“စာအုပ် စာပေ…….! ”

“စာအုပ် စာပေ…….! ” - Property Knowledge in Myanmar from iMyanmarHouse.com
24 Mar 2023 1:47 pm တွင် တင်ခဲ့သည်
781 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

လူတိုင်းကိုယ်စီမှာ မြတ်နိုးဖွယ်ရာအကြောင်းတွေ ရှိကြမှာပါပဲ။တစ်ယောက်နဲ့တစ်ယောက် တူရင်မှ တူမှာပေါ့ ။

ကျွန်တော်က စာအုပ်တွေကိုမြတ်နိုးတယ်။စာအုပ်တွေကို မြတ်နိုးတယ်ဆိုတာကလည်း စာဖတ်ခြင်းကိုမြတ်နိူးလို့ ဖြစ်ပါတယ်။

ခေတ်က စာအုပ်ကိုလက်ကကိုင်ပြီးဖတ်နေရမယ့် ခေတ်မဟုတ်တော့ပေမယ့် ကျွန်တော်ကတော့ စာအုပ်ကိုင်ပြီး ဖတ်ရတာကို ပိုနှစ်သက်ပါတယ်။စာဖတ်ရတာကိုနှစ်သက်တော့ စာအုပ်တွေကို စုရတာကလည်း အလုပ်တစ်ခုလို ဖြစ်လာတယ်။

မဝယ်ဘဲ ငှားဖတ်ရအောင်ကလည်း အခုခေတ်မှာ စာအုပ်အငှားဆိုင်ဆိုတာတွေကဟာ သင်းသတ်ခံလိုက်ရတဲ့ သစ်ပင်တွေလိုပါပဲ။ မျိုးတုန်းပျောက်ကွယ်ကုန်ပါပြီ။ ပြန်ရှင်သန်ဖို့ မျိုးရိုးဗီဇတောင် မကျန်တော့ဘူး ထင်ပါရဲ့။

ဒီတော့ စာအုပ်အရောင်းဆိုင်တွေကနေ ဝယ်ဖတ်နေရတော့တာပေါ့။ဒါလည်းတစ်ခုကောင်းတယ်လို့ တွေးမိပါရဲ့။ဝယ်ဖတ်တော့ တစ်အုပ်ဝယ်၊တစ်အုပ်ဝယ်နဲ့ နောက်ပိုင်း အထုပ်အထည်နဲ့ကို ဖြစ်လာပါရောလား။

အရင်ကတော့ စာအုပ်ဝယ်တဲ့အခါ ကိုယ့်မှာရှိတဲ့ငွေနဲ့ ချိန်ဆပြီး လက်ငင်းဖတ်လိုတဲ့ စာအုပ်တွေကို အဓိကဝယ်တာပေါ့။ ဝယ်ထားသမျှကိုလည်း မြန်မြန်ပြီးအောင် တွန်းပြီးဖတ်ခဲ့ပါတယ်။ဝယ်ထားသမျှ စာအုပ်တွေကိုလည်း အကုန်ပြီးအောင်ဖတ်နိုင်ခဲ့တယ် ဆိုရမှာပါပဲ။

နောက်တော့ တွေ့သမျှ စာအုပ်ဆိုင်တိုင်းကို ဝင်မွှေခဲ့တယ်။ဖတ်လိုတဲ့စာအုပ်တွေရော၊ နောက်ပိုင်းလိုအပ်မယ်ထင်တဲ့ စာအုပ်တွေကိုရော ဝယ်တော့တာပါပဲ။

ပန်ဆိုးတန်းလမ်းမပေါ်က စာအုပ်ဆိုင်တွေဆိုတာ ကျွန်တော်ဝင်မရွေးဘူးတဲ့ စာအုပ်ဆိုင်ဆိုတာ မရှိသလောက်ပါဘဲ။ ၃၇ လမ်းထဲက စာအုပ်ဆိုင်တွေရောပေါ့။နောက်ပိုင်းတော့ ကျွန်တော်နဲ့ ပြောဆိုရတာ အပေါက်အလမ်းတည့်တဲ့၊ ကျွန်တော်က အဘကျော်လို့ခေါ်တဲ့ ဦးကျော်ဝင်းဆိုင်မှာ အဝယ်များခဲ့တယ်။

