ဘောလိဝုဒ်သမိုင်းတွင် ငွေကုန်ကြေးကျအများဆုံးအဖြစ် ရူပီး ကုဋေ ၃၀၀ အကုန်ခံရိုက်ကူးထားသော Bade Miyan Chote Miyan ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားသူ Janhvi Kapoor ၏ မွမ်ဘိုင်းမြို့နေအိမ်
ဘောလိဝုဒ်သမိုင်းတွင် ငွေကုန်ကြေးကျအများဆုံးအဖြစ် ရူပီး ကုဋေ ၃၀၀ အကုန်ခံရိုက်ကူးထားသော Bade Miyan Chote Miyan ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားသူ Janhvi Kapoor ၏ မွမ်ဘိုင်းမြို့နေအိမ် - Property News in Myanmar from iMyanmarHouse.com
21 Mar 2023 11:26 am တွင် တင်ခဲ့သည်
1738 ကြိမ် ကြည့်ရှု့ပြီး
((ဖခင်ကြီး၊ ညီမလေးတို့နှင့်အတူနေသူ Janhvi Kapoor ၏ မွမ်ဘိုင်းမြို့နေအိမ်))
(Bade Miyan Chote Miyan ဇာတ်ကား။ ၂၀၂၃ ခုနှစ်)
Bade Miyan Chote Miyan ဇာတ်ကားကို ယခုနှစ် ခရစ္စမတ်ကာလတွင် ရုံတင်ပြသရန် စီစဉ်ထားသည်။
အဆိုပါဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသူများကား အက်ရှေးကူးမား၊ တိုက်ဂါးရှော့၊ ဂျန်ဗီကပူး၊ ပရီဗီရက်ဂျ် ဆူကူမာရန်း၊ မိုဟာမက် ရှီဘလူနှင့် ရိုဖစ်ခန်တို့ ဖစ်သည်။
Bade Miyan Chote Miyan ဇာတ်ကားသည် ဘာလိဝုဒ်သမိုင်းတွင် ငွေကုန်ကြေးကျအများဆုံးအဖြစ် စံချိန်တင်သွားသည်။
ယခင်က ငွကုန်အများဆုံးရုပ်ရှင်မှာ ရှာရွတ်ခန် ပါဝင်သရုပ်ဆောင်ထားသည့် Pathaan ဇာတ်ကားဖြစ်သည်။
Pathaan မှာ ရူပီး ကုဋေ ၂၅၀ ကုန်ကျခဲ့ပြီး Bade Miyan Chote Miyan မှာ ကုန်ကျစရိတ် ကုဋေ ၃၀၀ ရှိသည်။
Bade Miyan Chote Miyan ဇာတ်ကားသည် ၁၉၉၈ ခုနှစ်က ရုံတင်ပြသခဲ့သော အမီတာဘဂျမ်းပါဝင်သရုပ်ဆောင်ခဲ့သည့််ဇာတ်ကားကို ပန်လည်ရိုက်ကူးထားခြင်းဖြစ်ကာ ထိုစဉ်က ဇာတ်ကားနာမည်မှာလည်း Bade Miyan Chote Miyan ပင် ဖစ်သည်။
Bade Miyan Chote Miyan ဇာတ်ကားသည် ဟာလိဝုဒ်ရုပ်ရှင်ကားဖြစ်သော ဝီလ်စမစ် ပါဝင်သရုပ်ဆောင်ခဲ့သည့် Bad Boys (၁၉၉၅ ခုနှစ်) ဇာတ်ကားကို မှီငြမ်းထားခြင်း ဖစ်သည်။
အမီတာဘဂျမ်းပါဝင်သရုပ်ဆောင်ခဲ့သည့် Bade Miyan Chote Miyan ဇာတ်ကားမှာ ရိုက်ကူးစရိတ် ရူပီး ၈၉ သန်းသာရှိခဲ့ပြီး ဝင်ငွေမှာ ရူပီး ၃၅၂ သန်းရှိခဲ့သည်။
