ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
အပါယ်လေးပါး =အပါယ်ဆိုသည်မှာ ကောင်းမှုနှင့် မပြည့်စုံသော၊ကောင်းမှုကုသိုလ်များ ပြုခွင့်မရသော၊မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မရနိုင်သော အရပ်ကိုခေါ်သည်။
(၁)ငရဲ= ချမ်းသာမှု အနည်းငယ်မျှမရှိဘဲ မီးတောက်မီးလျှံ၊ဓား၊လှံ၊စက်တို့၌ ခံရခြင်း(သဉ္ဇိုင်းငရဲ၊ကာလသုတ်ငရဲ၊အဝီစိငရဲ စသည်။)
(၂)တိရိစ္ဆာန်=တရားကိုမသိ၊စားခြင်း၊အိပ်ခြင်းနှင့် မေထုံမှီဝဲခြင်းတို့ကိုသာသိသော သတ္တဝါ။
(၃)ပြိတ္တာ=ချမ်းသာသုခမှကင်းဝေးသော သတ္တဝါ။
(၄)အသူရကာယ်= စည်းစိမ်ချမ်းသာ မြူးတူးခြင်းစသည်တို့မှ မမြူးတူး မထွန်းပတတ်သော သတ္တဝါ နေ့စံ၍ ညဉ့်ခံ၊ညဉ့်စံ၍ နေ့ခံရသော သတ္တဝါ။
ကပ်သုံးပါး =ကပ်သုံးပါးဆိုသည်မှာ ပျက်စီခြင်းကိုဆိုသည်။ ကမ္ဘာကြီး မပျက်စီးမီစပ်ကြား သေချင်းဆိုးနှင့်သေရခြင်း၊ပျက်စီခြင်းကိုဆိုလိုသည်။
(၁)သတ္တန္တရကပ်=သေစေတတ်သောဓား၊လှံ၊သေနတ်စသော လက်နက်တို့ဖြင့် အချင်းချင်းတိုက်ခိုက်ထိုးခုတ်၍ များစွာသေကြေပျက်စီးခြင်း။
(၂)ရောဂန္တရကပ်=ကူးစက်တတ်သော အနာရောဂါများ ကျရောက်သဖြင့် များစွာသေကြေပျက်စီးခြင်း။
(၃)ဒုဗ္ဘိက္ခ န္တရကပ်=အစာ ငတ်မွတ်ခေါင်းပါးခြင်းကြောင့် များစွာသေကြေပျက်စီးခြင်း။
ရပ်ပြစ်ရှစ်ပါး (အပြစ်ရှိသောအရပ်)=မဂ်ဖိုကိုရခြင်းမှကင်းသောအရပ်၊မဂ်ဖိုလ်ရောက်အောင် တရားအား ထုတ်ခွင့် မရသော အရပ်ကို အပြစ်ရှိသောအရပ်ဟုခေါ်သည်။အခွင့်ကောင်းမဟုတ်သော ကာလဒေသဟုလည်းဆိုလိုသည်။
ဘုရားပွင့်နေတဲ့အခါ
(၁) ငရဲ=ချမ်းသာမှု အလျဉ်း မရှိသောအရပ်၌ ဖြစ်ရခြင်း။
(၂)တိရိစ္ဆာန်=မဂ်ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော သတ္တဝါဖြစ်ရခြင်း။
(၃)ပြိတ္တာ=အပါယ်လေးဘုံမှာ ဖြစ်နေခြင်း၊ချမ်းသာသုခမှကင်းဝေးသော သတ္တဝါဖြစ်ရခြင်း(အသူရကာယ်ပါဝင်သည်)
(၄)အသညဇော=ဘုရားပွင့်သည့်အခါ လွန်စွာ အသက်ရှည်ပြီး ဘုရားရှင်ကို မဖူးတွေ့နိုင်သည့် အသညသတ်ဗြဟ္မာနှင့် အရူပဗြဟ္မာ ဖြစ်နေခြင်း။
(၅)ပစ္စန္တရော=ရတနာသုံးပါမတည်၍ ရိုင်းစိုင်းသောအရပ်၊ဘုရားရှင်နှင့် ရဟန်းတော်များ မရောက်နိုင်ရာ အစွန်အဖျား ပစ္စန္တရစ် အရပ်တွင် ရောက်နေခြင်း။
(၆)ဝိကလိန္ဒြိယ=ပဋိသန္ဓေအားဖြင့် ကျိုး၊ကန်း၊ဆွံ့၊အ သောသူဖြစ်ရခြင်း။
(၇) မိစ္ဆာဒိဋ္ဌိ=မှားသောအယူကို ယူသော မိစ္ဆာဒိဋ္ဌိတက္ကဒွန်းဖြစ်ရခြင်း။
(၈)ဗုဒ္ဓသုညောတိဟောတုကော=ဘုရားသာသနာမရှိသော ကာလ၌ တိဟိတ်ပဋိသန္ဓေနေသောသူဖြစ်ရခြင်း။
မြတ်ဗုဒ္ဓသာသနာ့အခြေခံမှ.....
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး
ဘုရားပွင့်နေတဲ့အခါ