စူပါမော်ဒယ် Bella Hadid နှင့် Gigi Hadid တို့၏ဖခင် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး မိုဟာမက် ဟာဒစ်၏ ဒေါ်လာ သန်း ၁၀၀ တန်စံအိမ်ကြီး အိမ်နီးချင်း တိုင်တန်းမှုကြောင့် ဖြိုဖျက်ပေးလိုက်ရ

စူပါမော်ဒယ် Bella Hadid နှင့် Gigi Hadid တို့၏ဖခင် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး မိုဟာမက် ဟာဒစ်၏ ဒေါ်လာ သန်း ၁၀၀ တန်စံအိမ်ကြီး အိမ်နီးချင်း တိုင်တန်းမှုကြောင့် ဖြိုဖျက်ပေးလိုက်ရ - Property News in Myanmar from iMyanmarHouse.com
24 Mar 2023 11:15 am တွင် တင်ခဲ့သည်
1501 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နာမည်ကြီးအိမ်ခြံမြေလုပ်ငန်းရှင်ကြီး မိုဟာမက် ဟာဒစ်သည် လော့စ်အိန်ဂျလိမြို့တွင် တည်ရှိသော ဒေါ်လာ သန်း ၁၀၀ တန်စံအိမ်ကြီးကို အိမ်နီးချင်းများ၏ တိုင်တန်းမှုကြောင့် ဖြိုချဖျက်သိမ်းပေးလိုက်ရသည်။

မိုဟာမက်ဟာဒစ်သည် The Real Housewives of Beverly Hills ရုပ်သံအစီအစဉ်မှ သရုပ်ဆောင်တစ်ဦး လည်း ဖြစ်ပြီး စူပါမော်ဒယ်များဖြစ်သော Gigi Hadid နှင့် Bella Hadid တို့၏ ဖခင် ဖြစ်သည်။

အိမ်နီးချင်းများက အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီး၏ စံအိမ်ကြီးကို ဖျက်သိမ်းပေးရေး တရားရုံးတွင် တရားစွဲဆို ခဲ့ရာ တရားရုံးက အိမ်နီးချင်းများကို အနိုင်ပေးလိုက်ပြီး မိုဟာမက်ဟာဒစ်အနေဖြင့် အိမ်နီးချင်းများကို ၅ နှစ်ကြာ အမှုရင်ဆိုင်ခဲ့ရသည့် တရားစရိတ် ဒေါ်လာ ၂ ဒသမ ၆ သန်းပေးရန် အမိန့်ချမှတ်ခဲ့သည်။

မိုဟာမက်ဟာဒစ်ကို တရားစွဲခဲ့သော အိမ်နီးချင်းများမှ ဦးဆောင်ခဲ့သူ အသက် ၈၁ နှစ်အရွယ်ရှိ ဂျိုး ဟိုရာဆက် (Joe Horacek ) က Dailymail သတင်းဌာနသို့ ပြောသည်မှာ “သင်္ကာရှင်းသွားတာ ကျွန်တော်ခံစားရပါတယ်။ ခုချိန်မှာတော့ ဟာဒစ်အနေနဲ့ ဒဏ်ငွေ ပေးဆောင်ပြီး ထွက်သွားစေလိုပါတယ်”ဟုပြောသည်။

အသက် ၇၄ နှစ်အရွယ်ရှိ မိုဟာမက်ဟာဒစ်က လော့စ်အိန်ဂျလိအထက်ရုံး တရားသူကြီး Craig Karlan ၏ ဆုံးဖြတ်ချက်အပေါ် ဒေါသတကြီးရှုတ်ချခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်မှာ ပြက်လုံးတစ်ခုသဖွယ်ဖြစ်ကြောင်း ၊ ၎င်းအနေဖြင့် အိမ်နီးချင်းများကို ဒေါ်လာ သန်း ၂၀၀ (သို့မဟုတ်) သန်း ၃၀၀ နစ်နာကြေးရလိုမှုဖြင့် တန်ပြန်တရားစွဲမည် ဖြစ်ကြောင်း ပြောသည်။

(အသက် ၇၄ နှစ်အရွယ်ရှိ မိုဟာမက်ဟာဒစ်က လော့စ်အိန်ဂျလိအထက်ရုံး တရားသူကြီး Craig Karlan ၏ ဆုံးဖြတ်ချက်မှာ ပြက်လုံးတစ်ခုသဖွယ်ဖြစ်ကြောင်း ပြောသည်။)

