ပေးကမ်းတိုင်းက လှူတာလား

ပေးကမ်းတိုင်းက လှူတာလား - Property Knowledge in Myanmar from iMyanmarHouse.com
25 Mar 2023 10:44 am တွင် တင်ခဲ့သည်
831 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အိပ်ရာက စောစောနိူးတတ်တာ ကျွန်တော့်အကျင့်လိုဖြစ်နေသည်။ယခုလည်း အရုဏ်ဦးအလင်းရောင် မလာသေးခင် ကျွန်တော်နိူးခဲ့သည်။

မျက်နှာသစ် သွားတိုက်ပြီး ညက ဖတ်လက်စ စာအုပ်ကို အေးအေးဆေးဆေးပင် ဆက်ဖတ်နေခဲ့မိပါသည်။ စာအုပ်ထဲဝင်စားနေစဉ် ပြတင်းပေါက်မှ ဝင်လာသည့် လင်းရောင်ခြည်ကြောင့် စာဖတ်ခြင်းကို ခဏနားလိုက်ပြီး အနောက်ဖက် မျက်နှာမူထားသည့် ဆလိုက်ဒိုးမှန်တံကားတစ်ချက်ကို ဖွင့်လိုက်သည်။

အပြင်ဘက်တွင် လူသွားလူလာကျဲပါးနေသေးသည်ကိုတွေ့ရသည်။ ပွင့်သစ်စနံနက်ခင်းကို ကြည်နူးနူးနှင့် တွေ့ရသည်က ကျက်သရေရှိလှပါသည်။

ညောင်းညာနေသည့်မျက်လုံးတို့မှာ အပြင်မှ သဘာဝအလင်းရောင်ကြောင့်လည်း လန်းလန်းဆန်းဆန်း ဖြစ်သလို ခံစားလိုက်ရသည်။

ပြတင်းပေါက်မှ ကျွန်တော်မျက်နှာမူသည့် ရှေ့ဘက်တွင် ဟိန္ဒူဘုရားကျောင်းရှိသည်။ထိုဘုရားကျောင်းထဲရှိ တမာပင်နှင့် ဘုရားကျောင်းရှေ့ဓာတ်တိုင်မှ ဓာတ်ကြိုးပေါ်တွင် ခိုများမှ အစာကြွေးသူမရှိသော်လည်း ဆင်းတက်ပျံဝဲ နေကြသည်ကို တွေ့မြင်နေရသည်။

မြေပြင်တွင်ရှိသော ခိုလေးများက အစာရနိုင်လိမ့်နိုးဖြင့် ငေါက်ဆက်ငေါက်ဆက်သွားရင်း ရှာဖွေနေကြသည်။ လူတွေမှာက အိပ်ချင်သည့်အချိန်အိပ်မည်။ထချင်သည့် အချိန်ထမည်။သတ္တဝါလေးများကတော့ အလင်းရောင် စပေါ်ပြီဆိုသည်နှင့် အိပ်တန်းကနေ နိူးထကြပေပြီ။အစာအလို့ငှာ ရှာဖွေနေကြပေပြီ။

ဘုရားကျောင်းနားမှာ လာနားနေကြသည့် ခိုလေးများကတော့ သဘာဝအရမှတ်သားမှုဖြင့် ဒီနေရာကို ရောက်လာကြသည်။ဒီနေရာသည် သူတို့အတွက် စားကျက်မြေပင်ဖြစ်သည်။

ကုသိုလ်အလို့ငှာ အစာကြွေးမည့်သူများက ဘုရားကျောင်းနေရာတို့တွင် မပြတ်ရှိတတ်သည်။ဒီနေရာတွင် မှီခိုရှင်သန်ရသည်ကလည်း သူတို့အတွက် အန္တရာယ်ကင်းသည်မဟုတ်ပါလား။

သက်ကြီးရွယ်အိုတို့ကလည်း အစာလာကြွေးတတ်သည်။မိခင်တို့ကလည်း မိမိတို့ရင်သွေးများကို ခေါ်လာကာ ငှက်ကလေးများကို အစာကြွေးခိုင်းတတ်သည်။ ကုသိုလ်မျိုးစေ့ချပေးတတ်သည်။ သမီးရည်းစား ချစ်သူစုံတွဲများ ကလည်း ဆုတောင်းမှုလေးများနှင့် လှူကြသည်။

