ကမ္ဘာ့အထင်ကရ စိတ်စွမ်းအားရှင် ယူရီဂယ်လာက ဗြိတိန်မှ စံအိမ်ကို ပေါင် ၈ သန်းဖြင့် ရောင်းမည်

ကမ္ဘာ့အထင်ကရ စိတ်စွမ်းအားရှင် ယူရီဂယ်လာက ဗြိတိန်မှ စံအိမ်ကို ပေါင် ၈ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
17 Mar 2023 12:05 pm တွင် တင်ခဲ့သည်
749 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ယူရီဂယ်လာသည် တယ်လီပသီ၊ Psychokinesis အစွမ်းရှိသူအဖြစ် ကမ္ဘာကျော်ခဲ့သူဖြစ်သည်။

(Psychokinesis- အရာဝတ္ထုများကို စိတ်စွမ်းအားဖြင့် ခိုင်းစေနိုင်သည့်အစွမ်း)

Psychokinesis ကို မူလက အရာဝတ္ထုများကို ရွေ့လျားစေနိုင်သည့် စိတ်စွမ်းအင်ကို ရည်ညွှန်းခဲ့သော်လည်း နောက်ပိုင်းတွင် ရောဂါကုခြင်း၊ အရာဝတ္ထုများ၏ ပုံသဏ္ဍာန်ပြောင်းလဲစေနိုင်ခြင်း စိတ်စွမ်းအင်များအထိ အဓိပ္ပာယ်ဖွင့်လာကြသည်။

(ယူရီဂယ်လာ၏ စိတ်စွမ်းအင်)

ယူရီဂယ်လာသည် အစ္စရေးနိုင်ငံသား စိတ်စွမ်းအင်ထူး ပိုင်ဆိုင်သူတစ်ဦးဖြစ်ပြီး ဇွန်းနှင့် ခရင်းများကို စိတ်တန်ခိုး ဖြင့် ကွေးကောက်သွားအောင် ပြုလုပ်ပြခြင်း၊ ရပ်တန့်နေသော နာရီများကို ပြန်လည်အသက်ဝင် လာစေရန် စိတ်တန်ခိုးဖြင့် လုပ်ဆောင်ပြခြင်းတို့ဖြင့် နာမည်ကြီးခဲ့သူ ဖြစ်သည်။

ဆိုဗီယက်ထောက်လှမ်းရေး KGB အကြီးအကဲအား ယူရီဂယ်လာ စိတ်တန်ခိုးဖြင့် နှလုံးရပ်အောင် လုပ်စေရန် CIA က လိုလားခဲ့သည်။

ထို့ကြောင့် နမူနာ စမ်းသပ်ချက်အနေဖြင့် CIA က ယူရီဂယ်လာအား လုပ်ဆောင်ခိုင်းသည်မှာ ဝက်တစ်ကောင် ကို စိတ်တန်ခိုးဖြင့် နှလုံးရပ်အောင် လုပ်ပြခိုင်းသည်ဟု ဆိုသည်။

ယူရီဂယ်လာ၏ တယ်လီပသီစိတ်စွမ်းအားနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် ဖြစ်ရပ်များလည်း ရှိသည်။

၂၀၁၉ ခုနှစ်၊ မတ်လတွင် The Guardian သတင်းဌာန၏ ဖော်ပြချက်အရ ယူရီဂယ်လာသည် ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေထံ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားခဲ့၏။

စာတွင် ရေးသားထားသည်မှာ ၎င်းအနေဖြင့် ဝန်ကြီးချုပ်ကို ဗြိတိန်နိုင်ငံအား ဥရောပသမဂ္ဂမှ မနှုတ်ထွက်စေရန် စိတ်ချင်းဆက်သွယ်သည့် တယ်လီပသီနည်းဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

ယူရီဂယ်လာရေးခဲ့သည့်အတိုင်း ဖော်ပြရလျှင် “ကျွန်တော်ဝန်ကြီးချုပ်ကို လေးစားသလို ဥရောပသမဂ္ဂကနေ မနှုတ်ထွက်ဖို့ ကျွန်တော် တယ်လီပသီနည်းနဲ့ ဟန့်တားရပါလိမ့်မယ်။ ကျွန်တော့်ကို ယုံပါ။ ကျွန်တော်အဲ့လို လုပ်နိုင်စွမ်းရှိပါတယ်”ဟု ဆိုသည်။

