“အကျင့်”

“အကျင့်” - Property Knowledge in Myanmar from iMyanmarHouse.com
3 Apr 2023 3:26 pm တွင် တင်ခဲ့သည်
395 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အကျင့်ဆိုတာ လုပ်ယူလို့ရသည်။ကောင်းတာပဲဖြစ်ဖြစ်၊ဆိုးတာပဲဖြစ်ဖြစ် အကျင့်ဆိုတာ တစ်ကြိမ်တစ်ခါတည်း နှင့်တော့ မဖြစ်လာပေ။စွဲစွဲမြဲမြဲလုပ်ရသည်။ စွဲစွဲမြဲမြဲလုပ်ခြင်းသည်ပင် အကျင့်ဖြစ်သည်။

ဝါသနာပါသည့် အလုပ်ကို စွဲမြဲအောင်လုပ်ရသည့်အကျင့်က လွယ်ကူသယောင်ထင်ရသည်။ ပင်ပန်းသည်ဟု မထင်ရ။

ဝါသနာမပါဘဲ လုပ်ရသည့်အကျင့်တို့ကသာ ခက်ခဲသည် ငြီးငွေ့ဖွယ်ဖြစ်သည်။ပင်ပန်းသည်ဟု ထင်ရသည်။

ကောင်းသည့်အကျင့်လည်းဖြစ်ပြီး ဝါသနာပါသောကိစ္စရပ်ပင်ဖြစ်လင့်ကစား တစ်ခါတစ်ရံ ငြီးငွေ့ဖွယ်ကောင်းသည်ဟု ခံစားရသည့် အခါလည်းရှိသည်။

ကျွန်တော်သည် နဂိုက လက်ဖက်ရည်မကြိုက်။အလုပ်တွင် ထမင်းစားချိန်ဆိုလျှင် အပြင်ထွက်ပြီး လက်ဖက်ရည်ဆိုင်တွင် သွားစားကြသည်။ထိုအခါ အားနာသဖြင့် လက်ဖက်ရည်တစ်ခွက်တော့ မှာသောက်ဖြစ်သည်။သောက်ရင်းသောက်ရင်းနှင့် လက်ဖက်ရည်စွဲသည့် အကျင့်ဖြစ်သွားသည်။

လက်ဖက်ရည်သောက်ကျင့်ဖြစ်သွားရာ ပထမတွင် တစ်နေ့ကို နှစ်ခွက်လောက်သာသောက်ဖြစ်ရာက နောက်ပိုင်းတွင် လေးငါးခွက်အထိ သောက်ဖြစ်သည်အထိ အကျင့်စွဲသွားသည်။

အလုပ်ကိုလာသည့်အချိန် စောရောက်လျှင် လက်ဖက်ရည်ဆိုင်ထိုင်သည်။ တစ်ခွက်သောက်ဖြစ်သည်။ နေ့ခင်းထမင်းစားချိန်ထွက်လျှင် တစ်ခွက်သောက်ပြန်သည်။ ညနေ အဆာပြေ တီးတိုင်းချိန်ထွက်ပြန်လျှင်လည်း တစ်ခွက်သောက်၏။အလုပ်နားလို့ အိမ်မပြန်ချင်သေးလျှင် နောက်ထပ်သောက်ပြန်၏။

ဤနည်းဖြင့် တမင်သက်သက် လုပ်သော အကျင့်များမဟုတ်ဘဲ မသိလိုက် မသိဘာသာ လုပ်မိသော အကျင့်တို့ကြောင့် လက်ဖက်ရည်စွဲသွားသည်။ထိုစွဲသွားသောအကျင့် တို့သည် နောက်ပိုင်းတွင် မသောက်ရ မနေနိုင်အထိ ဖြစ်သွားသည်။

ထိုအခြေအနေတွင် ခန္ဓာကိုယ်က ဆုံးဖြတ်လာသည်။ခန္ဓာကိုယ်က သူနှင့်မသင့်သည့် အကျင့်တို့ကို လက်မခံသည့် အခြေအနေတို့ပြလာ၏ လက်ဖက်ရည်သောက်ပြီးတိုင်း ဗိုက်ထဲတွင် မီးစနှင့်အထိုးခံရသည့်ပမာ ပူလောင်သည့် ဝေဒနာတို့ခံစားလာရ၏။ပထမတော့ မသိ။နောက်ပိုင်းတွင် လက်ဖက်ရည်သောက်ပြီးတိုင်း ထိုလက္ခဏာတို့ကပြသည်။ အစာအိမ်က လက်ဖက်ရည်သောက်သည့် အကျင့်အား လက်မခံခြင်းကို သိပြီးနောက် ဆိုးရွားသောအကျင့်မဟုတ်သော်လည်း ဖြတ်လိုက်ရသည်။ထိုသို့လက်ဖက်ရည်သောက်ကျင့်ကို ဖြတ်လိုက်ပြီးသည်နောက်မှ အစာအိမ်တွင် ပူလောင်သည့်ဝေဒနာတို့ ပျောက်ကင်းသွားတော့သည်။