ဘောလိဝုဒ်ရုပ်ရှင်မင်းသမီး ဂျန်ဗီ ကပူး (Janhvi Kapoor) ၏ ခမ်းနားသောနေအိမ်မှာ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့၊ Lokhandwala အရပ်တွင် တည်ရှိသည်။
ဘောလိဝုဒ်၏ အထွန်းတောက်ဆုံး တက်သစ်စမင်းသမီးများတွင် အပါအဝင်ဖြစ်သူ ဂျန်ဗီကပူးသည် အဆိုပါအိမ်တွင်ပင် မွေးဖွားခဲ့သူ ဖြစ်သည်။
ဂျန်ဗီကပူးသည် ဘောလိဝုဒ်၏ စူပါကြယ်ပွင့်ဖြစ်ခဲ့သူ Sridevi ၏ သမီးဖြစ်သည်။
သို့သော် ဂျန်ဗီကပူးသည် ပရိသတ်ထုနှင့်ထည်နှင့်ရကာ အောင်မြင်မှုပန်းတိုင်သို့ရောက်ရန် ကိုယ်ပိုင် အစွမ်းအစဖြင့် ကြိုးပမ်းတက်လှမ်းရောက်ရှိခဲ့ သူလေး ဖြစ်သည်။
ထို့ကြောင့်ပင် အပြိုင်အဆိုင်အလွန်များကာ ခက်ခဲကြမ်းတမ်းလှသော မျက်မှောက်ခေတ်တွင် ဂျန်ဗီကပူးသည် အတင်းအဖျင်းများရန်မှ ကင်းဝေးကာ လူမှုကွန်ရက်တွင် ဖြူစင်သူတစ်ဦးအဖြစ် နာမည်တစ်လုံး ထိန်းထားနိုင်ခြင်းလည်း ဖြစ်သည်။
သို့သော် ယခုဖော်ပြမည်မှာ သူမနှင့်စပ်လျဉ်းသော အတင်းအဖျင်းများအကြောင်းမဟုတ်။ ဂျန်ဗီကပူးနေထိုင်သော မွမ်ဘိုင်းမြို့နေအိမ်အကြောင်းသာ ဖြစ်ပါသည်။
ဂျန်ဗီကပူးသည် မွမ်ဘိုင်းမြို့၊ Lokhandwala အရပ်ရှိ နေအိမ်တွင် ဖခင်ကြီး ဘိုနေးကပူး၊ ညီမလေး ခူရှီ ကပူး (Khushi Kapoor) တို့နှင့်အတူ နေထိုင်လျက်ရှိသည်။
(ဂျန်ဗီကပူး၏ နေအိမ်အတွင်း..)
ဂျန်ဗီကပူး၏နေအိမ်မှာ Green Acres ဟုခေါ်သော အိမ်ရာတွင်တည်ရှိသည်။ သူ၏လူနေခန်းတွင် ပုံသဏ္ဍာန်၊ အရွယ်အစားမျိုးစုံရှိသော ဖန်မီးဆိုင်းများ၊ မှန်များအပါအဝင် အလှဆင်ပစ္စည်းများစွာဖြင့် မွမ်းမံအလှဆင်ထားသည်။
ဧည့်ခန်းတွင် ပီယာနိုတစ်လုံးရှိပြီး အံ့ဖွယ်လက်ရာမြောက်သည့် ပန်းချီကားအချို့လည်း နံရံများတွင် ချိတ်ဆွဲထားသည်။ အဆိုပါပန်းချီကားအများစုမှာ ဂျန်ဗီကပူး၏ ကွယ်လွန်သွားပြီဖြစ်သော မိခင်ကြီး Sridevi ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
ဂျန်ဗီကပူး၏နေအိမ်တွင် ဗုဒ္ဓရုပ်ပွားတော်များစွာလည်း တွေ့ရသည်။
ဤသည်မှာ ဂျန်ဗီကပူးတို့မိသားစု၏ ဘာသာရေးယုံကြည်ချက်ကို ဖော်ပြမှုဖြစ်သည်။
(ဂျန်ဗီကပူးနှင့် ဖခင်ကြီး)
မွန်ဘိုင်းမြို့စံနှုန်းအရဆိုလျှင် ဂျန်ဗီကပူး၏ နေအိမ်မှာ ကျယ်ဝန်းသည်ဟု ဆိုနိုင်သည်။
နေအိမ်တွင် အခန်းများစွာနှင့် နားနေ နေရာများအပြင် ဂျန်ဗီကပူးအတွက် သီးသန့်အဝတ်အစား ထားသိုခန်းတစ်ခုလည်း ရှိသည်။
