သင်္ကြန်တွင်း ခရီးသွားဖို့ Ready ပဲလား? ဒီအချက်လေးတွေ သိလို့ထား။
သင်္ကြန်တွင်း ခရီးသွားဖို့ Ready ပဲလား? ဒီအချက်လေးတွေ သိလို့ထား။ - Property Knowledge in Myanmar from iMyanmarHouse.com
8 Apr 2023 11:43 am တွင် တင်ခဲ့သည်
538 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
သင်္ကြန်ပိတ်ရက်ရှည်ကြီးလဲ စပြီ ဆိုတော့ Special ပိတ်ရက်ကြီးမှာ စိတ်ပြေလက်ပျောက် ခရီးရှည်ထွက်ဖို့ Ready ပဲလားနော်။ အခုဆို ကမ်းခြေက Hotel တွေ Booking ပြည့်နေလောက်ပြီထင်တယ်နော်။ ကမ်းခြေမှာ ရေကူးဝတ်စုံဝတ်ပြီး ကဲမလား။ မြန်မာပြည်အနှံ့ဘုရားဖူးလျှောက်လည်မလား ပိတ်ရက်ရှည်ကြီးကို ပျော်ရွင်မှုအပြည့်နဲ့ လည်ပတ်နိုင်ဖို့ ဆောင်ရန် ရှောင်ရှန် အချက်လေးတွေကို သိထားဖို့ရာ တင်ဆက်ပေးလိုက်ပါတယ်။
မရှိမဖြစ် Sun Cream
နေလောင်ဒဏ်ကာ Sun Cream မလိမ်းထားရင်တော့ ဘေဘီတို့ တစ်နှစ်ပတ်လုံးဥထားသမျှ ဖြူဥနေတဲ့အသားအရည်လေးဟာ ခရီးထွက်နေစဉ်ကာလအတွင်း တစ်မဟုတ်ချင်း မဲ သွားမှာပါနော်။ ကမ်းခြေသွားရင်ပဲဖြစ်ဖြစ်၊ မြန်မာပြည်အနှံ့ ဘုရားဖူး ထွက်ရင်ပဲဖြစ်ဖြစ် ရက်ရက်စက်စက်ပူပြင်းလှတဲ့ နေလောင်ဒဏ် ခရမ်းလွန်ရောင်ခြည်ကို အသားအရည်နုနုလေးပေါ်မရောက်အောင် အပြည့်အဝကာကွယ်ဖို့အတွက် Spf 30 အထက် ပါတဲ့ SunCream ကို အသုံးပြုဖို့ လိုပါမယ်။ SunCream လေးလိမ်းထားပြီးရင်တော့ ခရီးရက်ရှည်အတွင်း စိုးရိမ်ပူပန်ခြင်းမရှိ အပြတ်ကဲလို့ရပြီပေါ့။
ဖုန်းအားကုန်တဲ့အခါ လိုအပ်တဲ့အရာ
ပိတ်ရက်ရှည်အတွင်း မိသားစုလိုက် သူငယ်ချင်းအုပ်စုလိုက်ပျော်ပျော်ပါးပါးခရီးရှည်ထွက်ကြတဲ့အခါ အမှတ်တရ အလှဓာတ်ပုံ ဗီဒီယို လေးတွေ မှတ်တမ်းတင်ရိုက်ကူးဖို့ ဖုန်းအားမလုံလောက်ရင်တော့ ဂွမ်းပြီလေ။ ဒါကြောင့်မို့ ဖုန်းအားသွင်းကြိုး ပါဝါ Bank အပိုများကို ခရီးဆောင်အိတ်အတွင်း မမေ့မလျော့ထည့်ထားဖို့ ထိပ်ဆုံးကလိုမယ်နော်။
ပျော်ရွင်မှုအပြည့်နဲ့ ခရီးစဉ် ဖြစ်ဖို့