အဘကျော်က ကျွန်တော့်အပေါ် ဘယ်လောက်ထိယုံထားလည်းဆိုရင် ကျွန်တော်ဖတ်ချင်တဲ့စာအုပ်ကို ပိုက်ဆံမပါလည်း ယူသာသွား နောက်မှပေးဆိုတာချည်းပဲ။သူကမှတ်မထားဘူး။ပေးရမယ့်ကျွန်တော်က မှတ်ထားရတယ်။သူကယုံကြည်ရင် ကိုယ်ကလည်း စည်းမဖောက်ရဘူးမို့လား။

နောက်ပိုင်းအကြွေးရလို့ပဲ ဆိုပါတော့ သူ့ဆိုင်ကပဲ အများဆုံးဝယ်ဖြစ်ပြီး အခြားဆိုင်တွေက ကြိုးကြားကြိုးကြား လက်ငင်းဝယ်ဖြစ်ခဲ့တယ်။

ဝယ်တာများတော့ ဖတ်အားတွေ အကြွေးတင်လာတယ်။မဖတ်နိုင်တဲ့ စာအုပ်တွေလည်းများလာတယ်။

ဖတ်နိုင်နိုင်၊မဖတ်နိုင်နိုင် ကျွန်တော့် အိပ်ရာနံဘေးမှာ စာအုပ်တွေက များလာခဲ့ပါတယ်။

ကိုယ့်အခန်းထဲမှာရှိတဲ့ စာအုပ်အထပ်လိုက်တွေကိုကြည့်ပြီး စိတ်ထဲမှာ ကျေနပ်ပျော်ရွှင်တဲ့စိတ်ဖြစ်တယ်။ စာအုပ်တွေဟာ ရန်သူမဟုတ်၊မိတ်ဆွေအဖြစ်နဲ့ ကျွန်တော်ကယူဆတယ်။

ကျွန်တော်လိုအပ်လို့ ထုတ်ယူဖတ်တော့လည်းစိတ်မဆိုးဘူး။မဖတ်ချင်လို့ ချောင်ထိုးထားလည်း ကျွန်တော်ကို မညူဆူကြပါဘူး။နားအေးပါးအေး မိတ်ဆွေကောင်းတွေပါပဲ။စာအုပ်တွေဟာ နားအေးပါးအေးဆိုပေမယ့် ချစ်ခြင်းမုန်းခြင်း၊သနားခြင်းတွေ၊ရယ်မောပျော်ရွှင်ခြင်းတွေ၊ကြောက်ရွံ့ခြင်း၊ရဲရင့်ခြင်တွေ၊ထိတ်လန့်ခြင်း၊ စက်ဆုတ်ခြင်းတွေ၊အံ့ဩခြင်း၊ငြိမ်းအေးခြင်းတွေကိုတော့ အစုံပေးပါတယ်။

ဒါကြောင်းလည်း စာအုပ်စာပေ လူ့မိတ်ဆွေလို့ အမွှန်းတင်ကြတာပေါ့။

ဒီလိုလူ့မိတ်ဆွေတွေကို စုဆောင်းလိုက်ရတာ ကျွန်တော့်အိပ်ရာ ကျူထရံနံဘေးမှာ တောင်ပုံရာပုံနီးပါး ဖြစ်လာခဲ့ပါတယ်။

