Johnny Depp က ဇနီးဟောင်း Amber Heard ကို အမှုနိုင်ပြီးနောက် အင်္ဂလန်ရှိ ဧက ၈၅၀ ကျယ်သော ခြံကြီးထဲရှိ ပေါင် ၁၃ သန်းတန် ကျေးလက်စံအိမ်တွင် တိတ်ဆိတ်အေးချမ်းစွာ ဘဝဖြတ်သန်းလျက်ရှိ

Johnny Depp က ဇနီးဟောင်း Amber Heard ကို အမှုနိုင်ပြီးနောက် အင်္ဂလန်ရှိ ဧက ၈၅၀ ကျယ်သော ခြံကြီးထဲရှိ ပေါင် ၁၃ သန်းတန် ကျေးလက်စံအိမ်တွင် တိတ်ဆိတ်အေးချမ်းစွာ ဘဝဖြတ်သန်းလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
29 Mar 2023 10:38 am တွင် တင်ခဲ့သည်
3565 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Pirates of the Caribbean ရုပ်ရှင်မင်းသား Johnny Depp သည် အင်္ဂလန်နိုင်ငံ၊ Somerset ရှိ ၈၅၀ ဧကကျယ်ဝန်းသော ခြံကြီးထဲရှိ ၁၉ ရာစုနှစ်စံအိမ်ကြီးတွင် တိတ်ဆိတ်အေးချမ်းစွာ နေထိုင်ရသည့်ဘဝကို ပိုမိုနှစ်သက်နေကြောင်း ထုတ်ဖော်ပြောကြားလာသည်။

သူ၏ စံအိမ်တွင် အိပ်ခန်း ၁၂ ခန်းနှင့် ရေချိုးခန်း ၈ ခန်းပါဝင်ပြီး ၂၀၁၄ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်သည်။

လန်ဒန်မှဆိုလျှင် မော်တော်ကားဖြင့် ၃ နာရီခွဲခရီးသာ ကွာဝေးသည်။

Downton Abbey ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ဖြစ်ပြီး ခြံအကျယ်မှာ ဧက ၈၅၀ ရှိသည်။

အသက် ၅၉ နှစ်အရွယ်ရှိပြီဖြစ်သော Johnny Depp က ပြောသည်မှာ မိမိသည် အများထင်သကဲ့သို့ လူအများနှင့် ပေါင်းသင်းဆက်ဆံကာ ပျော်ပျော်နေတတ်သူတစ်ဦး မဟုတ်ကြောင်း ပြောသည်။

သူ၏ ရင်သပ်ရှုမောဖွယ်စံအိမ်မှာ Jane Austen ၏ ဝတ္ထုထဲမှ အိမ်ကြီးတစ်လုံးအသွင် မှတ်ထင်ရပြီး ကျယ်ပြောသော အလှဆင်နံရံတံတိုင်း ပန်းဥယျာဉ်များလည်း ပါဝင်သည်။

“အင်္ဂလန်နိုင်ငံသားတွေက တကယ်ကောင်းတယ်။ အိမ်နီးချင်းတစ်ယောက်လိုမျိုးဘဲ နှုတ်ဆက်ကြတယ်။ ကျွန်တော်က ဟိုဟိုဒီဒီသွားလာကြည့်ရှုရတာကို သဘောကျတယ်။ ဒါပေမဲ့ ကျွန်တော်က လူတွေထင်သလို ရောရောနှောနှောနေတတ်သူတစ်ဦး မဟုတ်ပါဘူး။”

(Johnny Depp က အင်္ဂလန်နိုင်ငံ၊ Somerset ရှိ ၈၅၀ ဧကကျယ်ဝန်းသော ခြံကြီးထဲရှိ ၁၉ ရာစုနှစ်စံအိမ်ကြီးတွင် တိတ်ဆိတ်အေးချမ်းစွာ နေထိုင်ရသည့်ဘဝကို ပိုမိုနှစ်သက်သည်။)

“တကယ်က ကျွန်တော်ဟာ အတော်ရှက်တတ်တဲ့လူတစ်ယောက်ပါ။ ဗြိတိန်ရဲ့ကောင်းတဲ့အချက်တွေထဲမှာ အဲဒါလည်းပါတယ်။ အထူးသဖြင့် Somerset မှာပေါ့။ ဒီမှာဆို ကိုယ့်ဟာကိုနေလို့ရတယ်။”