အကျင့်ဆိုသည့်က တစ်ခုမဟုတ် တစ်ခုတော့ထပ်လာသည်။လက်ဖက်ရည်သောက်မရတော့ ကော်ဖီမစ်ကို စမ်းသောက်ကြည့်သည်။ခန္ဓာကိုယ်က လောလောဆယ် ဘာမှမဖြစ်သဖြင့် နောက်ပိုင်းသောက်ဖြစ်သွားသည်။

နောက်ပိုင်း အလုပ်ပြောင်းခဲ့ရာ နောက်အလုပ်တွင် ကော်ဖီမစ်တို့ အလျှံအပယ်ထားပေးထားသော်လည်း အလကားရတိုင်း ပါးဖြဲနားဖြဲ မသောက်ဖြစ်တော့။မနက်တစ်ခွက် ညနေတစ်ခွက်သာ ချင့်ချိန်ပြီး သောက်ဖြစ်တော့သည်။သူလည်း တန်ဆေး လွန်ဘေးပင်။

စာဖတ်ကျင့်လည်းရှိသေးသည်။ကောင်းသောအကျင့်ဖြစ်ပြီး ဝါသနာလည်းပါသဖြင့် နေ့စဉ်စာမျက်နှာ(၁၀၀) လောက်တော့ ပြီးစီးအောင်ဖတ်မည်ဟု အကျင့်လုပ်သည်။လွယ်ကူမည်ဟုထင်ခဲ့သည်။သို့သော်လည်း စိတ်မဝင်စားသော၊အကြိုက်နှင့် အဟပ်မတည့်သော စာမျိုးကိုဖတ်လျှင် တော်တော်နှင့်ဖတ်လို့ မပြီးနိုင်အောင်ဖြစ်ရပေသည်။ စိတ်ဝင်စားပြီး အကြိုက်နှင့်လည်း ထပ်တူကျသည့် စာပေဆိုလျှင် လက်ကမချချင်ဘဲ အအိပ်ပျက်ခံပြီး ဖတ်ဖြစ်သည်။

စာဆိုသည်က အကြိုက်တွေ့သည့် စာကိုပဲဖတ်နေလို့မရပေ။အကျိုးရှိရာရှိကြောင်း စာပေတို့ကိုလည်း မဖြစ်မနေဖတ်ရသည်။မဖတ်ချင်ချင်၊ဖတ်ချင်ချင် ဖတ်နိုင်အောင်၊ဖတ်ဖြစ်အောင် အကျင့်တို့လုပ်ရသည်။

ကောင်းသည့်အကျင့်ဆိုသော်လည်း လုပ်ရန်နောက်တွန့်သည့် ကိစ္စတို့ရှိသေးသည်။ဘာသာရေးပင် ဖြစ်သည်။ ဝိပဿနာ အလုပ်မဟုတ်ဘဲ လွယ်ကူသည့် ဘုရားဂုဏ်၊တရားဂုဏ်၊သံဃာ့ဂုဏ်တို့ကို ရွတ်ဖတ်ပူဇော်ခြင်းကိုပင် နေ့စဉ်ဝတ်အနေဖြင့် အကျင့်တို့မလုပ်နိုင်ကြပေ။

ရုပ်သံဌာနများက လွှင့်သမျှ ဇာတ်လမ်းတွဲများကိုတော့ သုံးလေးနာရီအချိန်ပေးကြည့်နိုင်ကြသော်လည်း ဘုရားစင်ရှေ့တွင် အချိန်လေးငါးမိနစ် ဘုရားရှိခိုး၊ ငါးပါးသီလယူသည့် အကျင့်ကိုပင် ဗုဒ္ဓဘာသာတိုင်း မလုပ်နိုင်ကြပေ။