တစ်ရက်တော့ ညသန်းခေါင်ကျော်မှာ မီးပိတ်ပြီး စာအုပ်ပုံဘေး ခေါင်းချလို့ အိပ်မယ်လုပ်တော့ နားနဲ့ စာအုပ်ပုံနဲ့ နီးသွားတော့ စာအုပ်ပုံထဲက စီစီအသံတွေ ကြားရပါတယ်။ဒါနဲ့ ကျွန်တော်လည်း မီးတွေပြန်ဖွင့်ပြီး စာအုပ်တွေကိုနဲနဲချင်း ဖြိုချပြီးကြည့်မိတယ်။အပေါ်ပိုင်း တစ်ဝက်ကျော်ကျော်လောက်ဖြိုပြီးတော့မှ တွေ့လိုက်ရပါတယ်။

အကောင်သေးသေးနဲ့ မောင်မင်းကြီးသား ခြတွေဗျာ။စာအုပ်တော်တော်များကို အလယ်ကနေတောက်လျှောက် ဖောက်စားသွားလိုက်တာများ ကျွန်တော်မှာ ရင်ကျိုးမတက်ပါဘဲ။

ပန်းဆိုးတန်း ပလတ်ဖောင်းမှာ စာအုပ်အဟောင်းရောင်းတဲ့ဆိုင်မှာ စာအုပ်ဝယ်တုန်းက ရောင်းတဲ့အဖိုးကြီးရဲ့ ပါးစပ်က အော်နေတာလေး သွားအမှတ်ရတယ်။

“ဝယ်ထားနော်၊ဝယ်ထားနော် စာအုပ်စာပေ ခြမိတ်ဆွေ” ဆိုပြီး အော်တာလေးကို အမှတ်ရမိတော့တာပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

 

[Zawgyi]

“စာအုပ္ စာေပ…….! ”

 

လူတိုင္းကိုယ္စီမွာ ျမတ္ႏိုးဖြယ္ရာအေၾကာင္းေတြ ႐ွိၾကမွာပါပဲ။တစ္ေယာက္နဲ႔တစ္ေယာက္ တူရင္မွ တူမွာေပါ့ ။

ကြၽန္ေတာ္က စာအုပ္ေတြကိုျမတ္ႏိုးတယ္။စာအုပ္ေတြကို ျမတ္ႏိုးတယ္ဆိုတာကလည္း စာဖတ္ျခင္းကိုျမတ္ႏိူးလို႔ ျဖစ္ပါတယ္။

ေခတ္က စာအုပ္ကိုလက္ကကိုင္ၿပီးဖတ္ေနရမယ့္ ေခတ္မဟုတ္ေတာ့ေပမယ့္ ကၽြန္ေတာ္ကေတာ့ စာအုပ္ကိုင္ၿပီး ဖတ္ရတာကို ပိုႏွစ္သက္ပါတယ္။စာဖတ္ရတာကိုႏွစ္သက္ေတာ့ စာအုပ္ေတြကို စုရတာကလည္း အလုပ္တစ္ခုလို ျဖစ္လာတယ္။

မဝယ္ဘဲ ငွားဖတ္ရေအာင္ကလည္း အခုေခတ္မွာ စာအုပ္အငွားဆိုင္ဆိုတာေတြကဟာ သင္းသတ္ခံလိုက္ရတဲ့ သစ္ပင္ေတြလိုပါပဲ။ မ်ိဳးတုန္းေပ်ာက္ကြယ္ကုန္ပါၿပီ။ ျပန္ရွင္သန္ဖို႔ မ်ိဳးရိုးဗီဇေတာင္ မက်န္ေတာ့ဘူး ထင္ပါရဲ႕။

ဒီေတာ့ စာအုပ္အေရာင္းဆိုင္ေတြကေန ဝယ္ဖတ္ေနရေတာ့တာေပါ့။ဒါလည္းတစ္ခုေကာင္းတယ္လို႔ ေတြးမိပါရဲ႕။ဝယ္ဖတ္ေတာ့ တစ္အုပ္ဝယ္၊တစ္အုပ္ဝယ္နဲ႔ ေနာက္ပိုင္း အထုပ္အထည္နဲ႔ကို ျဖစ္လာပါေရာလား။

