ထက်ပွားပစ္စည်းမှတစ်ဦးတည်းအမည်ပေါက်သူပိုင်ဖြစ်မလာကြောင်း။ (ဦးသိန်းနိုင်(ခ)ဦးဘိုနီနှင့်ဒေါ်အေးအေး) ၁၉၉၂ မတစ-၁၉၂ နှစ်ဦးအမည်ပေါက်မဟုတ်လဲ လက်ထပ်ပွားပစ္စည်းမှာ လင်မယားနှစ်ဦးလုံးပိုင်ဆိုင်သဖြင့် အိမ်ခြံမြေရောင်းချရာတွင် တရားဝင်လင်မယားဖြစ်သူမှ ရောင်း ချခြင်းကို ကန့်ကွက်ခွင့်ရှိပါကြောင်းဖြေဆိုလိုက်ပါသည်။

 

မေးခွန်း (၂) - အိမ်ခန်းပိုင်ဆိုင်မှုတွင် အိမ်ထောင်စုစာရင်းနှင့် မိသားစုစာရင်းတို့၏ ခြားနားချက် အဓိပ္ပါယ်မှာ မည်သို့နည်း ?

 

အဖြေ (၂) - အိမ်ထောင်စုစာရင်းနှင့် မိသားစုဝင်စာရင်းတို့မှာ ကွဲပြားခြားနားပြီး နေထိုင်သူများစာရင်းကို အိမ်ထောင်စုစာရင်းဟု ခေါ်တွင်ကာ ထိုစာရင်းတွင်ပါဝင်ရုံဖြင့် မိသားစုဝင် ဖြစ်သည်ဟုမမှတ်ယူနိုင်ဘူး။မိသားစုမဟုတ်သူမှလဲ တစ်အိမ်ထဲတွင် အတူတကွနေထိုင်ကြတယ်။အိမ်တစ်အိမ်တွင် ၎င်းတို့မွေးဖွားထားသည့်သားသမီးအပြင် တူ၊တူမများ၊ဒေါ်ကြီး ဘထွေးများ ဆွေမျိုးနီးစပ်များလဲ ပေါင်းစပ်၍ အတူနေထိုင်နိုင်ကြပြီး ၎င်းတို့အားလုံးမှာ အိမ်ထောင်စုဝင်စာရင်းများထဲပါဝင်မည်ဖြစ်ပါသည်။မိသားစုဝင်ဆိုသည်မှာ တရားဝင်ဇနီး၊ခင်ပွန်းနှင့် သားသမီးများ (တရားဝင်မွေးစား)ထားသူများပါဝင်ပါသည်။

ဥပမာ-အိမ်တွင်တူမဖြစ်သူတစ်ဦးမှ အမြဲနေထိုင်သော်လည်း ၎င်းမှာသားသမီးများ(တရားဝင်မွေးစား)ထားသူများ ကဲ့သို့ မိသားစုဝင်စာရင်းထဲတော့ပါရှိမည်မဟုတ်ပါ။အခြားသားသမီးများရှိနေစဉ် ၎င်းမှာအတူနေထိုင်သော်လည်း မိသားစုဝင်စာရင်းထဲတွင်အမွေဆက်ခံခွင့်ရှိဦးမည်မဟုတ်ပါ။အဲဒါနဲ့ပတ်သက်ပြီး မွေးစားသားသမီးက တူမဖြစ်သူကို အမွေဆက်ခံခွင့်ထဲပါဝင်မှာစိုးလို့ အိမ်ထောင်စုစာရင်းထဲက လိုက်ထုတ်တာမျိုးတွေ့ဖူးပါတယ်။ အမှန်တကယ်တော့ အိမ်ထောင်စုစာရင်းထဲကလိုက်ထုတ်စရာ မလိုပါဘူးနော်။အိမ်ထောင်စုစာရင်းတွင် ပါဝင်သော်လည်းမိသားစုဝင်မဟုတ်သူများဟာအခွင့်အမိန့်အရနေထိုင်သူ သာဖြစ်ပြီး အချိန်မရွှေး ခွင့်ပြုချက်ရပ်စဲပါကဆက်လက်နေထိုင်ခွင့်ရှိတော့မည်မဟုတ်ပါ။

 

မေးခွန်း (၃) - စာချုပ်တစ်စောင်ချုပ်ဆိုမည်ဆိုလျှင် အသိသက်သေများလက်မှတ်မစုံလျှင် တရားဝင်ပါသလား ?

