ရန်ကုန်မြို့ပြကြီးအလယ် ကွန်ဒို၊တိုက်ခန်းဝယ်သည့်အခါမယ်......

ရန်ကုန်မြို့ပြကြီးအလယ် ကွန်ဒို၊တိုက်ခန်းဝယ်သည့်အခါမယ်...... - Property Knowledge in Myanmar from iMyanmarHouse.com
9 Apr 2023 3:52 pm တွင် တင်ခဲ့သည်
1092 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

အိမ်ခြံမြေဥပဒေအရေးစောင့်ကြည့်အားပေးကြတဲ့ iMyanmarHouse.com ပရိတ်သတ်ကြီးများအတွက် ဒီတစ်ပတ်မှာတော့ ကွန်ဒို၊တိုက်ခန်း ဝယ်ယူမှုနှင့်ပတ်သတ်ပြီး အမေးအများဆုံး ဥပဒေအမေးအဖြေ သုံးခုကိုရွေးချယ်တင်ဆက်လိုက်ပါတယ်။

 

မေးခွန်း (၁) - ကွန်ဒိုတိုက်ခန်းဝယ်ယူသောအခါ သတင်းစာကြေငြာဖို့လိုသလား။

အဖြေ (၁) - အပျောက်စနစ်တိုက်ခန်းများ ဝယ်ယူရာတွင် ခိုင်မာအောင် စာရွက်စာတမ်းအဆက်အစပ်များ စစ်ဆေးပေးရပြီး မြေရှင်(သို့)ကန်ထရိုက်တာ (မည်သူရပိုင်ခွင့်ရှိတဲ့ အခန်းလဲ သိရှိအောင်) ကန်ထရိုက်တိုက်ဆောက်လုပ်ခြင်းစာချုပ် ၊BCC-အဆောက်အအုံပြီးစီးကြောင်း လက်မှတ်ရှိမရှိ(လူနေထိုင်ခွင့် BCCရရှိပြီးသော တိုက်ခန်းမဟုတ်ပါက ဒဏ်ကြေးပေးဆောင်နေရမည်ဖြစ်ပါသည်)။

ထို့ပြင်တိုက်ခန်း ရောင်းချခြင်းအတွက် စာချုပ်စာတမ်းအဆက်အစပ်မူရင်းများနှင့် မြေရှင် အသိအမှတ်ပြုလက်မှတ်လဲ လိုအပ်ပြီး ရေခွန်၊မီးခွန်စာရွက်စာတမ်းများအားလဲ စစ်ဆေးရပါသည်။

ရောင်းသူမှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတို့အား မူရင်းနှင့် တိုက်ဆိုင် ကြည့်ရှုကာအထက်ဖော်ပြပါ စာရွက်စာတမ်းများအားလဲ စုံစမ်းစစ်ဆေးပြီးပါက စရန်ငွေပေးချေခြင်းစာချုပ်ချုပ်ဆိုရပါသည်။

ထိုစရန်ငွေပေးချေခြင်းစာချုပ်တွင် ရောင်းချသူမှ ရောင်းချသည့်ကွန်ဒိုတိုက်ခန်းအား ၎င်းတစ်ဦးထဲမှတရားဝင်ပိုင်ဆိုင်ကာ လွှဲပြောင်းရောင်းချခွင့်ရှိကြောင်း၊ အပေါင်အနှံအရှုပ်အရှင်းကင်းရှင်းကြောင်းပိုင်ဆိုင်ခွင့်နှင့် ပတ်သတ်ပြီး ကန့်ကွက်သူ တစ်စုံတစ်ယောက်ပေါ်ပေါက်ကာ ဝယ်ယူသူမှာဆုံးရှုံးနစ်နာမှုဖြစ်ပေါ်လျှင် ယခု ဝယ်ယူသူပေးချေထားသော စရန်ငွေ၏နှစ်ဆအား ရောင်းချသူမှဝယ်ယူသူထံ (၇)ရက်အတွင်း တစ်လုံး တစ်ခဲတည်း ပြန်လည်ပေးအပ်ပါမည်ဟု ဝန်ခံကတိပြုချက်မဖြစ်မနေထည့်ဝင်ချုပ်ဆိုရပါမည်။

