သင်္ကြန်ရေစိုစိုမှာ အလှမပျက်အောင် ဒါလေးတွေဆောင်

သင်္ကြန်ရေစိုစိုမှာ အလှမပျက်အောင် ဒါလေးတွေဆောင် - Property Knowledge in Myanmar from iMyanmarHouse.com
11 Apr 2023 2:33 pm တွင် တင်ခဲ့သည်
817 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အတာရေပက်ဖျန်းတဲ့ တန်ခူးသင်္ကြန်ကာလမှာ ရေမစိုချင်လို့အိမ်တွင်းပုန်းနေရင်တောင် မဖြစ်မနေကိစ္စလေးရှိလို့ လမ်းထိပ်ကိုထွက်လိုက်ပြီဆိုတာနဲ့ ကလေးတစ်သိုက်လက်ချက်မိပြီး တစ်ကိုယ်လုံးစိုရွှဲသွားတဲ့အဖြစ်ကို ပျိုမေတိုင်းကြုံဖူးကြမှာပါ။

ဒါကြောင့် သင်္ကြန်တွင်းမှာရေစိုပြီး အလှပျက်မှာကြောက်တဲ့ပျိုပျိုမေတို့အတွက် သင်္ကြန်ရေတွေစိုစိုရွှဲသွားလည်း လှမြဲလှဆဲဖြစ်နေစေဖို့ ဆောင်ရန်လေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ ရေစိုဒဏ်ကြံ့ကြံ့ခံမယ့် Makeup Look

 

 

အပြင်မထွက်ခင်မှာ အချိန်သုံးနာရီလောက်ပေးပြီး အသေအချာလိမ်းခြယ်ပြင်ဆင်ထားပေမဲ့ သင်္ကြန်ရေလေးထိလိုက်တာနဲ့ လိမ်းထားသမျှအကုန်အရည်ပျော်ကျသွားတဲ့ကိစ္စကို ပျိုမေတို့စိတ်အညစ်ဆုံးဖြစ်မှာပါ။မိတ်ကပ်တွေလွယ်လွယ်အရည်ပျော်ကျတဲ့ရန်ကကင်းဝေးရအောင် သင်္ကြန်တွင်းမှာ မိတ်ကပ်လိမ်းမယ်ဆိုရင်....

 

- Gel based products တွေကိုရွေးချယ်ပြီးလိမ်းပါ။

- မိတ်ကပ်ကြာရှည်ခံစေဖို့ Setting Spray ကို မဖြစ်မနေအသုံးပြုပေးပါ။

- ရေစိုခံတဲ့ Waterproof Eyeliner, Mascaras, Eyeshadow တွေကိုသုံးပေးပါ။

- Eyeshadow ခြယ်မယ်ဆိုရင် အရောင်ဖျော့ဖျော့ခြယ်တာမျိုးမလုပ်ဘဲ သင်္ကြန်နဲ့လိုက်ဖက်တဲ့ ကာလာတောက်တောက်လေးတွေခြယ်ပေးပါ။

 

 

 

- ပါးကိုအရောင်တင်တဲ့အခါ Blush Powder အစား Tint ကိုသုံးပေးပါ။

- နှုတ်ခမ်းနီဆိုးမယ်ဆိုရင် ဖ‌ယောင်းပါတဲ့ စိုစိုပြောင်ပြောင် lipstick အစား ကြာရှည်ခံတဲ့ Matte Type ကိုဆိုးပေးပါ။

- နေရောင်ခြည်ဒဏ်ကိုကာကွယ်ပေးမယ့် Sunscreen ကိုလိမ်းဖို့လည်းမမေ့ပါနဲ့။

ဒီအချက်လေးတွေကို သတိထားလုပ်ဆောင်မယ်ဆိုရင် သင်္ကြန်ရေဘယ်လောက်စိုစို ပျိုမေတို့မျက်နှာလေးတွေက လှမြဲတိုင်းလှနေမှာပါ။

 

 

၂။ သင်္ကြန်အတွက် ရွေးသင့်တဲ့ Outfit

 

