အိန္ဒိယ ထိပ်တန်းအိမ်ခြံမြေ Developer ၃ ရက်အတွင်း တန်ဖိုးကြီးနေအိမ်ခန်း ဒေါ်လာ ၁ ဘီလီယံဖိုးနီးပါး ရောင်းထွက်ခဲ့ပြီး ကုမ္ပဏီရှယ်ယာဈေးလည်း ၉ ရာခိုင်နှုန်းကျော် ထိုးတက်

အိန္ဒိယ ထိပ်တန်းအိမ်ခြံမြေ Developer ၃ ရက်အတွင်း တန်ဖိုးကြီးနေအိမ်ခန်း ဒေါ်လာ ၁ ဘီလီယံဖိုးနီးပါး ရောင်းထွက်ခဲ့ပြီး ကုမ္ပဏီရှယ်ယာဈေးလည်း ၉ ရာခိုင်နှုန်းကျော် ထိုးတက် - Property News in Myanmar from iMyanmarHouse.com
20 Mar 2023 10:43 am တွင် တင်ခဲ့သည်
625 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

((Bloomberg သတင်းဌာန၏ ဖော်ပြချက်))

အိန္ဒိယနိုင်ငံ၏ ထိပ်တန်း အိမ်ခြံမြေကုမ္ပဏီတစ်ခုသည် ၃ ရက်တာအတွင်း တန်ဖိုးကြီးလူနေခန်းပေါင်း ၁၁၃၇ ခန်းရောင်းထွက်ခဲ့ပြီး အဆိုပါအခန်းများမှာ တန်ကြေး ဒေါ်လာ ၁ သန်းနီးပါးရှိသည့်အခန်းများ ဖြစ်သည်ဟု ဆိုသည်။

ယခုဖြစ်ရပ်ကိုကြည့်လျှင် အိန္ဒိယ ချမ်းသာကြွယ်ဝသူများသည် အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာလျက်ရှိနေခြင်းကို တွေ့နိုင်သည်။

အိန္ဒိယ Developer ဖြစ်သော DLF Ltd သည် နယူးဒေလီမြို့အနီး Gurugram အရပ်တွင် တည်ရှိသော တန်ဖိုးကြီးအိမ်ရာစီမံကိန်းမှ လူနေခန်းများရောင်းချမှုမှ ရူပီး ၈၀ ဘီလီယံ (ကန်ဒေါ်လာ သန်း ၉၇၀) ရရှိခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ စတော့ဈေးကွက် ကော်မရှင်ထံသို့ ပြီးခဲ့သော ကြာသပတေးနေ့က တင်ပြမှုအရ သိရသည်။

DLF Ltd ၏ ထုတ်ပြန်ချက်အရ မြေအကျယ်အဝန်း ၁၀ ဟက်တာ (၂၅ ဧက) ပေါ်တွင် အကောင်အထည်ဖော် ဆောက်လုပ်ထားသည့် တာဝါ ၅ ခုရှိ လူနေခန်းအားလုံး ၃ ရက်အတွင်း ရောင်းထွက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

((economictimes သတင်းဌာန၏ ဖော်ပြချက်))

((ဒေါ်လာ ၁ ဘီလီယံဖိုးနီးပါး တန်ဖိုးကြီးလူနေခန်းများ ရောင်းထွက်ခဲ့ပြီး ၂ ရက်အကြာတွင် DLF ၏ ရှယ်ယာဈေးနှုန်း ၉ ရာခိုင်နှုန်းကျော် ထိုးတက်))

Gurugram အရပ်ရှိ အိမ်ရာစီမံကိန်းမှ ရူပီး သန်း ၇၀ နှင့်အထက် တန်ကြေးရှိ တန်ဖိုးကြီး လူနေခန်းပေါင်း ၁၁၃၇ ခန်း (စုစုပေါင်းတန်ဖိုး ရူပီး သန်း ၈၀,၀၀၀) ကို ၃ ရက်အတွင်း ရောင်းထွက်သွားကြောင်း DLF ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ၂ ရက်အကြာတွင် ကုမ္ပဏီရှယ်ယာဈေးမှာ ၉ ရာခိုင်နှုန်းကျော် ထိုးတက်သွားပြီး ၃၇၇ ဒသမ ၅ ရူပီးဈေးပေါက်သွားသည်။

