“စာဖတ်ခြင်းကို အစပျိုးခြင်း”

“စာဖတ်ခြင်းကို အစပျိုးခြင်း” - Property Knowledge in Myanmar from iMyanmarHouse.com
16 Mar 2023 4:25 pm တွင် တင်ခဲ့သည်
832 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ဖေဖေက ကဗျာတွေရွတ်သည်။ကလေးကဗျာလေးတွေကို အရွတ်များသည်။ဒီကဗျာလေးတွေက နားဝင်လွယ်သည်။မြင်သာလွယ်သည်။

ဆရာကြီးမင်းသုဝဏ်၏ ကဗျာများလည်းပါသည်။ဆရာကြီးဇော်ဂျီ၏ ကဗျာများလည်းပါသည်။ ဆရာတင်မိုး၏ ကဗျာများနှင့် ဆရာမနုယဉ် လည်းမလွတ်ပေ။

ထိုကဗျာလေးကို တခုတ်တရ သင်ပေးခြင်းတော့မဟုတ်။မနက်တိုင်း အမြဲတမ်းရွတ်ဆိုနေသဖြင့် ကျွန်တော်တို့ကကြားပြီး နားရည်ဝကာ ရနေခဲ့ကြပါသည်။ ကျွန်တော်ရသော ထိုကဗျာများမှာ ပိုင်ရှင်တို့ မဲ့နေကြသေးသည်။ပိုင်ရှင်တို့ကို ကျွန်တော်ပြန်ရှာမတွေ့သေးပါ။

ထိုကြားထဲ ကျွန်တော်၏ ဦးလေးဖြစ်သူ ကဗျာဆရာသည်လည်း အိမ်ကို အလည်ရောက်လာလျှင် ညပိုင်းတွင် အနင်းအနှိပ်ခံရင်းနှင့် ပုံပြင်များပြောပြတတ်သည်။ ကဗျာများလည်းရွတ်ပြတတ်သည်။ ထိုကျေးဇူးတို့ကြောင့် ထင်ပါသည် ကဗျာတွေ၊စာတွေကို ချစ်သည့်စိတ် ကျွန်တော့်ရင်တွင်ဖြစ်လာခဲ့ရသည်။

ဖေဖေသည် ကဗျာရွတ်ကောင်းသလို ပုံပြောလည်းကောင်းသည်။ဖေဖေ့ညီ ကျွန်တော့်ဦးလေးသည်လည်း ဖေဖေကဲ့သို့ပင်ဖြစ်သည်။

ဖေဖေကပြောပြဖူးသည်။သူငယ်စဉ်က သူ့အဖေလယ်ထွန်သည့်နောက်က ဗလာစာအုပ်တစ်ဖြင့် လိုက်ခဲ့ရကြောင်း။ ဖေဖေ၏အဖေ ကျွန်တော်တို့အဘသည် လယ်ထွန်ရင်းနှင့် ပါးစပ်ဖြင့် ပြဇာတ်၊ကဗျာတို့ကို ဖွဲ့စပ်တတ်ကြောင်းသိရသည်။ထိုအခါဖေဖေကလိုက်၍ ရေးမှတ်ထားရကြောင်းသိရသည်။

ထို့ကြောင့်ထင်သည် ဖေဖေလည်း စကားပြောကောင်းသလို စာရေးလည်းကောင်းသည်။သူငယ်စဉ်က ရေးထားခဲ့သော ဝတ္ထုတိုလေးများကို သူ၏မှတ်စုစာအုပ်တို့တွင် ရှာဖွေဖတ်ရှုခဲ့ရဖူးသည်။အောင်မြင်သော စာရေးဆရာအဖြစ်ကား မရောက်ခဲ့ပေ။

ဦးလေးဖြစ်သူမှာ လက်ရှိအချိန်အထိ ကဗျာများကို မပြတ်ရေးသားနေပြီး သူ့ကဗျာမှာ ယခုအချိန်အထိ မဂ္ဂဇင်းတို့တွင် ပါရှိနေပါသေးသည်။