ချစ်ခင်ရတဲ့ မိသားစု၊ သူငယ်ချင်းအုပ်စုတွေ စုံတုန်း နွေရာသီသင်္ကြန်ပိတ်ရက်ရှည်အတွင်း ခရီးထွက်ကြတဲ့အခါ ပျော်ရွင်မှုအပြည့်နဲ့ခရီးစဉ်လေးဖြစ်ဖို့ ခရီးစဉ်အတွင်း ဘယ်နေရာကို လည်ပတ်မယ် ဘယ်လိုမျိုး Activities လေးတွေ လုပ်ကြမယ် စသဖြင့် ခရီးစထွက်တဲ့အခါ ပျော်ပျော်ရွင်ရွင်တိုင်ပင်သွားဖို့လိုပါမယ်။ ခရီးစဉ်အတွင်းမှာလည်း တစ်နှစ်တာစိုးရိမ်ပူပန်သမျှကို အရည်ဖျော်ပစ်ဖို့ စိတ်ပင်ပန်းသမျှ လွှတ်ချပြီး စိတ်လွတ်ကိုယ်လွတ် အပန်းဖြေမှ ခရီးရှည်ထွက်ရတန်မှာဖြစ်ပါတယ်။
စူးစမ်းဖွေရှာ လည်ပတ်ပါ။
အချိန်အလုံအလောက်နဲ့လည်ပတ်ရတဲ့ခရီးစဉ်ကြီးမှာ ကိုယ်မသွားလိုက်ရတဲ့နေရာမရှိရလေအောင် ဟိုနေရာဒီနေရာ နေရာအစုံလည်ပတ်ခဲ့စေချင်ပါတယ်။ စိတ်လှုပ်ရှားမှုအပြည့်နဲ့ခရီးစဉ်ဖြစ်ဖို့ ဟိုတယ်ခန်းထဲမှာချည်းပဲ အချိန်ကုန်မနေပဲ နေရာအစုံသို့ လည်ပတ်၊ နာမည်ကြီး ဒေသ အစားအသောက်များကို စား ၊ အထိမ်းအမှတ်နေရာတွေနဲ့ ထူးဆန်းအံ့ဖွယ်နေရာ လေးများကို မိသားစု သူငယ်ချင်းများနဲ့အတူ မသွားမဖြစ်သွားဖို့ အကြံပြုချင်ပါတယ်နော်။
ဖုန်းသုံးချိန်ကို ကန့်သတ်ထားရှိပါ။
အပန်းဖြေဖို့ ထွက်လာတာ ဖုန်းသုံးပြီး အချိန်ကုန်နေဖို့မဟုတ်ဘူးလေ။ အတူပါလာတဲ့ သူငယ်ချင်းတွေကိုမေ့ပြီး ဘယ်သွားသွားဖုန်းကိုပဲ ငိုက်စိုက်ကြည့်နေရင်တော့ ခရီးထွက်လာတာအချည်းနှီးပါပဲနော်။ Social Media ပေါ်မှာ အလှဓာတ်ပုံလေးတွေ တင်တာလဲတင်၊ ကျန်တဲ့အချိန်ကိုတော့ ခရီးစဉ်ထဲမှာပဲ စိတ်နှစ်ပြီး အပန်းဖြေမှသာ ဘဝမှာမမေ့နိုင်တဲ့ ခရီးစဉ်တစ်ခုဖြစ်လာမှာ အမှန်ပါ။
ကဲ ပိတ်ရက်ရှည်မှာ အပန်းဖြေသွားမယ့် လေဒီတို့ ဘေဘီတို့အတွက် ရှောင်ရန် ဆောင်ရန်အချက်လေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်နော်။ ပိတ်ရက်ရှည်ကြီးမှာ ပျော်ရွင်လန်းဆန်းစွာ လည်လည်ထွက်နိုင်ပါစေနော်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
မရှိမဖြစ် Sun Cream
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
royal-hill
7Mile Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service