ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
အန္တရာယ်ကြီးငါးပါး။ မျက်မှောက်ဘဝက သဂ္ဂန္တရာယ် မဂ္ဂန္တရာယ် နတ်ပြည် ဈာန် မဂ်ဖိုလ်တို့ကို တားမြစ်တတ်သောတရား ၅-ပါး။
(၁) ကမ္မန္တရာယ် - ပဉ္စာနန္တရိယကံနှင့် ဘိက္ခုနီမ၌ကျူးလွန်မှု၊
(၂) ကိလေသန္တရာယ် - ကိလေသာဆယ်ပါးတွင် ပါဝင်သော နိယတမိစ္ဆာဒိဋ္ဌိ၊
(၃) ဝိပါကန္တရာယ် - အဟိတ်၊ ဒွိဟိတ် ပဋိသန္ဓေ ဝိပါတ်စိတ်၊
(၄) အရိယူပဝါဒန္တရာယ် - အရိယာပုဂ္ဂိုလ်မှန်း သိသိ မသိသိ ပြစ်မှားလိုစိတ်ဖြင့် ကဲ့ရဲ့စွပ်စွဲခြင်း (တောင်းပန်လျှင်ပြေပျောက်၏၊)
(၅) အာဏာဝီတိက္ကမန္တရာယ် - လွန်ကျူးလိုသော စေတနာဖြင့် သင့်ရောက်သော အာပတ်။
မာတိကာကျမ်းမှ....
အန္တရာယ်ဆယ်ပါး
ဘေးဒုက္ခတွေ့ကြုံခြင်းကို အန္တရာယ်ဟုသည်။
(၁) ဆင်းရဲဒုက္ခဝေဒနာ ပြင်းပြစွာခံစားရခြင်း
(၂) ပစ္စည်း ဥစ္စာဓနကုန်ခမ်းပျက်စီးတတ်ခြင်း။
(၃) ခန္ဓာပျက်ပြုန်းပြီး အသက်သေဆုံးရတတ်ခြင်း။
(၄) မိမိကိုယ်မှာနူနာရောဂါ စွဲကပ်ခြင်း။
(၅) စိတ်ဖောက်ပြန်ရှုးသွပ်ခြင်း
(၆) မင်းပြစ်မင်းဒဏ် ကျခံရတတ်ခြင်း။
(၇) သူတစ်ပါး၏ မတရားစွပ်စွဲမှုခံရတတ်ခြင်း။
(၈) စည်းစိမ်သော်လည်း ပြုန်းတီးပျက်စီးတတ်ခြင်း။
(၉) မိမိဆွေမျိုးသားချင်းသော်လည်း ပျက်စီးတတ်ခြင်း။
(၁၀) မိမိနေအိမ်ကို မီးလောင်ခံရတတ်ခြင်း၊(သေလွန်ပြီးသည့်အခါ အပယ်လေးဘုံသို့ ကျရောက်တတ်ခြင်း)
မြတ်ဗုဒ္ဓသာသနာ့အခြေခံမှ...
(တနည်း) ၎င်း ဒဏ်(၁၀)မျိုး
၁။ ကြမ်းတမ်းဆိုးတာ ခေါင်းခဲနာ ရောဂါဖြစ်ရမည်၊
၂။ ဥစ္စာဓန ဆုံးရှုံးရ မုချခံရမည်။
၃။ ကိုယ်လက်အင်္ဂါပျက်စီးတာ မှန်စွာခံရမည်။
၄။ နူနာ အိုင်းနာ စွဲကပ်တာ မှန်စွာခံရမည်။
၅။ စိတ်ပြန့်ရူးတာ ဖြစ်ရမှာ မှန်စွာခံရမည်။
၆။ မင်းဒဏ်သင့်တာ ဖြစ်ရမှာ မှန်စွာခံရမည်။
၇။ သူတစ်ပါးက စွပ်စွဲကြ မုချခံရမည်။
၈။ မှီခိုအားထား ဆွေမျိုးများ ဆုံးပါးပျက်စီးမည်။
၉။ရွှေငွေဥစ္စာခြံရံပါ ဆုံးပါးပျက်ရမည်။
၁၀။ မီးလောင် ရေနစ်မိုးကြိုးပစ် ဆိုးပြစ်ခံရမည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အန္တရာယ်ကြီးငါးပါး
မာတိကာကျမ်းမှ....
အန္တရာယ်ဆယ်ပါး
(တနည်း) ၎င်း ဒဏ်(၁၀)မျိုး