ထိုနီးစပ်ရာအကြောင်းတို့ကြောင့် ကျွန်တော်တို့သည် ပုံပြင်တွေဝတ္ထုတွေကို ကြိုက်နှစ်သက်လာပြီး စာဖတ်တတ်သည့် အရွယ်ရောက်လာသည့်အခါ ရွှေသွေး၊တေဇ၊ကာတွန်းနှင့် ဝတ္ထုတို့ကို အစပျိုး ဖတ်နိုင်လာခဲ့ပါသည်။

စာဖတ်ခြင်းကိုနှစ်သက်သော ကျွန်တော်က ဦးလေးစုဆောင်းထားသော စာအုပ်စင်မှ စာအုပ်များဖြင့် မွေ့လျော်ခွင့်လည်းရခဲ့ပါသည်။ဦးလေးနေသော ရွာကို အလည်ပြန်လျှင် ကျွန်တော်သည် သူ့စာအုပ်များကိုသာ ဖွနေမိတတ်သည်။

ဝင်းဦး၏ "မိန်မလှအမုန်း" ဟုထင်သည်။ထိုစာအုပ်ကို ငယ်ရွယ်စဉ်က ဖတ်ကြည့်ခဲ့ဖူးသည်။သို့သော်လည်း ဘာမျှ မမှတ်မိ။ ထို့အတူ အိမ်အပေါ်ထပ်ခိုးတွင်ထားသည့် သိပ္ပံမောင်ဝ၏ စာအုပ်များအား လည်းကောင်း၊ ရှေ့သို့ဂျာနယ်များအား လည်းကောင်း၊သွေးသောက်မဂ္ဂဇင်းများနှင့် သင့်ဘဝမဂ္ဂဇင်းတို့ကိုလည်းဖတ်ရသည်။

ဦးလေးနေသည့်တောရွာသည် ဖုန်အလွန်ထူပါသည်။စာအုပ်တို့ကို ပလတ်စတစ်အကြည်ဖြင့်အုပ်ထား သော်လည်း လွတ်သည့်နေရာတို့မှ ဖုန်တို့ဝင်သဖြင့် စာအုပ်တို့မှာ ညိုညစ်ညစ်ဖြစ်နေကြသည်။

ထိုစာအုပ်များထဲမှ ကြိုက်ရာစာအုပ်များကို ဆွဲထုတ်ပြီးဖတ်သည်။ထိုစဉ်က သင့်ဘဝ မဂ္ဂဇင်းတွင်ထင်သည် ကဗျာလက်သင်တို့၏ ကဗျာလေးများကိုတွေ့ရသည်။ကဗျာလေးတစ်ပုဒ်ကိုမှတ်မိနေသေးသည်။ “လန်ချား” ဆိုသည့် ကဗျာလေးဖြစ်သည်။

“ဝမ်းတစ်ထွာအရေးကြောင့်၊

လမ်းတစ်ကာပြေးရပေမယ့်၊

ကျန်းမာရေးအတွက်တော့မဟုတ်ပါ” ဆိုသည့် ကဗျာမျိုးလေးတွေကို ထိုစဉ်ကဖတ်ဖြစ်ခဲ့သည်။

နောက်ဖတ်ဖြစ်ခဲ့သည်ထဲမှ တက္ကသိုလ်ဘုန်းနိုင်၏ “နွေကန္တာဦး” ဝတ္ထုဖြစ်သည်။ကလေးအရွယ်နှင့် ထိုစဉ်က ထိုဝတ္ထုကြီးကို ပြီးအောင်ဖတ်ဖြစ်ခဲ့သည်။နားမလည်ခြင်းတွေနှင့် ပြီးဆုံးသွားခဲ့သည်။ထိုစဉ်က ထိုဝတ္ထုဖတ်ပြီး နောက် ဝတ္ထုဖတ်ရမည်ကိုပင် လန့်သွားသလိုဖြစ်ခဲ့သေးသည်။

