မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေဝယ်ယူတဲ့ကိစ္စမှာ စရန်ပေးစာချုပ်ကို တိကျသေချာစွာရေးဖို့ ဘာကြောင့် လိုအပ်တာလဲ။

မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေဝယ်ယူတဲ့ကိစ္စမှာ စရန်ပေးစာချုပ်ကို တိကျသေချာစွာရေးဖို့ ဘာကြောင့် လိုအပ်တာလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
27 Mar 2023 2:01 pm တွင် တင်ခဲ့သည်
854 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းအစရှိသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ဝယ်ယူခြင်းသည် အခြားသော ကား၊ ရွှေ၊ ငွေ၊ ရတနာကဲ့သို့သော ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ဝယ်ယူခြင်းနှင့် အလား သဏ္ဍာန်မတူဘဲ ရော့ ပတ္တမြား၊ ရော့ နဂါး ဟု ချက်ချင်း လွှဲပြောင်းရယူနိုင်သည့် အရာမဟုတ်ပေ။

မရွှေ့မပြောင်းနိုင်သော အရာဝတ္တုများကို ဝယ်ယူရာတွင် စရန်ငွေချသည့် ကာလနှင့် အပြီးသတ် ဝယ်ယူသည့် ကာလအကြား အကြောင်းခြင်းရာ တစ်ရပ်ရပ်ကြောင့် ရောင်းချသူဘက်မှ ဖြစ်စေ၊ ဝယ်ယူသူ ဘက်မှ ဖြစ်စေ အပြီးသတ်ရောင်းချရန် သို့မဟုတ် ဝယ်ယူရန် ပျက်ကွက်တတ်ပါသည်။ ယင်းကဲ့သို့ ပျက်ကွက်ပါက ပျက်ကွက်မှုကြောင့် နစ်နာနိုင်မည့်သူအတွက် ကုစားနိုင်ရန် အာမခံတစ်ရပ်ကို ထည့်သွင်း ချုပ်ဆိုနိုင်ရန်အလို့ငှာ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ပဋိညာဉ် ပြုလုပ်ချုပ်ဆိုကြခြင်း ဖြစ်သည်။

စရန်ပေးစာချုပ်သည် ရောင်းချသူနှင့် ဝယ်ယူသူ နှစ်ဦးနှစ်ဖက် သတ်မှတ်သည့် အချိန်ကာလ အတွင်း လိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို ဝန်ခံကတိပြုပြီး ချုပ်ဆိုကြသည့် စာချုပ် တစ်ရပ် ဖြစ်သည်။ သတ် မှတ်ထားသည့် ကာလအတွင်း ဝန်ခံကတိပြုထားသည့် တာဝန်ဝတ္တရားများကို လိုက်နာရန် ပျက်ကွက်ပါက အဆိုပါ စရန်ပေးကတိစာချုပ်တွင် ဖော်ပြထားသည့်အတိုင်းသာ ခံစားခွင့်ရှိ မည် ဖြစ်ပါသည်။

ပဋိညာဉ်အက်ဥပဒေပုဒ်မ-၅၂ တွင်အပြန်အလှန် ကတိများအတိုင်း ဆောင်ရွက်ရန်အစီအစဉ်ကို ပဋိညာဉ်အရ အတိအလင်း သတ်မှတ်ထားလျှင်ထိုအစီအစဉ်အတိုင်းဆောင်ရွက်ရမည်။ ထို့ပြင် ပဋိညာဉ် အရ အစီအစဉ်ကို အတိအလင်းသတ်မှတ်ခြင်းမရှိလျှင် အမှုကိစ္စသဘောအရ လိုအပ်သော အစီအစဉ်အတိုင်း ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသည်။ သို့ဖြစ်၍ သာမန်အားဖြင့် အပြန်အလှန် ကတိပြုသူနှစ်ဦးသည်ပဋိညာဉ်တွင်ပါရှိသော အစီအစဉ်အတိုင်း ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ရမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် စရန်ပေး ကတိစာချုပ်သည် ပဋိညာဉ်တစ်မျိုးဖြစ်သောကြောင့် အပြန်အလှန် ကတိပြုသူများနေဖြင့် အဆိုပါ ကတိစာချုပ်ကို ‌ဖောက်ဖျက်ပါက နစ်နာသူအနေဖြင့် ခံစားခွင့်ရှိမည့် ပမာဏကို အတိအလင်း ထည့်သွင်းချုပ်ဆိုထားမှသာ ပဋိညာဉ်အက်ဥပဒေပုဒ်မ- ၇၄ အရ အဆိုပါ ဖော်ပြထားသော ငွေကြေးပမာဏကို အမှန်တကယ် ရပိုင်ခွင့်ရှိမည် ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

မေ႐ႊ႕မေျပာင္းႏိုင္တဲ့ ပစၥည္းေတြဝယ္ယူတဲ့ကိစၥမွာ စရန္ေပးစာခ်ဳပ္ကို တိက်ေသခ်ာစြာေရးဖို႔ ဘာေၾကာင့္ လိုအပ္တာလဲ။

 