(မိုဟာမက်ဟာဒစ်အား တရားစွဲခဲ့သော အိမ်နီးချင်းဖြစ်သူ ဂျိုးဟိုရာဆက်ကို သူ၏ နေအိမ်ရှေ့တံခါးတွင် တွေ့ရပုံ။)

မိုဟာမက်ဟာဒစ်က လော့စ်အိန်ဂျလိမြို့၊ Bel Air အရပ်ရှိ အဆိုပါ စံအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ရောင်းချနိုင်ရန် မျှော်လင့်ခဲ့သည်။

သို့သော် အဆိုပါ စံအိမ်ကြီးသည် ခွင့်ပြုထားသည့် အကျယ်အဝန်း သတ်မှတ်ချက်ဖြစ်သော စတုရန်းပေ ၁၅၀၀၀ ထက် နှစ်ဆပိုမိုကြီးမားအောင် ဆောက်လုပ်ခဲ့သောကြောင့် လော့စ်အိန်ဂျလိအုပ်ချုပ်ရေးအဖွဲ့က ၂၀၁၅ ခုနှစ်တွင် တရားစွဲခြင်း ခံခဲ့ရသည်။

မြို့အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်မှာ ဟာဒစ်အနေဖြင့် ခွင့်ပြုထားသည့် နေအိမ် အရွယ်အစားသို့ လျှော့ချရန် (သို့မဟုတ်) ဖြိုချဖျက်သိမ်းရန် အမိန့်ထုတ်ခဲ့သည်။

သို့သော် ဟာဒစ်က ၂၀၁၈ ခုနှစ်အထိ အဆိုပါ အမိန့်များကို မလိုက်နာခဲ့။

(ဟာဒစ်အား တရားစွဲခဲ့သူ ဟိုရာဆက်)

တောင်ကုန်းထိပ်တွင် တည်ရှိသော ဟာဒစ်၏ စံအိမ်ကြီးသည် အလွန်တရာကြီးမားစွာ တရားမဝင် ဆောက်လုပ် ထားပြီး ထိုအိမ်ပြိုကျပါက တောင်ကုန်းအောက်ရှိ နေအိမ်များ ပျက်စီးနိုင်ကြောင်းဖြင့် အိမ်နီးချင်းများက တရားမမှု တရားစွဲခဲ့ခြင်း ဖြစ်သည်။

အင်ဂျီနီယာများနှင့် ဗိသုကာပညာရှင်များကို စစ်ဆေးကြားနာခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် ၊ နိုဝင်ဘာလတွင် တရားသူကြီး Karlan က အိမ်နီးချင်းများ၏ စွပ်စွဲချက်ကို သဘောတူခဲ့ပြီး ဟာဒစ်၏ နေအိမ်သည် အနီးဝန်းကျင် အတွက် အန္တရာယ်ရှိသည်မှာ ထင်ရှားကြောင်း ဆုံးဖြတ်ကာ ဖြိုချဖျက်သိမ်းရန် အမိန့်ပေးခဲ့သည်။

အိမ်နီးချင်းများက ရှေ့နေများ ငှားရမ်းမှုအတွက် ဒေါ်လာ ၉ သန်းခန့် သုံးစွဲခဲ့ရသည်။

တရားသူကြီး ဆုံးဖြတ်ခဲ့သည့် ငွေပမာဏမှာ မိမိနှင့် အိမ်နီးချင်းများ ကုန်ကျခဲ့ရသည့် ငွေပမာဏကို မကာမိ သော်လည်း သင်္ကာရှင်းသွားမှုကို ခံစားခဲ့ရကြောင်း ဟိုရာဆက်က ပြောသည်။

(အသက် ၇၄ နှစ်အရွယ်ရှိ မိုဟာမက်ဟာဒစ်က တရားသူကြီး ဆုံးဖြတ်ချက်ကို ဒေါသတကြီး ရှုတ်ချခဲ့သည်။)

(မိုဟာမက်ဟာဒစ်၏ စံအိမ်ကြီး ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်းက ဖြိုချဖျက်သိမ်းခံနေရပုံ။)

(လော့စ်အိန်ဂျလိမြို့ ၊ Bel Air အရပ်ကို စီးမိုးတွေ့မြင်နေရသော မိုဟာမက်ဟာဒစ်၏ အိပ်မက်စံအိမ်ကြီးမှာ ယခုအခါ ဤသို့သာ ကျန်ရစ်တော့သည်။)