ယူရီဂယ်လာက ထိုသို့ ပြောခဲ့သော်လည်း ဗြိတိန်သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် (ဘောရစ်ဂျွန်ဆင် လက်ထက်) တွင် ဥရောပသမဂ္ဂမှ တရားဝင်နှုတ်ထွက်ခဲ့ပြီ ဖြစ်သည်။

စိတ်စွမ်းအင်ရှင် ယူရီဂယ်လာက တော်ဝင်ပုဂ္ဂိုလ်များနှင့် အထင်ကရပုဂ္ဂိုလ်များကို ဧည့်ခံခဲ့ရာ အင်္ဂလန်မှ စံအိမ်ကို ပေါင် ၈ သန်းဖြင့် ရောင်းမည်

တယ်လီပသီ၊ ဆိုက်ကို ကီနီစစ်တို့ဖြင့် ကျော်ကြားခဲ့သူ စိတ်စွမ်းအားရှင် ယူရီဂယ်လာသည် သူ၏ အိပ်ခန်း ၈ ခန်းပါ တန်ဖိုးကြီးစံအိမ်ကို ပေါင် ၈ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

အသက် ၇၆ နှစ်ရှိပြီဖြစ်သော ယူရီဂယ်လာ၏ သိမ်းမြစ်ဘေးစံအိမ်တွင် ဖျော်ဖြေရေးခန်းမ၊ ရုပ်ရှင်ရုံနှင့် အားကစားလေ့ကျင့်ခန်းမတို့ ဖွဲ့စည်းပါဝင်သည်။

(ရီးဒင်းမြို့ အရှေ့ဘက်၊ သိမ်းမြစ်ကမ်းတွင် တည်ရှိသော Sonning ကျေးရွာမှ စံအိမ်မှာ အမေရိကန်မှ သမ္မတ အိမ်ဖြူတော်နှင့် ပုံစံတူကြောင်း ထိုအိမ်သို့ လာရောက်လည်ပတ်သူများက ယူရီဂယ်လာကို ပြောကြ သည်။ ဓာတ်ပုံ Credit- BNPS)

(စံအိမ်ဝန်းအတွင်းမှ ထင်ရှားသည့်အရာတစ်ခုမှာ သိမ်းမြစ်၏ တိမ်းမူးဖွယ် ရှုမျှော်ခင်းများကို ကြည့်ရှုခံစားနိုင် သည့် မှန်သားအတိဖြင့် ဆောက်လုပ်ထားသော ရှုခင်းကြည့်အိမ်တစ်လုံးပါဝင်ခြင်းဖြစ်သည်။ ဓာတ်ပုံ Credit-BNPS)

[ယူရီဂယ်လာ (ပုံတွင်တွေ့ရသူ) သည် ဘာ့ခ်ရှိုင်းယားခရိုင်၊ Sonning ကျေးရွာရှိ စံအိမ်ကို ပေါင် ၇ ဒသမ ၉၅ သန်း ဈေးခေါ်ထားသည်။ ယခင်က အဆိုပါစံအိမ်ကို ပေါင် ၁၅ သန်း ဈေးခေါ်ခဲ့ရာ ယခုဈေးနှုန်းမှာ ထက်ဝက်နီးပါး လျှော့ချပေးထားခြင်းလည်း ဖြစ်သည်။ ဓာတ်ပုံ Credit-BNPS]

ယူရီဂယ်လာ၏ စံအိမ်သို့ လာရောက်လည်ပတ်ဖူးသူများတွင် အဲလစ်ဇဘက်ဘုရင်မကြီး၏ တစ်ဝမ်းကွဲ မောင်တော် ကန့် နယ်စား မင်းသား မိုက်ကယ် (မွေး ၁၉၄၂) နှင့် မိုက်ကယ်ဂျက်ဆင်တို့ အပါအဝင် ဖြစ်သည်။

