Def Leppard ရော့ခ်ဂီတအဖွဲ့ကြီးမှ လက်တစ်ဖက် Drummer ဖလော်ရီဒါမှ ဟိုတယ်တစ်ခုရှေ့တွင် ရိုက်နှက် ခံရ၊ ၎င်း၏ လော့စ်အိန်ဂျလိစံအိမ်ကို ဒေါ်လာ ၁ ဒသမ ၉ သန်းဖြင့် ရောင်းမည်
Def Leppard ရော့ခ်ဂီတအဖွဲ့ကြီးမှ လက်တစ်ဖက် Drummer ဖလော်ရီဒါမှ ဟိုတယ်တစ်ခုရှေ့တွင် ရိုက်နှက် ခံရ၊ ၎င်း၏ လော့စ်အိန်ဂျလိစံအိမ်ကို ဒေါ်လာ ၁ ဒသမ ၉ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
7 Apr 2023 10:46 am တွင် တင်ခဲ့သည်
505 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး Def Leppard ၏ သီချင်းများသည် မြန်မာပရိသတ်နှင့် ကောင်းစွာရင်းနှီး ထိတွေ့ပြီး ဖြစ်သည်။
Def Leppard ၏ All I want it everything အမည်ရှိ သီချင်းကို လေးဖြူက ကျိန်စာ၊ I miss you in a heartbeat ကို မျိုးကြီးက အရင်အတိုင်းပဲ မင်းကိုချစ်မယ်၊ Two steps behind ကို ဘိုဘိုက အများသုံး ဘာသာစကား (၂) ဟု ပြန်လည်သီဆိုထားသည်။
(မှတ်ချက် ။ ပြန်လည်သီဆိုထားသော အခြားသီချင်းများစွာ ရှိပါသေးသည်။)
((Def Leppard ၏ ဒရမ်မာ Rick Allen ရိုက်နှက်ခံရခြင်း))
Def Leppard မှ ဒရမ်သမား Rick Allen သည် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှ ဟိုတယ် တစ်ခု အပြင်ဘက်တွင် ရိုက်နှက်ထိုးကြိတ်ခံခဲ့ရပြီး ယခုအခါ ပြန်လည်သက်သာလာနေပြီဟု သိရသည်။
Rick Allen က ပရိသတ်များ၏ ဝိုင်းဝန်းစိတ်ပူ ဆုတောင်းပေးခဲ့ခြင်းများအတွက် ကျေးဇူးတင်ကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
“ပရိသတ်တွေရဲ့ ချစ်ခြင်းနဲ့ ဆုတောင်းမေတ္တာပို့သမှုတွေက တကယ်ပဲ အထောက်အကူဖြစ်ပါတယ်။ ဒီလိုဘ ဖြစ်ပွားချိန်မှာ ကျွန်တော့်ဇနီး Lauren အနားမှာ မရှိတာ ကံကောင်းသွားပါတယ်။ အခုတော့ ဘေးကင်းလုံခြုံတဲ့ နေရာမှာ ရှိနေပြီး ပြန်လည်သက်သာလာနေပါပြီ”ဟု Rick Allen က တွစ်တာတွင် ရေးသားခဲ့သည်။
Allen သည် Four Season ဟိုတယ်တစ်ခုရှေ့တွင် စီးကရက်သောက်နေစဉ် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့၏ ဖော်ထုတ်ချက်အရ Allen ကို တိုက်ခိုက်သူမှာ အသက် ၁၉ နှစ်အရွယ်ရှိ Max Edward Hartley ဆိုသူဖြစ်ပြီး Allen ကို ကူညီရန် ဟိုတယ်ထဲမှ ပြေးထွက်လာသည့် အမျိုးသမီးတစ်ဦးကိုလည်း တိုက်ခိုက်ခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
(Broward ခရိုင် လုံခြုံရေးအရာရှိရုံး။ ဓာတ်ပုံ- CNN Newsource)
CNN သတင်းဌာန၏ ဖော်ပြချက်အရ Hartley သည် အနီးရှိ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးခံခဲ့ရကြောင်း၊ ထိုဟိုတယ်မှ ကားတစ်စီး၏မှန်များကိုလည်း ရိုက်ခွဲခဲ့သေးကြောင်း ဖော်ပြသည်။