ထိုသို့ စာချုပ်ချုပ်ဆိုပြီးနောက် (၂)ပတ်အတွင်း ယခုစရန်ပေး အရောင်းအဝယ်စာချုပ်အား ကန့်ကွက်ရန်ရှိမရှိ(ကြိုပွိုင့်ရောင်းခြင်းများ ရှိတတ်သောကြောင့်) နိုင်ငံပိုင်သတင်းစာတွင် မဖြစ်မနေ ကြေငြာရပါမည်။ကန့်ကွက် သူ ပေါ်ပေါက်လာပါက ဝယ်ယူသူမှ စရန်ပေးစာချုပ်ပါအတိုင်း စရန်ငွေ(၂)ဆအားရောင်းချသူမှထံမှ ရပိုင်ခွင့်ရှိပြီး ကန့်ကွက်သူမရှိပါက ဝယ်ယူသူမှ ရောင်းဈေးတန်ဖိုးကျန်ငွေအားအပြီးအပိုင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုကာ ဆက်လက်ပေးချေရပါမည်။

ထို့ကြောင့် ကွန်ဒိုတိုက်ခန်းဝယ်ယူရာတွင် သတင်းစာကြေငြာရန် လိုအပ်ပါကြောင်းနှင့် အထက်ဖော်ပြပါအတိုင်း လိုက်နာဆောင်ရွက်ပြီး ကွန်ဒိုတိုက်ခန်းအား ဝယ်ယူကြပါရန် ဥပဒေဗဟုသုတအနေဖြင့်ဖြေကြား အပ်ပါသည်။

မေးခွန်း (၂) - အပျောက်စနစ်တိုက်ခန်းများတွင် အိမ်ဌားကွယ်လွန်ပါက တိုက်ခန်းကို မြေရှင်ရပိုင်ခွင့်ရှိပါသလား။

အဖြေ (၂) - တိုက်ခန်များကို ဝယ်ယူသူများအားလုံးက သာမာန်အရပ်ကတိစာချုပ်ဖြင့်သာ ဝယ်ယူကြပါသည်။ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးသာမရှိတာ နေထိုင်ခွင့်/ လွတ်လပ်စွာ လွှဲပြောင်းရောင်းချပိုင်ခွင့်အမွေဆက်ခံခွင့်တွေကတော့ တိုက်ခန်း ပိုင်ဆိုင်သူမှာ အခွင့်အရေးရှိပါတယ်။အရောင်းအဝယ်စာချုပ်မှာ အဓိက ပါဝင်လက်မှတ်ရေးထိုးသူအနေနဲ့ မြေရှင်ကိုမဖြစ်မနေ ထည့်သွင်းချုပ်ဆိုရပါတယ်။အဲလိုလက်မှတ်ထိုးထားတယ်ဆိုရင်တော့ အကယ်၍သဘာဝဘေးအန္တရာယ်အကြောင်းတစ်စုံတစ်ရာ ကြောင့် တိုက်ခန်းပြန်လည်ဆောက်လုပ်ရတဲ့အခါမှာလဲအဆင်ပြေစေပါတယ်။မြေရှင်မှာအဆောက်အဦး၏ မြေကွက်အား အမှန်တကယ်ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူဖြစ်သည့်အတွက်အမည်ပြောင်းလဲခြင်းများ ပြုလုပ်သည့်အခါတိုင်းလဲ ၎င်းအားအသိပေးကာ ၎င်း၏အသိအမှတ်ပြု လက်မှတ်ရယူရပါမယ်။ အပျောက်စနစ်တိုက်ခန်းဆိုသည်မှာ အဌားပိုင်ဆိုင်ဝယ်ယူခြင်းသာဖြစ်ပြီး ပိုင်ဆိုင်သူမှာ ထာဝစဉ် နေထိုင်ပိုင်ဆိုင်ခွင့်ရှိကာ တိုက်ခန်းပိုင်ဆိုင်သူ ကွယ်လွန်ပါက အမွေဆက်ခံခွင့်ရှိသူများမှလဲ ဆက်လက်အကျိုးခံစားခွင့်ရှိနေမည်ဖြစ်ကာ မြေရှင်မှာ အဆိုပါတိုက်ခန်း၏ ပိုင်ဆိုင်မူအတွက်အကျိုးသက်ဆိုင်ခြင်းတစ်စုံတစ်ရာမရှိပါ။

