မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်၏ ကွာလာလမ်ပူစံအိမ် ရင်းဂစ် ၁၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်နေ

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်၏ ကွာလာလမ်ပူစံအိမ် ရင်းဂစ် ၁၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်နေ - Property News in Myanmar from iMyanmarHouse.com
11 Apr 2023 4:37 pm တွင် တင်ခဲ့သည်
622 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်၏ ကွာလာလမ်ပူမြို့ ၊ Bukit Segambut အရပ်ရှိစံအိမ်ကို အရောင်းဈေးကွက်တင်ထားပြီး ရင်းဂစ် ၁၂ သန်း ဈေးခေါ်ထားသည်။

အဆိုပါ စံအိမ်၏ မူလခေါ်ဈေးမှာ ရင်းဂစ် ၁၅ သန်းဖြစ်သော်လည်း နောက်ပိုင်းတွင် ရင်းဂစ် ၁၂ သန်းသို့ဈေးလျော့ပေးခဲ့ခြင်းဖြစ်ကြောင်း Mudah.my က ဖော်ပြသည်

(အန်ဝါအီဗရာဟင်၏ ကွာလာလမ်ပူမြို့၊ Bukit Segambut အရပ်ရှိ ဘန်ဂလိုအိမ်)

MalaysiaNow သို့ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အန်ဝါအီဗရာဟင်သည် လွန်ခဲ့သောတစ်နှစ်က ဆလန်ကောပြည်နယ် Kajang ရှိ နေအိမ်သစ်သို့ ပြောင်းရွှေ့သွားခဲ့ပြီးနောက်ပိုင်း ယခုအိမ်ကို အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆဗားပြည်နယ် ရွေးကောက်ပွဲကာလအတွင်း ထိုနေအိမ်ကို တန်ဖိုးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုအိမ်သည် အကြိမ်ပေါင်းများစွာ ပိုင်ရှင်အပြောင်းအလဲ ဖြစ်ခဲ့ရာ ၁၉၇၉ ခုနှစ် ၊ အောက်တိုဘာ ၁၁ ရက်တွင် Fauziah ထံမှ ဒုတိယပိုင်ရှင်ဖြစ်သူTan- Chong ထံသို့ ၁၉၉၇ ခုနှစ် ၊ နိုဝင်ဘာ ၆ ရက်တွင် လွှဲပြောင်းရောက်ရှိခဲ့သည်။

၂၀၀၅ ခုနှစ် ၊ သြဂုတ် ၅ ရက်တွင် ထိုနေအိမ်ကို ဝန်ကြီးချုပ် အန်ဝါအီဗရာဟင် ပိုင်ဆိုင်လာခဲ့သည်။

အန်ဝါအီဗရာဟင်သည် ၂၀၀၄ ခုနှစ်တွင် ထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်ရာ ထောင်မှလွတ်ပြီး တစ်နှစ်အကြာတွင် ယခုစံအိမ်ကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက်တွင် အန်ဝါအီဗရာဟင်က သူ၏ ပိုင်ဆိုင်မှုအရပ်ရပ်မှာ ရင်းဂစ် ၁၀ ဒသမ ၇၄ သန်းရှိကြောင်း ကြေညာခဲ့သည်။

သူ၏ ပိုင်ဆိုင်မှုစာရင်းကို မလေးရှားအကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးကော်မရှင်ထံသို့ တင်သွင်းခဲ့ရခြင်း ဖြစ်သည်။

ထိုပိုင်ဆိုင်မှု တန်ဖိုးကို လက်ရှိနေထိုင်သော Bukit Segambut အရပ်ရှိ ၉ ဒသမ ၅ သန်းတန် နေအိမ်လည်း ပါဝင်သည်။

ထိုနေအိမ်ကို Bukit Damansara အရပ်ရှိ နေအိမ်ရောင်းချရာမှ ရရှိလာသော ငွေများဖြင့် ဝယ်ခဲ့ခြင်းဖြစ်ပြီး ရင်းဂစ် ၄ ဒသမ ၅ သန်းပေးခဲ့ရသည်။

ထို့အပြင် အန်ဝါသည် Pahang ရှိ မြေကွက်တစ်ကွက်ကိုလည်း ၁၉၇၄ ခုနှစ်တွင် ရင်းဂစ် ၇၀၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း ထုတ်ဖော်ကြေညာထားသည်။

(ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ အိမ်တွင် ၁ မီတာရှည်သော မြွေဟောက်ကြီးတစ်ကောင်တွေ့ခဲ့)