Sonning ကျေးရွာသည် Clooney မိသားစုဝင်များနှင့် Led Zeppelin ရော့ခ်ဂီတအဖွဲကြီး၏ ဂစ်တာသမား Jimmy Page တို့နေထိုင်သည့် နေရာအဖြစ် နာမည်ကြီးသည်။

ယူရီဂယ်လာသည် ၂၀၁၅ ခုနှစ်တွင် သူ၏ ဇာတိ အစ္စရေးနိုင်ငံသို့ ပြောင်းရွှေ့အခြေချရန် ဆုံးဖြတ်ခဲ့ကာ ယခုစံအိမ်ကို ပေါင် ၁၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။

သို့သော် ဝယ်လက်ရှာမတွေ့သောကြောင့် ပြီးခဲ့သောနှစ်ကုန်အထိ အငှားချထားခဲ့သည်။

ယခုအခါတွင်မူ ယူရီဂယ်လာက ကာလကြာရှည်ပိုင်ဆိုင်ခဲ့သော စံအိမ်နှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ကာ Savills အိမ်ခြံမြေကုမ္ပဏီမှတဆင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

စိတ်တန်ခိုးရှင် ယူရီဂယ်လာသည် ဤစံအိမ်တွင် နေထိုင်စဉ်ကာလအတွင်း တော်ဝင်မိသားစုဝင်များ ၊ ကမ္ဘာကျော်ဂီတပညာရှင်များ ၊ အားကစားလောကမှ ကြယ်ပွင့်များနှင့် နိုင်ငံခေါင်းဆောင်သမ္မတများကို ဧည့်ခံတွေ့ဆုံခဲ့သည်။

မိုက်ကယ်ဂျက်ဆင်မှာ ယူရီဂယ်လာ၏ အခင်မင်ဆုံးမိတ်ဆွေ ဖြစ်သည်။

စံအိမ်မှာ ၁၉၇၀ က ဆောက်လုပ်ခဲ့သည့် စံအိမ်ဖြစ်ပြီး ယူရီဂယ်လာနှင့် သူ၏မိသားစုက ၁၉၈၆ ခုနှစ်တွင် ဝယ်ယူခဲ့ပြီးနောက်ပိုင်း ပြန်လည်မွမ်းမံခြင်းနှင့် တိုးချဲ့ဆောက်လုပ်ခြင်းများ ပြုလုပ်ခဲ့သည်။

စံအိမ်အတွင်း အပူပေးစနစ်ပါသော ရေကူးကန် ၊ ရေစိမ်ကန်နှင့် ရဟတ်ယာဉ်ကွင်းတို့လည်း ရှိသည်။

ပင်မစံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၀၀၀၀ ကျော်ရှိသည်။

မြေညီထပ်တွင် ဧည့်ကြိုခန်းမ ၊ ဧည့်ခန်း ၂ ခန်း ၊ မှန်သားမိုးခန်းမကြီးတစ်ခု ၊ ရှုခင်းကြည့်နေရာ ၊ ညစာစားခန်း ၊ စာဖတ်ခန်းနှင့် မီးဖိုဆောင်တို့ ပါဝင်သည်။

ခြံဝန်းအတွင်း သီးခြားဆောက်လုပ်ထားသည့် အိမ်ဖော်အဆောင်တစ်ခုလည်း ရှိသည်။

ပထမထပ်တွင် အိပ်ခန်း ၈ ခန်းနှင့် ရေချိုးခန်းများဖြင့် ဖွဲ့စည်းထားသည်။

မြေအောက်ခန်းတွင် ဖျော်ဖြေရေးခန်းမ ၊ ရုပ်ရှင်ရုံ ၊ အားကစားလေ့ကျင့်ခန်းမနှင့် ဝိုင်သိုလှောင်ခန်းတို့ ရှိသည်။

ခြံဝန်းအတွင်း ဂျပန်လက်ရာဟန် koi pond တစ်ခုနှင့် ဂျပန်ရိုးရာဟန်တံတား တစ်စင်းအပြင် အချင်းချင်းဆက်သွယ်ထားသော ရေကန် ၃ ခု ၊ အမြင့် ၆ ပေရှိ သဘာဝရေတံခွန်တစ်ခုတို့ ရှိသည်။