အဖြေ (၃) - ပဋ္ဋိညာဉ်စာချုပ်တွင် ဖော်ပြထားသည့်အသုံးအနှုန်းထက် ပဋ္ဋိညာဉ်၏ ရည်ရွယ်ချက်မှာပို၍ အရေးကြီးပေသည်။ ပဋ္ဋိညာဉ်ပြုသူတစ်ဦး၏ ကတိကို ပြန်လှန်၍ တစ်ဖက်ပဋ္ဋိညာဉ်ပြုသူက ပြုလုပ်မှုတစ်စုံတစ်ရာကိုဆောင်ရွက် ရန် သဘောတူလျှင် အချင်းချင်းထားရှိသော ကတိများသည် နှစ်ဦးနှစ်ဖက်၏အဖိုးစားနားဖြစ်သည်။ လူနှစ်ဦးကဖြစ်စေ၊နှစ်ဦးထက်ပိုသော လူများကဖြစ်စေ အကြောင်းတစ်ရပ်ရပ်နှင့်ပတ်သက်၍ ထပ်တူထပ်မျှနားလည်အဓိပ္ပာယ်ကောက်ယူကြသည့်အခါ ၎င်းတို့အချင်းချင်းသဘောညီညွတ်ကြခြင်းဖြစ်သည်။

ပဋ္ဋိညာဉ်ဖြစ်ပေါ် စေမည့် သဘောညီညွတ်ခြင်းမှာ နှစ်ဦးနှစ်ဖက်စလုံးက အကြောင်းတစ်ရပ်အပေါ်တစ်ညီတစ်ညွတ်တည်း နားလည် သဘောပေါက်ကြရန်လိုသည်။

နှစ်ဦးနှစ်ဖက်သဘောတူ သွေးဆောင်ခြင်း၊ခြိမ်းခြောက်ခြင်း၊မလျော်သြဇာသုံးခြင်းမရှိမပါဘဲ လွတ်လပ်သောသဘောဆန္ဒအရ အသိသက်သေနှစ်ဦး ရှေ့ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုမှသာ ပဋ္ဋိညာဉ်အထမြောက်ပြီးတရားဝင်စာချုပ်တစ်စောင်ဖြစ်မည်ဖြစ်ပါသည်။

ပဋ္ဋိညာဉ်အရတရားစွဲဆိုသောအမှုများတွင်လဲ ဥပဒေနှင့်ညီညွတ်သည့် ပဋ္ဋိညာဉ်အထမြောက်ပြီးကြောင်း၊တစ်ဖက်နှင့်တစ်ဖက် အပေးအယူလုပ်သည့်အခြေအနေကို ကျော်လွန်ကာ ပဋ္ဋိညာဉ်အဆင့်သို့ရောက်ရှိခဲ့ပြီးကြောင်း သက်သေထူရန် တာဝန်ရှိပါသည်။

ပဋ္ဋိညာဉ်၏အင်္ဂါရပ်များ

(၁) ပဋ္ဋိညာဉ်ပြုသူသည် ပဋ္ဋိညာဉ်ပြုလုပ်နိုင်သူဖြစ်ရမည်။ (၂) ပဋ္ဋိညာဉ်ပြုလုပ်သူတို့၏ လွတ်လပ်သော သဘောတူညီချက်ရှိရမည်။ (၃) ပဋ္ဋိညာဉ်အတွက် ဥပဒေနှင့်မဆန့်ကျင်သော အဖိုးစားနားရှိရမည်။ (၄) ပဋ္ဋိညာဉ်ပြုလုပ်သူတို့၏ ရည်ရွယ်ချက်မှာ ဥပဒေနှင့်ညီညွတ်ရန်လိုသည်။