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် မိသားစုနေထိုင်သော နေအိမ်အတွင်း၌ မြွေဟောက်ကြီးတစ်ကောင်တွေ့ခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် ည ၇ နာရီ ၃၃ မိနစ်တွင် ထိုမြွေဟောက်ကြီးသည် အန်ဝါ၏ အိမ်ဝန်းအတွင်း ဝင်ရောက်နေစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မလေးရှားကာကွယ်ရေးတပ်ဖွဲ့ဝင် (APM) ၄ ဦး လျင်မြန်စွာရောက်ရှိလာခဲ့ပြီး ဝန်ကြီးချုပ်ခြံဝန်းမှ အစောင့်ဂိတ်တဲတွင် မြွေဟောက်ကြီးကို ဖမ်းဆီးရမိခဲ့သည်။

“အစောင့်ဂိတ်မှာ တာဝန်ကျနေတဲ့ လုံခြုံရေးဝန်ထမ်း ၅ ဦးထဲက တစ်ဦးက အနက်ရောင်မြွေဟောက်ကြီးကို တွေ့ခဲ့တာပါ”ဟု Hulu Langat ခရိုင် APM အဖွဲ့ တပ်ကြပ် Mior Norazlan Safian က New Straits Times သတင်းစာသို့ ပြောသည်။

မြွေ၏ အလျားမှာ ၁ မီတာရှည်ပြီး အလေးချိန် ၈၀၀ ဂရမ်ရှိသည်။

မလေးရှားဝန်ကြီးချုပ်နှင့် ဇနီးက APM အဖွဲ့၏ အဆောတလျင်လုပ်ဆောင်နိုင်မှုကို ကျေးဇူးတင်ခဲ့ပြီး ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Anwar’s Bukit Segambut bungalow selling for RM12 million (malaysianow, straitstimes, sea.mashable)

[Zawgyi]

မေလးရွားဝန္ၾကီးခ်ဳပ္ အန္ဝါအီဗရာဟင္၏ ကြာလာလမ္ပူစံအိမ္ ရင္းဂစ္ ၁၂ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္ေန

မေလးရွားဝန္ၾကီးခ်ဳပ္ အန္ဝါအီဗရာဟင္၏ ကြာလာလမ္ပူျမိဳ႕ ၊ Bukit Segambut အရပ္ရွိစံအိမ္ကို အေရာင္းေစ်းကြက္တင္ထားျပီး ရင္းဂစ္ ၁၂ သန္း ေစ်းေခၚထားသည္။

အဆိုပါ စံအိမ္၏ မူလေခၚေဈးမွာ ရင္းဂစ္ ၁၅ သန္းျဖစ္ေသာ္လည္း ေနာက္ပိုင္းတြင္ ရင္းဂစ္ ၁၂ သန္းသို႔ေဈးေလ်ာ့ေပးခဲ့ျခင္းျဖစ္ေၾကာင္း Mudah.my က ေဖာ္ျပသည္။

(အန္ဝါအီဗရာဟင္၏ ကြာလာလမ္ပူျမိဳ႕၊ Bukit Segambut အရပ္ရွိ ဘန္ဂလိုအိမ္)

MalaysiaNow သို႔ သတင္းရင္းျမစ္မ်ား၏ ေျပာၾကားခ်က္အရ အန္ဝါအီဗရာဟင္သည္ လြန္ခဲ့ေသာတစ္ႏွစ္က ဆလန္ေကာျပည္နယ္ Kajang ရွိ ေနအိမ္သစ္သို႔ ေျပာင္းေရႊ႕သြားခဲ့ျပီးေနာက္ပိုင္း ယခုအိမ္ကို အေရာင္းေစ်းကြက္တင္ခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

ဆဗားျပည္နယ္ ေရြးေကာက္ပြဲကာလအတြင္း ထိုေနအိမ္ကို တန္ဖုိးျဖတ္ခဲ့ျခင္းျဖစ္သည္။

ထိုအိမ္သည္ အၾကိမ္ေပါင္းမ်ားစြာ ပိုင္ရွင္အေျပာင္းအလဲ ျဖစ္ခဲ့ရာ ၁၉၇၉ ခုႏွစ္ ၊ ေအာက္တုိဘာ ၁၁ ရက္တြင္ Fauziah ထံမွ ဒုတိယပိုင္ရွင္ျဖစ္သူTan- Chong ထံသို႔ ၁၉၉၇ ခုႏွစ္ ၊ ႏိုဝင္ဘာ ၆ ရက္တြင္ လႊဲေျပာင္းေရာက္ရွိခဲ့သည္။

၂၀၀၅ ခုႏွစ္ ၊ ၾသဂုတ္ ၅ ရက္တြင္ ထိုေနအိမ္ကို ဝန္ၾကီးခ်ဳပ္ အန္ဝါအီဗရာဟင္ ပိုင္ဆိုင္လာခဲ့သည္။