ထို့အပြင် အခန်းတစ်ခန်းပါသော ကား ၄ စင်းဆန့် ကားဂိုဒေါင် ၊ တင်းနစ်ကွင်းနှင့် အပူပေးစနစ်ပါသော ရေကူးကန်တစ်ခုတို့လည်း ရှိသည်။

သိမ်းမြစ်ကမ်းတွင် တည်ရှိပြီး မြစ်နှင့်မီတာ ၂၅၀ ခန့် ထိစပ်ပိုင်ဆိုင်ထားကာ လှေ ၁၈ စင်းရပ်နားနိုင်သည့် နေရာ ပါဝင်သည်။

ယူရီဂယ်လာက ပြောသည်မှာ သူသည် တရုတ်ရိုးရာပညာရပ်တစ်ခုဖြစ်သော ဖုန်းရွှေပညာကို ယုံကြည်သူတစ်ဦး ဖြစ်ကြောင်း ၊ နေအိမ်ကို ဟန်ချက်နှင့် အချိုးညီစေရန် တိုးချဲ့ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ဖုန်းရွှေပညာမှာ သဘာဝလောကကြီးနှင့် ဟန်ချက်ညီစေရန် လူနေနေရာများကို စီစဉ်ထားရှိရသည့် ပညာရပ်ဖြစ်သည်။

ယူရီဂယ်လာက ပြောသည်မှာ စွမ်းအင်ကောင်းများ နေအိမ်အတွင်း စီးဝင်ကာ အိမ်တွင် နေထိုင်သူများအပေါ် ကောင်းကျိုးကျရောက်စေရန်အတွက် ယခုနေအိမ်ကို စီစဉ်ဆောက်လုပ်ထားကြောင်း ပြောသည်။

“ဒီအိမ်ရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုက တသီးတသန့် တည်ရှိမှုနဲ့ တကိုယ်ရည်လုံခြုံမှုတို့ပါပဲ။ ရွာထဲကို ဖြတ်မောင်းတဲ့လူ အများစုက ဒီအိမ်ရှိမှန်း သိတောင်သိကြမှာ မဟုတ်ဘူး။

အိမ်က ခြံရဲ့နောက်ကျကျမှာ ဆောက်လုပ်ထားပြီး အိမ်ကို ရောက်ဖို့ ဂိတ် ၂ ခုကို ဖြတ်ရမှာ ဖြစ်ပါတယ်။ အိမ်ကိုရောက်တဲ့ချိန်မှာ ကိုယ်ပိုင်ကမ္ဘာတစ်ခုကို ရောက်နေသလိုမျိုး ခံစားရစေမှာ ဖြစ်ပါတယ်။”

(နေအိမ်အပြင်ဘက်မှ koi pond ၊ ဂျပန်ရိုးရာဟန်တံတားနှင့် အချင်းချင်းဆက်ထားသော ရေကန် ၃ ခု၊ ၆ ပေမြင့်မားသော သဘာဝရေတံခွန်။ ဓာတ်ပုံ - Credit: BNPS)

(မြေအောက်ခန်းမှ ရုပ်ရှင်ရုံ။ ဓာတ်ပုံ- Credit: BNPS)

(မြေအောက်ခန်းရှိ အားကစားလေ့ကျင့်ခန်းမ။ ဓာတ်ပုံ- Credit: BNPS)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside magician Uri Geller’s £8m mansion with cinema and gym where he held extravagant parties for Royals & sports stars (thesun)

[Zawgyi]

ကမၻာ့အထင္ကရ စိတ္စြမ္းအားရွင္ ယူရီဂယ္လာက ျဗိတိန္မွ စံအိမ္ကို ေပါင္ ၈ သန္းျဖင့္ ေရာင္းမည္

ယူရီဂယ္လာသည္ တယ္လီပသီ၊ Psychokinesis အစြမ္းရွိသူအျဖစ္ ကမၻာေက်ာ္ခဲ့သူျဖစ္သည္။

(Psychokinesis- အရာဝတၳဳမ်ားကို စိတ္စြမ္းအားျဖင့္ ခိုင္းေစႏိုင္သည့္အစြမ္း)