ပုထုဇဉ်လူသားများအနေနှင့် ဘယ်လောက်စေတနာသန့်သန့်နှင့် လှူကြတယ်ပြောစေဦးတော့ လှူရခြင်း၏ အကျိုးကိုတော့ မျှော်ကိုးမိတတ်ကြသည်။

ကျွန်တော်ထိုသို့ တွေးနေစဉ် ခိုလေးများ ပျံသန်းဆင်းတက်လုပ်နေကြသည့် ဘုရားကျောင်းရှေ့ ပလက်ဖောင်းတွင် ခပ်ရွယ်ရွယ် လူတစ်ယောက် ရောက်လာသည်ကို တွေ့ရသည်။ ထိုသူမှာ အကျီနှစ်ထပ် ဝတ်ထား၏။ အတွင်းတွင် တီရှပ်ပွပွနှင့် အပေါ်က အနွေးထည် ဂျာကင်အင်္ကျီကိုဝတ်ထားသည်။ ဂျာကင်အိတ်အတွင်း လက်နှစ်ဖက်ကိုထည့်ထားသည်။

ထိုလူရွယ်သည် ပလပ်ဖောင်းတွင်ရပ်ပြီး ဂျာကင်အိတ်ထဲမှ လက်ကိုထုတ်လိုက်ကာ လက်ဝှေ့ရမ်းလိုက်သည်ကို တွေ့ရသည်။

သြော်…အိမ်ကနေ အစာယူလာပြီးကြွေးတာပဲဟု တွေးမိသည်။သို့သော်လည်း သူအစာကြွေးနေသည်က အားရပါးရမရှိလှ လက်ဖျားလေးဖြင့် လေးငါးဆယ်စေ့လောက်သာ ကြွေးနေသည်။ပြီးတော့ အစာကို ခပ်ဝေးဝေးသို့ မပက်ဘဲ လက်တစ်ကမ်း အကွာခန့်မှာ ပက်နေသည်။

ထိုသူမှာ ဘေးဘယ်ညာကို မပြတ်ကြည့်ပြီး လူသွားလူလာရှိလျှင် အစာကိုနည်းနည်းသာပတ်သည်။ လူသွားလူလာ ပြတ်သွားလျှင် အစာကိုများများပက်လိုက်သည်။ခိုအုပ်မှာ အစာစားဖို့သူ့ဘေးကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ကပ်လာကြသည်။

ခိုများ ထိုသူ့အနီး ရောက်လာသည့်အခါ ထိုသူမှာ ကြွက်ကိုတွေ့သည့် ကြောင်ပမာ ငြိမ်သွား၏။ထူးခြားသဖြင့် ကျွန်တော်ပင် အသက်ရှုဖို့မေ့သွားပြီး သူ့ကိုသေချာစိုက်ကြည့်နေမိ၏။

ကြောင်ကဲ့သို့ပင်ထိုသူ၏လက်မှာ ရုတ်တရက်လှုပ်ရှားသွားပြီး အနီးရောက်လာသည့် ခိုနှစ်ကောင်ကို လျှပ်စီး၏လှုပ်ရှားမှုမျိုးဖြင့် ဖမ်းဆီးလိုက်တော့သည်။အလျင်အမြန်ပင် ဖမ်းထားသည့်ခိုများအား တီရှပ်လည်ပင်းပေါက်ဝမှ ထိုးထည့်လိုက်သည်ကိုလည်း တွေ့လိုက်ရပါသည်။

လူအသွားအလာရှင်းလျှင် အထက်ကအတိုင်း လေးငါးကြိမ်လုပ်လိုက်သည်ကို တွေ့လိုက်ရပြီး ထွက်သွားတော့သည်။

သြော် …သူပေးကမ်းတယ်ဆိုတာက သဒ္ဓါတရားအားကြီးလို့မှ မဟုတ်ဘဲ။ကြည်ဖြူလို့မှ မဟုတ်ဘဲ။ရမ္မက်နှင့်မြှူ လိုက်ခြင်းသာ ဖြစ်ပါလား။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ေပးကမ္းတိုင္းက လႉတာလား

 

အိပ္ရာက ေစာေစာႏိူးတတ္တာ ကြၽန္ေတာ္႕အက်င့္လိုျဖစ္ေနသည္။ယခုလည္း အ႐ုဏ္ဦးအလင္းေရာင္ မလာေသးခင္ ကြၽန္ေတာ္ႏိူးခဲ့သည္။