“မိုဟာမက်ဟာဒစ်ကို တရားစွဲတာက ကျွန်တော်တို့ ကိုယ်ကျိုးအတွက် မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ အနီး ပတ်ဝန်းကျင် တစ်ခုလုံးအတွက် ဘေးအန္တရာယ်ကင်းဖို့ ဖြစ်တယ်ဆိုတာ တရားသူကြီးက ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ပါတယ်။”ဟု ဟိုရာဆက်က ပြောသည်။

တရားသူကြီး အမိန့်ချမှတ်ခဲ့သည့် တရားစရိတ် ဒေါ်လာ ၂ ဒသမ ၉ သန်းမှ မည်မျှရသနည်းဟု မေးရာတွင် ဟိုရာဆက်က ရယ်မောရင်း ဖြေခဲ့သည်မှာ “ကျွန်တော်တို့ ဟာဒစ်ဆီက တစ်ပြားတစ်ချပ်မှ မမြင်ရသေးပါဘူး။ လျော်ကြေးငွေ ရချင်တယ်ဆိုရင် သူ့နောက်ကို လိုက်ဖို့ လူတွေငှားမှ ရပါလိမ့်မယ်။ဟာဒစ်ကတော့ ဒေဝါလီ ခံမယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ဒီနှစ် ကိန်းရုပ်ရှင်ပွဲတော်ကို ကိုယ်ပိုင် ဂျက်လေယာဉ်ကြီးနဲ့ ရောက်လာလိမ့်မယ် ဆိုတာ ကျွန်တော်လောင်းရဲပါတယ်။”ဟု ပြောသည်။

(ဤစံအိမ်ကြီး ဖျက်သိမ်းစေရန် အိမ်နီးချင်းများက နှစ်အတန်ကြာ တရားရင်ဆိုင်ခဲ့ရသည်။)

တခါက ကြီးကျယ်ခမ်းနားခဲ့သော စံအိမ်ကြီးမှာ ပြီးခဲ့သောနှစ်အတွင်း စတင် ဖြိုဖျက်ခဲ့ပြီး ယခုအခါ အပြီးသတ် ဖြိုချပြီးခဲ့ပြီ ဖြစ်သည်။

(အိမ်ခြံမြေလုပ်ငန်းရှင်ကြီး မိုဟာမက်ဟာဒစ်က သူ၏ အိပ်မက်စံအိမ်ကြီး ဆုံးရှုံးခဲ့ရမှုအတွက် အိမ်နီးချင်းများကို ဒေါ်လာ သန်း ၂၀၀ မှ သန်း ၃၀၀ ရလိုမှုဖြင့် တရားစွဲလိုကြောင်း ပြောသည်)

(မိုဟာမက်ဟာဒစ်သည် အသက် ၂၆ နှစ်အရွယ်ရှိ စူပါမော်ဒယ် Bella Hadid နှင့် အသက် ၂၇ နှစ် အရွယ်ရှိ Gigi Hadid တို့၏ ဖခင်ဖြစ်သည်)

မိုဟာမက်ဟာဒစ်သည် ဒေဝါလီခံရန် လျှောက်ထားခဲ့ပြီး ၎င်းအနေဖြင့် စံအိမ်ဖျက်သိမ်းစရိတ် ဒေါ်လာ ၅ သန်းကို မတတ်နိုင်ကြောင်း တင်ပြခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: EXCLUSIVE: 'Pay up - and go away!' Mohamed Hadid's neighbors are jubilant as judge awards them $2.6M after five-year legal battle to demolish his Los Angeles mega-mansion labeled Starship Enterprise - but he now wants to sue them for hundreds of millions (dailymail)

[Zawgyi]

စူပါေမာ္ဒယ္ Bella Hadid ႏွင့္ Gigi Hadid တို႔၏ဖခင္ အိမ္ျခံေျမလုပ္ငန္းရွင္ၾကီး မိုဟာမက္ ဟာဒစ္၏ ေဒၚလာ သန္း ၁၀၀ တန္စံအိမ္ၾကီး အိမ္နီးခ်င္း တိုင္တန္းမႈေၾကာင့္ ျဖိဳဖ်က္ေပးလိုက္ရ

နာမည္ၾကီးအိမ္ျခံေျမလုပ္ငန္းရွင္ၾကီး မိုဟာမက္ ဟာဒစ္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ တည္ရွိေသာ ေဒၚလာ သန္း ၁၀၀ တန္စံအိမ္ၾကီးကို အိမ္နီးခ်င္းမ်ား၏ တိုင္တန္းမႈေၾကာင့္ ျဖိဳခ်ဖ်က္သိမ္းေပးလိုက္ရသည္။