ပဋ္ဋိညာဉ်ဥပဒေပုဒ်မ -၁၉တွင် လိမ်လည်ပြီး(သို့)အလွဲပြောဆိုပြီး (သို့)အကြပ်ကိုင်ပြီး ရယူခဲ့သောပဋ္ဋိညာဉ်သည် လည်းကောင်း၊ပုဒ်မ ၁၉(က)တွင် မတရားသြဇာသုံး၍ ရရှိသော ပဋ္ဋိညာဉ်သည်လည်းကောင်းပယ်ဖျက်ခွင့်ရှိသော ပဋ္ဋိညာဉ်ဖြစ်သည်ဟု ပြဋ္ဌာန်းထားပါသည်။ ထို့သို့ကိစ္စရပ်များအားသက်သေခံရန်အတွက် အသိသက်သေများမှ လွန်စွာမှ အရေးကြီးပြီးအနည်းဆုံးအသိသက်သေနှစ်ဦးမပါဝင်သော စာချုပ်သည် ပဋ္ဋိညာဉ်မမြောက်ဘဲ စာချုပ်ပျက်ပြယ်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါရစေ။

မေးခွန်းပေးပို့ရန် Link ➡ 

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အိမ္ျခံေျမအေရးသိမွတ္စရာ စာခ်ဳပ္စာတမ္းခ်ဳပ္ဆိုတဲ့အခါ .....

 

အပတ္စဥ္ iMyanmarHouse.com ကိုေမးျမန္းလာတဲ့ ဥပေဒေမးခြန္းေတြထဲကမွ ဒီတစ္ပတ္အတြက္ စာခ်ဳပ္စာတမ္းခ်ဳပ္ဆိုျခင္းနဲ႔ပတ္သတ္ၿပီးသိမွတ္ထားရမယ့္ ဥပေဒအေၾကာင္းအရာေလးမ်ားကို တင္ဆက္ေပးလိုက္ပါတယ္။

ေမးခြန္း (၁) - အိမ္ျခံ‌ေျမေရာင္းရာတြင္ တရားဝင္လင္မယားျဖစ္သူက ကန္႔ကြက္ႏိုင္ပါသလား ?

အေျဖ (၁) - ျမန္မာဓေလ့ထုံးတမ္းဥပေဒက စီရင္ထုံးေလးေတြနဲ႔ေဖာ္ျပေပးလိုက္ပါတယ္။ ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ လင္မယားတို႔သည္ တရားဝင္ေပါင္းသင္းေနစဥ္အတြင္း ပစၥည္းခန္းတြင္အတူပိုင္ျဖစ္ သည္။ ဂရန္(သို႔)ေျမပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္းတြင္ျဖစ္ေစ၊အေရာင္းအဝယ္မွတ္ပုံတင္စာခ်ဳပ္စာတမ္းမ်ားႏွင့္ ပစၥည္း လႊဲေျပာင္းမႈ စာခ်ဳပ္စာတမ္းမ်ားတြင္ျဖစ္ေစလင္(သို႔)မယားတစ္ဦးတည္းအမည္ေပါက္သည့္တိုင္ အတူပိုင္ျဖစ္၍ လင္မယားတို႔ပစၥည္းဝယ္လွ်င္ႏွစ္ဦးစလုံးလက္မွတ္ေရးထိုးရန္ လိုအပ္ပါသည္။အကယ္၍ လင္(သို႔) မယား တစ္ဦး တည္း လက္မွတ္ေရးထိုးေရာင္းခ်လွ်င္ ေရာင္းခ်သည့္ အပိုင္းသာ အတည္ျဖစ္ၿပီး ေျမတစ္ကြက္ လုံးဝယ္ ေစကာမႈတစ္ျခမ္းသာပိုင္ဆိုင္မႈ ရေပမည္။