မနေနိုင်လို့ရှာရင်း လှပသည့် မျက်နှာဖုံးလေးနှင့် တက္ကသိုလ်ဘုန်းနိုင်၏ “သာ၍ဝေးရာဆီကိုပါ” ဝတ္ထုအား ဖတ်ဖြစ်သည်။ထိုဝတ္ထုအား ကျွန်တော်အလွန်ပင် ကြိုက်သွားသည်။ ထိုဝတ္ထုကြောင့်ပင် ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ ဝတ္ထုများကို အကုန်ရအောင်ရှာ၍ ဖတ်ပါတော့သည်။ပထမဖတ်ခဲ့သော နွေကန္တာဦးကိုလည်း စာဖတ်သားအတော်ရလာမှ ပြန်ဖတ်ရာ အလွန်ပင်ကောင်းလှသည့် ဝတ္ထုတစ်အုပ်၏ အရသာကို ခံစားမိတော့သည်။

ဆရာကြီး၏ဝတ္ထုများသည် စာရေးချင်သူများအတွက် ကွန်ချက်တို့ပြပေးရာလည်းဖြစ်သည်။ကဗျာနှင့် ဂီတတို့အပေါ်ကိုလည်း နှစ်သက်လာအောင် ဆွဲဆောင်မှုပြုသည်။ လောကအလှတရားတို့အပေါ် ချစ်ခင်နှစ်သက်တတ်အောင်လည်း သင်ပြပေးသည်။

ကဗျာထဲက အလှတို့အား ဆွဲထုတ်ပြတတ်သည့်အတွက်လည်း ကဗျာတို့အပေါ်တွင်လည်း ချစ်ခင်လာရပါသည်။

ထိုသို့ အစပျိုးခဲ့သော အကြောင်းတရားလေးများသည် ကျွန်တော်၏ဘဝတွင် လက်ရှိကာလအထိ စာစုံဖတ်လာနိုင်သည့်အပြင် စာရေးသားချင်းအတွက်လည်း အထောက်အပံ့ကောင်းတို့ကို ပေးနေပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

“စာဖတ္ျခင္းကို အစပ်ိဳးျခင္း”

 

ေဖေဖက ကဗ်ာေတြရြတ္သည္။ကေလးကဗ်ာေလးေတြကို အရြတ္မ်ားသည္။ဒီကဗ်ာေလးေတြက နားဝင္လြယ္သည္။ျမင္သာလြယ္သည္။

ဆရာႀကီးမင္းသုဝဏ္၏ ကဗ်ာမ်ားလည္းပါသည္။ဆရာႀကီးေဇာ္ဂ်ီ၏ ကဗ်ာမ်ားလည္းပါသည္။ ဆရာတင္မိုး၏ ကဗ်ာမ်ားႏွင့္ ဆရာမႏုယဥ္ လည္းမလြတ္ေပ။

ထိုကဗ်ာေလးကို တခုတ္တရ သင္ေပးျခင္းေတာ့မဟုတ္။မနက္တိုင္း အျမဲတမ္းရြတ္ဆိုေနသျဖင့္ ကၽြန္ေတာ္တို႔ကၾကားၿပီး နားရည္ဝကာ ရေနခဲ့ၾကပါသည္။ ကၽြန္ေတာ္ရေသာ ထိုကဗ်ာမ်ားမွာ ပိုင္ရွင္တို႔ မဲ့ေနၾကေသးသည္။ပိုင္ရွင္တို႔ကို ကၽြန္ေတာ္ျပန္ရွာမေတြ႔ေသးပါ။

ထိုၾကားထဲ ကၽြန္ေတာ္၏ ဦးေလးျဖစ္သူ ကဗ်ာဆရာသည္လည္း အိမ္ကို အလည္ေရာက္လာလွ်င္ ညပိုင္းတြင္ အနင္းအႏွိပ္ခံရင္းႏွင့္ ပုံျပင္မ်ားေျပာျပတတ္သည္။ ကဗ်ာမ်ားလည္းရြတ္ျပတတ္သည္။ ထိုေက်းဇူးတို႔ေၾကာင့္ ထင္ပါသည္ ကဗ်ာေတြ၊စာေတြကို ခ်စ္သည့္စိတ္ ကၽြန္ေတာ့္ရင္တြင္ျဖစ္လာခဲ့ရသည္။

ေဖေဖသည္ ကဗ်ာရြတ္ေကာင္းသလို ပုံေျပာလည္းေကာင္းသည္။ေဖေဖ့ညီ ကၽြန္ေတာ့္ဦးေလးသည္လည္း ေဖေဖကဲ့သို႔ပင္ျဖစ္သည္။