Psychokinesis ကို မူလက အရာဝတၳဳမ်ားကို ေရြ႕လ်ားေစႏိုင္သည့္ စိတ္စြမ္းအင္ကို ရည္ညႊန္းခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ေရာဂါကုျခင္း၊ အရာဝတၳဳမ်ား၏ ပံုသ႑ာန္ေျပာင္းလဲေစႏိုင္ျခင္း စိတ္စြမ္းအင္မ်ားအထိ အဓိပၸာယ္ဖြင့္လာၾကသည္။

(ယူရီဂယ္လာ၏ စိတ္စြမ္းအင္)

ယူရီဂယ္လာသည္ အစၥေရးႏိုင္ငံသား စိတ္စြမ္းအင္ထူး ပိုင္ဆိုင္သူတစ္ဦးျဖစ္ျပီး ဇြန္းႏွင့္ ခရင္းမ်ားကို စိတ္တန္ခိုး ျဖင့္ ေကြးေကာက္သြားေအာင္ ျပဳလုပ္ျပျခင္း၊ ရပ္တန္႔ေနေသာ နာရီမ်ားကို ျပန္လည္အသက္ဝင္ လာေစရန္ စိတ္တန္ခိုးျဖင့္ လုပ္ေဆာင္ျပျခင္းတို႔ျဖင့္ နာမည္ၾကီးခဲ့သူ ျဖစ္သည္။

ဆိုဗီယက္ေထာက္လွမ္းေရး KGB အၾကီးအကဲအား ယူရီဂယ္လာ စိတ္တန္ခိုးျဖင့္ ႏွလံုးရပ္ေအာင္ လုပ္ေစရန္ CIA က လိုလားခဲ့သည္။

ထို႔ေၾကာင့္ နမူနာ စမ္းသပ္ခ်က္အေနျဖင့္ CIA က ယူရီဂယ္လာအား လုပ္ေဆာင္ခိုင္းသည္မွာ ဝက္တစ္ေကာင္ ကို စိတ္တန္ခိုးျဖင့္ ႏွလံုးရပ္ေအာင္ လုပ္ျပခိုင္းသည္ဟု ဆိုသည္။

ယူရီဂယ္လာ၏ တယ္လီပသီစိတ္စြမ္းအားႏွင့္ ပတ္သက္၍ သံသယျဖစ္ဖြယ္ ျဖစ္ရပ္မ်ားလည္း ရွိသည္။

၂၀၁၉ ခုႏွစ္၊ မတ္လတြင္ The Guardian သတင္းဌာန၏ ေဖာ္ျပခ်က္အရ ယူရီဂယ္လာသည္ ျဗိတိန္ဝန္ၾကီးခ်ဳပ္ ထရီဆာေမထံ အိတ္ဖြင့္ေပးစာတစ္ေစာင္ ေရးသားခဲ့၏။

စာတြင္ ေရးသားထားသည္မွာ ၎အေနျဖင့္ ဝန္ၾကီးခ်ဳပ္ကို ျဗိတိန္ႏိုင္ငံအား ဥေရာပသမဂၢမွ မႏႈတ္ထြက္ေစရန္ စိတ္ခ်င္းဆက္သြယ္သည့္ တယ္လီပသီနည္းျဖင့္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေရးသားထားသည္။

ယူရီဂယ္လာေရးခဲ့သည့္အတိုင္း ေဖာ္ျပရလွ်င္ “ကၽြန္ေတာ္ဝန္ၾကီးခ်ဳပ္ကို ေလးစားသလို ဥေရာပသမဂၢကေန မႏႈတ္ထြက္ဖို႔ ကၽြန္ေတာ္ တယ္လီပသီနည္းနဲ႔ ဟန္႔တားရပါလိမ့္မယ္။ ကၽြန္ေတာ့္ကို ယံုပါ။ ကၽြန္ေတာ္အဲ့လို လုပ္ႏိုင္စြမ္းရွိပါတယ္”ဟု ဆိုသည္။

ယူရီဂယ္လာက ထိုသို႔ ေျပာခဲ့ေသာ္လည္း ျဗိတိန္သည္ ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလ ၂၃ ရက္ (ေဘာရစ္ဂၽြန္ဆင္ လက္ထက္) တြင္ ဥေရာပသမဂၢမွ တရားဝင္ႏႈတ္ထြက္ခဲ့ျပီ ျဖစ္သည္။