မိုဟာမက္ဟာဒစ္သည္ The Real Housewives of Beverly Hills ရုပ္သံအစီအစဥ္မွ သရုပ္ေဆာင္တစ္ဦး လည္း ျဖစ္ျပီး စူပါေမာ္ဒယ္မ်ားျဖစ္ေသာ Gigi Hadid ႏွင့္ Bella Hadid တို႔၏ ဖခင္ ျဖစ္သည္။

အိမ္နီးခ်င္းမ်ားက အိမ္ျခံေျမလုပ္ငန္းရွင္သူေဌးၾကီး၏ စံအိမ္ၾကီးကို ဖ်က္သိမ္းေပးေရး တရားရံုးတြင္ တရားစြဲဆို ခဲ့ရာ တရားရံုးက အိမ္နီးခ်င္းမ်ားကို အႏိုင္ေပးလိုက္ျပီး မိုဟာမက္ဟာဒစ္အေနျဖင့္ အိမ္နီးခ်င္းမ်ားကို ၅ ႏွစ္ၾကာ အမႈရင္ဆိုင္ခဲ့ရသည့္ တရားစရိတ္ ေဒၚလာ ၂ ဒသမ ၆ သန္းေပးရန္ အမိန္႔ခ်မွတ္ခဲ့သည္။

မိုဟာမက္ဟာဒစ္ကို တရားစြဲခဲ့ေသာ အိမ္နီးခ်င္းမ်ားမွ ဦးေဆာင္ခဲ့သူ အသက္ ၈၁ ႏွစ္အရြယ္ရွိ ဂ်ဳိး ဟိုရာဆက္ (Joe Horacek ) က Dailymail သတင္းဌာနသို႔ ေျပာသည္မွာ “သကၤာရွင္းသြားတာ ကၽြန္ေတာ္ခံစားရပါတယ္။ ခုခ်ိန္မွာေတာ့ ဟာဒစ္အေနနဲ႔ ဒဏ္ေငြ ေပးေဆာင္ျပီး ထြက္သြားေစလိုပါတယ္”ဟုေျပာသည္။

အသက္ ၇၄ ႏွစ္အရြယ္ရွိ မိုဟာမက္ဟာဒစ္က ေလာ့စ္အိန္ဂ်လိအထက္ရံုး တရားသူၾကီး Craig Karlan ၏ ဆံုးျဖတ္ခ်က္အေပၚ ေဒါသတၾကီးရႈတ္ခ်ခဲ့ျပီး အဆိုပါ ဆံုးျဖတ္ခ်က္မွာ ျပက္လံုးတစ္ခုသဖြယ္ျဖစ္ေၾကာင္း ၊ ၎အေနျဖင့္ အိမ္နီးခ်င္းမ်ားကို ေဒၚလာ သန္း ၂၀၀ (သို႔မဟုတ္) သန္း ၃၀၀ နစ္နာေၾကးရလိုမႈျဖင့္ တန္ျပန္တရားစြဲမည္ ျဖစ္ေၾကာင္း ေျပာသည္။

(အသက္ ၇၄ ႏွစ္အရြယ္ရွိ မိုဟာမက္ဟာဒစ္က ေလာ့စ္အိန္ဂ်လိအထက္ရံုး တရားသူၾကီး Craig Karlan ၏ ဆံုးျဖတ္ခ်က္မွာ ျပက္လံုးတစ္ခုသဖြယ္ျဖစ္ေၾကာင္း ေျပာသည္။)

(မိုဟာမက္ဟာဒစ္အား တရားစြဲခဲ့ေသာ အိမ္နီးခ်င္းျဖစ္သူ ဂ်ိဳးဟိုရာဆက္ကို သူ၏ ေနအိမ္ေရွ႕တံခါးတြင္ ေတြ႔ရပံု။)

မိုဟာမက္ဟာဒစ္က ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Bel Air အရပ္ရွိ အဆိုပါ စံအိမ္ၾကီးကို ကန္ေဒၚလာ သန္း ၁၀၀ ျဖင့္ ေရာင္းခ်ႏိုင္ရန္ ေမွ်ာ္လင့္ခဲ့သည္။

