မြတ်ဗုဒ္ဓ၏ အံ့ဖွယ်တစ်ဆယ့်ရှစ်ပါး
မြတ်ဗုဒ္ဓ၏ အံ့ဖွယ်တစ်ဆယ့်ရှစ်ပါး - Property Knowledge in Myanmar from iMyanmarHouse.com
17 Apr 2023 2:23 pm တွင် တင်ခဲ့သည်
1260 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
(၁)ဗုဒ္ဓ၏ရွှေကိုယ်တော်မြတ်၌ အမြဲဝတ်ရုံတော်မူသော သင်္ကန်းတော်၏ ညစ်နွမ်းခြင်းမရှိ၊ ပကတိစင်ကြယ် သန့်ရှင်းတော်မူခြင်း တည်းဟူသော အံ့ဖွယ်တပါး။။
(၂)လေးဆယ့်ငါးဝါ ရှည်ကြာစွာသော နှစ်လရက်တို့ကာလပတ်လုံး နိဗ္ဗာန်သို့ ကြွမြန်းသည့်တိုင်အောင် အနော်မာသောင်ယံဦး၌ လက်နှစ်သစ်ခန့်ဖြတ်သန်းတော်မူခြင်း ဆံတော်ကြွင်းနဂိုရ် ရှည်တိုမရှိခြင်းတည်းဟူသော အံ့ဖွယ်တပါး။
(၃)သင်္ကန်းတော်အစုံကို ဝတ်ရုံတင့်တယ် စံပယ်တော်မူသည်ရှိသော် ရွှေကိုယ်တော်မှ လက်လေးသစ်ခန့် ခြားသန့်တော်မူခြင်းတည်းဟူသော အံ့ဖွယ်တပါး။
(၄)လက်တော်နှင့် သပိတ်တော်နှစ်ပါးကို ဆွမ်းဘုဉ်းပေးပြီးသည်ရှိသော် ပိုင်းခြားပြုပြင် သုတ်သင်ဆေးကြောသည်ရှိသော် လက်တော်ကိုရည်သန်၍ ဆေးကြေသုတ်သင်ပါက သပိတ်တော်ပါ စင်ကြယ်သန့်ရှင်းခြင်း၊သပိတ်တော်ကိုရည်သန်၍ ဆေးကြောသုတ်သင်ပါက လက်တော်ပါ စင်ကြယ်သန့်ရှင်ခြင်း တည်းဟူသော အံ့ဖွယ်တပါး။
(၅)မုံညင်းစေ့ပမာ သေးငယ်လှစွာသော ကြုတ်တွင်းသို့ ဝင်ဆင်းစံပယ် တင့်တယ်တော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်တပါး။
(၆)ရောင်ခြည်တော်ခြောက်ပါးကို အရပ်ဆယ်မျက်နှာ အားလုံး၌ အဆုံးတိုင်ဖုံးအုပ်စေနိုင်ခြင်း တည်းဟူသော အံ့ဖွယ်တပါး။
(၇)လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အကြိုက်စရိုက်နှင့်လျော်ညီစွာ နာနာရုပ်ထူးဆန်း အခန်းခန်းကို သိန်းသန်းမက ဖန်ဆင်း၍ ပြနိုင်ခြင်း တည်းဟူသော အံ့ဖွယ်တပါး။
(၈)ဇာတိခေတ်၊အာဏာခေတ်၊ဝိသယခေတ်အတွင်၌ အလင်းရောင်တခါ၊အမိုက်မှောင်တလှည့် ဖြစ်စေနိုင်ခြင်းတည်းဟူသော အံ့ဖွယ်တပါး။
(၉)ရွှေကိုယ်တော် ရူပကာယကို အလိုတော်ရှိတိုင်း ရပ်ဆိုင်းမသွေကြီးစေတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်တပါး။
(၁၀)တသောင်းတိုက် စကြာဝဠာအားလုံး စုရုံးများစွာ တရားနာသူနတ်လူအပေါင်းတို့အား တရားတော်သံကို ဟုတ်မှန်ထင်ရှားကြားစေနိုင်ခြင်း တည်းဟူသော အံ့ဖွယ်တပါး။
(၁၁)လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ အလိုဆန္ဒရှိရာတို့ကို တပ်အပ်ဧကန် ရွှေဉာဏ်တော်ဖြင့် သိမြင်တော်မူခြင်းတည်းဟူသော အံ့ဖွယ်တပါး။
(၁၂)ဝေနေယျများစွာ သတ္တဝါတို့အား သားတော်ရာဟုလာကဲ့သို့ သနားခြင်းကြောင့် သမာပတ်ဝင်စားတော် မူခြင်း တည်းဟူသော မဟာကရုဏာသမာပတ် ဉာဏ်တော်မြတ်ဟု ဆိုအပ်သော အံ့ဖွယ်တပါး။
(၁၃)ဝေနေယျကြာ များစွာကုန်သော သတ္တဝါတို့၏ သစ္စာလေးပါးမြတ်တရားတို့ကို ပိုင်းခြားထင်ထင် သိမြင်နိုင်ခြင်းကို အမှန်သိတော်မူခြင်းတည်းဟူသော အံ့ဖွယ်တပါး။
(၁၄-၁၈)သင်္ခါရ၊ဝိကာရ၊လက္ခဏ၊နိဗ္ဗာန်၊ပညတ်တည်းဟူသော ဉေယျဓံတရားငါးပါးတို့ကို ပိုင်းခြားထင်ထင် သိမြင်တော်မူခြင်းတည်းဟူသော အံ့ဖွယ်ငါးပါး။
ဤကား မြတ်စွာဘုရားရှင်၏ အံ့ဖွယ်တဆယ့်ရှစ်ပါးတည်း။ဤ အံ့ဖွယ်တဆယ့်ရှစ်ပါးကို အုတ်ဖိုဆရာတော် ဘုရား ရေးသားတော်မူသော ဂုဏ်တော်ဖွင့်ဘုရားရှိခိုး၌ ထင်ရှားရှိပါသည်။
မှတ်ချက်။ ။ဤ မြတ်စွာဘုရားရှင်၏ အံ့ဖွယ်တဆယ့်ရှစ်ပါးအား ဗြဟ္မနိမ္မိတာရုံဆရာတော်၏ ရတနာပီတိ ကျမ်းမှကောက်နူတ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service