နှလုံးသားမှ စူးတစ်ချောင်း (သို့မဟုတ်) ပလာယာများလှူဒါန်းရသော တမူထူးသည့် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့က ကူဂီနုကီ ဂျိဇို့ ဘုရားကျောင်း

နှလုံးသားမှ စူးတစ်ချောင်း (သို့မဟုတ်) ပလာယာများလှူဒါန်းရသော တမူထူးသည့် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့က ကူဂီနုကီ ဂျိဇို့ ဘုရားကျောင်း - Property News in Myanmar from iMyanmarHouse.com
16 Mar 2023 11:53 am တွင် တင်ခဲ့သည်
756 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(မှတ်ချက်။ ခရီးသွား ဘလော့ဂါ ဂျက်ဖရီ ဖရစ်ဒဲလ်၏ The Solemn Uniqueness of Kyoto’s Kuginuki Jizo Temple ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်)

ဂျပန်နိုင်ငံတစ်ဝန်း ကျွန်တော်ဖူးမျှော်ဖူးသမျှ ဘုရားကျောင်းများတွင် အထူးဆန်းဆုံးနှင့် အသပ္ပာယ်ဆုံးမှာ ကျိုတိုမြို့ရှိ ကူဂီနုကီ ဂျိဇို့ (သံနှုတ် ကိရိယာစောင့်နတ်ဟု အဓိပ္ပာယ်ရ) ဘုရားကျောင်းဖြစ်၏။

今まで出会ったお寺の中で、一番面白いな、いかめしいお寺は京都にある釘抜地蔵です。 日本語で説明は難しいですが、ウィキペディアでは説明があるはず。

ထိုကျောင်းတော်၏ တရားဝင်အမည်မှာ ရှာကူရှို့ဂျိ ဘုရားကျောင်း (石像寺) ဖြစ်သည်။ သို့သော် ဒေသအခေါ် တွင်မူ ကူကီနုကီ ဂျိဇို့ (သံနှုတ် ပလာယာအစောင့်နတ်) ဟုသာ လူသိများသည်။ ဘုရားကျောင်း ဝန်းအတွင်း အနှံ့အပြားတွေ့ရသော သံမှိုနှင့် ဆူးနှုတ်ကိရိယာများကို အစွဲပြု၍ ထိုသို့နာမည်တွင်ခြင်း ဖြစ်နိုင်ပါသည်။

 

 

(နံရံတစ်ခု၏ အနီးကပ်မြင်ကွင်း- သံနှုတ်ပလာယာနှင့် သံများ)

 

 

သံနှုတ်ပလာယာများကို လှူဒါန်းရမှုမှာ အဓိပ္ပာယ်မသိချိန်တွင် လွန်စွာ ထူးဆန်းနေမည်ဖြစ်သည်။

သို့သော် နောက်ကွယ်မှ အဓိပ္ပာယ်ကို သိလာရချိန်တွင်မူ ဤဘုရားကျောင်း၏ လေးနက်မှုကို နားလည်လာ မည် ဖြစ်ပါသည်။

 

(ရထားလမ်းသံဆူးများနှုတ်သည့် သံနှုတ်ကြီးမှာ ၄ ပေခန့်ရှိသည်)

 

(လမ်းမှဆီမှ အဝင်နေရာတွင် နတ်ကွန်း၏ အမည်家隆山 ကို တွေ့ရမည် ဖြစ်သည်)

 

 

ကျောင်းတော်ကို လမ်းပေါ်မှကြည့်လျှင် မထင်မရှား အဝင်မုဒ်ဝတစ်ခုသာတွေ့ရမည်ဖြစ်ပြီး နေ့တိုင်းဖြတ်သွား လေ့ ရှိသည့်တိုင် သတိမထားမိဘဲ ရှိနိုင်သည်။

ကျောင်းတော်မျက်နှာကြက်တွင် ချိတ်ဆွဲထားသော မီးအိမ်နီများတွင် ဘုရားကျောင်း၏ အမည်釘抜地蔵尊 ကို ရေးသားထားသည်။

လှပစွာထွင်းထုထားသော သစ်သားပေါ်တွင် ရွှေရောင်စာလုံးများဖြင့် ရေးသားထားသည်မှာ တောင်တန်းအမည် 家隆山 (ကာယုဇန်) ဖြစ်ပါသည်။

 

 

(ကျောက်တုံးဘီး)

 