ပရိတ်ကြီး(၁၁)သုတ်လုံး ပြီးအောင်ရွတ်ဖို့ အလေ့အကျင့် ခက်ခဲနေသည့် ဗုဒ္ဓဘာသာများ အများအပြားပင် ရှိနေကြသည်။

ကျွန်တော်လည်း ပထမက ပရိတ်ရွတ်ဖတ်ရာတွင် လွယ်ကူသော ပရိတ်တို့ကို အရင်စရွတ်ခဲ့ရ၏။နောက်ပိုင်း ရွတ်ရရှည်ပြီး မှတ်ရခက်သော ရတနာ့သုတ်၊ဓဇဂ္ဂသုတ်နှင့် အာဋာနာဋိယသုတ်တို့ကို စာအုပ်ဖွင့်ကြည့်ဆိုရင်းမှ နောက်ပိုင်း ရွတ်ဆိုနိုင်လာသည်။အလေ့အကျင့်မဖြစ်ခင်က အချိန်အကြာကြီးပေးပြီးရွတ်ဆိုခဲ့ရသော်လည်း တကယ်တန်း အလေ့အကျင့်ရလာသောအခါ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူဖြင့် ရွတ်ဆိုနိုင်ခဲ့တော့သည်။

ပဋ္ဌာန်းအကျယ်၊မဟာသမယသုတ်နှင့် ဓမ္မစကြာသုတ်တို့ကိုလည်း အကျင့်လုပ်ပြီး တိုးတက်ပူဇော်ခဲ့ရာ တဖြည်းဖြည်းနှင့် ပူဇော်နိုင်လာခဲ့သည်။

အကျင့်ဆိုသည်ကား လုပ်ယူရခြင်း

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

“အက်င့္”

အက်င့္ဆိုတာ လုပ္ယူလို႔ရသည္။ေကာင္းတာပဲျဖစ္ျဖစ္၊ဆိုးတာပဲျဖစ္ျဖစ္ အက်င့္ဆိုတာ တစ္ႀကိမ္တစ္ခါတည္း ႏွင့္ေတာ့ မျဖစ္လာေပ။စြဲစြဲၿမဲၿမဲလုပ္ရသည္။ စြဲစြဲၿမဲၿမဲလုပ္ျခင္းသည္ပင္ အက်င့္ျဖစ္သည္။

ဝါသနာပါသည့္ အလုပ္ကို စြဲၿမဲေအာင္လုပ္ရသည့္အက်င့္က လြယ္ကူသေယာင္ထင္ရသည္။ ပင္ပန္းသည္ဟု မထင္ရ။

ဝါသနာမပါဘဲ လုပ္ရသည့္အက်င့္တို႔ကသာ ခက္ခဲသည္ ၿငီးေငြ႕ဖြယ္ျဖစ္သည္။ပင္ပန္းသည္ဟု ထင္ရသည္။

ေကာင္းသည့္အက်င့္လည္းျဖစ္ၿပီး ဝါသနာပါေသာကိစၥရပ္ပင္ျဖစ္လင့္ကစား တစ္ခါတစ္ရံ ၿငီးေငြ႕ဖြယ္ေကာင္းသည္ဟု ခံစားရသည့္ အခါလည္း႐ွိသည္။

ကြၽန္ေတာ္သည္ နဂိုက လက္ဖက္ရည္မႀကိဳက္။အလုပ္တြင္ ထမင္းစားခ်ိန္ဆိုလွ်င္ အျပင္ထြက္ၿပီး လက္ဖက္ရည္ဆိုင္တြင္ သြားစားၾကသည္။ထိုအခါ အားနာသျဖင့္ လက္ဖက္ရည္တစ္ခြက္ေတာ့ မွာေသာက္ျဖစ္သည္။ေသာက္ရင္းေသာက္ရင္းႏွင့္ လက္ဖက္ရည္စြဲသည့္ အက်င့္ျဖစ္သြားသည္။

လက္ဖက္ရည္ေသာက္က်င့္ျဖစ္သြားရာ ပထမတြင္ တစ္ေန႔ကို ႏွစ္ခြက္ေလာက္သာေသာက္ျဖစ္ရာက ေနာက္ပိုင္းတြင္ ေလးငါးခြက္အထိ ေသာက္ျဖစ္သည္အထိ အက်င့္စြဲသြားသည္။

