စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ညီဖြစ်သူ လီရှန်ယန် စင်္ကာပူဒေါ်လာ ၁၃ ဒသမ ၂၅ သန်းဖြင့် ရောင်းချခဲ့သော ဘန်ဂလိုအိမ်
စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ ညီဖြစ်သူ လီရှန်ယန် စင်္ကာပူဒေါ်လာ ၁၃ ဒသမ ၂၅ သန်းဖြင့် ရောင်းချခဲ့သော ဘန်ဂလိုအိမ် - Property News in Myanmar from iMyanmarHouse.com
3 Apr 2023 10:26 am တွင် တင်ခဲ့သည်
1029 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
စင်္ကာပူတည်ထောင်သူ ဝန်ကြီးချုပ် လီကွမ်ယု၏ သား ၊ လက်ရှိဝန်ကြီးချုပ် လီရှန်လွန်း၏ ညီဖြစ်သူ လီရှန်ယန် သည် စင်္ကာပူမှ Caldecott Hill ဘိုးဘွားပိုင်မြေပေါ်ရှိ ဘန်ဂလိုကို စင်္ကာပူဒေါ်လာ ၁၆ ဒသမ ၈ သန်းဖြင့် PropertyGuru အိမ်ခြံမြေဝဘ်ဆိုက်တွင် အရောင်းတင်ထားခဲ့သည်။
ထိုသို့ အရောင်းတင်ပြီး တစ်နှစ်ခန့်အကြာတွင် သူ၏ GCB ဘန်ဂလိုအိမ်မှာ ဝယ်လက်ရှာတွေ့ခဲ့သည်။
လီရှန်ယန်နှင့် ဇနီးဖြစ်သူ လီဆွတ်ဖန်တို့၏ အိမ်ကို ဝယ်ယူသွားသူမှာ luxasia Group မှဖြစ်ပြီး စင်္ကာပူဒေါ်လာ ၁၃ ဒသမ ၂၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်ကြောင်း Straits Times သတင်းစာက ဖော်ပြသည်။
၁ စတုရန်းပေလျှင် ၉၉၂၀ ဒေါ်လာဖြင့် အရောင်းအဝယ် ဖြစ်သွားခြင်းဖြစ်သည်။
အလှကုန်နှင့် ရေမွှေးဖြန့်ချိရေး ကုမ္ပဏီ Luxasia ၏ မန်နေဂျင်း ဒါရိုက်တာ Alwyn Chong က ဝယ်ယူသွားခြင်း ဖြစ်သည်။
Mediacorp ၏ ရုံးစိုက်ခဲ့ရာ နေရာဟောင်းနှင့် နီးကပ်စွာ တည်ရှိသည်။ လီရှန်ယန်သည် Singtel ၏ အမှုဆောင်အရာရှိဟောင်း ဖြစ်သည်။
ထို့အပြင် Fraser & Neave ၏ ဥက္ကဌဟောင်းလည်း ဖြစ်သည်။ သူ၏ ဇနီး လီဆွတ်ဖန်မှာ အထက်တန်းရှေ့နေ တစ်ဦး ဖြစ်သည်။
ယခုရောင်းချလိုက်သည့်အိမ်ကို ဇနီးမောင်နှံ ၂ ဦး ပူးတွဲပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
((စင်္ကာပူဒေါ်လာ ၁၆ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သေး))
လီရှန်ယန်၏ အိမ်ကို မူလက စင်္ကာပူဒေါ်လာ ၁၆ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးပြီး အဆိုပါ သတင်းကို Bloomberg သတင်းဌာနက ၂၀၂၁ ခုနှစ် ၊ အောက်တိုဘာလအတွင်း ဖော်ပြခဲ့သည်။
Bloomberg ၏ သတင်းတွင် လီရှန်ယန်၏ အိမ်ကို ’စံအိမ်’ဟု ဖော်ပြခဲ့သော်လည်း ဈေးကွက်တင်မှတ်တမ်းတွင်မူ ‘အပန်းဖြေနေရာဟန် ခေတ်မီ ဘန်ဂလို’ဟု ဖော်ပြသည်။
အဆိုပါ အိမ်၏ ဈေးကွက်တင်ကြော်ငြာမှာ ယခုအခါ မရှိတော့ချေ။
လီရှန်ယန်၏ ဘန်ဂလိုအိမ်တွင် အိပ်ခန်း ၆ ခန်း ၊ ဧည့်ခန်း ၂ ခန်း ၊ ညစာစားခန်း ၊ မြေအောက်ဝိုင်သိုလှောင်ခန်း ၊ နားနေခန်း ၊ အိမ်အကူခန်း ၊ ကျယ်ပြောသော ရေကူးကန်နှင့် Koi pond တို့ ပါဝင် ဖွဲ့စည်းထားသည်။
နေအိမ်ဝန်းအတွင်း ကား ၄ စီးရပ်နားနိုင်သည်။
Strait Times သတင်းစာ၏ ဖော်ပြချက်အရ လီရှန်ယန်တို့ စုံတွဲသည် Caldecott Close အရပ်တွင် ၉၈၈၈ စတုရန်းပေ ကျယ်ဝန်းသော ဘန်ဂလိုအိမ်တစ်လုံးလည်း ပိုင်ဆိုင်ထားသေးပြီး ဘိုးဘွားပိုင်မြေ အမျိုးအစားဖြစ်သည်ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Lee Hsien Yang's freehold Caldecott Hill bungalow being sold for S$13.25 million (mothership)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
အမီတာဘဂျမ်းက မွမ်ဘိုင်းရှိ Duplex ခန်းကို ရူပီး ၈၃ ကုဋေဖြင့် ရောင်းချ
ဗြိတိန်ဧကရာဇ် ဟင်နရီ VIII တချိန်က ပိုင်ဆိုင်ခဲ့သော ပေါင် ၂ ဒသမ ၅ သန်းတန် အင်္ဂလန် အနောက်တောင်ပိုင်းရှိ ကျေးလက်အိမ်တော်ကြီးကို ပရဟိတ ရန်ပုံငွေအတွက် မဲဖောက်ရောင်းချပေးမည်ဖြစ်ရာ ၁၀ ပေါင်မျှဖြင့် ကံစမ်းနိုင်မည်ဟုဆို...
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်၏ အမည်းနက်ဆုံး နေအိမ် ပေါင် ၂ သိန်းမျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က ထူးဆန်းသော အိမ်ခြံမြေ ကြော်ငြာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်...
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲနီးလာချိန်တွင် ကမလာဟဲရစ်၏ ခင်ပွန်းက နယူးယောက်ရှိ တစ်လလျှင် ဒေါ်လာ ၂၀၀၀၀ ဈေးခေါ်ထားသော တိုက်ခန...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအားလုံး ဖျက်သိမ်းထားရကာ ဒေဝါလီခံရမည့် အခြေအနေဆိုက်နေ...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Ponnmie Estate
Ponnami Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service