အကယ်၍ အဆိုပါအပျောက်စနစ်တိုက်ခန်းများ အကြောင်းတစ်စုံတစ်ရာကြောင့် ပြန်လည်တည်ဆောက်သည့်အခါတွင် ဖြစ်စေ(သို့) အမွေဆက်ခံသူမရှိသည့်အခါတွင်ဖြစ်စေ မြေရှင်မှ(သက်ဆိုင်ရာမြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယဌာန(အဆောက်အအုံ)ထံအကြောင်းကြားစာပေးပို့ဖို့လိုပါတယ်။ ကွယ်လွန်သူအိမ်ဌားဘက်မှ တောင်းဆိုထားမှုတစ်စုံတစ်ရာရှိမရှိလဲမြေရှင်မှ စုံစမ်းရပါတယ်။ဆက်လက်၍ သက်ဆိုင်ရာမြို့ပြဆိုင်ရာ ဌားရန်းခကြီးကြပ်ရေးဝန်ထံ မြေရှင်ကို မြို့ပြဆိုင်ရာဌားရမ်းခကြီးကြပ်ရေး အက်ဥပဒေပုဒ်မ-၂၁(၄)အရ အဆိုပါ တိုက်ခန်းအား အိမ်ဌားအဖြစ် နေထိုင်ခွင့်ပြုရန်လျှောက်ထားနိုင်ပါတယ်။

မေးခွန်း (၃) - တိုက်ခန်းဝယ်ယူလျှင် မြေငှားရမ်းခပေးရန် လိုအပ်ပါသလား ?

အဖြေ (၃) - တိုက်ခန်းပိုင်ဆိုင်သူမှာ မြေပိုင်ဆိုင်မှု မပါဝင်သော်လည်း မြေရှင်ထံမှတဆင့် တိုက်ခန်း ဝယ်ယူသည်ဖြစ်စေ၊ကန်ထရိုက်တာမှ တဆင့်တိုက်ခန်း ဝယ်ယူသည်ဖြစ်စေ၊မြေရှင်ထံ မြေဌားခသတ်မှတ်နှုန်းထားအတိုင်းပေးချေနိုင် ပါသည်။ (မိမိတိုက်ခန်းအတွက် မြေရှင်တောင်းခံသည့်နှုန်းထားသည် များပြားနေပါက မြို့နယ် စည်ပင်ရုံး တွင် အကြောင်းကြားနိုင်ပါသည်။)ကန်ထရိုက်တာမှ မြေပိုင်ဆိုင်နေသော တိုက်ခန်းဖြစ်ပါက ကန်ထရိုက်တာထံ မြေ ဌားရမ်းခ ပေးဆောင်ရပါမည်။ထို့ပြင် ရေးဖိုးမီးဖိုးလဲစုပေါင်းသုံးစွဲခြင်းဖြစ်ပါက အချိုးကျကျခံထည့်ဝင်ရပါမည်။

တိုက်ခန်းအဆောက်အဦး၏ မြေကွက်ပိုင်ဆိုင်မူမှာ မြေရှင်ထံမှာ ရှိနေပြီး တိုက်ခန်းဝယ်ယူသူမှ လွှဲပြောင်းပိုင်ဆိုင်ခွင့်ကိုဌားရမ်းခြင်းဖြစ်ပြီး ယင်းမြေကွက်ပေါ်တွင် နေထိုင်ခြင်းဖြစ်သည့်အတွက်မြေဌားခနှင့်အမည်ပြောင်းခ ပေးအပ်ရန်လိုအပ်ပါသည်။

တိုက်ခန်းမှာ စာချုပ်စာတမ်းမှတ်ပုံတင်အရ မရွှေ့မပြောင်းနိုင်သောပစ္စည်း အမျိုးအစားတစ်ခုဖြစ်ပြီးဝယ်ယူသူမှာ ထာဝစဉ်ပိုင်ဆိုင်ပါသည်။မရွှေ့မပြောင်းနိုင်သောပစ္စည်းများအား မြေငှားခစည်းကြပ်ပြီးမြေဌားခကောက်ခံသည့် အတွက် တိုက်ခန်းပိုင်ဆိုင်သူမှ မြေဌားခပေးဆောင်ရန် လိုအပ်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါရစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ရန္ကုန္ၿမိဳ႕ျပႀကီးအလယ္ ကြန္ဒို၊တိုက္ခန္းဝယ္သည့္အခါမယ္......