လင္မယားႏွစ္ဦးပိုင္ေျမလင္မယားႏွစ္ဦးပိုင္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းကို လင္(သို႔)မယားက တစ္ဦးဦးမသိပါဘဲ ေရာင္းခ်ျခင္းတြင္ အတူပိုင္သူမ်ားျဖစ္၍ မိမိေဝစုအတြက္သာ ေရာင္းခ်မႈ အတည္ျဖစ္ေၾကာင္း။ (ေဒါက္တာတင္ဦးႏွင့္ေဒၚေအးေအးသန္း) ၂၀၀၉ မတစ-၅၂ ထို႔ေၾကာင့္ လင္မယားႏွစ္ဦးပိုင္ပစၥည္းကို ေပါင္းသင္းေနစဥ္အတြင္း တစ္ဦးပဲအမည္ေပါက္ရင္ေတာင္လင္မယား ႏွစ္ဦးလုံးပိုင္ဆိုင္ပါတယ္။ ႏွစ္ဦးလုံးလက္မွတ္ထိုးေပးမွ ၎တို႔ပိုင္ အိမ္ျခံေျမကိုဝယ္ယူပါ။ျမန္မာဓေလ့ထုံးတမ္းဥပေဒအရ မယားျဖစ္သူသည္တစ္ပါးႏွင့္ေဖာက္ျပန္သည္ဟုဆို႐ုံမွ်ျဖင့္ လင္ေယာက်ာ္းျဖစ္သူက ႏွစ္ဦးပိုင္ပစၥည္းမ်ားကို သိမ္းယူထားပိုင္ခြင့္မ႐ွိေပ။လင္သည္တရား႐ုံး၌ ကြာလိုမႈစြဲဆိုၿပီး မယား၌အျပစ္႐ွိေၾကာင္း ဝန္ခံခ်က္ကို ရယူၿပီးေနာက္ ႏွစ္ဦးသေဘာတူညီမႈျဖင့္ လင္ကႏွစ္ပါးစုံပစၥည္းကို သိမ္းယူၿပီး လင္ခန္းမယားခန္း ျပတ္စဲႏိုင္ခြင့္႐ွိေပသည္။ေဒၚသိန္းျမႏွင့္ေဒၚက်င္(၈၄/၃၀၂) ထို႔ေၾကာင့္ ကြာ႐ွင္းေနသည့္လင္မယားႏွစ္ဦး၏ အိမ္ျခံေျမ ႏွစ္ပါးစုံပစၥည္းအား ဝယ္ယူသည့္အခါတိုင္းလင္ခန္း မယားခန္းတရားဝင္ျပတ္ျခင္း႐ွိမ႐ွိ အရင္ဆုံးစုံစမ္းစစ္ေဆးၿပီးမွ ဝယ္ယူပါ။ လင္မယားႏွစ္ဦးေပါင္းသင္းေနစဥ္ လက္ထက္ပြားပစၥည္းအျဖစ္ ဇနီးအမည္ျဖင့္ မွတ္ပုံတင္ စာခ်ဳပ္ျပဳလုပ္ၿပီးေျမတစ္ကြက္ဝယ္ခဲ့သည္။ကြာ႐ွင္းၾကၿပီးေနာက္ ပစၥည္းခန္းမခြဲရေသးမီ ဇနီးတစ္ဦးတည္းဂရန္အမည္ေပါက္ျဖစ္ လာသည့္တိုင္ လက္ထက္ပြားပစၥည္းမွတစ္ဦးတည္းအမည္ေပါက္သူပိုင္ျဖစ္မလာေၾကာင္း။ (ဦးသိန္းႏိုင္(ခ)ဦးဘိုနီႏွင့္ေဒၚေအးေအး) ၁၉၉၂ မတစ-၁၉၂ ႏွစ္ဦးအမည္ေပါက္မဟုတ္လဲ လက္ထပ္ပြားပစၥည္းမွာ လင္မယားႏွစ္ဦးလုံးပိုင္ဆိုင္သျဖင့္ အိမ္ျခံေျမေရာင္းခ်ရာတြင္ တရားဝင္လင္မယားျဖစ္သူမွ ေရာင္း ခ်ျခင္းကို ကန္႔ကြက္ခြင့္႐ွိပါေၾကာင္းေျဖဆိုလိုက္ပါသည္။

 

ေမးခြန္း (၂) - အိမ္ခန္းပိုင္ဆိုင္မႈတြင္ အိမ္ေထာင္စုစာရင္းႏွင့္ မိသားစုစာရင္းတို႔၏ ျခားနားခ်က္ အဓိပၸါယ္မွာ မည္သို႔နည္း ?