ပါးလွှာတဲ့အဝတ်အစားတွေက သင်္ကြန်ရေထိမိပြီဆိုရင် ခန္ဓာကိုယ်မှာကပ်ပြီး နေရထိုင်ရအဆင်မပြေစေပါဘူး။ သင်္ကြန်အတွက် Outfit ရွေးတော့မယ်ဆိုရင် Trend ဖြစ်နေတဲ့ ပေါ့ပေါ့ပါးပါး Croptop လေးတွေကမပါမဖြစ်ပါ။ သေးသေးကွေးကွေး Croptop လေးတွေကို Jean Pant ၊ Cargo Pant၊ Jean Skirt ၊ Short Pant စတာလေးတွေနဲ့တွဲဖက်ဝတ်ဆင်မယ်ဆိုရင် ချစ်စရာကောင်းသလိုအထာလည်းကျတဲ့ဖက်ရှင်ကို ပိုင်ဆိုင်နိုင်မှာပါ။

 

 

ရေပက်တဲ့ဒဏ်ကိုခံနိုင်အောင် Jacket၊ Hoodie လေးတွေကို အပေါ်ထပ်အနေနဲ့ဝတ်ဆင်လို့ရပြီး မျက်နှာကို နေမလောင်ချင်ဘူးဆိုရင်တော့ Bucket Hatနဲ့ နေကာလျှာထိုးဦးထုပ်လေးတွေကို စတိုင်ကျကျဝတ်ဆင်လို့ရပါတယ်။ မျက်လုံးထဲကိုရေဝင်တာသက်သာစေဖို့ ကာကွယ်ပေးတဲ့ မျက်မှန်အကြည်လေးတွေကလည်း ပျိုမေတို့အတွက် အတွဲအစပ်မိတဲ့ သင်္ကြန်ဖက်ရှင်ကို ဖန်တီးပေးနိုင်ပါတယ်။

 

 

၃။ ရေစိုလည်းလှ ဖက်ရှင်လည်းကျတဲ့ Hairstyle

 

ရေလောင်းခံရတဲ့အခါ ဆံပင်ကို ဖားလျားချထားမိမယ်ဆိုရင် ဆံသားကိုပိုမိုပျက်စီးစေပြီး ကြည့်ရလည်းဆိုးစေပါတယ်။ပျိုမေတို့ရဲ့ ဆံကေသာလေးတွေကို ရေစိုလည်းလှနေချင်တယ်၊ ဖက်ရှင်လည်းကျချင်တယ်ဆိုရင်တော့ ရိုးရိုးရှင်းရှင်းကျစ်ဆံမြီးလေးတွေကကူညီပေးနိုင်ပါတယ်။ ကျစ်ဆံမြီးကျစ်ထားမယ်ဆိုရင် ဆံပင်ရှုပ်တာသက်သာပြီး ရေစိုသွားလည်းပုံစံမပျက်လှနေစေမှာပါ။

ဒီလိုမှမလုပ်ချင်ဘူးဆိုရင်တော့ ဆံပင်ကို Ponytail စည်းတာ၊ ဆံထုံးလေးထုံးပြီး ရှေ့မှာ ခေါင်းစည်းပုဝါလေးစည်းထားတာ စတဲ့ သင်္ကြန်စတိုင်လေးတွေကို တစ်နေ့တစ်မျိုးမရိုးအောင်ပြင်လို့ရပါတယ်။

ဒါဆိုရင် သင်္ကြန်ရေစိုစိုမှာ အလှမပျက်စေဖို့ဆောင်ရန်လေးတွေကို ပြောပြပေးပြီးသွားဆိုတော့ အလှကြိုက်တဲ့ပျိုပျိုမေအားလုံး သင်္ကြန်တွင်းကိုလှလှပပကျော့ကျော့မော့မော့လေးကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

သႀကၤန္ေရစိုစိုမွာ အလွမပ်က္ေအာင္ ဒါေလးေတြေဆာင္

 