သို႔ေသာ္ အဆိုပါ စံအိမ္ၾကီးသည္ ခြင့္ျပဳထားသည့္ အက်ယ္အဝန္း သတ္မွတ္ခ်က္ျဖစ္ေသာ စတုရန္းေပ ၁၅၀၀၀ ထက္ ႏွစ္ဆပိုမိုၾကီးမားေအာင္ ေဆာက္လုပ္ခဲ့ေသာေၾကာင့္ ေလာ့စ္အိန္ဂ်လိအုပ္ခ်ဳပ္ေရးအဖြဲ႔က ၂၀၁၅ ခုႏွစ္တြင္ တရားစြဲျခင္း ခံခဲ့ရသည္။

ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ညႊန္ၾကားခ်က္ ထုတ္ျပန္ခဲ့သည္မွာ ဟာဒစ္အေနျဖင့္ ခြင့္ျပဳထားသည့္ ေနအိမ္ အရြယ္အစားသို႔ ေလွ်ာ့ခ်ရန္ (သို႔မဟုတ္) ျဖိဳခ်ဖ်က္သိမ္းရန္ အမိန္႔ထုတ္ခဲ့သည္။ သို႔ေသာ္ ဟာဒစ္က ၂၀၁၈ ခုႏွစ္အထိ အဆိုပါ အမိန္႔မ်ားကို မလိုက္နာခဲ့။

(ဟာဒစ္အား တရားစြဲခဲ့သူ ဟိုရာဆက္)

ေတာင္ကုန္းထိပ္တြင္ တည္ရွိေသာ ဟာဒစ္၏ စံအိမ္ၾကီးသည္ အလြန္တရာၾကီးမားစြာ တရားမဝင္ ေဆာက္လုပ္ ထားျပီး ထိုအိမ္ျပဳိက်ပါက ေတာင္ကုန္းေအာက္ရွိ ေနအိမ္မ်ား ပ်က္စီးႏိုင္ေၾကာင္းျဖင့္ အိမ္နီးခ်င္းမ်ားက တရားမမႈ တရားစြဲခဲ့ျခင္း ျဖစ္သည္။

အင္ဂ်ီနီယာမ်ားႏွင့္ ဗိသုကာပညာရွင္မ်ားကို စစ္ေဆးၾကားနာခဲ့ျပီးေနာက္ ၂၀၁၉ ခုႏွစ္ ၊ ႏိုဝင္ဘာလတြင္ တရားသူၾကီး Karlan က အိမ္နီးခ်င္းမ်ား၏ စြပ္စြဲခ်က္ကို သေဘာတူခဲ့ျပီး ဟာဒစ္၏ ေနအိမ္သည္ အနီးဝန္းက်င္ အတြက္ အႏၱရာယ္ရွိသည္မွာ ထင္ရွားေၾကာင္း ဆံုးျဖတ္ကာ ျဖိဳခ်ဖ်က္သိမ္းရန္ အမိန္႔ေပးခဲ့သည္။

အိမ္နီးခ်င္းမ်ားက ေရွ႕ေနမ်ား ငွားရမ္းမႈအတြက္ ေဒၚလာ ၉ သန္းခန္႔ သံုးစြဲခဲ့ရသည္။

တရားသူၾကီး ဆံုးျဖတ္ခဲ့သည့္ ေငြပမာဏမွာ မိမိႏွင့္ အိမ္နီးခ်င္းမ်ား ကုန္က်ခဲ့ရသည့္ ေငြပမာဏကို မကာမိ ေသာ္လည္း သကၤာရွင္းသြားမႈကို ခံစားခဲ့ရေၾကာင္း ဟုိရာဆက္က ေျပာသည္။

(အသက္ ၇၄ ႏွစ္အရြယ္ရွိ မိုဟာမက္ဟာဒစ္က တရားသူၾကီး ဆံုးျဖတ္ခ်က္ကို ေဒါသတၾကီး ရႈတ္ခ်ခဲ့သည္။)

(မိုဟာမက္ဟာဒစ္၏ စံအိမ္ၾကီး ၂၀၂၂ ခုႏွစ္ ၊ ေဖေဖာ္ဝါရီလအတြင္းက ျဖိဳခ်ဖ်က္သိမ္းခံေနရပံု။)

(ေလာ့စ္အိန္ဂ်လိျမိဳ႕ ၊ Bel Air အရပ္ကို စီးမိုးေတြ႔ျမင္ေနရေသာ မိုဟာမက္ဟာဒစ္၏ အိပ္မက္စံအိမ္ၾကီးမွာ ယခုအခါ ဤသို႔သာ က်န္ရစ္ေတာ့သည္။)