 

 

အိမ္ျခံေျမဥပေဒအေရးေစာင့္ၾကည့္အားေပးၾကတဲ့ iMyanmarHouse.com ပရိတ္သတ္ႀကီးမ်ားအတြက္ ဒီတစ္ပတ္မွာေတာ့ ကြန္ဒို၊တိုက္ခန္း ဝယ္ယူမႈႏွင့္ပတ္သတ္ၿပီး အေမးအမ်ားဆုံး ဥပေဒအေမးအေျဖ သုံးခုကိုေ႐ြးခ်ယ္တင္ဆက္လိုက္ပါတယ္။

 

ေမးခြန္း (၁) - ကြန္ဒိုတိုက္ခန္းဝယ္ယူေသာအခါ သတင္းစာေၾကျငာဖို႔လိုသလား။

အေျဖ (၁) - အေပ်ာက္စနစ္တိုက္ခန္းမ်ား ဝယ္ယူရာတြင္ ခိုင္မာေအာင္ စာ႐ြက္စာတမ္းအဆက္အစပ္မ်ား စစ္ေဆးေပးရၿပီး ေျမ႐ွင္(သို႔)ကန္ထ႐ိုက္တာ (မည္သူရပိုင္ခြင့္႐ွိတဲ့ အခန္းလဲ သိ႐ွိေအာင္) ကန္ထ႐ိုက္တိုက္ေဆာက္လုပ္ျခင္းစာခ်ဳပ္ ၊BCC-အေဆာက္အအုံၿပီးစီးေၾကာင္း လက္မွတ္႐ွိမ႐ွိ(လူေနထိုင္ခြင့္ BCCရ႐ွိၿပီးေသာ တိုက္ခန္းမဟုတ္ပါက ဒဏ္ေၾကးေပးေဆာင္ေနရမည္ျဖစ္ပါသည္)။

ထို႔ျပင္တိုက္ခန္း ေရာင္းခ်ျခင္းအတြက္ စာခ်ဳပ္စာတမ္းအဆက္အစပ္မူရင္းမ်ားႏွင့္ ေျမ႐ွင္ အသိအမွတ္ျပဳလက္မွတ္လဲ လိုအပ္ၿပီး ေရခြန္၊မီးခြန္စာ႐ြက္စာတမ္းမ်ားအားလဲ စစ္ေဆးရပါသည္။

ေရာင္းသူမွတ္ပုံတင္မိတၱဴ၊ အိမ္ေထာင္စုစာရင္းမိတၱဴတို႔အား မူရင္းႏွင့္ တိုက္ဆိုင္ ၾကည့္႐ႈကာအထက္ေဖာ္ျပပါ စာ႐ြက္စာတမ္းမ်ားအားလဲ စုံစမ္းစစ္ေဆးၿပီးပါက စရန္ေငြေပးေခ်ျခင္းစာခ်ဳပ္ခ်ဳပ္ဆိုရပါသည္။

ထိုစရန္ေငြေပးေခ်ျခင္းစာခ်ဳပ္တြင္ ေရာင္းခ်သူမွ ေရာင္းခ်သည့္ကြန္ဒိုတိုက္ခန္းအား ၎တစ္ဦးထဲမွတရားဝင္ပိုင္ဆိုင္ကာ လႊဲေျပာင္းေရာင္းခ်ခြင့္႐ွိေၾကာင္း၊ အေပါင္အႏွံအ႐ႈပ္အ႐ွင္းကင္း႐ွင္းေၾကာင္းပိုင္ဆိုင္ခြင့္ႏွင့္ ပတ္သတ္ၿပီး ကန္႔ကြက္သူ တစ္စုံတစ္ေယာက္ေပၚေပါက္ကာ ဝယ္ယူသူမွာဆုံး႐ႈံးနစ္နာမႈျဖစ္ေပၚလွ်င္ ယခု ဝယ္ယူသူေပးေခ်ထားေသာ စရန္ေငြ၏ႏွစ္ဆအား ေရာင္းခ်သူမွဝယ္ယူသူထံ (၇)ရက္အတြင္း တစ္လုံး တစ္ခဲတည္း ျပန္လည္ေပးအပ္ပါမည္ဟု ဝန္ခံကတိျပဳခ်က္မျဖစ္မေနထည့္ဝင္ခ်ဳပ္ဆိုရပါမည္။