စတော့ဈေးကွက်သို့ တင်ပြထုတ်ပြန်မှုတွင် DLF ကုမ္ပဏီက ဖော်ပြခဲ့သည်မှာ The Arbour အမည်ရှိ မိုးမျှော်တိုက် တန်ဖိုးကြီးလူနေခန်းများ ကြိုပွိုင့်ရောင်းချမှုတွင် ရူပီး သန်း ၈၀,၀၀၀ ဖိုးအထိ စံချိန်တင် ရောင်းချခဲ့ရကြောင်း ဖောြ်ပသည်။

The Arbour စီမံကိန်းသည် နယူးဒေလီမြို့အနီး Gurugram အရပ်၊ Sector-63 ၊ ဂေါက်ကွင်းတိုးချဲ့လမ်းတွင် တည်ရှိသည်။

စီမံကိန်းတွင် အထပ်မြင့်တာဝါ ၅ လုံး၊ လူနေခန်းပေါင်း ၁၁၃၇ ခန်းပါဝင်ကာ ဈေးနှုန်းမှာ အနည်းဆုံး ရူပီး သန်း ၇၀ မှ စသည်။

DLF က အထူးထုတ်နှုတ်ဖော်ပြသည်မှာ ဝယ်ယူသူများ၏ ၉၅ ရာခိုင်နှုန်းကျော်မှာ တစ်ဦးချင်း၏ ဝယ်ယူမှုများ ဖြစ်ပြီး The Arbour တွင် နေထိုင်ကြရန် ဝယ်ယူသူများဖြစ်ကြောင်း၊ အတိုးနှုန်းမြင့်မားနေချိန် မျိုးတွင်ပင် လူနေအိမ်ခြံမြေဝယ်လိုအား အလွန်အားကောင်းနေမှုကို ပြသခြင်းဖြစ်ကြောင်း ဖော်ပြသည်။

((ရိုက်တာသတင်းဌာန၏ ဖော်ပြချက်))

((ယခုကဲ့သို့ တန်ဖိုးကြီးလူနေခန်းများ အားလုံးရောင်းထွက်ခဲ့ခြင်းကြောင့် DLF အနေဖြင့် Luxury လူနေအိမ်များ ဆက်လက်ဆောက်လုပ်သွားမည်))

(နယူးဒေလီမြို့၊ Gurugram အရပ်တွင် DLF က အကောင်အထည်ဖော်နေသော တန်ဖိုးကြီးလူနေအိမ်ရာ စီမံကိန်း၌ အလုပ်သမားများ ဓာတ်အားလိုင်းတပ်ဆင်နေကြသည်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်က ရိုက်ကူးထားသော ဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံ-REUTERS/Amit Dave)

အိန္ဒိယ၏ ထိပ်တန်းအိမ်ခြံမြေ Developer DLF သည် တန်ဖိုးကြီးလူနေအိမ်ရာ စီမံကိန်းများ ဆောက်လုပ်မှုကိုသာ ဆက်လက်ဦးတည်သွားမည်ဖြစ်ကြောင်း၊ နာမည်ကြီး ရေပန်းစားသည့် တန်ဖိုးသင့် လူနေအိမ်ရာကဏ္ဍမှာ အမြတ်အစွန်းရရန် ခက်ခဲကြောင်း DLF ၏ ထိပ်တန်းအမှုဆောင်တစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောသည်။

DLF ကုမ္ပဏီက ပြီးခဲ့သော ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်မှာ နယူးဒေလီမြို့အနီး Gurugram အရပ်ရှိ တန်ဖိုးကြီးလူနေအိမ်ရာစီမံကိန်း၏ အခန်းအားလုံးကို ၇၂ နာရီအတွင်း ရောင်းထွက်ခဲ့ပြီး စုစုပေါင်း ရောင်းရငွေ ရူပီး ၈၀ ဘီလီယံ (ကန်ဒေါ်လာ ၉၆၇ သန်း) ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

အိန္ဒိယတွင် တန်ဖိုးကြီးလူနေအိမ်ရာများ ခေတ်ကောင်းနေသည်။

၂၀၂၂ ခုနှစ်အတွင်း တန်ဖိုးကြီးလူနေခန်းပေါင်း ၆၅၇၀၀ အထိ စံချိန်တင်ရောင်းချခဲ့ရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: India Developer Sells $1 Billion of Luxury Homes in Three Days (bloomberg)

[Zawgyi]

အိႏိၵယ ထိပ္တန္းအိမ္ျခံေျမ Developer ၃ ရက္အတြင္း တန္ဖိုးၾကီးေနအိမ္ခန္း ေဒၚလာ ၁ ဘီလီယံဖုိးနီးပါး ေရာင္းထြက္ခဲ့ျပီး ကုမၸဏီရွယ္ယာေစ်းလည္း ၉ ရာခိုင္ႏႈန္းေက်ာ္ ထုိးတက္

