ကြောင်အရွယ်အစားခန့်ရှိသော ကြောက်မက်ဖွယ်ကြွက်ကြီးများ အလွန်ပေါများနေသောကြောင့် ခြောက်ခြားနေသော အင်္ဂလန်နိုင်ငံက ပင်လယ်ကမ်းခြေမြို့ကလေး
ကြောင်အရွယ်အစားခန့်ရှိသော ကြောက်မက်ဖွယ်ကြွက်ကြီးများ အလွန်ပေါများနေသောကြောင့် ခြောက်ခြားနေသော အင်္ဂလန်နိုင်ငံက ပင်လယ်ကမ်းခြေမြို့ကလေး - Property News in Myanmar from iMyanmarHouse.com
21 Mar 2023 12:16 pm တွင် တင်ခဲ့သည်
1828 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်နိုင်ငံရှိ ပင်လယ်ကမ်းခြေမြို့ကလေးတစ်မြို့တွင် ကြောင်အရွယ်အစားခန့်ရှိသော ဧရာမကြွက်ကြီးများ အလွန်ပေါများသောင်းကျန်းနေကြသောကြောင့် မြို့သူမြို့သားများ ခြောက်ခြားလျက်ရှိကြောင်း Dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ် အနောက်တောင်ပိုင်းတွင် တည်ရှိသော Tenby အမည်ရှိ ပင်လယ်ကမ်းခြေ မြို့ကလေးတွင် သာယာလှပသော ကမ်းရိုးတန်းတစ်လျှောက်ရှိ ပင်လယ်ကမ်းပါးနံရံများမှာ ကြွက်တွင်းများ ကြောင့် ပြိုကျလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ထိုဒေသမှ လှေသမားတစ်ဦးဖြစ်သူ Roger Miles က ပြောသည်မှာ မကြာသေးမီလများအတွင်း ကြွက်ပြဿနာ မှာ ပိုမိုဆိုးရွားလာကြောင်း ပြောသည်။
“ညနေစောင်းတွေနဲ့ မနက်စောစောတွေမှာဆို ကြွက်တွေအပြည့်ပဲ။ Castle Hill မှာရှိတဲ့ ချောက်ကမ်းပါးတွေဆို ပြိုကျတောင်နေပါပြီ”
ကြွက်မတစ်ကောင်သည် ပုံမှန်အားဖြင့် တစ်နှစ်လျှင် ၆ ကြိမ်သားပေါက်လေ့ရှိပြီး တစ်ကြိမ်လျှင် ၁၂ ကောင် အထက် မွေးလေ့ရှိသည်။
(အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ် အနောက်တောင်ပိုင်းတွင် တည်ရှိသော Tenby အမည်ရှိ ပင်လယ်ကမ်းခြေ မြို့ကလေးတွင် ကြောင်အရွယ်အစားခန့်ရှိသော ဧရာမကြွက်ကြီးများ အလွန်ပေါများ သောင်းကျန်းနေကြ သောကြောင့် မြို့သူမြို့သားများ ခြောက်ခြားလျက်ရှိသည်)
(သာယာလှပသော ကမ်းရိုးတန်းတစ်လျှောက်ရှိ ပင်လယ်ကမ်းပါးနံရံများမှာ ကြွက်တွင်းများကြောင့် ပြိုကျ လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။)
(Tenby သည် အေးချမ်းသာယာလှပသော ပင်လယ်ကမ်းခြေမြို့ကလေးအဖြစ် လူသိများသည်)  (ဓာတ်ပုံ- shutterstock)
ကြွက်များသည် မွေးဖွားပြီး ၄ ပတ်မှ ၅ ပတ်အတွင်း လိင်ဖွံ့ဖြိုးလာကြရာ ကြွက်အထီးအမ တစ်စုံမှ တစ်နှစ်အတွင်း ကြွက်ကောင်ရေ ၁၂၅၀ အထိ ရောက်ရှိနိုင်သည်။
ဒေသခံတစ်ဦးဖြစ်သူ Derek Brown က BBC သတင်းဌာနသို့ ပြောသည်မှာ “ချောက်ကမ်းပါးနံရံတွေ ပျက်စီးအောင်လုပ်နိုင်တာက အကြီးမားဆုံး စိုးရိမ်ရမှုပါပဲ”ဟု ဆိုသည်။