ထိုသို႔ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးေနာက္ (၂)ပတ္အတြင္း ယခုစရန္ေပး အေရာင္းအဝယ္စာခ်ဳပ္အား ကန္႔ကြက္ရန္႐ွိမ႐ွိ(ႀကိဳပြိဳင့္ေရာင္းျခင္းမ်ား ႐ွိတတ္ေသာေၾကာင့္) ႏိုင္ငံပိုင္သတင္းစာတြင္ မျဖစ္မေန ေၾကျငာရပါမည္။ကန္႔ကြက္ သူ ေပၚေပါက္လာပါက ဝယ္ယူသူမွ စရန္ေပးစာခ်ဳပ္ပါအတိုင္း စရန္ေငြ(၂)ဆအားေရာင္းခ်သူမွထံမွ ရပိုင္ခြင့္႐ွိၿပီး ကန္႔ကြက္သူမ႐ွိပါက ဝယ္ယူသူမွ ေရာင္းေဈးတန္ဖိုးက်န္ေငြအားအၿပီးအပိုင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုကာ ဆက္လက္ေပးေခ်ရပါမည္။

ထို႔ေၾကာင့္ ကြန္ဒိုတိုက္ခန္းဝယ္ယူရာတြင္ သတင္းစာေၾကျငာရန္ လိုအပ္ပါေၾကာင္းႏွင့္ အထက္ေဖာ္ျပပါအတိုင္း လိုက္နာေဆာင္႐ြက္ၿပီး ကြန္ဒိုတိုက္ခန္းအား ဝယ္ယူၾကပါရန္ ဥပေဒဗဟုသုတအေနျဖင့္ေျဖၾကား အပ္ပါသည္။

ေမးခြန္း (၂) - အေပ်ာက္စနစ္တိုက္ခန္းမ်ားတြင္ အိမ္ဌားကြယ္လြန္ပါက တိုက္ခန္းကို ေျမ႐ွင္ရပိုင္ခြင့္႐ွိပါသလား။

အေျဖ (၂) - တိုက္ခန္မ်ားကို ဝယ္ယူသူမ်ားအားလုံးက သာမာန္အရပ္ကတိစာခ်ဳပ္ျဖင့္သာ ဝယ္ယူၾကပါသည္။ ေျမပိုင္ဆိုင္ခြင့္ အခြင့္အေရးသာမ႐ွိတာ ေနထိုင္ခြင့္/ လြတ္လပ္စြာ လႊဲေျပာင္းေရာင္းခ်ပိုင္ခြင့္အေမြဆက္ခံခြင့္ေတြကေတာ့ တိုက္ခန္း ပိုင္ဆိုင္သူမွာ အခြင့္အေရး႐ွိပါတယ္။အေရာင္းအဝယ္စာခ်ဳပ္မွာ အဓိက ပါဝင္လက္မွတ္ေရးထိုးသူအေနနဲ႔ ေျမ႐ွင္ကိုမျဖစ္မေန ထည့္သြင္းခ်ဳပ္ဆိုရပါတယ္။အဲလိုလက္မွတ္ထိုးထားတယ္ဆိုရင္ေတာ့ အကယ္၍သဘာဝေဘးအႏၲရာယ္အေၾကာင္းတစ္စုံတစ္ရာ ေၾကာင့္ တိုက္ခန္းျပန္လည္ေဆာက္လုပ္ရတဲ့အခါမွာလဲအဆင္ေျပေစပါတယ္။ေျမ႐ွင္မွာအေဆာက္အဦး၏ ေျမကြက္အား အမွန္တကယ္ပိုင္ဆိုင္အက်ိဳးခံစားခြင့္႐ွိသူျဖစ္သည့္အတြက္အမည္ေျပာင္းလဲျခင္းမ်ား ျပဳလုပ္သည့္အခါတိုင္းလဲ ၎အားအသိေပးကာ ၎၏အသိအမွတ္ျပဳ လက္မွတ္ရယူရပါမယ္။ အေပ်ာက္စနစ္တိုက္ခန္းဆိုသည္မွာ အဌားပိုင္ဆိုင္ဝယ္ယူျခင္းသာျဖစ္ၿပီး ပိုင္ဆိုင္သူမွာ ထာဝစဥ္ ေနထိုင္ပိုင္ဆိုင္ခြင့္႐ွိကာ တိုက္ခန္းပိုင္ဆိုင္သူ ကြယ္လြန္ပါက အေမြဆက္ခံခြင့္႐ွိသူမ်ားမွလဲ ဆက္လက္အက်ိဳးခံစားခြင့္႐ွိေနမည္ျဖစ္ကာ ေျမ႐ွင္မွာ အဆိုပါတိုက္ခန္း၏ ပိုင္ဆိုင္မူအတြက္အက်ိဳးသက္ဆိုင္ျခင္းတစ္စုံတစ္ရာမ႐ွိပါ။