ေဖေဖကေျပာျပဖူးသည္။သူငယ္စဥ္က သူ႔အေဖလယ္ထြန္သည့္ေနာက္က ဗလာစာအုပ္တစ္ျဖင့္ လိုက္ခဲ့ရေၾကာင္း။ ေဖေဖ၏အေဖ ကၽြန္ေတာ္တို႔အဘသည္ လယ္ထြန္ရင္းႏွင့္ ပါးစပ္ျဖင့္ ျပဇာတ္၊ကဗ်ာတို႔ကို ဖြဲ႕စပ္တတ္ေၾကာင္းသိရသည္။ထိုအခါေဖေဖကလိုက္၍ ေရးမွတ္ထားရေၾကာင္းသိရသည္။

ထို႔ေၾကာင့္ထင္သည္ ေဖေဖလည္း စကားေျပာေကာင္းသလို စာေရးလည္းေကာင္းသည္။သူငယ္စဥ္က ေရးထားခဲ့ေသာ ဝတၳဳတိုေလးမ်ားကို သူ၏မွတ္စုစာအုပ္တို႔တြင္ ရွာေဖြဖတ္ရႈခဲ့ရဖူးသည္။ေအာင္ျမင္ေသာ စာေရးဆရာအျဖစ္ကား မေရာက္ခဲ့ေပ။

ဦးေလးျဖစ္သူမွာ လက္ရွိအခ်ိန္အထိ ကဗ်ာမ်ားကို မျပတ္ေရးသားေနၿပီး သူ႔ကဗ်ာမွာ ယခုအခ်ိန္အထိ မဂၢဇင္းတို႔တြင္ ပါရွိေနပါေသးသည္။

ထိုနီးစပ္ရာအေၾကာင္းတို႔ေၾကာင့္ ကၽြန္ေတာ္တို႔သည္ ပုံျပင္ေတြဝတၳဳေတြကို ႀကိဳက္ႏွစ္သက္လာၿပီး စာဖတ္တတ္သည့္ အရြယ္ေရာက္လာသည့္အခါ ေရႊေသြး၊ေတဇ၊ကာတြန္းႏွင့္ ဝတၳဳတို႔ကို အစပ်ိဳး ဖတ္ႏိုင္လာခဲ့ပါသည္။

စာဖတ္ျခင္းကိုႏွစ္သက္ေသာ ကၽြန္ေတာ္က ဦးေလးစုေဆာင္းထားေသာ စာအုပ္စင္မွ စာအုပ္မ်ားျဖင့္ ေမြ႔ေလ်ာ္ခြင့္လည္းရခဲ့ပါသည္။ဦးေလးေနေသာ ရြာကို အလည္ျပန္လွ်င္ ကၽြန္ေတာ္သည္ သူ႔စာအုပ္မ်ားကိုသာ ဖြေနမိတတ္သည္။

ဝင္းဦး၏ "မိန္မလွအမုန္း" ဟုထင္သည္။ထိုစာအုပ္ကို ငယ္ရြယ္စဥ္က ဖတ္ၾကည့္ခဲ့ဖူးသည္။သို႔ေသာ္လည္း ဘာမွ် မမွတ္မိ။ ထို႔အတူ အိမ္အေပၚထပ္ခိုးတြင္ထားသည့္ သိပၸံေမာင္ဝ၏ စာအုပ္မ်ားအား လည္းေကာင္း၊ ေရွ႕သို႔ဂ်ာနယ္မ်ားအား လည္းေကာင္း၊ေသြးေသာက္မဂၢဇင္းမ်ားႏွင့္ သင့္ဘဝမဂၢဇင္းတို႔ကိုလည္းဖတ္ရသည္။

ဦးေလးေနသည့္ေတာရြာသည္ ဖုန္အလြန္ထူပါသည္။စာအုပ္တို႔ကို ပလတ္စတစ္အၾကည္ျဖင့္အုပ္ထား ေသာ္လည္း လြတ္သည့္ေနရာတို႔မွ ဖုန္တို႔ဝင္သျဖင့္ စာအုပ္တို႔မွာ ညိဳညစ္ညစ္ျဖစ္ေနၾကသည္။