အရင္ကေတာ့ စာအုပ္ဝယ္တဲ့အခါ ကိုယ့္မွာရွိတဲ့ေငြနဲ႔ ခ်ိန္ဆၿပီး လက္ငင္းဖတ္လိုတဲ့ စာအုပ္ေတြကို အဓိကဝယ္တာေပါ့။ ဝယ္ထားသမွ်ကိုလည္း ျမန္ျမန္ၿပီးေအာင္ တြန္းၿပီးဖတ္ခဲ့ပါတယ္။ဝယ္ထားသမွ် စာအုပ္ေတြကိုလည္း အကုန္ၿပီးေအာင္ဖတ္ႏိုင္ခဲ့တယ္ ဆိုရမွာပါပဲ။

ေနာက္ေတာ့ ေတြ႔သမွ် စာအုပ္ဆိုင္တိုင္းကို ဝင္ေမႊခဲ့တယ္။ဖတ္လိုတဲ့စာအုပ္ေတြေရာ၊ ေနာက္ပိုင္းလိုအပ္မယ္ထင္တဲ့ စာအုပ္ေတြကိုေရာ ဝယ္ေတာ့တာပါပဲ။

ပန္ဆိုးတန္းလမ္းမေပၚက စာအုပ္ဆိုင္ေတြဆိုတာ ကၽြန္ေတာ္ဝင္မေရြးဘူးတဲ့ စာအုပ္ဆိုင္ဆိုတာ မရွိသေလာက္ပါဘဲ။ ၃၇ လမ္းထဲက စာအုပ္ဆိုင္ေတြေရာေပါ့။ေနာက္ပိုင္းေတာ့ ကၽြန္ေတာ္နဲ႔ ေျပာဆိုရတာ အေပါက္အလမ္းတည့္တဲ့၊ ကၽြန္ေတာ္က အဘေက်ာ္လို႔ေခၚတဲ့ ဦးေက်ာ္ဝင္းဆိုင္မွာ အဝယ္မ်ားခဲ့တယ္။

အဘေက်ာ္က ကၽြန္ေတာ့္အေပၚ ဘယ္ေလာက္ထိယုံထားလည္းဆိုရင္ ကၽြန္ေတာ္ဖတ္ခ်င္တဲ့စာအုပ္ကို ပိုက္ဆံမပါလည္း ယူသာသြား ေနာက္မွေပးဆိုတာခ်ည္းပဲ။သူကမွတ္မထားဘူး။ေပးရမယ့္ကၽြန္ေတာ္က မွတ္ထားရတယ္။သူကယုံၾကည္ရင္ ကိုယ္ကလည္း စည္းမေဖာက္ရဘူးမို႔လား။

ေနာက္ပိုင္းအေၾကြးရလို႔ပဲ ဆိုပါေတာ့ သူ႔ဆိုင္ကပဲ အမ်ားဆုံးဝယ္ျဖစ္ၿပီး အျခားဆိုင္ေတြက ႀကိဳးၾကားႀကိဳးၾကား လက္ငင္းဝယ္ျဖစ္ခဲ့တယ္။

ဝယ္တာမ်ားေတာ့ ဖတ္အားေတြ အေၾကြးတင္လာတယ္။မဖတ္ႏိုင္တဲ့ စာအုပ္ေတြလည္းမ်ားလာတယ္။

ဖတ္ႏိုင္ႏိုင္၊မဖတ္ႏိုင္ႏိုင္ ကၽြန္ေတာ့္ အိပ္ရာနံေဘးမွာ စာအုပ္ေတြက မ်ားလာခဲ့ပါတယ္။