အကယ္၍ အဆိုပါအေပ်ာက္စနစ္တိုက္ခန္းမ်ား အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ ျပန္လည္တည္ေဆာက္သည့္အခါတြင္ ျဖစ္ေစ(သို႔) အေမြဆက္ခံသူမ႐ွိသည့္အခါတြင္ျဖစ္ေစ ေျမ႐ွင္မွ(သက္ဆိုင္ရာၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ အင္ဂ်င္နီယဌာန(အေဆာက္အအုံ)ထံအေၾကာင္းၾကားစာေပးပို႔ဖို႔လိုပါတယ္။ ကြယ္လြန္သူအိမ္ဌားဘက္မွ ေတာင္းဆိုထားမႈတစ္စုံတစ္ရာ႐ွိမ႐ွိလဲေျမ႐ွင္မွ စုံစမ္းရပါတယ္။ဆက္လက္၍ သက္ဆိုင္ရာၿမိဳ႕ျပဆိုင္ရာ ဌားရန္းခႀကီးၾကပ္ေရးဝန္ထံ ေျမ႐ွင္ကို ၿမိဳ႕ျပဆိုင္ရာဌားရမ္းခႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ-၂၁(၄)အရ အဆိုပါ တိုက္ခန္းအား အိမ္ဌားအျဖစ္ ေနထိုင္ခြင့္ျပဳရန္ေလွ်ာက္ထားႏိုင္ပါတယ္။

ေမးခြန္း (၃) - တိုက္ခန္းဝယ္ယူလွ်င္ ေျမငွားရမ္းခေပးရန္ လိုအပ္ပါသလား ?

အေျဖ (၃) - တိုက္ခန္းပိုင္ဆိုင္သူမွာ ေျမပိုင္ဆိုင္မႈ မပါဝင္ေသာ္လည္း ေျမ႐ွင္ထံမွတဆင့္ တိုက္ခန္း ဝယ္ယူသည္ျဖစ္ေစ၊ကန္ထ႐ိုက္တာမွ တဆင့္တိုက္ခန္း ဝယ္ယူသည္ျဖစ္ေစ၊ေျမ႐ွင္ထံ ေျမဌားခသတ္မွတ္ႏႈန္းထားအတိုင္းေပးေခ်ႏိုင္ ပါသည္။ (မိမိတိုက္ခန္းအတြက္ ေျမ႐ွင္ေတာင္းခံသည့္ႏႈန္းထားသည္ မ်ားျပားေနပါက ၿမိဳ႕နယ္ စည္ပင္႐ုံး တြင္ အေၾကာင္းၾကားႏိုင္ပါသည္။)ကန္ထ႐ိုက္တာမွ ေျမပိုင္ဆိုင္ေနေသာ တိုက္ခန္းျဖစ္ပါက ကန္ထ႐ိုက္တာထံ ေျမ ဌားရမ္းခ ေပးေဆာင္ရပါမည္။ထို႔ျပင္ ေရးဖိုးမီးဖိုးလဲစုေပါင္းသုံးစြဲျခင္းျဖစ္ပါက အခ်ိဳးက်က်ခံထည့္ဝင္ရပါမည္။

တိုက္ခန္းအေဆာက္အဦး၏ ေျမကြက္ပိုင္ဆိုင္မူမွာ ေျမ႐ွင္ထံမွာ ႐ွိေနၿပီး တိုက္ခန္းဝယ္ယူသူမွ လႊဲေျပာင္းပိုင္ဆိုင္ခြင့္ကိုဌားရမ္းျခင္းျဖစ္ၿပီး ယင္းေျမကြက္ေပၚတြင္ ေနထိုင္ျခင္းျဖစ္သည့္အတြက္ေျမဌားခႏွင့္အမည္ေျပာင္းခ ေပးအပ္ရန္လိုအပ္ပါသည္။

တိုက္ခန္းမွာ စာခ်ဳပ္စာတမ္းမွတ္ပုံတင္အရ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္း အမ်ိဳးအစားတစ္ခုျဖစ္ၿပီးဝယ္ယူသူမွာ ထာဝစဥ္ပိုင္ဆိုင္ပါသည္။မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားအား ေျမငွားခစည္းၾကပ္ၿပီးေျမဌားခေကာက္ခံသည့္ အတြက္ တိုက္ခန္းပိုင္ဆိုင္သူမွ ေျမဌားခေပးေဆာင္ရန္ လိုအပ္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ညတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါရေစ။

ေမးခြန္းေပးပို႔ရန္ Link ➡ 

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

royal-hill
7Mile Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service