မြို့ကလေး၏ မြို့တော်ဝန် Sam Skyrme-Blackhall က ပြောသည်မှာ မြို့ကောင်စီအနေဖြင့် ကြွက်များ ရှင်းလင်းရန် ကြွက်ထောင်ချောက်အိမ်များစွာ ချထားလျက်ရှိကြောင်း Metro သတင်းဌာနသို့ ပြောသည်။
သို့သော် ဒေသခံတစ်ဦးက The Sun သတင်းဌာနသို့ ပြောသည်မှာ “ကြွက်တွေရဲ့ ပေါက်ဖွားနှုန်းထက် မြန်အောင် ရှင်းလင်းလို့ မရနိုင်ပါဘူး”ဟု ဆိုသည်။
ပန်ဘရွတ်ခ်ရှိုင်းယားကောင်စီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က BBC သတင်းဌာနသို့ ပြောသည်မှာ မိမိတို့အနေဖြင့် အဆိုပါကြွက်ပြဿနာကို သတိပြုမိကြောင်းနှင့် ပြဿနာကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေကြောင်း ပြောသည်။
(ထိုဒေသမှ လှေသမားတစ်ဦးဖြစ်သူ Roger Miles က ပြောသည်မှာ မကြာသေးမီလများအတွင်း ကြွက်ပြဿနာ မှာ ပိုမိုဆိုးရွားလာကြောင်း ပြောသည်။)
(ကြွက်အထီးအမ တစ်စုံမှ တစ်နှစ်အတွင်း ကြွက်ကောင်ရေ ၁၂၅၀ အထိ ပေါက်ဖွားရောက်ရှိနိုင်သည်။)
(မြို့ကောင်စီက ကြွက်များရှင်းလင်းရန် ကြွက်ထောင်ချောက်အိမ်များစွာ ချထားလျက်ရှိသည်)
(ကြွက်မတစ်ကောင်သည် ပုံမှန်အားဖြင့် တစ်နှစ်လျှင် ၆ ကြိမ်သားပေါက်လေ့ရှိပြီး တစ်ကြိမ်လျှင် ၁၂ ကောင် အထက် မွေးလေ့ရှိသည်။)
မြို့ကောင်စီက မြို့သူမြို့သားများကို တိုက်တွန်းသည်မှာ ငှက်များကို အစာမကျွေးရန်နှင့် မည်သည့်အစားအစာ မှ မစွန့်ပစ်ရန် တိုက်တွန်းထားသည်။
မြို့တော်ဝန် Skyrme-Blackhall က The Guardian သတင်းဌာနသို့ ပြောသည်မှာ “ငှက်တွေကို အစာကျွေးတဲ့ပြည်သူတွေရှိပါတယ်။ ဒါက ကြွက်တွေကို အစာကျွေးနေသလိုပါပဲ။ သူတို့က ကြင်နာတတ်တယ် လို့ ထင်ကြတယ်။ ဒါပေမယ့် ဒီပြဿနာအတွက် အထောက်အကူမဖြစ်စေပါဘူး”ဟု ဆိုသည်။
ပြည်သူများသည် တာဝန်မယူကြကြောင်း၊ ၎င်းတို့၏ အမှိုက်များနှင့် စားကြွင်းစားကျန်များကို နည်းမှန်လမ်းမှန် မစွန့်ပစ်ကြသောကြောင့် ကြွက်များသောင်းကျန်းနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
“ကျွန်တော်တို့ ပြောဆိုနေတဲ့တချိန်တည်းမှာပဲ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းမှုတွေ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။ 
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Seaside town residents left 'living in terror' after being invaded by 'monster rats as big as cats' (dailymail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service