ကိုယ့္အခန္းထဲမွာရွိတဲ့ စာအုပ္အထပ္လိုက္ေတြကိုၾကည့္ၿပီး စိတ္ထဲမွာ ေက်နပ္ေပ်ာ္ရႊင္တဲ့စိတ္ျဖစ္တယ္။ စာအုပ္ေတြဟာ ရန္သူမဟုတ္၊မိတ္ေဆြအျဖစ္နဲ႔ ကၽြန္ေတာ္ကယူဆတယ္။

ကၽြန္ေတာ္လိုအပ္လို႔ ထုတ္ယူဖတ္ေတာ့လည္းစိတ္မဆိုးဘူး။မဖတ္ခ်င္လို႔ ေခ်ာင္ထိုးထားလည္း ကၽြန္ေတာ္ကို မညဴဆူၾကပါဘူး။နားေအးပါးေအး မိတ္ေဆြေကာင္းေတြပါပဲ။စာအုပ္ေတြဟာ နားေအးပါးေအးဆိုေပမယ့္ ခ်စ္ျခင္းမုန္းျခင္း၊သနားျခင္းေတြ၊ရယ္ေမာေပ်ာ္ရႊင္ျခင္းေတြ၊ေၾကာက္ရြံ႕ျခင္း၊ရဲရင့္ျခင္ေတြ၊ထိတ္လန္႔ျခင္း၊ စက္ဆုတ္ျခင္းေတြ၊အံ့ဩျခင္း၊ၿငိမ္းေအးျခင္းေတြကိုေတာ့ အစုံေပးပါတယ္။

ဒါေၾကာင္းလည္း စာအုပ္စာေပ လူ႔မိတ္ေဆြလို႔ အမႊန္းတင္ၾကတာေပါ့။

ဒီလိုလူ႔မိတ္ေဆြေတြကို စုေဆာင္းလိုက္ရတာ ကၽြန္ေတာ့္အိပ္ရာ က်ဴထရံနံေဘးမွာ ေတာင္ပုံရာပုံနီးပါး ျဖစ္လာခဲ့ပါတယ္။

တစ္ရက္ေတာ့ ညသန္းေခါင္ေက်ာ္မွာ မီးပိတ္ၿပီး စာအုပ္ပုံေဘး ေခါင္းခ်လို႔ အိပ္မယ္လုပ္ေတာ့ နားနဲ႔ စာအုပ္ပုံနဲ႔ နီးသြားေတာ့ စာအုပ္ပုံထဲက စီစီအသံေတြ ၾကားရပါတယ္။ဒါနဲ႔ ကၽြန္ေတာ္လည္း မီးေတြျပန္ဖြင့္ၿပီး စာအုပ္ေတြကိုနဲနဲခ်င္း ၿဖိဳခ်ၿပီးၾကည့္မိတယ္။အေပၚပိုင္း တစ္ဝက္ေက်ာ္ေက်ာ္ေလာက္ၿဖိဳၿပီးေတာ့မွ ေတြ႔လိုက္ရပါတယ္။

အေကာင္ေသးေသးနဲ႔ ေမာင္မင္းႀကီးသား ျခေတြဗ်ာ။စာအုပ္ေတာ္ေတာ္မ်ားကို အလယ္ကေနေတာက္ေလွ်ာက္ ေဖာက္စားသြားလိုက္တာမ်ား ကၽြန္ေတာ္မွာ ရင္က်ိဳးမတက္ပါဘဲ။

ပန္းဆိုးတန္း ပလတ္ေဖာင္းမွာ စာအုပ္အေဟာင္းေရာင္းတဲ့ဆိုင္မွာ စာအုပ္ဝယ္တုန္းက ေရာင္းတဲ့အဖိုးႀကီးရဲ႕ ပါးစပ္က ေအာ္ေနတာေလး သြားအမွတ္ရတယ္။

“ဝယ္ထားေနာ္၊ဝယ္ထားေနာ္ စာအုပ္စာေပ ျခမိတ္ေဆြ” ဆိုၿပီး ေအာ္တာေလးကို အမွတ္ရမိေတာ့တာပါပဲ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
Shwe Wutt Hmone
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service