အသက် ၅၉ နှစ်ရှိပြီဖြစ်သော ဒရမ်မာ Allen သည် ၁၉၈၄ ခုနှစ်၊ နှစ်သစ်ကူးအကြိုတွင် ကားတိုက်မှုဖြစ်ကာ လက်တစ်ဖက်ဖြတ်ခဲ့ရသည်။ ဝဲဘက်လက် ဖြတ်တောက်ခဲ့ရပြီးနောက် Def Leppard နှင့်အတူ တီးခတ်ဖျော်ဖြေမှုများ ဆက်လက်ပြုလုပ်နိုင်ရန် အပြင်းအထန် လေ့ကျင့်ခဲ့ရသည်။
နှစ်နှစ်ခန့် အပြင်းအထန် လေ့ကျင့်ခဲ့ရပြီးနောက် အထူးပြုလုပ်ထားသည့် drum kit ဖြင့် ပြန်လည်တီးခတ် ဖျော်ဖြေလာနိုင်ခဲ့သည်။
ပရိသတ်များက Allen ကို မိုးကြိုးနတ်ဘုရားဟု တင်စားခေါ်ဝေါ်ကြသည်။ Allen သည် ၁၉၇၈ ခုနှစ်ကတည်းက Def Leppard တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။
(မက်ဆာချူးဆက်ပြည်နယ် ၊ ဘော့စ်တွန်မြို့တွင် Def Leppard အဖွဲ့ကြီး ဖျော်ဖြေခဲ့ပုံ။ ဓာတ်ပုံ-Jessica A)
Def Leppard သည် လာမည့် မေလ ၁၉ ရက်တွင် Drastic Symphonies ဟု အမည်ပေးထားသော တေးအယ်လ်ဘမ်တစ်ခု ထွက်ရှိရန် စီစဉ်ထားသည်။
((လော့စ်အိန်ဂျလိမြို့ ၊ Calabasas အရပ်မှ စံအိမ်ကို Rick Allen က ဒေါ်လာ ၁ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်တင်ထား))
အမေရိကန်ပြည် ၊ လော့စ်အိန်ဂျလိခရိုင် ၊ ဆန်ဖာနန်ဒိုတောင်ကြားမှ Calabasas မြို့ရှိ စံအိမ်ကို Rick Allen က ကန်ဒေါ်လာ ၁ ဒသမ ၈၈၈ သန်းဖြင့် အရောင်းဈေးကွက်တင်ထားသည်။
အကျယ်အဝန်း စတုရန်းပေ ၂၁၆၆ ပေရှိပြီး ထုတ်တန်းဖော် မျက်နှာကြက်များနှင့် မြစ်ကျောက်ဖြင့် ပြုလုပ်ထားသည့် မီးလင်းဖိုရှိကာ ဝန်းကျင်တောင်ကုန်းများ၏ သာယာလှပသော ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားရာ တောင်ပေါ်အပန်းဖြေစခန်းတစ်ခုအသွင် မှတ်ထင်ရသည်။
ခြံဝန်းအတွင်း သစ်ကြီးဝါးကြီးပင်များ၊ Zen အသွင် Rock garden တစ်ခုနှင့် ရေကူးကန်တို့ ပါဝင်ပြီး ခြံအကျယ်မှာ ဧကဝက်နီးပါးရှိသည်။
အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်းပါပြီး master bedroom တွင် လသာဆောင်တစ်ခုရှိသည်။
Rick Allen သည် အဆိုပါအိမ်ကို ၂၀၀၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
(ဆက်စပ်သတင်း)
ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး Def Leppard မှ အဆိုတော် Joe Elliott ၏ စံအိမ်
https://www.imyanmarhouse.com/news/read/1039436
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Def Leppard's one-armed drummer recovering after attack outside Florida hotel (turnto10)
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service