အလုပ္ကိုလာသည့္အခ်ိန္ ေစာေရာက္လွ်င္ လက္ဖက္ရည္ဆိုင္ထိုင္သည္။ တစ္ခြက္ေသာက္ျဖစ္သည္။ ေန႔ခင္းထမင္းစားခ်ိန္ထြက္လွ်င္ တစ္ခြက္ေသာက္ျပန္သည္။ ညေန အဆာေျပ တီးတိုင္းခ်ိန္ထြက္ျပန္လွ်င္လည္း တစ္ခြက္ေသာက္၏။အလုပ္နားလို႔ အိမ္မျပန္ခ်င္ေသးလွ်င္ ေနာက္ထပ္ေသာက္ျပန္၏။

ဤနည္းျဖင့္ တမင္သက္သက္ လုပ္ေသာ အက်င့္မ်ားမဟုတ္ဘဲ မသိလိုက္ မသိဘာသာ လုပ္မိေသာ အက်င့္တို႔ေၾကာင့္ လက္ဖက္ရည္စြဲသြားသည္။ထိုစြဲသြားေသာအက်င့္ တို႔သည္ ေနာက္ပိုင္းတြင္ မေသာက္ရ မေနႏိုင္အထိ ျဖစ္သြားသည္။

ထိုအေျခအေနတြင္ ခႏၶာကိုယ္က ဆုံးျဖတ္လာသည္။ခႏၶာကိုယ္က သူႏွင့္မသင့္သည့္ အက်င့္တို႔ကို လက္မခံသည့္ အေျခအေနတို႔ျပလာ၏ လက္ဖက္ရည္ေသာက္ၿပီးတိုင္း ဗိုက္ထဲတြင္ မီးစႏွင့္အထိုးခံရသည့္ပမာ ပူေလာင္သည့္ ေဝဒနာတို႔ခံစားလာရ၏။ပထမေတာ့ မသိ။ေနာက္ပိုင္းတြင္ လက္ဖက္ရည္ေသာက္ၿပီးတိုင္း ထိုလကၡဏာတို႔ကျပသည္။ အစာအိမ္က လက္ဖက္ရည္ေသာက္သည့္ အက်င့္အား လက္မခံျခင္းကို သိၿပီးေနာက္ ဆိုး႐ြားေသာအက်င့္မဟုတ္ေသာ္လည္း ျဖတ္လိုက္ရသည္။ထိုသို႔လက္ဖက္ရည္ေသာက္က်င့္ကို ျဖတ္လိုက္ၿပီးသည္ေနာက္မွ အစာအိမ္တြင္ ပူေလာင္သည့္ေဝဒနာတို႔ ေပ်ာက္ကင္းသြားေတာ့သည္။

အက်င့္ဆိုသည့္က တစ္ခုမဟုတ္ တစ္ခုေတာ့ထပ္လာသည္။လက္ဖက္ရည္ေသာက္မရေတာ့ ေကာ္ဖီမစ္ကို စမ္းေသာက္ၾကည့္သည္။ခႏၶာကိုယ္က ေလာေလာဆယ္ ဘာမွမျဖစ္သျဖင့္ ေနာက္ပိုင္းေသာက္ျဖစ္သြားသည္။

ေနာက္ပိုင္း အလုပ္ေျပာင္းခဲ့ရာ ေနာက္အလုပ္တြင္ ေကာ္ဖီမစ္တို႔ အလွ်ံအပယ္ထားေပးထားေသာ္လည္း အလကားရတိုင္း ပါးၿဖဲနားၿဖဲ မေသာက္ျဖစ္ေတာ့။မနက္တစ္ခြက္ ညေနတစ္ခြက္သာ ခ်င့္ခ်ိန္ၿပီး ေသာက္ျဖစ္ေတာ့သည္။သူလည္း တန္ေဆး လြန္ေဘးပင္။

စာဖတ္က်င့္လည္း႐ွိေသးသည္။ေကာင္းေသာအက်င့္ျဖစ္ၿပီး ဝါသနာလည္းပါသျဖင့္ ေန႔စဥ္စာမ်က္ႏွာ(၁၀၀) ေလာက္ေတာ့ ၿပီးစီးေအာင္ဖတ္မည္ဟု အက်င့္လုပ္သည္။လြယ္ကူမည္ဟုထင္ခဲ့သည္။သို႔ေသာ္လည္း စိတ္မဝင္စားေသာ၊အႀကိဳက္ႏွင့္ အဟပ္မတည့္ေသာ စာမ်ိဳးကိုဖတ္လွ်င္ ေတာ္ေတာ္ႏွင့္ဖတ္လို႔ မၿပီးႏိုင္ေအာင္ျဖစ္ရေပသည္။ စိတ္ဝင္စားၿပီး အႀကိဳက္ႏွင့္လည္း ထပ္တူက်သည့္ စာေပဆိုလွ်င္ လက္ကမခ်ခ်င္ဘဲ အအိပ္ပ်က္ခံၿပီး ဖတ္ျဖစ္သည္။

