လက္ခဏာတော်ငယ် ရှစ်ဆယ်

လက္ခဏာတော်ငယ် ရှစ်ဆယ် - Property Knowledge in Myanmar from iMyanmarHouse.com
12 Apr 2023 1:22 pm တွင် တင်ခဲ့သည်
702 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

(၁) စေ့စပ်သော လက်ချောင်း ခြေချောင်းတော်ရှိခြင်း။

(၂) သွယ်ဖြူး၍ ဖြောင့်သော လက်ချောင်း ခြေချောင်းတော်ရှိခြင်း။

(၃) လုံးလျောင်းချောမွေ့သော လက်ချောင်း ခြေချောင်းတော်ရှိခြင်း၊

(၄) နီမြန်းသော လက်သည်း ခြေသည်းတော်ရှိခြင်း။

(၅) ရှည်သွယ်မြင့်မားသော လက်သည်း ခြေသည်းတော်ရှိခြင်း။

(၆) ပြေပြစ်ချောမွေ့သော လက်သည်း ခြေသည်းတော်ရှိခြင်း။

(၇) ပြေပြစ်ချောမွေ့ပြီး မထင်ရှားသော ဖမျက်တော်ခြင်း။

(၈) တို၊ရှည်၊နိမ့်၊မြင့်မရှိ ဆယ်ချောင်းလုံး ညီညွတ်သော ခြေချောင်းရှိတော်ခြင်း။

(၉) ဆဒ္ဒန်ဆင်မင်းကဲ့သို့ သွားလာပုံ ယဉ်ကျေးတော်မူခြင်း ။

(၁ဝ) ခြင်္သေ့မင်းအလား သွားလာပုံခန့်ငြားတော်မူခြင်း။

(၁၁) ရွှေဟင်္သာကွန့်မြူးသကဲ့သို့ အထူးတင့်တယ်သော သွားလာဟန်ရှိတော်မူခြင်း။

(၁၂) ဥဿဘနွားမင်းကဲ့သို့ တင့်တယ်သော သွားလာဟန်ရှိတော်မူခြင်း။

(၁၃) လက်ယာခြေတော်ကိုချီ၍ လက်ယာရစ်လည်သော သွားခြင်းရှိတော်မူခြင်း။

(၁၄) အဖုအထစ်မထင်သော လုံးဝန်းသော ပုဆစ် ရှိတော်မူခြင်း။

(၁၅) ပြည့်စုံသော ယောက်ျားမြတ်နိမိတ် ရှိတော်မူခြင်း။

(၁၆) အရေးအကြောင်း မပြတ်သော ချက်ရှိတော်မူခြင်း။

(၁၇) နက်သောချက် ရှိတော်မူခြင်း။

(၁၈) လက်ယာရစ် လည်သောချက် ရှိတော်မူခြင်း။

(၁၉) ဆင်နှာမောင်းကဲ့သို့ သွယ်ပြောင်းသောပေါင်တော်၊လက်ရုံးတော် ရှိတော်မူခြင်း။

(၂ဝ) တစ်သားတည်း ညီညွတ်သောကိုယ် ရှိတော်မူခြင်း။

(၂၁) အစဉ်အတိုင်း ချောပြေညီညွတ်သောကိုယ် ရှိတော်မူခြင်း။

(၂၂) ချောမွေ့လှပသော ကိုယ်တော် ရှိတော်မူခြင်း။

(၂၃) ရှိူင်းသင့်ရာရှိူင်း၊ဖြိုးသင့်ရာဖြိုး၊အမျိုးမျိုး တင့်တယ်သောကိုယ်တော် ရှိတော်မူခြင်း။

(၂၄) အရေရှုံ့တွန့်ခြင်း ကင်းသောကိုယ်တော် ရှိတော်မူခြင်း။

(၂၅) ဝက်ခြံ၊မှဲ့၊တင်းတိတ်၊ပွေးစသည်တို့မှ ကင်းဝေးသန့်ရှင်းသော ကိုယ်တော်ရှိတော်မူခြင်း ။