((Bloomberg သတင္းဌာန၏ ေဖာ္ျပခ်က္))

အိႏိၵယႏိုင္ငံ၏ ထိပ္တန္း အိမ္ျခံေျမကုမၸဏီတစ္ခုသည္ ၃ ရက္တာအတြင္း တန္ဖိုးၾကီးလူေနခန္းေပါင္း ၁၁၃၇ ခန္းေရာင္းထြက္ခဲ့ျပီး အဆိုပါအခန္းမ်ားမွာ တန္ေၾကး ေဒၚလာ ၁ သန္းနီးပါးရွိသည့္အခန္းမ်ား ျဖစ္သည္ဟု ဆိုသည္။

ယခုျဖစ္ရပ္ကိုၾကည့္လွ်င္ အိႏိၵယ ခ်မ္းသာၾကြယ္ဝသူမ်ားသည္ အိမ္ျခံေျမေစ်းကြက္တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျမင့္တက္လာလ်က္ရွိေနျခင္းကို ေတြ႔ႏိုင္သည္။

အိႏိၵယ Developer ျဖစ္ေသာ DLF Ltd သည္ နယူးေဒလီျမိဳ႕အနီး Gurugram အရပ္တြင္ တည္ရွိေသာ တန္ဖိုးၾကီးအိမ္ရာစီမံကိန္းမွ လူေနခန္းမ်ားေရာင္းခ်မႈမွ ရူပီး ၈၀ ဘီလီယံ (ကန္ေဒၚလာ သန္း ၉၇၀) ရရွိခဲ့ေၾကာင္း အဆိုပါကုမၸဏီ၏ စေတာ့ေစ်းကြက္ ေကာ္မရွင္ထံသို႔ ျပီးခဲ့ေသာ ၾကာသပေတးေန႔က တင္ျပမႈအရ သိရသည္။

DLF Ltd ၏ ထုတ္ျပန္ခ်က္အရ ေျမအက်ယ္အဝန္း ၁၀ ဟက္တာ (၂၅ ဧက) ေပၚတြင္ အေကာင္အထည္ေဖာ္ ေဆာက္လုပ္ထားသည့္ တာဝါ ၅ ခုရွိ လူေနခန္းအားလံုး ၃ ရက္အတြင္း ေရာင္းထြက္သြားျခင္းျဖစ္သည္ဟု ဆိုသည္။

((economictimes သတင္းဌာန၏ ေဖာ္ျပခ်က္))

((ေဒၚလာ ၁ ဘီလီယံဖိုးနီးပါး တန္ဖိုးၾကီးလူေနခန္းမ်ား ေရာင္းထြက္ခဲ့ျပီး ၂ ရက္အၾကာတြင္ DLF ၏ ရွယ္ယာေစ်းႏႈန္း ၉ ရာခိုင္ႏႈန္းေက်ာ္ ထိုးတက္))

Gurugram အရပ္ရွိ အိမ္ရာစီမံကိန္းမွ ရူပီး သန္း ၇၀ ႏွင့္အထက္ တန္ေၾကးရွိ တန္ဖိုးၾကီး လူေနခန္းေပါင္း ၁၁၃၇ ခန္း (စုစုေပါင္းတန္ဖိုး ရူပီး သန္း ၈၀,၀၀၀) ကို ၃ ရက္အတြင္း ေရာင္းထြက္သြားေၾကာင္း DLF ကုမၸဏီက ထုတ္ျပန္ေၾကညာခဲ့ျပီးေနာက္ ၂ ရက္အၾကာတြင္ ကုမၸဏီရွယ္ယာေစ်းမွာ ၉ ရာခိုင္ႏႈန္းေက်ာ္ ထုိးတက္သြားျပီး ၃၇၇ ဒသမ ၅ ရူပီးေစ်းေပါက္သြားသည္။

စေတာ့ေစ်းကြက္သို႔ တင္ျပထုတ္ျပန္မႈတြင္ DLF ကုမၸဏီက ေဖာ္ျပခဲ့သည္မွာ The Arbour အမည္ရွိ မိုးေမွ်ာ္တိုက္ တန္ဖုိးၾကီးလူေနခန္းမ်ား ၾကဳိပြိဳင့္ေရာင္းခ်မႈတြင္ ရူပီး သန္း ၈၀,၀၀၀ ဖိုးအထိ စံခ်ိန္တင္ ေရာင္းခ်ခဲ့ရေၾကာင္း ေဖာျ္ပသည္။