အိမ္၊ ျခံ၊ ေျမ၊ တိုက္ခန္းအစ႐ွိသည့္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားကို ဝယ္ယူျခင္းသည္ အျခားေသာ ကား၊ ေ႐ႊ၊ ေငြ၊ ရတနာကဲ့သို႔ေသာ ေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းမ်ားကို ဝယ္ယူျခင္းႏွင့္ အလား သ႑ာန္မတူဘဲ ေရာ့ ပတၱျမား၊ ေရာ့ နဂါး ဟု ခ်က္ခ်င္း လႊဲေျပာင္းရယူႏိုင္သည့္ အရာမဟုတ္ေပ။

မေ႐ႊ႕မေျပာင္းႏိုင္ေသာ အရာဝတၱဳမ်ားကို ဝယ္ယူရာတြင္ စရန္ေငြခ်သည့္ ကာလႏွင့္ အၿပီးသတ္ ဝယ္ယူသည့္ ကာလအၾကား အေၾကာင္းျခင္းရာ တစ္ရပ္ရပ္ေၾကာင့္ ေရာင္းခ်သူဘက္မွ ျဖစ္ေစ၊ ဝယ္ယူသူ ဘက္မွ ျဖစ္ေစ အၿပီးသတ္ေရာင္းခ်ရန္ သို႔မဟုတ္ ဝယ္ယူရန္ ပ်က္ကြက္တတ္ပါသည္။ ယင္းကဲ့သို႔ ပ်က္ကြက္ပါက ပ်က္ကြက္မႈေၾကာင့္ နစ္နာႏိုင္မည့္သူအတြက္ ကုစားႏိုင္ရန္ အာမခံတစ္ရပ္ကို ထည့္သြင္း ခ်ဳပ္ဆိုႏိုင္ရန္အလို႔ငွာ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီခ်က္ျဖင့္ ပဋိညာဥ္ ျပဳလုပ္ခ်ဳပ္ဆိုၾကျခင္း ျဖစ္သည္။

စရန္ေပးစာခ်ဳပ္သည္ ေရာင္းခ်သူႏွင့္ ဝယ္ယူသူ ႏွစ္ဦးႏွစ္ဖက္ သတ္မွတ္သည့္ အခ်ိန္ကာလ အတြင္း လိုက္နာေဆာင္႐ြက္ရမည့္ တာဝန္ဝတၱရားမ်ားကို ဝန္ခံကတိျပဳၿပီး ခ်ဳပ္ဆိုၾကသည့္ စာခ်ဳပ္ တစ္ရပ္ ျဖစ္သည္။ သတ္ မွတ္ထားသည့္ ကာလအတြင္း ဝန္ခံကတိျပဳထားသည့္ တာဝန္ဝတၱရားမ်ားကို လိုက္နာရန္ ပ်က္ကြက္ပါက အဆိုပါ စရန္ေပးကတိစာခ်ဳပ္တြင္ ေဖာ္ျပထားသည့္အတိုင္းသာ ခံစားခြင့္႐ွိ မည္ ျဖစ္ပါသည္။

ပဋိညာဥ္အက္ဥပေဒပုဒ္မ-၅၂ တြင္အျပန္အလွန္ ကတိမ်ားအတိုင္း ေဆာင္႐ြက္ရန္အစီအစဥ္ကို ပဋိညာဥ္အရ အတိအလင္း သတ္မွတ္ထားလွ်င္ထိုအစီအစဥ္အတိုင္းေဆာင္႐ြက္ရမည္။ ထို႔ျပင္ ပဋိညာဥ္ အရ အစီအစဥ္ကို အတိအလင္းသတ္မွတ္ျခင္းမ႐ွိလွ်င္ အမႈကိစၥသေဘာအရ လိုအပ္ေသာ အစီအစဥ္အတိုင္း ေဆာင္႐ြက္ရမည္ဟု ျပ႒ာန္းထားသည္။ သို႔ျဖစ္၍ သာမန္အားျဖင့္ အျပန္အလွန္ ကတိျပဳသူႏွစ္ဦးသည္ပဋိညာဥ္တြင္ပါ႐ွိေသာ အစီအစဥ္အတိုင္း ၎တို႔၏ တာဝန္မ်ားကို ေဆာင္႐ြက္ရမည္ျဖစ္သည္။

အခ်ဳပ္အားျဖင့္ဆိုရေသာ္ စရန္ေပး ကတိစာခ်ဳပ္သည္ ပဋိညာဥ္တစ္မ်ိဳးျဖစ္ေသာေၾကာင့္ အျပန္အလွန္ ကတိျပဳသူမ်ားေနျဖင့္ အဆိုပါ ကတိစာခ်ဳပ္ကို ‌ေဖာက္ဖ်က္ပါက နစ္နာသူအေနျဖင့္ ခံစားခြင့္႐ွိမည့္ ပမာဏကို အတိအလင္း ထည့္သြင္းခ်ဳပ္ဆိုထားမွသာ ပဋိညာဥ္အက္ဥပေဒပုဒ္မ- ၇၄ အရ အဆိုပါ ေဖာ္ျပထားေသာ ေငြေၾကးပမာဏကို အမွန္တကယ္ ရပိုင္ခြင့္႐ွိမည္ ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

  iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
Aung Theikdi Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service