(၂၆) အစဉ်အတိုင်း နှစ်သက်မြတ်နိုးဖွယ်သောကိုယ်တော် ရှိတော်မူခြင်း။

(၂၇) အထူးသဖြင့် စင်ကြယ်သော ကိုယ်ရှိ ခြင်း။

(၂၈) နူးညံ့ပျော့ပြောင်းသောကိုယ်တော် ရှိခြင်း။

(၂၉) လမင်းကဲ့သို့ အေးမြကြည်လင်သောကိုယ်တော်ရှိခြင်း။

(၃ဝ) အရောင်ထွက်သောကိုယ်တော်ရှိခြင်း

(၃၁) ဆီချွေးကင်း၍ သန့်ရှင်းသော ကိုယ်တော်ရှိခြင်း။

(၃၂) နှစ်မြို့ဖွယ်သော ကိုယ်တော်ရှိခြင်း။

(၃၃) ပြေပြစ်ချောမွေ့သော ကိုယ်တော်ရှိခြင်း။

(၃၄) မွှေးကြိုင်သော ကိုယ်တော်ရှိခြင်း။

(၃၅) ကုဋေတစ်ထောင် အားကိုဆောင်နိုင်သော ကိုယ်တော်ရှိခြင်း။

(၃၆) ရွှေချွန်းကဲ့သို့ တင့်တယ်မြင့်ချွန်းသော နှာခေါင်းတော်ရှိခြင်း

(၃၇) ပတ္တမြားသွေး နီတွေးသော သွားဖုံးတော်ရှိခြင်း။

(၃၈) ဖွေးဖြူစင်ကြယ်သော သွားတော်ရှိခြင်း။

(၃၉) ညီညာပြေပြစ်သော သွားတော်ရှိခြင်း။

(၄ဝ) စင်ကြယ်သန့်ရှင်းသော ဣန္ဒြေတော်ရှိခြင်း။

(၄၁) ကောင်းစွာလုံးဝန်းသော စွယ်တော်ရှိခြင်း။

(၄၂) အဖျားချွန်သော စွယ်တော်ရှိခြင်း။

(၄၃) နီမြန်းသောနှုတ်ခမ်းတော်ရှိခြင်း။

(၄၄) ကျယ်ပြန့်သော ခံတွင်းတော်ရှိခြင်း။

(၄၅) ကောင်းသောရနံ့ရှိသော ခံတွင်းတော်ရှိခြင်း။

(၄၆) လက်ဖဝါးတော်၌ နက်နဲသော အရေးအကြောင်းရှိခြင်း။

(၄၇) ဖြောင့်မတ်သော လက္ခဏာအရေးရှိခြင်း။

(၄၈) ရှည်လျားသော လက္ခဏာအရေးအသားရှိခြင်း။

(၄၉) နှစ်သက်တင့်တယ် ရှုချင်ဖွယ်သဏ္ဌာန် အရေးအသားရှိခြင်း။

(၅ဝ) ကိုယ်တော်ကို ဝိုင်း၍ တစ်လံမျှလောက်သော ဗျမပ္ပဘာ ကိုယ်ရောင်တော်ရှိခြင်း။

(၅၁) ပြည့်ဖြိုးသော ပါးပြင်တော်ရှိခြင်း။

(၅၂) ရှည်လျားကျယ်ပြန့်သော မျက်လုံးတော်ရှိခြင်း။

(၅၃) အညို၊အရွှေ၊အဖြူ၊အနီ၊အနက် အဆင်းငါးပါးထွက်သော မျက်လုံးတော်ရှိခြင်း။

(၅၄) ကော့သောမျက်တောင် မျက်ခုံးတော်ရှိခြင်း။

(၅၅) နူးညံ့၍ နီးမြန်းသော လျှာတော်ရှိခြင်း။

(၅၆) ရှည်လျားတင့်တယ်သော နားရွက်တော်ရှိခြင်း။

(၅၇) ချောမွေ့သော ဦးခေါင်းတော်ရှိခြင်း။

(၅၈) ညီညွတ်သော ဦးခေါင်းတော်ရှိခြင်း။

(၅၉) ထီးဝန်းအသွင် ထက်ဝန်းကျင် ရောင်လျှံထွက်သော ဦးခေါင်းတော်ရှိခြင်း။

(၆ဝ) ကောင်းသောရနံ့တို့ဖြင့် ထုံသော ဦးထိပ်တော်ရှိခြင်း။

(၆၁) ကျယ်ပြန့်သော နဖူးတော်ရှိခြင်း။