 

အေျဖ (၂) - အိမ္ေထာင္စုစာရင္းႏွင့္ မိသားစုဝင္စာရင္းတို႔မွာ ကြဲျပားျခားနားၿပီး ေနထိုင္သူမ်ားစာရင္းကို အိမ္ေထာင္စုစာရင္းဟု ေခၚတြင္ကာ ထိုစာရင္းတြင္ပါဝင္႐ုံျဖင့္ မိသားစုဝင္ ျဖစ္သည္ဟုမမွတ္ယူႏိုင္ဘူး။မိသားစုမဟုတ္သူမွလဲ တစ္အိမ္ထဲတြင္ အတူတကြေနထိုင္ၾကတယ္။အိမ္တစ္အိမ္တြင္ ၎တို႔ေမြးဖြားထားသည့္သားသမီးအျပင္ တူ၊တူမမ်ား၊ေဒၚႀကီး ဘေထြးမ်ား ေဆြမ်ိဳးနီးစပ္မ်ားလဲ ေပါင္းစပ္၍ အတူေနထိုင္ႏိုင္ၾကၿပီး ၎တို႔အားလုံးမွာ အိမ္ေထာင္စုဝင္စာရင္းမ်ားထဲပါဝင္မည္ျဖစ္ပါသည္။မိသားစုဝင္ဆိုသည္မွာ တရားဝင္ဇနီး၊ခင္ပြန္းႏွင့္ သားသမီးမ်ား (တရားဝင္ေမြးစား)ထားသူမ်ားပါဝင္ပါသည္။

ဥပမာ-အိမ္တြင္တူမျဖစ္သူတစ္ဦးမွ အၿမဲေနထိုင္ေသာ္လည္း ၎မွာသားသမီးမ်ား(တရားဝင္ေမြးစား)ထားသူမ်ား ကဲ့သို႔ မိသားစုဝင္စာရင္းထဲေတာ့ပါ႐ွိမည္မဟုတ္ပါ။အျခားသားသမီးမ်ား႐ွိေနစဥ္ ၎မွာအတူေနထိုင္ေသာ္လည္း မိသားစုဝင္စာရင္းထဲတြင္အေမြဆက္ခံခြင့္႐ွိဦးမည္မဟုတ္ပါ။အဲဒါနဲ႔ပတ္သက္ၿပီး ေမြးစားသားသမီးက တူမျဖစ္သူကို အေမြဆက္ခံခြင့္ထဲပါဝင္မွာစိုးလို႔ အိမ္ေထာင္စုစာရင္းထဲက လိုက္ထုတ္တာမ်ိဳးေတြ႕ဖူးပါတယ္။ အမွန္တကယ္ေတာ့ အိမ္ေထာင္စုစာရင္းထဲကလိုက္ထုတ္စရာ မလိုပါဘူးေနာ္။အိမ္ေထာင္စုစာရင္းတြင္ ပါဝင္ေသာ္လည္းမိသားစုဝင္မဟုတ္သူမ်ားဟာအခြင့္အမိန္႔အရေနထိုင္သူ သာျဖစ္ၿပီး အခ်ိန္မေ႐ႊး ခြင့္ျပဳခ်က္ရပ္စဲပါကဆက္လက္ေနထိုင္ခြင့္႐ွိေတာ့မည္မဟုတ္ပါ။

 

ေမးခြန္း (၃) - စာခ်ဳပ္တစ္ေစာင္ခ်ဳပ္ဆိုမည္ဆိုလွ်င္ အသိသက္ေသမ်ားလက္မွတ္မစုံလွ်င္ တရား၀င္ပါသလား ?

အေျဖ (၃) - ပ႗ိညာဥ္စာခ်ဳပ္တြင္ ေဖာ္ျပထားသည့္အသုံးအႏႈန္းထက္ ပ႗ိညာဥ္၏ ရည္႐ြယ္ခ်က္မွာပို၍ အေရးႀကီးေပသည္။ ပ႗ိညာဥ္ျပဳသူတစ္ဦး၏ ကတိကို ျပန္လွန္၍ တစ္ဖက္ပ႗ိညာဥ္ျပဳသူက ျပဳလုပ္မႈတစ္စုံတစ္ရာကိုေဆာင္႐ြက္ ရန္ သေဘာတူလွ်င္ အခ်င္းခ်င္းထား႐ွိေသာ ကတိမ်ားသည္ ႏွစ္ဦးႏွစ္ဖက္၏အဖိုးစားနားျဖစ္သည္။ လူႏွစ္ဦးကျဖစ္ေစ၊ႏွစ္ဦးထက္ပိုေသာ လူမ်ားကျဖစ္ေစ အေၾကာင္းတစ္ရပ္ရပ္ႏွင့္ပတ္သက္၍ ထပ္တူထပ္မွ်နားလည္အဓိပၸာယ္ေကာက္ယူၾကသည့္အခါ ၎တို႔အခ်င္းခ်င္းသေဘာညီၫြတ္ၾကျခင္းျဖစ္သည္။