(စိတ္စြမ္းအင္ရွင္ ယူရီဂယ္လာက ေတာ္ဝင္ပုဂၢိဳလ္မ်ားႏွင့္ အထင္ကရပုဂၢိဳလ္မ်ားကို ဧည့္ခံခဲ့ရာ အဂၤလန္မွ စံအိမ္ကို ေပါင္ ၈ သန္းျဖင့္ ေရာင္းမည္)

တယ္လီပသီ၊ ဆိုက္ကို ကီနီစစ္တို႔ျဖင့္ ေက်ာ္ၾကားခဲ့သူ စိတ္စြမ္းအားရွင္ ယူရီဂယ္လာသည္ သူ၏ အိပ္ခန္း ၈ ခန္းပါ တန္ဖုိးၾကီးစံအိမ္ကို ေပါင္ ၈ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာသည္။

အသက္ ၇၆ ႏွစ္ရွိျပီျဖစ္ေသာ ယူရီဂယ္လာ၏ သိမ္းျမစ္ေဘးစံအိမ္တြင္ ေဖ်ာ္ေျဖေရးခန္းမ၊ ရုပ္ရွင္ရံုႏွင့္ အားကစားေလ့က်င့္ခန္းမတို႔ ဖြဲ႔စည္းပါဝင္သည္။

(ရီးဒင္းျမိဳ႕ အေရွ႕ဘက္၊ သိမ္းျမစ္ကမ္းတြင္ တည္ရွိေသာ Sonning ေက်းရြာမွ စံအိမ္မွာ အေမရိကန္မွ သမၼတ အိမ္ျဖဴေတာ္ႏွင့္ ပံုစံတူေၾကာင္း ထိုအိမ္သို႔ လာေရာက္လည္ပတ္သူမ်ားက ယူရီဂယ္လာကို ေျပာၾက သည္။ ဓာတ္ပံု Credit- BNPS)

(စံအိမ္ဝန္းအတြင္းမွ ထင္ရွားသည့္အရာတစ္ခုမွာ သိမ္းျမစ္၏ တိမ္းမူးဖြယ္ ရႈေမွ်ာ္ခင္းမ်ားကို ၾကည့္ရႈခံစားႏိုင္ သည့္ မွန္သားအတိျဖင့္ ေဆာက္လုပ္ထားေသာ ရႈခင္းၾကည့္အိမ္တစ္လံုးပါဝင္ျခင္းျဖစ္သည္။ ဓာတ္ပံု Credit-BNPS)

[ယူရီဂယ္လာ (ပံုတြင္ေတြ႔ရသူ) သည္ ဘာ့ခ္ရႈိင္းယားခရိုင္၊ Sonning ေက်းရြာရွိ စံအိမ္ကို ေပါင္ ၇ ဒသမ ၉၅ သန္း ေစ်းေခၚထားသည္။ ယခင္က အဆိုပါစံအိမ္ကို ေပါင္ ၁၅ သန္း ေစ်းေခၚခဲ့ရာ ယခုေစ်းႏႈန္းမွာ ထက္ဝက္နီးပါး ေလွ်ာ့ခ်ေပးထားျခင္းလည္း ျဖစ္သည္။ ဓာတ္ပံု Credit-BNPS]

ယူရီဂယ္လာ၏ စံအိမ္သို႔ လာေရာက္လည္ပတ္ဖူးသူမ်ားတြင္ အဲလစ္ဇဘက္ဘုရင္မၾကီး၏ တစ္ဝမ္းကြဲ ေမာင္ေတာ္ ကန္႔ နယ္စား မင္းသား မိုက္ကယ္ (ေမြး ၁၉၄၂) ႏွင့္ မိုက္ကယ္ဂ်က္ဆင္တို႔ အပါအဝင္ ျဖစ္သည္။

Sonning ေက်းရြာသည္ Clooney မိသားစုဝင္မ်ားႏွင့္ Led Zeppelin ေရာ့ခ္ဂီတအဖြဲၾကီး၏ ဂစ္တာသမား Jimmy Page တို႔ေနထိုင္သည့္ ေနရာအျဖစ္ နာမည္ၾကီးသည္။

