ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
(၁ )ရေ=အရည်ဓာတ်တစ်မျိုး။
(၂) မီး=လောင်ကျွမ်း စေသောဓာတ်တစ်မျိုး။
(၃) မင်းဆိုး=ရေမြေကို အစိုးရသော မင်းဆိုး။
(၄)ခိုးသူ=သူတစ်ပါးပစ္စည်းကို မသိအောင် တိတ်တဆိတ်ယူတတ်သူ။
(၅)မချစ်မနှစ်သက်သောသူ=မိမိကိုမုန်း၍ ပျက်စီးရာပျက်စီးကြောင်း ကြံစည်သူ။(အမွေခံ သားဆိုး သမီးဆိုးများအပါအဝင်)
ဝိပ္ပတ္တိ(ဖောက်ပြန်ချွတ်ယွင်းပျက်စီးခြင်း) တရားလေးပါး-
(၁) ကာလဝိပ္ပတ္တိ=မကောင်းသောမင်း၊မကောင်းသောလူတို့၏ လက်ထက်ဟုဆိုအပ်သောကာလ၌ဖြစ်ရခြင်း။
(၂) ဂထိ ဝိပ္ပတ္တိ=အပါယ်လေးဘုံ၌ ဖြစ်ရခြင်း။
(၃) ဥပဓိ ဝိပ္ပတ္တိ=ယုတ်ညံ့သောအတ္တသဘောကိုရခြင်း၊အဆင်းသဏ္ဍာန်မလှပခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းခြင်း။
(၄) ပယောဂဝိပ္ပတ္တိ=အသိအလိမ္မာမရှိ၊သတိဝီရိယ မရှိဘဲ ပြုမှု၊ပြောမှု၊ကြံစည်မှု၊မကောင်းသောဒုစရိုက်လုပ်ငန်းများကို ကာယကံ၊ဝစီကံ၊မနောကံဖြင့်ပြုလုပ်မှု၊မကောင်းသောလုံ့လအားထုတ်မှုရှိခြင်း။
ဗျသန (ပျက်ဆီးခြင်း ဆုံးပါးခြင်း) တရားငါးပါး -
(၁) ညာတိ ဗျသန - အဆွေအမျိုးတို့ ပျက်ဆီးခြင်း။
(၂) ရောဂ ဗျသန - အနာရောဂါဖြစ်ခြင်းကြောင့် ပျက်စီးခြင်း။
(၃) ဘောဂ ဗျသန- စည်းစိမ် ဥစ္စာ ပျက်ဆီးခြင်း။
(၄) သီလ ဗျသန-ကောင်းသော အကျင့်သီလ ပျက်စီးခြင်း။
(၅) ဒိဋ္ဌိဗျသန - ကောင်းသောအယူဝါဒ ပျက်ဆီးခြင်း၊မိစ္ဆာအယူကို ယူခြင်း။
အဆိုပါ တရားငါးပါးမှ ပထမသုံးပါး ပျက်စီးခြင်းသည် မျက်မှောက်ဘဝတွင်သာ ဆင်းရဲဒုက္ခရောက်သော်လည်း နောက်ဆုံးနှစ်ပါး ပျက်စီးပါက သံသရာတွင်ပါ ဆင်းရဲဒုက္ခရောက်ရပေမည်။ဒိဋ္ဌိဗျသနကား အဆိုးဆုံးဖြစ်၏။
မြတ်ဗုဒ္ဓသာသနာ့အခြေခံမှ
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ရန္သူမ်ိဳးငါးပါး
(၁)ေရ=အရည္ဓာတ္တစ္မ်ိဳး။