The Arbour စီမံကိန္းသည္ နယူးေဒလီျမိဳ႕အနီး Gurugram အရပ္၊ Sector-63 ၊ ေဂါက္ကြင္းတိုးခ်ဲ႕လမ္းတြင္ တည္ရွိသည္။

စီမံကိန္းတြင္ အထပ္ျမင့္တာဝါ ၅ လံုး၊ လူေနခန္းေပါင္း ၁၁၃၇ ခန္းပါဝင္ကာ ေစ်းႏႈန္းမွာ အနည္းဆံုး ရူပီး သန္း ၇၀ မွ စသည္။

DLF က အထူးထုတ္ႏႈတ္ေဖာ္ျပသည္မွာ ဝယ္ယူသူမ်ား၏ ၉၅ ရာခိုင္ႏႈန္းေက်ာ္မွာ တစ္ဦးခ်င္း၏ ဝယ္ယူမႈမ်ား ျဖစ္ျပီး The Arbour တြင္ ေနထိုင္ၾကရန္ ဝယ္ယူသူမ်ားျဖစ္ေၾကာင္း၊ အတိုးႏႈန္းျမင့္မားေနခ်ိန္ မ်ဳိးတြင္ပင္ လူေနအိမ္ျခံေျမဝယ္လိုအား အလြန္အားေကာင္းေနမႈကို ျပသျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

((ရိုက္တာသတင္းဌာန၏ ေဖာ္ျပခ်က္))

((ယခုကဲ့သို႔ တန္ဖိုးၾကီးလူေနခန္းမ်ား အားလံုးေရာင္းထြက္ခဲ့ျခင္းေၾကာင့္ DLF အေနျဖင့္ Luxury လူေနအိမ္မ်ား ဆက္လက္ေဆာက္လုပ္သြားမည္))

https://www.reuters.com/world/india/indias-dlf-focus-luxury-premium-housing-after-near-1-bln-project-sells-out-2023-03-16/

(နယူးေဒလီျမိဳ႕၊ Gurugram အရပ္တြင္ DLF က အေကာင္အထည္ေဖာ္ေနေသာ တန္ဖုိးၾကီးလူေနအိမ္ရာ စီမံကိန္း၌ အလုပ္သမားမ်ား ဓာတ္အားလိုင္းတပ္ဆင္ေနၾကသည္ကို ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၈ ရက္က ရိုက္ကူးထားေသာ ဓာတ္ပံုျဖစ္သည္။ ဓာတ္ပံု-REUTERS/Amit Dave)

အိႏိၵယ၏ ထိပ္တန္းအိမ္ျခံေျမ Developer DLF သည္ တန္ဖိုးၾကီးလူေနအိမ္ရာ စီမံကိန္းမ်ား ေဆာက္လုပ္မႈကိုသာ ဆက္လက္ဦးတည္သြားမည္ျဖစ္ေၾကာင္း၊ နာမည္ၾကီး ေရပန္းစားသည့္ တန္ဖိုးသင့္ လူေနအိမ္ရာက႑မွာ အျမတ္အစြန္းရရန္ ခက္ခဲေၾကာင္း DLF ၏ ထိပ္တန္းအမႈေဆာင္တစ္ဦးက ရိုက္တာ သတင္းဌာနသို႔ ေျပာသည္။

DLF ကုမၸဏီက ျပီးခဲ့ေသာ ၾကာသပေတးေန႔တြင္ ထုတ္ျပန္ခဲ့သည္မွာ နယူးေဒလီျမိဳ႕အနီး Gurugram အရပ္ရွိ တန္ဖိုးၾကီးလူေနအိမ္ရာစီမံကိန္း၏ အခန္းအားလံုးကို ၇၂ နာရီအတြင္း ေရာင္းထြက္ခဲ့ျပီး စုစုေပါင္း ေရာင္းရေငြ ရူပီး ၈၀ ဘီလီယံ (ကန္ေဒၚလာ ၉၆၇ သန္း) ရရွိခဲ့ေၾကာင္း ထုတ္ျပန္သည္။

အိႏိၵယတြင္ တန္ဖိုးၾကီးလူေနအိမ္ရာမ်ား ေခတ္ေကာင္းေနသည္။

၂၀၂၂ ခုႏွစ္အတြင္း တန္ဖိုးၾကီးလူေနခန္းေပါင္း ၆၅၇၀၀ အထိ စံခ်ိန္တင္ေရာင္းခ်ခဲ့ရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: India Developer Sells $1 Billion of Luxury Homes in Three Days (bloomberg)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
CarsDB
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service