ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ဗုဒ္ဓကိုယ်တော်ရောင် ၇-ပါးမှာ သီရိ ဘုန်းတော်တွင် ပါဝင်ထင်ရှားသော ရောင်လျှံတော်များကိုသာ ဆိုလိုသည်၊ ထိုမှတပါး အရာမက များသော ရောင်လျှံတော်များလည်း ရှိပါသည်။
(၁) အင်္ဂိရသ ပဘာ- တန်ခိုးယမိုက် ပြာဋိဟာ မပြဘဲ ပကတိသော ကိုယ်တော် အလုံးမှ အမြဲအစဉ် ပြိုးပြိုးပြက်ပြက် ထွက်နေသော ရောင်ခြည်တော် ခြောက်သွယ်၊
(၂) ဗျာမပ္ပဘာ- ပကတိ ကိုယ်တော်မြတ်မှ အမြဲမပြတ် ၄-တောင်ပတ်လည်အတွင်း၌ ဝန်းဝိုင်း တည်ထွန်းနေသော အတွင်း ရောင်ခြည်တော်၊
(၃) အသီတိပ္ပဘာ- အတွင်းရောင်ခြည်တော်၏အပြင်ဘက်မှ အတောင် ရှစ်ဆယ် အရပ်တိုင်အောင် ထက်ဝန်းကျင် ဝိုင်းဝန်းထွန်းပနေသော ရောင်ခြည်တော်၊
(၄) ကေတု မာလာ ပဘာ- ရောင်လျှံတော် ခေါ် ဦးခေါင်းတော်ထက်မှ ထွက်ပ ထွန်းတောက်သော ရောင်ခြည်တော်၊
(၅) ဥဏ္ဏာ ပဘာ- ဥဏ္ဏလုံမွေရှင်တော်မှ ထွက်မြူး ကွန့်ကြွသော ရောင်ခြည်တော်၊
(၆) ဒါဌာ ပဘာ- နှုတ်တော်ဖွင့်ခိုက် စွယ်တော်မြတ် လေးဆူမှထွက်မြူး ကြွမြန်းသော ရောင်ခြည်တော်၊
(၇) အနန္တ ပဘာ- ရတနာဃရတိုက်ခန်း၌ ပဋ္ဌာန်းကျမ်းမြတ်ကို သုံးသပ် ဆင်ခြင်တော်မူသောအခါ, တန်ခိုးပြာဋိဟာတို့ကို ပြတော်မူသောအခါ စသည်တို့၌ အရပ်ဆယ်မျက်နှာလုံး ပိတ်ဖုံး၍ ထွက်ကြွသည့် အဆုံးမရှိသော ရောင်ခြည်တော် ၆-သွယ်။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ဗုဒၶ ကိုယ္ေတာ္ေရာင္ (၇) ပါး
ဗုဒၶကိုယ္ေတာ္ေရာင္ ၇-ပါးမွာ သီရိ ဘုန္းေတာ္တြင္ ပါဝင္ထင္႐ွားေသာ ေရာင္လွ်ံေတာ္မ်ားကိုသာ ဆိုလိုသည္၊ ထိုမွတပါး အရာမက မ်ားေသာ ေရာင္လွ်ံေတာ္မ်ားလည္း ႐ွိပါသည္။
(၁) အဂႋရသ ပဘာ- တန္ခိုးယမိုက္ ျပာဋိဟာ မျပဘဲ ပကတိေသာ ကိုယ္ေတာ္ အလုံးမွ အၿမဲအစဥ္ ၿပိဳးၿပိဳးျပက္ျပက္ ထြက္ေနေသာ ေရာင္ျခည္ေတာ္ ေျခာက္သြယ္၊
(၂) ဗ်ာမပၸဘာ- ပကတိ ကိုယ္ေတာ္ျမတ္မွ အၿမဲမျပတ္ ၄-ေတာင္ပတ္လည္အတြင္း၌ ဝန္းဝိုင္း တည္ထြန္းေနေသာ အတြင္း ေရာင္ျခည္ေတာ္၊
(၃) အသီတိပၸဘာ- အတြင္းေရာင္ျခည္ေတာ္၏အျပင္ဘက္မွ အေတာင္ ႐ွစ္ဆယ္ အရပ္တိုင္ေအာင္ ထက္ဝန္းက်င္ ဝိုင္းဝန္းထြန္းပေနေသာ ေရာင္ျခည္ေတာ္၊
(၄) ေကတု မာလာ ပဘာ- ေရာင္လွ်ံေတာ္ ေခၚ ဦးေခါင္းေတာ္ထက္မွ ထြက္ပ ထြန္းေတာက္ေသာ ေရာင္ျခည္ေတာ္၊
(၅) ဥဏၰာ ပဘာ- ဥဏၰလုံေမြ႐ွင္ေတာ္မွ ထြက္ျမဴး ကြန္႔ႂကြေသာ ေရာင္ျခည္ေတာ္၊
(၆) ဒါဌာ ပဘာ- ႏႈတ္ေတာ္ဖြင့္ခိုက္ စြယ္ေတာ္ျမတ္ ေလးဆူမွထြက္ျမဴး ႂကြျမန္းေသာ ေရာင္ျခည္ေတာ္၊
(၇) အနႏၲ ပဘာ- ရတနာဃရတိုက္ခန္း၌ ပ႒ာန္းက်မ္းျမတ္ကို သုံးသပ္ ဆင္ျခင္ေတာ္မူေသာအခါ, တန္ခိုးျပာဋိဟာတို႔ကို ျပေတာ္မူေသာအခါ စသည္တို႔၌ အရပ္ဆယ္မ်က္ႏွာလုံး ပိတ္ဖုံး၍ ထြက္ႂကြသည့္ အဆုံးမ႐ွိေသာ ေရာင္ျခည္ေတာ္ ၆-သြယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com