မ်က္ႏွာသစ္ သြားတိုက္ၿပီး ညက ဖတ္လက္စ စာအုပ္ကို ေအးေအးေဆးေဆးပင္ ဆက္ဖတ္ေနခဲ့မိပါသည္။ စာအုပ္ထဲဝင္စားေနစဥ္ ျပတင္းေပါက္မွ ဝင္လာသည့္ လင္းေရာင္ျခည္ေၾကာင့္ စာဖတ္ျခင္းကို ခဏနားလိုက္ၿပီး အေနာက္ဖက္ မ်က္ႏွာမူထားသည့္ ဆလိုက္ဒိုးမွန္တံကားတစ္ခ်က္ကို ဖြင့္လိုက္သည္။

အျပင္ဘက္တြင္ လူသြားလူလာက်ဲပါးေနေသးသည္ကိုေတြ႕ရသည္။ ပြင့္သစ္စနံနက္ခင္းကို ၾကည္ႏူးႏူးႏွင့္ ေတြ႕ရသည္က က်က္သေရ႐ွိလွပါသည္။

ေညာင္းညာေနသည့္မ်က္လုံးတို႔မွာ အျပင္မွ သဘာဝအလင္းေရာင္ေၾကာင့္လည္း လန္းလန္းဆန္းဆန္း ျဖစ္သလို ခံစားလိုက္ရသည္။

ျပတင္းေပါက္မွ ကြၽန္ေတာ္မ်က္ႏွာမူသည့္ ေ႐ွ႕ဘက္တြင္ ဟိႏၵဴဘုရားေက်ာင္း႐ွိသည္။ထိုဘုရားေက်ာင္းထဲ႐ွိ တမာပင္ႏွင့္ ဘုရားေက်ာင္းေ႐ွ႕ဓာတ္တိုင္မွ ဓာတ္ႀကိဳးေပၚတြင္ ခိုမ်ားမွ အစာေႂကြးသူမ႐ွိေသာ္လည္း ဆင္းတက္ပ်ံဝဲ ေနၾကသည္ကို ေတြ႕ျမင္ေနရသည္။

ေျမျပင္တြင္႐ွိေသာ ခိုေလးမ်ားက အစာရႏိုင္လိမ့္ႏိုးျဖင့္ ေငါက္ဆက္ေငါက္ဆက္သြားရင္း ႐ွာေဖြေနၾကသည္။ လူေတြမွာက အိပ္ခ်င္သည့္အခ်ိန္အိပ္မည္။ထခ်င္သည့္ အခ်ိန္ထမည္။သတၱဝါေလးမ်ားကေတာ့ အလင္းေရာင္ စေပၚၿပီဆိုသည္ႏွင့္ အိပ္တန္းကေန ႏိူးထၾကေပၿပီ။အစာအလို႔ငွာ ႐ွာေဖြေနၾကေပၿပီ။

ဘုရားေက်ာင္းနားမွာ လာနားေနၾကသည့္ ခိုေလးမ်ားကေတာ့ သဘာဝအရမွတ္သားမႈျဖင့္ ဒီေနရာကို ေရာက္လာၾကသည္။ဒီေနရာသည္ သူတို႔အတြက္ စားက်က္ေျမပင္ျဖစ္သည္။

ကုသိုလ္အလို႔ငွာ အစာေႂကြးမည့္သူမ်ားက ဘုရားေက်ာင္းေနရာတို႔တြင္ မျပတ္႐ွိတတ္သည္။ဒီေနရာတြင္ မွီခို႐ွင္သန္ရသည္ကလည္း သူတို႔အတြက္ အႏၲရာယ္ကင္းသည္မဟုတ္ပါလား။

သက္ႀကီး႐ြယ္အိုတို႔ကလည္း အစာလာေႂကြးတတ္သည္။မိခင္တို႔ကလည္း မိမိတို႔ရင္ေသြးမ်ားကို ေခၚလာကာ ငွက္ကေလးမ်ားကို အစာေႂကြးခိုင္းတတ္သည္။ ကုသိုလ္မ်ိဳးေစ့ခ်ေပးတတ္သည္။ သမီးရည္းစား ခ်စ္သူစုံတြဲမ်ား ကလည္း ဆုေတာင္းမႈေလးမ်ားႏွင့္ လႉၾကသည္။

ပုထုဇဥ္လူသားမ်ားအေနႏွင့္ ဘယ္ေလာက္ေစတနာသန္႔သန္႔ႏွင့္ လႉၾကတယ္ေျပာေစဦးေတာ့ လႉရျခင္း၏ အက်ိဳးကိုေတာ့ ေမွ်ာ္ကိုးမိတတ္ၾကသည္။