ပ႗ိညာဥ္ျဖစ္ေပၚ ေစမည့္ သေဘာညီၫြတ္ျခင္းမွာ ႏွစ္ဦးႏွစ္ဖက္စလုံးက အေၾကာင္းတစ္ရပ္အေပၚတစ္ညီတစ္ၫြတ္တည္း နားလည္ သေဘာေပါက္ၾကရန္လိုသည္။

ႏွစ္ဦးႏွစ္ဖက္သေဘာတူ ေသြးေဆာင္ျခင္း၊ၿခိမ္းေျခာက္ျခင္း၊မေလ်ာ္ၾသဇာသုံးျခင္းမ႐ွိမပါဘဲ လြတ္လပ္ေသာသေဘာဆႏၵအရ အသိသက္ေသႏွစ္ဦး ေ႐ွ႕ လက္မွတ္ေရးထိုး စာခ်ဳပ္ခ်ဳပ္ဆိုမွသာ ပ႗ိညာဥ္အထေျမာက္ၿပီးတရားဝင္စာခ်ဳပ္တစ္ေစာင္ျဖစ္မည္ျဖစ္ပါသည္။

ပ႗ိညာဥ္အရတရားစြဲဆိုေသာအမႈမ်ားတြင္လဲ ဥပေဒႏွင့္ညီၫြတ္သည့္ ပ႗ိညာဥ္အထေျမာက္ၿပီးေၾကာင္း၊တစ္ဖက္ႏွင့္တစ္ဖက္ အေပးအယူလုပ္သည့္အေျခအေနကို ေက်ာ္လြန္ကာ ပ႗ိညာဥ္အဆင့္သို႔ေရာက္႐ွိခဲ့ၿပီးေၾကာင္း သက္ေသထူရန္ တာဝန္႐ွိပါသည္။

ပ႗ိညာဥ္၏အဂၤါရပ္မ်ား

(၁) ပ႗ိညာဥ္ျပဳသူသည္ ပ႗ိညာဥ္ျပဳလုပ္ႏိုင္သူျဖစ္ရမည္။ (၂) ပ႗ိညာဥ္ျပဳလုပ္သူတို႔၏ လြတ္လပ္ေသာ သေဘာတူညီခ်က္႐ွိရမည္။ (၃) ပ႗ိညာဥ္အတြက္ ဥပေဒႏွင့္မဆန္႔က်င္ေသာ အဖိုးစားနား႐ွိရမည္။ (၄) ပ႗ိညာဥ္ျပဳလုပ္သူတို႔၏ ရည္႐ြယ္ခ်က္မွာ ဥပေဒႏွင့္ညီၫြတ္ရန္လိုသည္။

ပ႗ိညာဥ္ဥပေဒပုဒ္မ -၁၉တြင္ လိမ္လည္ၿပီး(သို႔)အလြဲေျပာဆိုၿပီး (သို႔)အၾကပ္ကိုင္ၿပီး ရယူခဲ့ေသာပ႗ိညာဥ္သည္ လည္းေကာင္း၊ပုဒ္မ ၁၉(က)တြင္ မတရားၾသဇာသုံး၍ ရ႐ွိေသာ ပ႗ိညာဥ္သည္လည္းေကာင္းပယ္ဖ်က္ခြင့္႐ွိေသာ ပ႗ိညာဥ္ျဖစ္သည္ဟု ျပ႒ာန္းထားပါသည္။ ထို႔သို႔ကိစၥရပ္မ်ားအားသက္ေသခံရန္အတြက္ အသိသက္ေသမ်ားမွ လြန္စြာမွ အေရးႀကီးၿပီးအနည္းဆုံးအသိသက္ေသႏွစ္ဦးမပါဝင္ေသာ စာခ်ဳပ္သည္ ပ႗ိညာဥ္မေျမာက္ဘဲ စာခ်ဳပ္ပ်က္ျပယ္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ညတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါရေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service