“မိုဟာမက္ဟာဒစ္ကို တရားစြဲတာက ကၽြန္ေတာ္တို႔ ကိုယ္က်ဳိးအတြက္ မဟုတ္ဘဲ ကၽြန္ေတာ္တို႔ရဲ႕ အနီး ပတ္ဝန္းက်င္ တစ္ခုလံုးအတြက္ ေဘးအႏၱရာယ္ကင္းဖို႔ ျဖစ္တယ္ဆုိတာ တရားသူၾကီးက ရွင္းရွင္းလင္းလင္း သိျမင္ခဲ့ပါတယ္။”ဟု ဟိုရာဆက္က ေျပာသည္။

တရားသူၾကီး အမိန္႔ခ်မွတ္ခဲ့သည့္ တရားစရိတ္ ေဒၚလာ ၂ ဒသမ ၉ သန္းမွ မည္မွ်ရသနည္းဟု ေမးရာတြင္ ဟိုရာဆက္က ရယ္ေမာရင္း ေျဖခဲ့သည္မွာ “ကၽြန္ေတာ္တို႔ ဟာဒစ္ဆီက တစ္ျပားတစ္ခ်ပ္မွ မျမင္ရေသးပါဘူး။ ေလ်ာ္ေၾကးေငြ ရခ်င္တယ္ဆိုရင္ သူ႔ေနာက္ကို လုိက္ဖို႔ လူေတြငွားမွ ရပါလိမ့္မယ္။ဟာဒစ္ကေတာ့ ေဒဝါလီ ခံမယ္လို႔ ေျပာတာပဲ။ ဒါေပမဲ့ ဒီႏွစ္ ကိန္းရုပ္ရွင္ပြဲေတာ္ကို ကိုယ္ပုိင္ ဂ်က္ေလယာဥ္ၾကီးနဲ႔ ေရာက္လာလိမ့္မယ္ ဆိုတာ ကၽြန္ေတာ္ေလာင္းရဲပါတယ္။”ဟု ေျပာသည္။

(ဤစံအိမ္ၾကီး ဖ်က္သိမ္းေစရန္ အိမ္နီးခ်င္းမ်ားက ႏွစ္အတန္ၾကာ တရားရင္ဆိုင္ခဲ့ရသည္။)

တခါက ၾကီးက်ယ္ခမ္းနားခဲ့ေသာ စံအိမ္ၾကီးမွာ ျပီးခဲ့ေသာႏွစ္အတြင္း စတင္ ျဖိဳဖ်က္ခဲ့ျပီး ယခုအခါ အျပီးသတ္ ျဖိဳခ်ျပီးခဲ့ျပီ ျဖစ္သည္။

(အိမ္ျခံေျမလုပ္ငန္းရွင္ၾကီး မိုဟာမက္ဟာဒစ္က သူ၏ အိပ္မက္စံအိမ္ၾကီး ဆံုးရံႈးခဲ့ရမႈအတြက္ အိမ္နီးခ်င္းမ်ားကို ေဒၚလာ သန္း ၂၀၀ မွ သန္း ၃၀၀ ရလိုမႈျဖင့္ တရားစြဲလိုေၾကာင္း ေျပာသည္)

(မိုဟာမက္ဟာဒစ္သည္ အသက္ ၂၆ ႏွစ္အရြယ္ရွိ စူပါေမာ္ဒယ္ Bella Hadid ႏွင့္ အသက္ ၂၇ ႏွစ္ အရြယ္ရွိ Gigi Hadid တို႔၏ ဖခင္ျဖစ္သည္)

မိုဟာမက္ဟာဒစ္သည္ ေဒဝါလီခံရန္ ေလွ်ာက္ထားခဲ့ျပီး ၎အေနျဖင့္ စံအိမ္ဖ်က္သိမ္းစရိတ္ ေဒၚလာ ၅ သန္းကို မတတ္ႏိုင္ေၾကာင္း တင္ျပခဲ့ေသာ္လည္း တရားရံုးက ပယ္ခ်ခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: EXCLUSIVE: 'Pay up - and go away!' Mohamed Hadid's neighbors are jubilant as judge awards them $2.6M after five-year legal battle to demolish his Los Angeles mega-mansion labeled Starship Enterprise - but he now wants to sue them for hundreds of millions (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...

ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
Innwa Pyae Sone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service