ကြၽန္ေတာ္ထိုသို႔ ေတြးေနစဥ္ ခိုေလးမ်ား ပ်ံသန္းဆင္းတက္လုပ္ေနၾကသည့္ ဘုရားေက်ာင္းေ႐ွ႕ ပလက္ေဖာင္းတြင္ ခပ္႐ြယ္႐ြယ္ လူတစ္ေယာက္ ေရာက္လာသည္ကို ေတြ႕ရသည္။ ထိုသူမွာ အက်ီႏွစ္ထပ္ ဝတ္ထား၏။ အတြင္းတြင္ တီ႐ွပ္ပြပြႏွင့္ အေပၚက အေႏြးထည္ ဂ်ာကင္အက်ႌကိုဝတ္ထားသည္။ ဂ်ာကင္အိတ္အတြင္း လက္ႏွစ္ဖက္ကိုထည့္ထားသည္။

ထိုလူ႐ြယ္သည္ ပလပ္ေဖာင္းတြင္ရပ္ၿပီး ဂ်ာကင္အိတ္ထဲမွ လက္ကိုထုတ္လိုက္ကာ လက္ေဝွ႔ရမ္းလိုက္သည္ကို ေတြ႕ရသည္။

ေၾသာ္…အိမ္ကေန အစာယူလာၿပီးေႂကြးတာပဲဟု ေတြးမိသည္။သို႔ေသာ္လည္း သူအစာေႂကြးေနသည္က အားရပါးရမ႐ွိလွ လက္ဖ်ားေလးျဖင့္ ေလးငါးဆယ္ေစ့ေလာက္သာ ေႂကြးေနသည္။ၿပီးေတာ့ အစာကို ခပ္ေဝးေဝးသို႔ မပက္ဘဲ လက္တစ္ကမ္း အကြာခန္႔မွာ ပက္ေနသည္။

ထိုသူမွာ ေဘးဘယ္ညာကို မျပတ္ၾကည့္ၿပီး လူသြားလူလာ႐ွိလွ်င္ အစာကိုနည္းနည္းသာပတ္သည္။ လူသြားလူလာ ျပတ္သြားလွ်င္ အစာကိုမ်ားမ်ားပက္လိုက္သည္။ခိုအုပ္မွာ အစာစားဖို႔သူ႕ေဘးကို တြန္႔ဆုတ္တြန္႔ဆုတ္ျဖင့္ကပ္လာၾကသည္။

ခိုမ်ား ထိုသူ႕အနီး ေရာက္လာသည့္အခါ ထိုသူမွာ ႂကြက္ကိုေတြ႕သည့္ ေၾကာင္ပမာ ၿငိမ္သြား၏။ထူးျခားသျဖင့္ ကြၽန္ေတာ္ပင္ အသက္႐ႈဖို႔ေမ့သြားၿပီး သူ႕ကိုေသခ်ာစိုက္ၾကည့္ေနမိ၏။

ေၾကာင္ကဲ့သို႔ပင္ထိုသူ၏လက္မွာ ႐ုတ္တရက္လႈပ္႐ွားသြားၿပီး အနီးေရာက္လာသည့္ ခိုႏွစ္ေကာင္ကို လွ်ပ္စီး၏လႈပ္႐ွားမႈမ်ိဳးျဖင့္ ဖမ္းဆီးလိုက္ေတာ့သည္။အလ်င္အျမန္ပင္ ဖမ္းထားသည့္ခိုမ်ားအား တီ႐ွပ္လည္ပင္းေပါက္ဝမွ ထိုးထည့္လိုက္သည္ကိုလည္း ေတြ႕လိုက္ရပါသည္။

လူအသြားအလာ႐ွင္းလွ်င္ အထက္ကအတိုင္း ေလးငါးႀကိမ္လုပ္လိုက္သည္ကို ေတြ႕လိုက္ရၿပီး ထြက္သြားေတာ့သည္။

ေၾသာ္ …သူေပးကမ္းတယ္ဆိုတာက သဒၶါတရားအားႀကီးလို႔မွ မဟုတ္ဘဲ။ၾကည္ျဖဴလို႔မွ မဟုတ္ဘဲ။ရမၼက္ႏွင့္ျမႇဴ လိုက္ျခင္းသာ ျဖစ္ပါလား။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
Shwe Wutt Hmone
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service