စာဆိုသည္က အႀကိဳက္ေတြ႕သည့္ စာကိုပဲဖတ္ေနလို႔မရေပ။အက်ိဳး႐ွိရာ႐ွိေၾကာင္း စာေပတို႔ကိုလည္း မျဖစ္မေနဖတ္ရသည္။မဖတ္ခ်င္ခ်င္၊ဖတ္ခ်င္ခ်င္ ဖတ္ႏိုင္ေအာင္၊ဖတ္ျဖစ္ေအာင္ အက်င့္တို႔လုပ္ရသည္။

ေကာင္းသည့္အက်င့္ဆိုေသာ္လည္း လုပ္ရန္ေနာက္တြန္႔သည့္ ကိစၥတို႔႐ွိေသးသည္။ဘာသာေရးပင္ ျဖစ္သည္။ ဝိပႆနာ အလုပ္မဟုတ္ဘဲ လြယ္ကူသည့္ ဘုရားဂုဏ္၊တရားဂုဏ္၊သံဃာ့ဂုဏ္တို႔ကို ႐ြတ္ဖတ္ပူေဇာ္ျခင္းကိုပင္ ေန႔စဥ္ဝတ္အေနျဖင့္ အက်င့္တို႔မလုပ္ႏိုင္ၾကေပ။

႐ုပ္သံဌာနမ်ားက လႊင့္သမွ် ဇာတ္လမ္းတြဲမ်ားကိုေတာ့ သုံးေလးနာရီအခ်ိန္ေပးၾကည့္ႏိုင္ၾကေသာ္လည္း ဘုရားစင္ေ႐ွ႕တြင္ အခ်ိန္ေလးငါးမိနစ္ ဘုရား႐ွိခိုး၊ ငါးပါးသီလယူသည့္ အက်င့္ကိုပင္ ဗုဒၶဘာသာတိုင္း မလုပ္ႏိုင္ၾကေပ။

ပရိတ္ႀကီး(၁၁)သုတ္လုံး ၿပီးေအာင္႐ြတ္ဖို႔ အေလ့အက်င့္ ခက္ခဲေနသည့္ ဗုဒၶဘာသာမ်ား အမ်ားအျပားပင္ ႐ွိေနၾကသည္။

ကြၽန္ေတာ္လည္း ပထမက ပရိတ္႐ြတ္ဖတ္ရာတြင္ လြယ္ကူေသာ ပရိတ္တို႔ကို အရင္စ႐ြတ္ခဲ့ရ၏။ေနာက္ပိုင္း ႐ြတ္ရ႐ွည္ၿပီး မွတ္ရခက္ေသာ ရတနာ့သုတ္၊ဓဇဂၢသုတ္ႏွင့္ အာဋာနာဋိယသုတ္တို႔ကို စာအုပ္ဖြင့္ၾကည့္ဆိုရင္းမွ ေနာက္ပိုင္း ႐ြတ္ဆိုႏိုင္လာသည္။အေလ့အက်င့္မျဖစ္ခင္က အခ်ိန္အၾကာႀကီးေပးၿပီး႐ြတ္ဆိုခဲ့ရေသာ္လည္း တကယ္တန္း အေလ့အက်င့္ရလာေသာအခါ ျမန္ျမန္ဆန္ဆန္ လြယ္လြယ္ကူကူျဖင့္ ႐ြတ္ဆိုႏိုင္ခဲ့ေတာ့သည္။

ပ႒ာန္းအက်ယ္၊မဟာသမယသုတ္ႏွင့္ ဓမၼစၾကာသုတ္တို႔ကိုလည္း အက်င့္လုပ္ၿပီး တိုးတက္ပူေဇာ္ခဲ့ရာ တျဖည္းျဖည္းႏွင့္ ပူေဇာ္ႏိုင္လာခဲ့သည္။

အက်င့္ဆိုသည္ကား လုပ္ယူရျခင္း

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

7Mile Condominium
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service