(၆၂) တင့်တယ်သော သဏ္ဌာန်ရှိသော မျက်မှောင်တော်ရှိခြင်း။

(၆၃) အဖျားသွယ်ဖြူး၍ အထူးတင့်တယ်သော မျက်မှောင်တော်ရှိခြင်း။

(၆၄) ရှည်လျားကျယ်ပြန့်သော မျက်မှောင်တော်ရှိခြင်း။

(၆၅) နူးညံ့သော အမွေးရောက်သော မျက်ခုံးမျက်မှောင်ရှိခြင်း။

(၆၆) မွေးတွင်းစီ၍ အညီအညွတ်ပေါက်သော မွေးညင်းရှိခြင်း။

(၆၇) စိမ်းစိုသိမ်မွေ့သော မွေးညင်းရှိခြင်း။

(၆၈) လက်ယာရစ်လည်သော မွေးညင်းရှိခြင်း။

(၆၉) မျက်ဝန်းညိုအသွင် စိမ်းလွင်ညိုမှောင်သော အမွေးရှိခြင်း။

(၇ဝ) ကောက်ကွေ့ခြင်းကင်း၍ သန့်ရှင်းသော ပြေပြစ်သော အမွေးရှိခြင်း။

(၇၁) ပိတုန်းရောင်ကဲ့သို့ ညိုမှောင်သော ဆံတော်ရှိခြင်း။

(၇၂) လက်ယာရစ်လှည့်ဝိုက်၍ ဦးထိပ်၌စုသော ဆံတော်ရှိခြင်း။

(၇၃) ကောင်းသောသဏ္ဌာန်ရှိသော ဆံချောင်း၊ဆံပင်ရှိခြင်း။

(၇၄) ပြေပြစ်သန့်ရှင်းသော ဆံတော်ရှိခြင်း။

(၇၅) နူးညံ့သိမ်မွေ့သော ဆံတော်ရှိခြင်း။

(၇၆) မရှုပ်မထွေးသော ဆံတော်ရှိခြင်း။

(၇၇) စိုပြည်သောဆံတော်ရှိခြင်း။

(၇၈) မွှေးကြိုင်သော ဆံတော်ရှိခြင်း။

(၇၉) သိမ်မွေ့သော ထွက်သက်ဝင်သက်ရှိခြင်း။

(၈ဝ) ဦးခေါင်းတော်အထက်၌ ပြိုးပြက်ရောင်စုံ မကိုဋ်ရုံသကဲ့သို့ ယှက်ဆုံပေါင်းစုသော ကေတုမာလာ ရတနာရောင်လျှံတော်ရှိခြင်း။

ယခုပြောခဲ့တာက အနာဂတဝင်ကျမ်း ဇိနာလင်္ကာရ ဋီကာတို့ကလာတဲ့ ဘုရားရှင်ရဲ့ လက္ခဏာတော်ငယ် ၈၀ ဖြစ်တယ်၊လက္ခဏာတော်ကြီး၃၂-ပါးမှာ အမှတ်၂- စက်လက္ခဏာနှင့် ပြည့်စုံသော ခြေဖဝါးအပြင် ရှိတယ်လို့ဆိုပါတယ်၊စက်လက္ခဏာဆိုတဲ့ စကားရပ်မှာ စက်ဆိုတာက အဝန်းအဝိုင်း စကြာဘီးပုံဖြစ်ပြီး လက္ခဏာတော်ဆိုတာ အမှတ်အသားရုပ်ပုံအကွက် ၁၀၈-ကွက်ပါတာကို ဆိုလိုပါတယ်။

တည်တောဆရာတော်၏ ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ(၅)မှ ကောက်နူတ်ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]


 























(၂၃) ရှိုင်းသင့်ရာရှိုင်း၊ဖြိုးသင့်ရာဖြိုး၊အမျိုးမျိုး တင့်တယ်သောကိုယ်တော် ရှိတော်မူခြင်း။

















(၄ဝ) စင်ကြယ်သန့်ရှင်းသော ဣနြေ္ဒတော်ရှိခြင်း။
















































 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service