ဘုရားကျောင်း အဝင်လမ်းတစ်လျှောက်တွင်ရှိသော ကျောက်တုံးဘီး၏ ရည်ရွယ်ချက်ကိုမူ ကျွန်ုပ်မသိပါ။

သို့သော် ထိုအရာမှာ ဆုတောင်းခြင်းနှင့် ဆက်နွှယ်သည်ဟု ကျွန်တော် မှန်းဆပါသည်။

 

 

(ဘုရားကျောင်းဝန်းအတွင်း)

 

 

(လေးနက်မှုများစွာဖြင့်- အချိန်ကြာမြင့်စွာ ရှိခိုးဆုတောင်းကြပုံ)

 

(ဤအရာမှာ ၁၉၆၄ ခုနှစ်ကတည်းက လှူဒါန်းထားခဲ့ခြင်း ဖြစ်သည်)

 

((သံနှုတ်ကိရိယာများ၏ နောက်ကွယ်မှ အဓိပ္ပာယ်))

 

 

အချို့သော စိတ်ပိုင်း (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများမှာ နှလုံးသားတွင် ဆူးတစ်ချောင်းစိုက်နေသည့် သဖွယ် ခံစားကြရသည်။

ထိုအချိန်မျိုးတွင် ထိုဆူးကို ဖယ်ရှားပေးပါရန် ဤဘုရားသို့ လာရောက်ဆုတောင်းကြခြင်း ဖြစ်သည်။

ဤသည်ကား ဘုရားကျောင်းသို့ လာကြခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။ အဆိုပါ ဘုရားကျောင်းသည် ဒေသခံများအကြား ကျော်ကြားသော်လည်း ကမ္ဘာလှည့်ခရီးသည်များအကြား မကျော်ကြားလှ။

ကျွန်တော်အလည်အပတ်ရောက်စဉ်အတွင်း ကျွန်တော်တစ်ဦးမှလွဲပြီး အခြားကမ္ဘာလှည့်ခရီးသည်များ မတွေ့ခဲ့ရ။

ဤဘုရားသို့ လာရောက်သူများတွင် အုပ်စု ၂ ခုကွဲနေသည်။

ဒေသတွင်း ဘုရားကျောင်းတစ်ခုသို့ အထူးအထွေရည်ရွယ်ချက်မရှိဘဲ လာရောက်သူများနှင့် ကျန်သူများမှာ ရင်ထဲကဆူးကို နှုတ်လိုသူများ ဖြစ်ကြသည်။

ရင်ထဲက စူးကိုနှုတ်လိုသော သိမ်မွေ့နက်နဲသည့် သဘောသဘာဝများရှိခြင်းကြောင့် ကျွန်တော့်အနေဖြင့် ဓာတ်ပုံရိုက်ရာတွင် လူတို့၏ မျက်နှာကို မရိုက်မိစေရန် အထူးသတိပြုခဲ့ပါသည်။

မိမိတို့အချစ်ရဆုံးသူများ သေဆုံးမှု (သို့မဟုတ်) နာမကျန်းမှုများ (သို့မဟုတ်) အသည်းကွဲခြင်းတို့အတွက် ဤနေရာသို့ လာရောက်သူများသည် စိတ်ဖြေသိမ့်မှုရစေရန် လာကြခြင်းဖြစ်ရာ သတင်းများတွင် ၎င်းတို့၏ မျက်နှာခံစားချက်များကို မဖော်ပြသင့်ပါ။

သင့်အနေဖြင့်လည်း ဤနေရာသို့ လာရောက်မည်ဆိုပါက အခြားသူများအပေါ် အနှောင့်အယှက်မဖြစ်စေရန်နှင့် လေးစားသမှုရှိစေရန် သတိပြုသင့်ပါသည်။

 

 

(အမွှေးတိုင်ပူဇော်သည့်အိုးတွင်ပင် သံနှုတ်ပလာယာပုံ ပန်းရိုက်ပုံဖော်ထားသည်ကို တွေ့ရသည်)

 

ဘုရားကျောင်းမှာ နှစ်ပေါင်း ၁၂၀၀ ခန့် သက်တမ်းရှိခဲ့ပြီဖြစ်သော်လည်း ဝီကီပီဒီယာတွင် ဖော်ပြချက်အရမူ သံနှုတ်ပလာယာ အယူအဆမှာ နှစ်ပေါင်း ၄၀၀ (သို့မဟုတ်) ၅၀၀ သက်တမ်းခန့်သာ ရှိသေးသည်ဟု ဆိုသည်။

 