“ဈေးဆိုင်တွေကို သွားမယ်ဆိုရင် ဆယ်ဖီးလ်ရိုက်ချင်တဲ့သူတွေ ဘေးမှာ အများကြီးအုံမလာဘဲ သွားလို့ရတယ်။”

“ဒီလိုဆယ်ဖီးလ်ရိုက်ကြတာမျိုးကို ကျွန်တော်ဘယ်လိုမှ သဘောမထားပါဘူး။ ဒါပေမဲ့ တစ်ခါတစ်လေကျတော့ လူတွေအများကြီး အုံလိုက်ကျင်းလိုက် ဖြစ်လာတတ်တယ်။”

Johnny Depp သည် ယခုအိမ်ကို ဝယ်ယူစဉ်က Amber Heard နှင့်စေ့စပ်ကြောင်းလမ်းထားပြီးစ အချိန်ဖြစ်သည်။

၎င်းတို့နှစ်ဦး ၂၀၁၅ တွင် လက်ထပ်ခဲ့ကြပြီး ၂၀၁၇ တွင် ကွာရှင်းပြတ်စဲခဲ့ကြသည်။

Johnny Depp က ဇနီးဟောင်း Amber Heard ကို အသရေဖျက်မှုဖြင့် တရားစွဲခဲ့သည်။

ပြီးခဲ့သောနှစ်အတွင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့သည်မှာ Amber Heard သည် ခင်ပွန်းဟောင်းကို ဆောင်းပါးတစ်ပုဒ်ဖြင့် အသရေဖျက်ခဲ့ကြောင်း ၊ ဆောင်းပါးထဲတွင် သူမသည် အိမ်တွင်းညှင်းပန်းနှိပ်စက်ခံရသူတစ်ဦး ဖြစ်သည်ဟု ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ အမှုတွင် Johnny Depp က နစ်နာကြေး ဒေါ်လာ ၁၅ သန်းရရှိခဲ့သည်။

Amber Heard က Johnny Depp ကို တန်ပြန်တရားစွဲခဲ့သည့် ၃ မှုအနက် တစ်မှုတွင် အနိုင်ရခဲ့ပြီး နစ်နာကြေး ဒေါ်လာ ၂ သန်း ရခဲ့သည်။

ယခုလအစောပိုင်းက လင်ကွန်းရှိုင်းယားခရိုင်ရှိ ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ထဲသို့ Johnny Depp ရုတ်တရက် ဝင်ရောက်လာရာ ဆိုင်ဝန်ထမ်းမှာ အလွန်အံ့အားသင့်သွားခဲ့သည်။

Johnny Depp သည် ထိုဆိုင်မှ ဂစ်တာအချို့ ဝယ်ယူသွားခဲ့သည်ဟု ဆိုသည်။

Hemswell Antique Centres အမည်ရှိ အဆိုပါ ဆိုင်သို့ Johnny Depp က ရဟတ်ယာဉ်ဖြင့် လျှို့ဝှက်လာရောက်ခဲ့ခြင်းဖြစ်သည်။

(Somerset ရှိ ကျေးလက်စံအိမ်တွင် နေထိုင်ရခြင်းကို ပိုမိုနှစ်သက်ကြောင်း Johnny Depp က ပြောသည်။ )

Hemswell Antique Centres ကို နှစ်ပေါင်း ၂၀ တိုင် ပိုင်ဆိုင်ခဲ့သော ဆိုင်ရှင်ဖြစ်သူ Robert Miller က ပြောသည်မှာ Johnny Depp သည် ဟိတ်ဟန်များသူတစ်ဦး မဟုတ်ကြောင်း ပြောသည်။

Johnny Depp က သူ၏ ဆိုင်သို့ သောကြာနေ့ညနေ ၄ နာရီ ၃၀ တွင် ရောက်ရှိလာခဲ့ကြောင်း ၊ ဆိုင်ထဲရှိ ဂစ်တာများကို စမ်းသပ်တီးခတ်ရင်း ကွယ်လွန်သွားပြီ ဖြစ်သော ဂီတပညာရှင် Jeff Beck အကြောင်းပြောပြခဲ့ကြောင်း ပြောသည်။