အဓိကသုံးစွဲထားသော အရောင်များမှာ နို့နှစ်ရောင်၊ ဆင်စွယ်ရောင်၊ ကြေးနီရောင်နှင့် အဖြူရောင်တို့ ဖြစ်ကြသည်။ ထို့အပြင် မှန်ဘောင်များမှသည် ပန်းအိုးများအထိ ရွှေရောင်များလည်း အသုံးပြုထားသည်။
နားနေ နေရာရှိ အပြာရောင်ခုံတန်းမှာ စိတ်ဝင်စားဖွယ်အရောင် ဖြည့်တင်းမှုဖြစ်ပြီး ဝန်းကျင်တွင် သစ်ကြမ်းခင်းနှင့် နံရံများရှိသည်။
ဂျန်ဗီကပူး၏ အိပ်ခန်းတွင် ပန်းရောင်ခန်းစီးတို့ တွေ့ရရာ သူမ၏ လင်းလက်သောအရောင်နှစ်သက်မှုကို သိရသည်။
(ဂျန်ဗီကပူး)
ဂျန်ဗီကပူး၏ နေအိမ်မှာ အဓိကနေရာတစ်ခုမှာ မိသားစုဓာတ်ပုံများ ချိတ်ဆွဲထားသည့်နေရာဖြစ်နိုင်သည်။
(ဂျန်ဗီကပူး)
အောက်တွင် ဂျန်ဗီကပူးနှင့် မိသားစု၏ လူမှုကွန်ရက်တွင်တင်ခဲ့သော ဓာတ်ပုံများမှတဆင့် သူ၏နေအိမ်ကို ပိုမိုကြည့်ရှုလေ့လာနိုင်ပါသည်။
(ခူရှီ ကပူးနှင့် သူ၏ခွေးကလေးများ)
(ဂျန်ဗီ ကပူး)
(ဂျန်ဗီကပူးနှင့် ဖခင်ကြီး)
(ဂျန်ဗီကပူး)
(ဂျန်ဗီကပူးနှင့် ဖခင်ကြီး)
(ဂျန်ဗီကပူး)
(ခူရှီ ကပူး)
(ခူရှီ ကပူး)
(ဂျန်ဗီကပူး)
(ဂျန်ဗီကပူး)
(ဂျန်ဗီကပူး)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။ 
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Bade Miyan Chote Miyan: Akshay Kumar & Tiger Shroff Starrer To Be One Of The Costliest Actioners In The Indian History, Surpasses Pathaan’s 250 Crores? (gqindia)
[Zawgyi]
အဆိုပါဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသူများကား အက်ရှေးကူးမား၊ တိုက်ဂါးရှော့၊ ဂျန်ဗီကပူး၊ ပရီဗီရက်ဂ်ျ ဆူကူမာရန်း၊ မိုဟာမက် ရှီဘလူနှင့် ရိုဖစ်ခန်တို့ ဖစ်သည်။
Bade Miyan Chote Miyan ဇာတ်ကားသည် ၁၉၉၈ ခုနှစ်က ရုံတင်ပြသခဲ့သော အမီတာဘဂျမ်းပါဝင်သရုပ်ဆောင်ခဲ့သည့်ဇာတ်ကားကို ပန်လည်ရိုက်ကူးထားခြင်းဖြစ်ကာ ထိုစဉ်က ဇာတ်ကားနာမည်မှာလည်း Bade Miyan Chote Miyan ပင် ဖစ်သည်။
(ဂျန်ဗီကပူး)
(ဂျန်ဗီကပူး)
(ဂျန်ဗီ ကပူး)
(ဂျန်ဗီကပူး)
(ဂျန်ဗီကပူး)
(ခူရှီ ကပူး)
(ခူရှီ ကပူး)
(ဂျန်ဗီကပူး)
(ဂျန်ဗီကပူး)
(ဂျန်ဗီကပူး)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
CarsDB
Sweet Dream Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service