ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ကံသုံးပါးဆိုတာ ကာယကံ၊ဝစီကံ၊မနောကံ တို့ကိုပြောခြင်းဖြစ်သည်။
ထိုကံသုံးပါးမှ ကိုယ်ဖြင့်ပြုလုပ်သော အကုသိုလ် ကာယကံသုံးပါးရှိသည်။
- ကိုယ်ဖြင့်ပြုလုပ်သော အကုသိုလ်ကံသုံးပါးမှာ…
(၁)ပါဏာတိပါတါ=သူတစ်ပါးအသက်သတ်ခြင်း
(၂)အဒိန္နာဒါနာ=သူတစ်ပါးပစ္စည်းဥစ္စာခိုးယူခြင်း
(၃)ကာမေသုမိစ္ဆာစာရာ =သူတစ်ပါး၏ မယား၊ခင်ပွန်း၊သား၊သမီးတို့ကို မေထုန်မှီဝဲ ကျူးလွန်ခြင်းစသည့် ကာမဂုဏ်တို့၌ မှားသောအကျင့်ကို ကျင့်ခြင်း။
နှုတ်ဖြင့်ပြုလုပ်သော ဝစီအကုသိုလ်ကံမှာ လေးပါးရှိသည်။
ထိုဝစီအကုသိုလ်ကံ လေးပါမှာ-
(၁)မုသာဝါဒါ=မဟုတ်မှန်သောစကားကိုပြောဆိုခြင်း။
(၂)ပိသုဏဝါစာ=သူနှစ်ယောက်အချစ်ကို ပျက်ပြားအောင် ဂုံးချောခြင်း။
(၃)ဖရုသဝါစာ=ကြမ်းတမ်း၍ နားမခံသာသော စကားများကို ပြောဆိုခြင်း၊ဆဲရေးတိုင်းထွာခြင်း။
စိတ်ဖြင့် ကြံစည်သော မနောကံအကုသိုလ်မှာ သုံးပါးရှိသည်။
ထိုမနောကံအကုသိုလ်သုံးပါးမှာ-
(၁)အဘိဇ္ဈာ=သူတစ်ပါးစည်းစိမ်ဥစ္စာ၊သား၊မယားတို့ကို ငါ့ဥစ္စာ အဖြစ်ကြံစည်ခြင်း
(၂) ဗျာပါဒ=သူတစ်ပါးအား ပျက်စီးစေလိုသော ဒေါသရှိခြင်း၊အကြံအစည်ရှိခြင်း
(၃) မိစ္ဆာဒိဌိ=မှားသောအယူကို ယူခြင်း၊ကံကံ၏အကျိုးကို ပစ်ပယ်၍ ဖောက်ဖောက်ပြန်ပြန် အမှားကိုသာမြင်ခြင်း
ဖော်ပြပါ ကာယကံသုံးပါး၊ဝစီကံလေးပါးနှင့်မနောကံသုံးပါး စုစုပေါင်းဆယ်ပါးကိုဒုစရိုက်(မကောင်းသောအကျင့်) ဆယ်ပါးဟုခေါ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ကံသုံးပါးဆိုတာဘာလဲ ...