အန္ဝါအီဗရာဟင္သည္ ၂၀၀၄ ခုႏွစ္တြင္ ေထာင္မွ ျပန္လည္ လြတ္ေျမာက္လာခဲ့ျခင္းျဖစ္ရာ ေထာင္မွလြတ္ျပီး တစ္ႏွစ္အၾကာတြင္ ယခုစံအိမ္ကို ဝယ္ယူလိုက္ျခင္း ျဖစ္သည္။

၂၀၁၉ ခုႏွစ္၊ မတ္လ ၇ ရက္တြင္ အန္ဝါအီဗရာဟင္က သူ၏ ပိုင္ဆိုင္မႈအရပ္ရပ္မွာ ရင္းဂစ္ ၁၀ ဒသမ ၇၄ သန္းရွိေၾကာင္း ေၾကညာခဲ့သည္။

သူ၏ ပိုင္ဆိုင္မႈစာရင္းကို မေလးရွားအက်င့္ပ်က္ခ်စားမႈ တုိက္ဖ်က္ေရးေကာ္မရွင္ထံသို႔ တင္သြင္းခဲ့ရျခင္း ျဖစ္သည္။

ထိုပိုင္ဆိုင္မႈ တန္ဖုိးကို လက္ရွိေနထိုင္ေသာ Bukit Segambut အရပ္ရွိ ၉ ဒသမ ၅ သန္းတန္ ေနအိမ္လည္း ပါဝင္သည္။

ထိုေနအိမ္ကို Bukit Damansara အရပ္ရွိ ေနအိမ္ေရာင္းခ်ရာမွ ရရွိလာေသာ ေငြမ်ားျဖင့္ ဝယ္ခဲ့ျခင္းျဖစ္ျပီး ရင္းဂစ္ ၄ ဒသမ ၅ သန္းေပးခဲ့ရသည္။

ထို႔အျပင္ အန္ဝါသည္ Pahang ရွိ ေျမကြက္တစ္ကြက္ကိုလည္း ၁၉၇၄ ခုႏွစ္တြင္ ရင္းဂစ္ ၇၀၀၀ ျဖင့္ ဝယ္ယူခဲ့ေၾကာင္း ထုတ္ေဖာ္ေၾကညာထားသည္။

(ဝန္ၾကီးခ်ဳပ္ အန္ဝါ အီဘရာဟင္၏ အိမ္တြင္ ၁ မီတာရွည္ေသာ ေျမြေဟာက္ၾကီးတစ္ေကာင္ေတြ႔ခဲ့)

၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္းက မေလးရွားဝန္ၾကီးခ်ဳပ္ အန္ဝါ အီဘရာဟင္ႏွင့္ မိသားစုေနထိုင္ေသာ ေနအိမ္အတြင္း၌ ေျမြေဟာက္ၾကီးတစ္ေကာင္ေတြ႔ခဲ့သည္။

၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၀ ရက္ ည ၇ နာရီ ၃၃ မိနစ္တြင္ ထိုေျမြေဟာက္ၾကီးသည္ အန္ဝါ၏ အိမ္ဝန္းအတြင္း ဝင္ေရာက္ေနစဥ္ ေတြ႔ရွိခဲ့ျခင္းျဖစ္သည္။

မေလးရွားကာကြယ္ေရးတပ္ဖြဲ႔ဝင္ (APM) ၄ ဦး လ်င္ျမန္စြာေရာက္ရွိလာခဲ့ျပီး ဝန္ၾကီးခ်ဳပ္ျခံဝန္းမွ အေစာင့္ဂိတ္တဲတြင္ ေျမြေဟာက္ၾကီးကို ဖမ္းဆီးရမိခဲ့သည္။

“အေစာင့္ဂိတ္မွာ တာဝန္က်ေနတဲ့ လံုျခံဳေရးဝန္ထမ္း ၅ ဦးထဲက တစ္ဦးက အနက္ေရာင္ေျမြေဟာက္ၾကီးကို ေတြ႔ခဲ့တာပါ”ဟု Hulu Langat ခရိုင္ APM အဖြဲ႔ တပ္ၾကပ္ Mior Norazlan Safian က New Straits Times သတင္းစာသို႔ ေျပာသည္။

ေျမြ၏ အလ်ားမွာ ၁ မီတာရွည္ျပီး အေလးခ်ိန္ ၈၀၀ ဂရမ္ရွိသည္။

မေလးရွားဝန္ၾကီးခ်ဳပ္ႏွင့္ ဇနီးက APM အဖြဲ႔၏ အေဆာတလ်င္လုပ္ေဆာင္ႏိုင္မႈကို ေက်းဇူးတင္ခဲ့ျပီး ဓာတ္ပံုမ်ား ရိုက္ကူးခဲ့ၾကသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Anwar’s Bukit Segambut bungalow selling for RM12 million (malaysianow, straitstimes, sea.mashable)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...

ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service