“ထူးခြားတဲ့ ပစ္စည်းတွေ အများကြီး ဝယ်သွားတယ်။ ကုလားထိုင်တစ်လုံး ၊ ဂစ်တာ ၃ လက် ၊ ပန်းချီဆွဲ ပစ္စည်းတွေ ၊ ပန်းချီကားတင်တဲ့ ဒေါက်တွေ ၊ ပန်းချီကားတစ်ချို့နဲ့ ပိုစတာတွေ ဝယ်သွားပါတယ်။ ဒါတွေက သူ့အိမ်မှာ အလှဆင်ဖို့ ဖြစ်ပါတယ်။”ဟု ဆိုင်ရှင်က ပြောသည်။

(Johnny Depp ကို ဇနီးဟောင်း Amber Heard နှင့်အတူ ၂၀၁၁ ခုနှစ်အတွင်းက တွေ့ခဲ့ရပုံ။ )

Hemswell Antique Centres သည် ဥရောပတွင် အကြီးမားဆုံး ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ဖြစ်သည်။

(ဆက်စပ်သတင်း )

Johnny Depp ၏ သန်း ၄၀ တန်စံအိမ် (သို့) ဇနီးဖြစ်သူ၏ ညှင်းပန်းနှိပ်စက်မှု ခံခဲ့ရသည့် နေရာ

https://www.imyanmarhouse.com/news/read/1013309

ဂျွန်နီဒက်ပ်က ဇနီးဟောင်းအား အမှုနိုင်ပြီးနောက် နှစ်ဦးအတူနေခဲ့သော Penthouse ခန်း အရောင်းဈေးကွက်တင်လာ

https://www.imyanmarhouse.com/news/read/1018812

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I'm not the great extrovert that people think': Hollywood star Johnny Depp reveals he prefers his quiet life in Somerset at his £13m Downton Abbey-style estate (dailymail)

[Zawgyi]

Johnny Depp က ဇနီးေဟာင္း Amber Heard ကို အမႈႏိုင္ျပီးေနာက္ အဂၤလန္ရွိ ဧက ၈၅၀ က်ယ္ေသာ ျခံၾကီးထဲရွိ ေပါင္ ၁၃ သန္းတန္ ေက်းလက္စံအိမ္တြင္ တိတ္ဆိတ္ေအးခ်မ္းစြာ ဘဝျဖတ္သန္းလ်က္ရွိ

Pirates of the Caribbean ရုပ္ရွင္မင္းသား Johnny Depp သည္ အဂၤလန္ႏိုင္ငံ၊ Somerset ရွိ ၈၅၀ ဧကက်ယ္ဝန္းေသာ ျခံၾကီးထဲရွိ ၁၉ ရာစုႏွစ္စံအိမ္ၾကီးတြင္ တိတ္ဆိတ္ေအးခ်မ္းစြာ ေနထိုင္ရသည့္ဘဝကို ပိုမိုႏွစ္သက္ေနေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာသည္။

သူ၏ စံအိမ္တြင္ အိပ္ခန္း ၁၂ ခန္းႏွင့္ ေရခ်ဳိးခန္း ၈ ခန္းပါဝင္ျပီး ၂၀၁၄ ခုႏွစ္အတြင္းက ဝယ္ယူခဲ့ျခင္းျဖစ္သည္။

လန္ဒန္မွဆိုလွ်င္ ေမာ္ေတာ္ကားျဖင့္ ၃ နာရီခြဲခရီးသာ ကြာေဝးသည္။

Downton Abbey ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ စံအိမ္ျဖစ္ျပီး ျခံအက်ယ္မွာ ဧက ၈၅၀ ရွိသည္။

အသက္ ၅၉ ႏွစ္အရြယ္ရွိျပီျဖစ္ေသာ Johnny Depp က ေျပာသည္မွာ မိမိသည္ အမ်ားထင္သကဲ့သို႔ လူအမ်ားႏွင့္ ေပါင္းသင္းဆက္ဆံကာ ေပ်ာ္ေပ်ာ္ေနတတ္သူတစ္ဦး မဟုတ္ေၾကာင္း ေျပာသည္။

သူ၏ ရင္သပ္ရႈေမာဖြယ္စံအိမ္မွာ Jane Austen ၏ ဝတၳဳထဲမွ အိမ္ၾကီးတစ္လံုးအသြင္ မွတ္ထင္ရျပီး က်ယ္ေျပာေသာ အလွဆင္နံရံတံတုိင္း ပန္းဥယ်ာဥ္မ်ားလည္း ပါဝင္သည္။