((ဘုရားကျောင်းနှင့် စပ်လျဉ်းသည့် ပုံပြင်တစ်ပုဒ်))

 

တစ်ခါက ကုန်သည်ကြီးတစ်ဦးရှိခဲ့သည်။

ကုန်သည်ကြီး၏ လက်တွင် ပြင်းထန်စွာ နာကျင်မှုဝေဒနာကို ခံစားနေရပြီး မည်သည့်ဆေးဝါးနှင့်မှ ကုသ၍ မပျောက်ကင်းခဲ့။

ကုန်သည်ကြီးသည် ဤဘုရားကျောင်းသို့ လာပြီး ရက်သတ္တပတ်ခန့် လာရောက်ဆုတောင်းခဲ့သည်။

ထိုသို့ ဆုတောင်းမှုများ လုပ်နေရင်း တစ်နေ့တွင်မူ ကုန်သည်ကြီး အိပ်မက်တစ်ခု မက်လေသည်။

အိပ်မက်ထဲတွင် ဘုရားမှ အစောင့်နတ်က ပြောသည်မှာ ကုန်သည်ကြီး၏ နာကျင်မှု ဝေဒနာသည် အတိတ်ဘဝ မှ လာခြင်းဖြစ်ကြောင်း၊ အတိတ်ဘဝက ကုန်သည်ကြီးအပေါ် အာဃာတ ထားခဲ့သူတစ်ဦးက ကုန်သည်ကြီး အား ရည်စူးထားသည့် ဗူးဒူးရုပ်တွင် ကြီးမားသည့် ဆူးချွန်များ ထိုးသွင်းကာ ကျိန်စာတိုက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြောပြီး ဆူးချွန်များ ပြခဲ့သည်ဟု ဆိုသည်။

ကုန်သည်ကြီးသည် အိပ်ယာမှ လန့်နိုးလာချိန်တွင် သတိပြုမိသည်မှာ သူ၏ နာကျင်မှုဝေဒနာများ ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ အရှင်းပျောက်ကင်းသွားသည်ကို တွေ့လိုက်ရသည်။

သူနှင့် ပတ်သက်သော ဗူးဒူးရုပ် ကျိန်စာဆူးချွန်များ ဖယ်ရှားလိုက်ခြင်းကြောင့်ဖြစ်သည်ဟု ဆို၏။

 

 

(ပင်မ ကျောင်းဆောင်ရှေ့မှ လှပသော မီးအိမ်များ)

 

(လှူဒါန်းထားသော ပလာယာများ ထားရှိသည့် နံရံ)

 

(ဘုရားဝန်း သက်စေ့ ပတ်ခြင်း)

 

ဤဘုရားသို့ ရောက်လျှင် အဓိက ယုံကြည်လုပ်ဆောင်ချက်တစ်ခုမှာ ဘုရားတစ်ပတ် ပတ်ရခြင်း ဖြစ်သည်။

ပထမဆုံးအနေဖြင့် သင်ရောက်ရှိနေသည့် အသက်အရွယ်အတိုင်း ဝါးချောင်းငယ်များ သက်စေ့ ယူဆောင် ရမည် ဖြစ်သည်။

 

 

(ဝါးချောင်းသေတ္တာပုံး- ဝါးတစ်ချောင်းစီတွင် လှူဒါန်းထားသူ၏ အမည်နှင့် အသက်တို့ကို ဖော်ပြထားသည်)

သင်သည် အသက် ၇၇ နှစ်အရွယ်ဆိုပါက ဝါးချောင်း ၇၇ ချောင်းကို ဝါးချောင်းများ ထားရှိသည့် သေတ္တာအတွင်းမှ ယူဆောင်ရမည် ဖြစ်သည်။ ထို့နောက် ဘုရားဝန်းကို လှည့်ပတ်လမ်းလျှောက်ကာ ဘုရားဝန်းနောက်ဘက် နံရံသို့ရောက်လျှင် တစ်စုံတစ်ခုကို ထိတွေ့လိုက်ရမည်ဟု ဆိုသည်။

 

 

(နောက်ဘက်နံရံ)

 

(နောက်ဘက်နံရံ အနီးကပ်မြင်ကွင်း)

 

အထက်ဖော်ပြပါဓာတ်ပုံတွင် အမြင့်တစ်နေရာ၌ ဒေါင်လိုက်အချောင်းတစ်ခုကို ပုံးတစ်ခုအတွင်း တွေ့ရမည်ဖြစ်သည်။