ယူရီဂယ္လာသည္ ၂၀၁၅ ခုႏွစ္တြင္ သူ၏ ဇာတိ အစၥေရးႏိုင္ငံသို႔ ေျပာင္းေရႊ႕အေျခခ်ရန္ ဆံုးျဖတ္ခဲ့ကာ ယခုစံအိမ္ကို ေပါင္ ၁၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့သည္။

သို႔ေသာ္ ဝယ္လက္ရွာမေတြ႔ေသာေၾကာင့္ ျပီးခဲ့ေသာႏွစ္ကုန္အထိ အငွားခ်ထားခဲ့သည္။

ယခုအခါတြင္မူ ယူရီဂယ္လာက ကာလၾကာရွည္ပိုင္ဆိုင္ခဲ့ေသာ စံအိမ္ႏွင့္ လမ္းခြဲရန္ ဆံုးျဖတ္ခဲ့ကာ Savills အိမ္ျခံေျမကုမၸဏီမွတဆင့္ အေရာင္းေစ်းကြက္တင္လာျခင္း ျဖစ္သည္။

စိတ္တန္ခိုးရွင္ ယူရီဂယ္လာသည္ ဤစံအိမ္တြင္ ေနထိုင္စဥ္ကာလအတြင္း ေတာ္ဝင္မိသားစုဝင္မ်ား ၊ ကမၻာေက်ာ္ဂီတပညာရွင္မ်ား ၊ အားကစားေလာကမွ ၾကယ္ပြင့္မ်ားႏွင့္ ႏိုင္ငံေခါင္းေဆာင္သမၼတမ်ားကို ဧည့္ခံေတြ႔ဆံုခဲ့သည္။

မိုက္ကယ္ဂ်က္ဆင္မွာ ယူရီဂယ္လာ၏ အခင္မင္ဆံုးမိတ္ေဆြ ျဖစ္သည္။

စံအိမ္မွာ ၁၉၇၀ က ေဆာက္လုပ္ခဲ့သည့္ စံအိမ္ျဖစ္ျပီး ယူရီဂယ္လာႏွင့္ သူ၏မိသားစုက ၁၉၈၆ ခုႏွစ္တြင္ ဝယ္ယူခဲ့ျပီးေနာက္ပိုင္း ျပန္လည္မြမ္းမံျခင္းႏွင့္ တိုးခ်ဲ႕ေဆာက္လုပ္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

စံအိမ္အတြင္း အပူေပးစနစ္ပါေသာ ေရကူးကန္ ၊ ေရစိမ္ကန္ႏွင့္ ရဟတ္ယာဥ္ကြင္းတို႔လည္း ရွိသည္။

ပင္မစံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၁၀၀၀၀ ေက်ာ္ရွိသည္။

ေျမညီထပ္တြင္ ဧည့္ၾကိဳခန္းမ ၊ ဧည့္ခန္း ၂ ခန္း ၊ မွန္သားမိုးခန္းမၾကီးတစ္ခု ၊ ရႈခင္းၾကည့္ေနရာ ၊ ညစာစားခန္း ၊ စာဖတ္ခန္းႏွင့္ မီးဖိုေဆာင္တို႔ ပါဝင္သည္။

ျခံဝန္းအတြင္း သီးျခားေဆာက္လုပ္ထားသည့္ အိမ္ေဖာ္အေဆာင္တစ္ခုလည္း ရွိသည္။

ပထမထပ္တြင္ အိပ္ခန္း ၈ ခန္းႏွင့္ ေရခ်ဳိးခန္းမ်ားျဖင့္ ဖြဲ႔စည္းထားသည္။

ေျမေအာက္ခန္းတြင္ ေဖ်ာ္ေျဖေရးခန္းမ ၊ ရုပ္ရွင္ရံု ၊ အားကစားေလ့က်င့္ခန္းမႏွင့္ ဝိုင္သိုေလွာင္ခန္းတို႔ ရွိသည္။