“အဂၤလန္ႏုိင္ငံသားေတြက တကယ္ေကာင္းတယ္။ အိမ္နီးခ်င္းတစ္ေယာက္လုိမ်ဳိးဘဲ ႏႈတ္ဆက္ၾကတယ္။ ကၽြန္ေတာ္က ဟိုဟုိဒီဒီသြားလာၾကည့္ရႈရတာကို သေဘာက်တယ္။ ဒါေပမဲ့ ကၽြန္ေတာ္က လူေတြထင္သလို ေရာေရာေႏွာေႏွာေနတတ္သူတစ္ဦး မဟုတ္ပါဘူး။”

(Johnny Depp က အဂၤလန္ႏိုင္ငံ၊ Somerset ရွိ ၈၅၀ ဧကက်ယ္ဝန္းေသာ ျခံၾကီးထဲရွိ ၁၉ ရာစုႏွစ္စံအိမ္ၾကီးတြင္ တိတ္ဆိတ္ေအးခ်မ္းစြာ ေနထိုင္ရသည့္ဘဝကို ပိုမိုႏွစ္သက္သည္။)

“တကယ္က ကၽြန္ေတာ္ဟာ အေတာ္ရွက္တတ္တဲ့လူတစ္ေယာက္ပါ။ ျဗိတိန္ရဲ႕ေကာင္းတဲ့အခ်က္ေတြထဲမွာ အဲဒါလည္းပါတယ္။ အထူးသျဖင့္ Somerset မွာေပါ့။ ဒီမွာဆို ကိုယ့္ဟာကိုေနလို႔ရတယ္။” “ေစ်းဆုိင္ေတြကို သြားမယ္ဆိုရင္ ဆယ္ဖီးလ္ရိုက္ခ်င္တဲ့သူေတြ ေဘးမွာ အမ်ားၾကီးအံုမလာဘဲ သြားလုိ႔ရတယ္။”

“ဒီလိုဆယ္ဖီးလ္ရုိက္ၾကတာမ်ဳိးကို ကၽြန္ေတာ္ဘယ္လုိမွ သေဘာမထားပါဘူး။ ဒါေပမဲ့ တစ္ခါတစ္ေလက်ေတာ့ လူေတြအမ်ားၾကီး အံုလိုက္က်င္းလိုက္ ျဖစ္လာတတ္တယ္။”

Johnny Depp သည္ ယခုအိမ္ကို ဝယ္ယူစဥ္က Amber Heard ႏွင့္ေစ့စပ္ေၾကာင္းလမ္းထားျပီးစ အခ်ိန္ျဖစ္သည္။

၎တို႔ႏွစ္ဦး ၂၀၁၅ တြင္ လက္ထပ္ခဲ့ၾကျပီး ၂၀၁၇ တြင္ ကြာရွင္းျပတ္စဲခဲ့ၾကသည္။

Johnny Depp က ဇနီးေဟာင္း Amber Heard ကို အသေရဖ်က္မႈျဖင့္ တရားစြဲခဲ့သည္။

ျပီးခဲ့ေသာႏွစ္အတြင္း တရားရံုးက စစ္ေဆးေတြ႔ရွိခဲ့သည္မွာ Amber Heard သည္ ခင္ပြန္းေဟာင္းကို ေဆာင္းပါးတစ္ပုဒ္ျဖင့္ အသေရဖ်က္ခဲ့ေၾကာင္း ၊ ေဆာင္းပါးထဲတြင္ သူမသည္ အိမ္တြင္းညွင္းပန္းႏွိပ္စက္ခံရသူတစ္ဦး ျဖစ္သည္ဟု ေဖာ္ျပထားေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့သည္။

အဆိုပါ အမႈတြင္ Johnny Depp က နစ္နာေၾကး ေဒၚလာ ၁၅ သန္းရရွိခဲ့သည္။

Amber Heard က Johnny Depp ကို တန္ျပန္တရားစြဲခဲ့သည့္ ၃ မႈအနက္ တစ္မႈတြင္ အႏုိင္ရခဲ့ျပီး နစ္နာေၾကး ေဒၚလာ ၂ သန္း ရခဲ့သည္။