ထိုအရာမှာ ဘုရားဝန်းပတ်မည့်သူများ ထိတွေ့ရမည့်အရာဖြစ်၏။

လက်တွေ့တွင် ကျွန်တော်တွေ့ရသည်မှာကား အချို့သူများသည် ဘုရားဝန်းကို ပတ်ရုံသာ ပတ်ကြပြီး မည်သည့်အရာကိုမှ မထိတွေ့ကြသည်ကို တွေ့ရကာ အချို့သူတို့ကမူ လက်အုပ်မိုးကာ ရှိခိုးနေကြသည်ကို တွေ့ရသည်။

ဘုရားဝန်း တစ်ပတ်ပြည့်လျှင် သင်ဝါးချောင်း ယူခဲ့သည့် သေတ္တာအတွင်းသို့ ဝါးတစ်ချောင်းချကာ ဘုရားဝန်းကို နောက်တစ်ကြိမ် ထပ်ကာ ပတ်ရမည် ဖြစ်သည်။

ဤနည်းအတိုင်း ဝါးချောင်းများ မကုန်မချင်း ဘုရားကို ပတ်ရမည် ဖြစ်သည်။

ဝါးချောင်းကုန်ချိန်တွင် သင်သည် ဘုရားကို သက်စေ့ ပတ်ခဲ့ပြီး ဖြစ်သည်။

 

 

(ဂျိဇိုဟုခေါ်သော ရိုးရာကျောက်တုံး)

 

 

(ပင်မ ကျောင်းဆောင်)

 

(ဘုရားထောင့်မှ ဖယောင်းတိုင်ပူဇော်ရာနေရာ)

 

(ဘုရားကျောင်းနံရံတစ်နေရာ)

 

 

 

(ရေထွက်နေဆဲ ရေတွင်းတစ်တွင်း)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Solemn Uniqueness of Kyoto’s Kuginuki Jizo Temple (regex)

 

 

 

[Zawgyi]

ႏွလံုးသားမွ စူးတစ္ေခ်ာင္း (သို႔မဟုတ္) ပလာယာမ်ားလွဴဒါန္းရေသာ တမူထူးသည့္ ဂ်ပန္ႏိုင္ငံ၊ က်ဳိတိုျမိဳ႕က ကူဂီႏုကီ ဂ်ိဇို႔ ဘုရားေက်ာင္း

 

 

(မွတ္ခ်က္။ ခရီးသြား ဘေလာ့ဂါ ဂ်က္ဖရီ ဖရစ္ဒဲလ္၏ The Solemn Uniqueness of Kyoto’s Kuginuki Jizo Temple ေဆာင္းပါးကို ဆီေလ်ာ္ေအာင္ ျမန္မာျပန္ဆိုပါသည္)

ဂ်ပန္ႏိုင္ငံတစ္ဝန္း ကၽြန္ေတာ္ဖူးေမွ်ာ္ဖူးသမွ် ဘုရားေက်ာင္းမ်ားတြင္ အထူးဆန္းဆံုးႏွင့္ အသပၸာယ္ဆံုးမွာ က်ဳိတိုျမိဳ႕ရွိ ကူဂီႏုကီ ဂ်ိဇို႔ (သံႏႈတ္ ကိရိယာေစာင့္နတ္ဟု အဓိပၸာယ္ရ) ဘုရားေက်ာင္းျဖစ္၏။

今まで出会ったお寺の中で、一番面白いな、いかめしいお寺は京都にある釘抜地蔵です。 日本語で説明は難しいですが、ウィキペディアでは説明があるはず。

ထိုေက်ာင္းေတာ္၏ တရားဝင္အမည္မွာ ရွာကူရႈိ႕ဂ်ိ ဘုရားေက်ာင္း (石像寺) ျဖစ္သည္။ သို႔ေသာ္ ေဒသအေခၚ တြင္မူ ကူကီႏုကီ ဂ်ိဇို႔ (သံႏႈတ္ ပလာယာအေစာင့္နတ္) ဟုသာ လူသိမ်ားသည္။ ဘုရားေက်ာင္း ဝန္းအတြင္း အႏွံ႔အျပားေတြ႔ရေသာ သံမႈိႏွင့္ ဆူးႏႈတ္ကိရိယာမ်ားကို အစြဲျပဳ၍ ထိုသို႔နာမည္တြင္ျခင္း ျဖစ္ႏိုင္ပါသည္။

 

(နံရံတစ္ခု၏ အနီးကပ္ျမင္ကြင္း- သံႏႈတ္ပလာယာႏွင့္ သံမ်ား)