ထိုစာအုပ္မ်ားထဲမွ ႀကိဳက္ရာစာအုပ္မ်ားကို ဆြဲထုတ္ၿပီးဖတ္သည္။ထိုစဥ္က သင့္ဘဝ မဂၢဇင္းတြင္ထင္သည္ ကဗ်ာလက္သင္တို႔၏ ကဗ်ာေလးမ်ားကိုေတြ႔ရသည္။ကဗ်ာေလးတစ္ပုဒ္ကိုမွတ္မိေနေသးသည္။ “လန္ခ်ား” ဆိုသည့္ ကဗ်ာေလးျဖစ္သည္။

“ဝမ္းတစ္ထြာအေရးေၾကာင့္၊

လမ္းတစ္ကာေျပးရေပမယ့္၊

က်န္းမာေရးအတြက္ေတာ့မဟုတ္ပါ” ဆိုသည့္ ကဗ်ာမ်ိဳးေလးေတြကို ထိုစဥ္ကဖတ္ျဖစ္ခဲ့သည္။

ေနာက္ဖတ္ျဖစ္ခဲ့သည္ထဲမွ တကၠသိုလ္ဘုန္းႏိုင္၏ “ေႏြကႏၱာဦး” ဝတၳဳျဖစ္သည္။ကေလးအရြယ္ႏွင့္ ထိုစဥ္က ထိုဝတၳဳႀကီးကို ၿပီးေအာင္ဖတ္ျဖစ္ခဲ့သည္။နားမလည္ျခင္းေတြႏွင့္ ၿပီးဆုံးသြားခဲ့သည္။ထိုစဥ္က ထိုဝတၳဳဖတ္ၿပီး ေနာက္ ဝတၳဳဖတ္ရမည္ကိုပင္ လန္႔သြားသလိုျဖစ္ခဲ့ေသးသည္။

မေနႏိုင္လို႔ရွာရင္း လွပသည့္ မ်က္ႏွာဖုံးေလးႏွင့္ တကၠသိုလ္ဘုန္းႏိုင္၏ “သာ၍ေဝးရာဆီကိုပါ” ဝတၳဳအား ဖတ္ျဖစ္သည္။ထိုဝတၳဳအား ကၽြန္ေတာ္အလြန္ပင္ ႀကိဳက္သြားသည္။ ထိုဝတၳဳေၾကာင့္ပင္ ဆရာႀကီးတကၠသိုလ္ဘုန္းႏိုင္၏ ဝတၳဳမ်ားကို အကုန္ရေအာင္ရွာ၍ ဖတ္ပါေတာ့သည္။ပထမဖတ္ခဲ့ေသာ ေႏြကႏၱာဦးကိုလည္း စာဖတ္သားအေတာ္ရလာမွ ျပန္ဖတ္ရာ အလြန္ပင္ေကာင္းလွသည့္ ဝတၳဳတစ္အုပ္၏ အရသာကို ခံစားမိေတာ့သည္။

ဆရာႀကီး၏ဝတၳဳမ်ားသည္ စာေရးခ်င္သူမ်ားအတြက္ ကြန္ခ်က္တို႔ျပေပးရာလည္းျဖစ္သည္။ကဗ်ာႏွင့္ ဂီတတို႔အေပၚကိုလည္း ႏွစ္သက္လာေအာင္ ဆြဲေဆာင္မႈျပဳသည္။ ေလာကအလွတရားတို႔အေပၚ ခ်စ္ခင္ႏွစ္သက္တတ္ေအာင္လည္း သင္ျပေပးသည္။

ကဗ်ာထဲက အလွတို႔အား ဆြဲထုတ္ျပတတ္သည့္အတြက္လည္း ကဗ်ာတို႔အေပၚတြင္လည္း ခ်စ္ခင္လာရပါသည္။

ထိုသို႔ အစပ်ိဳးခဲ့ေသာ အေၾကာင္းတရားေလးမ်ားသည္ ကၽြန္ေတာ္၏ဘဝတြင္ လက္ရွိကာလအထိ စာစုံဖတ္လာႏိုင္သည့္အျပင္ စာေရးသားခ်င္းအတြက္လည္း အေထာက္အပံ့ေကာင္းတို႔ကို ေပးေနပါေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service