ယခုလအေစာပိုင္းက လင္ကြန္းရိႈင္းယားခရုိင္ရွိ ေရွးေဟာင္းပစၥည္းဆိုင္တစ္ဆိုင္ထဲသုိ႔ Johnny Depp ရုတ္တရက္ ဝင္ေရာက္လာရာ ဆိုင္ဝန္ထမ္းမွာ အလြန္အံ့အားသင့္သြားခဲ့သည္။

Johnny Depp သည္ ထိုဆုိင္မွ ဂစ္တာအခ်ဳိ႕ ဝယ္ယူသြားခဲ့သည္ဟု ဆိုသည္။

Hemswell Antique Centres အမည္ရွိ အဆိုပါ ဆိုင္သို႔ Johnny Depp က ရဟတ္ယာဥ္ျဖင့္ လွ်ဳိ႕ဝွက္လာေရာက္ခဲ့ျခင္းျဖစ္သည္။

(Somerset ရွိ ေက်းလက္စံအိမ္တြင္ ေနထိုင္ရျခင္းကို ပိုမိုႏွစ္သက္ေၾကာင္း Johnny Depp က ေျပာသည္။ )

Hemswell Antique Centres ကို ႏွစ္ေပါင္း ၂၀ တိုင္ ပိုင္ဆိုင္ခဲ့ေသာ ဆိုင္ရွင္ျဖစ္သူ Robert Miller က ေျပာသည္မွာ Johnny Depp သည္ ဟိတ္ဟန္မ်ားသူတစ္ဦး မဟုတ္ေၾကာင္း ေျပာသည္။

Johnny Depp က သူ၏ ဆိုင္သို႔ ေသာၾကာေန႔ညေန ၄ နာရီ ၃၀ တြင္ ေရာက္ရွိလာခဲ့ေၾကာင္း ၊ ဆိုင္ထဲရိွ ဂစ္တာမ်ားကို စမ္းသပ္တီးခတ္ရင္း ကြယ္လြန္သြားျပီ ျဖစ္ေသာ ဂီတပညာရွင္ Jeff Beck အေၾကာင္းေျပာျပခဲ့ေၾကာင္း ေျပာသည္။

“ထူးျခားတဲ့ ပစၥည္းေတြ အမ်ားၾကီး ဝယ္သြားတယ္။ ကုလားထိုင္တစ္လံုး ၊ ဂစ္တာ ၃ လက္ ၊ ပန္းခ်ီဆြဲ ပစၥည္းေတြ ၊ ပန္းခ်ီကားတင္တဲ့ ေဒါက္ေတြ ၊ ပန္းခ်ီကားတစ္ခ်ဳိ႕နဲ႔ ပိုစတာေတြ ဝယ္သြားပါတယ္။ ဒါေတြက သူ႔အိမ္မွာ အလွဆင္ဖို႔ ျဖစ္ပါတယ္။”ဟု ဆိုင္ရွင္က ေျပာသည္။

(Johnny Depp ကုိ ဇနီးေဟာင္း Amber Heard ႏွင့္အတူ ၂၀၁၁ ခုႏွစ္အတြင္းက ေတြ႔ခဲ့ရပံု။ )

Hemswell Antique Centres သည္ ဥေရာပတြင္ အၾကီးမားဆံုး ေရွးေဟာင္းပစၥည္းအေရာင္းဆိုင္ျဖစ္သည္။

(ဆက္စပ္သတင္း )

Johnny Depp ၏ သန္း ၄၀ တန္စံအိမ္ (သုိ႔) ဇနီးျဖစ္သူ၏ ညွင္းပန္းႏွိပ္စက္မႈ ခံခဲ့ရသည့္ ေနရာ

https://www.imyanmarhouse.com/news/read/1013309

ဂၽြန္နီဒက္ပ္က ဇနီးေဟာင္းအား အမႈႏိုင္ျပီးေနာက္ ႏွစ္ဦးအတူေနခဲ့ေသာ Penthouse ခန္း အေရာင္းေစ်းကြက္တင္လာ

https://www.imyanmarhouse.com/news/read/1018812

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I'm not the great extrovert that people think': Hollywood star Johnny Depp reveals he prefers his quiet life in Somerset at his £13m Downton Abbey-style estate (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service