ျခံဝန္းအတြင္း ဂ်ပန္လက္ရာဟန္ koi pond တစ္ခုႏွင့္ ဂ်ပန္ရုိးရာဟန္တံတား တစ္စင္းအျပင္ အခ်င္းခ်င္းဆက္သြယ္ထားေသာ ေရကန္ ၃ ခု ၊ အျမင့္ ၆ ေပရွိ သဘာဝေရတံခြန္တစ္ခုတို႔ ရွိသည္။

ထို႔အျပင္ အခန္းတစ္ခန္းပါေသာ ကား ၄ စင္းဆန္႔ ကားဂိုေဒါင္ ၊ တင္းနစ္ကြင္းႏွင့္ အပူေပးစနစ္ပါေသာ ေရကူးကန္တစ္ခုတို႔လည္း ရွိသည္။

သိမ္းျမစ္ကမ္းတြင္ တည္ရွိျပီး ျမစ္ႏွင့္မီတာ ၂၅၀ ခန္႔ ထိစပ္ပိုင္ဆုိင္ထားကာ ေလွ ၁၈ စင္းရပ္နားႏိုင္သည့္ ေနရာ ပါဝင္သည္။

ယူရီဂယ္လာက ေျပာသည္မွာ သူသည္ တရုတ္ရုိးရာပညာရပ္တစ္ခုျဖစ္ေသာ ဖုန္းေရႊပညာကို ယံုၾကည္သူတစ္ဦး ျဖစ္ေၾကာင္း ၊ ေနအိမ္ကို ဟန္ခ်က္ႏွင့္ အခ်ဳိးညီေစရန္ တိုးခ်ဲ႕ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။

ဖုန္းေရႊပညာမွာ သဘာဝေလာကၾကီးႏွင့္ ဟန္ခ်က္ညီေစရန္ လူေနေနရာမ်ားကို စီစဥ္ထားရွိရသည့္ ပညာရပ္ျဖစ္သည္။

ယူရီဂယ္လာက ေျပာသည္မွာ စြမ္းအင္ေကာင္းမ်ား ေနအိမ္အတြင္း စီးဝင္ကာ အိမ္တြင္ ေနထိုင္သူမ်ားအေပၚ ေကာင္းက်ဳိးက်ေရာက္ေစရန္အတြက္ ယခုေနအိမ္ကို စီစဥ္ေဆာက္လုပ္ထားေၾကာင္း ေျပာသည္။

“ဒီအိမ္ရဲ႕ ေနာက္ထပ္ထူးျခားခ်က္တစ္ခုက တသီးတသန္႔ တည္ရွိမႈနဲ႔ တကိုယ္ရည္လံုျခံဳမႈတို႔ပါပဲ။ ရြာထဲကို ျဖတ္ေမာင္းတဲ့လူ အမ်ားစုက ဒီအိမ္ရွိမွန္း သိေတာင္သိၾကမွာ မဟုတ္ဘူး။

အိမ္က ျခံရဲ႕ေနာက္က်က်မွာ ေဆာက္လုပ္ထားျပီး အိမ္ကို ေရာက္ဖုိ႔ ဂိတ္ ၂ ခုကို ျဖတ္ရမွာ ျဖစ္ပါတယ္။ အိမ္ကိုေရာက္တဲ့ခ်ိန္မွာ ကိုယ္ပိုင္ကမၻာတစ္ခုကို ေရာက္ေနသလိုမ်ိဳး ခံစားရေစမွာ ျဖစ္ပါတယ္။”

(ေနအိမ္အျပင္ဘက္မွ koi pond ၊ ဂ်ပန္ရိုးရာဟန္တံတားႏွင့္ အခ်င္းခ်င္းဆက္ထားေသာ ေရကန္ ၃ ခု၊ ၆ ေပျမင့္မားေသာ သဘာဝေရတံခြန္။ ဓာတ္ပံု - Credit: BNPS)

(ေျမေအာက္ခန္းမွ ရုပ္ရွင္ရံု။ ဓာတ္ပံု- Credit: BNPS)

(ေျမေအာက္ခန္းရွိ အားကစားေလ့က်င့္ခန္းမ။ ဓာတ္ပံု- Credit: BNPS)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside magician Uri Geller’s £8m mansion with cinema and gym where he held extravagant parties for Royals & sports stars (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
CarsDB
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service