အတာေရပက္ဖ်န္းတဲ့ တန္ခူးသႀကၤန္ကာလမွာ ေရမစိုခ်င္လို႔အိမ္တြင္းပုန္းေနရင္ေတာင္ မျဖစ္မေနကိစၥေလး႐ွိလို႔ လမ္းထိပ္ကိုထြက္လိုက္ၿပီဆိုတာနဲ႔ ကေလးတစ္သိုက္လက္ခ်က္မိၿပီး တစ္ကိုယ္လုံးစို႐ႊဲသြားတဲ့အျဖစ္ကို ပ်ိဳေမတိုင္းၾကဳံဖူးၾကမွာပါ။

ဒါေၾကာင့္ သႀကၤန္တြင္းမွာေရစိုၿပီး အလွပ်က္မွာေၾကာက္တဲ့ပ်ိဳပ်ိဳေမတို႔အတြက္ သႀကၤန္ေရေတြစိုစို႐ႊဲသြားလည္း လွၿမဲလွဆဲျဖစ္ေနေစဖို႔ ေဆာင္ရန္ေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

 

၁။ ေရစိုဒဏ္ၾကံ့ၾကံ့ခံမယ့္ Makeup Look

အျပင္မထြက္ခင္မွာ အခ်ိန္သုံးနာရီေလာက္ေပးၿပီး အေသအခ်ာလိမ္းျခယ္ျပင္ဆင္ထားေပမဲ့ သႀကၤန္ေရေလးထိလိုက္တာနဲ႔ လိမ္းထားသမွ်အကုန္အရည္ေပ်ာ္က်သြားတဲ့ကိစၥကို ပ်ိဳေမတို႔စိတ္အညစ္ဆုံးျဖစ္မွာပါ။မိတ္ကပ္ေတြလြယ္လြယ္အရည္ေပ်ာ္က်တဲ့ရန္ကကင္းေဝးရေအာင္ သႀကၤန္တြင္းမွာ မိတ္ကပ္လိမ္းမယ္ဆိုရင္

- Gel based products ေတြကိုေ႐ြးခ်ယ္ၿပီးလိမ္းပါ။ - မိတ္ကပ္ၾကာ႐ွည္ခံေစဖို႔ Setting Spray ကို မျဖစ္မေနအသုံးျပဳေပးပါ။

- ေရစိုခံတဲ့ Waterproof Eyeliner, Mascaras, Eyeshadow ေတြကိုသုံးေပးပါ။

- Eyeshadow ျခယ္မယ္ဆိုရင္ အေရာင္ေဖ်ာ့ေဖ်ာ့ျခယ္တာမ်ိဳးမလုပ္ဘဲ သႀကၤန္နဲ႔လိုက္ဖက္တဲ့ ကာလာေတာက္ေတာက္ေလးေတြျခယ္ေပးပါ။

- ပါးကိုအေရာင္တင္တဲ့အခါ Blush Powder အစား Tint ကိုသုံးေပးပါ။

- ႏႈတ္ခမ္းနီဆိုးမယ္ဆိုရင္ ဖ‌ေယာင္းပါတဲ့ စိုစိုေျပာင္ေျပာင္ lipstick အစား ၾကာ႐ွည္ခံတဲ့ Matte Type ကိုဆိုးေပးပါ။

- ေနေရာင္ျခည္ဒဏ္ကိုကာကြယ္ေပးမယ့္ Sunscreen ကိုလိမ္းဖို႔လည္းမေမ့ပါနဲ႔။

ဒီအခ်က္ေလးေတြကို သတိထားလုပ္ေဆာင္မယ္ဆိုရင္ သႀကၤန္ေရဘယ္ေလာက္စိုစို ပ်ိဳေမတို႔မ်က္ႏွာေလးေတြက လွၿမဲတိုင္းလွေနမွာပါ။

 

၂။ သႀကၤန္အတြက္ ေ႐ြးသင့္တဲ့ Outfit

ပါးလႊာတဲ့အဝတ္အစားေတြက သႀကၤန္ေရထိမိၿပီဆိုရင္ ခႏၶာကိုယ္မွာကပ္ၿပီး ေနရထိုင္ရအဆင္မေျပေစပါဘူး။ သႀကၤန္အတြက္ Outfit ေ႐ြးေတာ့မယ္ဆိုရင္ Trend ျဖစ္ေနတဲ့ ေပါ့ေပါ့ပါးပါး Croptop ေလးေတြကမပါမျဖစ္ပါ။ ေသးေသးေကြးေကြး Croptop ေလးေတြကို Jean Pant ၊ Cargo Pant၊ Jean Skirt ၊ Short Pant စတာေလးေတြနဲ႔တြဲဖက္ဝတ္ဆင္မယ္ဆိုရင္ ခ်စ္စရာေကာင္းသလိုအထာလည္းက်တဲ့ဖက္႐ွင္ကို ပိုင္ဆိုင္ႏိုင္မွာပါ။ ေရပက္တဲ့ဒဏ္ကိုခံႏိုင္ေအာင္ Jacket၊ Hoodie ေလးေတြကို အေပၚထပ္အေနနဲ႔ဝတ္ဆင္လို႔ရၿပီး မ်က္ႏွာကို ေနမေလာင္ခ်င္ဘူးဆိုရင္ေတာ့ Bucket Hatနဲ႔ ေနကာလွ်ာထိုးဦးထုပ္ေလးေတြကို စတိုင္က်က်ဝတ္ဆင္လို႔ရပါတယ္။ မ်က္လုံးထဲကိုေရဝင္တာသက္သာေစဖို႔ ကာကြယ္ေပးတဲ့ မ်က္မွန္အၾကည္ေလးေတြကလည္း ပ်ိဳေမတို႔အတြက္ အတြဲအစပ္မိတဲ့ သႀကၤန္ဖက္႐ွင္ကို ဖန္တီးေပးႏိုင္ပါတယ္။

 

၃။ ေရစိုလည္းလွ ဖက္႐ွင္လည္းက်တဲ့ Hairstyle

ေရေလာင္းခံရတဲ့အခါ ဆံပင္ကို ဖားလ်ားခ်ထားမိမယ္ဆိုရင္ ဆံသားကိုပိုမိုပ်က္စီးေစၿပီး ၾကည့္ရလည္းဆိုးေစပါတယ္။ပ်ိဳေမတို႔ရဲ႕ ဆံေကသာေလးေတြကို ေရစိုလည္းလွေနခ်င္တယ္၊ ဖက္႐ွင္လည္းက်ခ်င္တယ္ဆိုရင္ေတာ့ ႐ိုး႐ိုး႐ွင္း႐ွင္းက်စ္ဆံၿမီးေလးေတြကကူညီေပးႏိုင္ပါတယ္။ က်စ္ဆံၿမီးက်စ္ထားမယ္ဆိုရင္ ဆံပင္႐ႈပ္တာသက္သာၿပီး ေရစိုသြားလည္းပုံစံမပ်က္လွေနေစမွာပါ။ ဒီလိုမွမလုပ္ခ်င္ဘူးဆိုရင္ေတာ့ ဆံပင္ကို Ponytail စည္းတာ၊ ဆံထုံးေလးထုံးၿပီး ေ႐ွ႕မွာ ေခါင္းစည္းပုဝါေလးစည္းထားတာ စတဲ့ သႀကၤန္စတိုင္ေလးေတြကို တစ္ေန႔တစ္မ်ိဳးမ႐ိုးေအာင္ျပင္လို႔ရပါတယ္။

ဒါဆိုရင္ သႀကၤန္ေရစိုစိုမွာ အလွမပ်က္ေစဖို႔ေဆာင္ရန္ေလးေတြကို ေျပာျပေပးၿပီးသြားဆိုေတာ့ အလွႀကိဳက္တဲ့ပ်ိဳပ်ိဳေမအားလုံး သႀကၤန္တြင္းကိုလွလွပပေက်ာ့ေက်ာ့ေမာ့ေမာ့ေလးေက်ာ္ျဖတ္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service