သံႏႈတ္ပလာယာမ်ားကို လွဴဒါန္းရမႈမွာ အဓိပၸာယ္မသိခ်ိန္တြင္ လြန္စြာ ထူးဆန္းေနမည္ျဖစ္သည္။

သို႔ေသာ္ ေနာက္ကြယ္မွ အဓိပၸာယ္ကို သိလာရခ်ိန္တြင္မူ ဤဘုရားေက်ာင္း၏ ေလးနက္မႈကို နားလည္လာ မည္ ျဖစ္ပါသည္။

(ရထားလမ္းသံဆူးမ်ားႏႈတ္သည့္ သံႏႈတ္ၾကီးမွာ ၄ ေပခန္႔ရွိသည္)

(လမ္းမွဆီမွ အဝင္ေနရာတြင္ နတ္ကြန္း၏ အမည္家隆山 ကို ေတြ႔ရမည္ ျဖစ္သည္)

ေက်ာင္းေတာ္ကို လမ္းေပၚမွၾကည့္လွ်င္ မထင္မရွား အဝင္မုဒ္ဝတစ္ခုသာေတြ႔ရမည္ျဖစ္ျပီး ေန႔တုိင္းျဖတ္သြား ေလ့ ရွိသည့္တိုင္ သတိမထားမိဘဲ ရွိႏိုင္သည္။

ေက်ာင္းေတာ္မ်က္ႏွာၾကက္တြင္ ခ်ိတ္ဆြဲထားေသာ မီးအိမ္နီမ်ားတြင္ ဘုရားေက်ာင္း၏ အမည္釘抜地蔵尊 ကို ေရးသားထားသည္။

လွပစြာထြင္းထုထားေသာ သစ္သားေပၚတြင္ ေရႊေရာင္စာလံုးမ်ားျဖင့္ ေရးသားထားသည္မွာ ေတာင္တန္းအမည္ 家隆山 (ကာယုဇန္) ျဖစ္ပါသည္။

 

(ေက်ာက္တံုးဘီး)

ဘုရားေက်ာင္း အဝင္လမ္းတစ္ေလွ်ာက္တြင္ရွိေသာ ေက်ာက္တံုးဘီး၏ ရည္ရြယ္ခ်က္ကိုမူ ကၽြႏု္ပ္မသိပါ။

သို႔ေသာ္ ထိုုအရာမွာ ဆုေတာင္းျခင္းႏွင့္ ဆက္ႏႊယ္သည္ဟု ကၽြန္ေတာ္ မွန္းဆပါသည္။

(ဘုရားေက်ာင္းဝန္းအတြင္း)

(ေလးနက္မႈမ်ားစြာျဖင့္- အခ်ိန္ၾကာျမင့္စြာ ရွိခိုးဆုေတာင္းၾကပံု)

(ဤအရာမွာ ၁၉၆၄ ခုႏွစ္ကတည္းက လွဴဒါန္းထားခဲ့ျခင္း ျဖစ္သည္)

((သံႏႈတ္ကိရိယာမ်ား၏ ေနာက္ကြယ္မွ အဓိပၸာယ္))

အခ်ဳိ႕ေသာ စိတ္ပိုင္း (သို႔မဟုတ္) ရုပ္ပိုင္းဆိုင္ရာ နာက်င္မႈမ်ားမွာ ႏွလံုးသားတြင္ ဆူးတစ္ေခ်ာင္းစိုက္ေနသည့္ သဖြယ္ ခံစားၾကရသည္။

ထိုအခ်ိန္မ်ဳိးတြင္ ထိုဆူးကို ဖယ္ရွားေပးပါရန္ ဤဘုရားသုိ႔ လာေရာက္ဆုေတာင္းၾကျခင္း ျဖစ္သည္။

ဤသည္ကား ဘုရားေက်ာင္းသို႔ လာၾကျခင္း၏ ရည္ရြယ္ခ်က္ျဖစ္သည္။ အဆိုပါ ဘုရားေက်ာင္းသည္ ေဒသခံမ်ားအၾကား ေက်ာ္ၾကားေသာ္လည္း ကမၻာလွည့္ခရီးသည္မ်ားအၾကား မေက်ာ္ၾကားလွ။

ကၽြန္ေတာ္အလည္အပတ္ေရာက္စဥ္အတြင္း ကၽြန္ေတာ္တစ္ဦးမွလြဲျပီး အျခားကမၻာလွည့္ခရီးသည္မ်ား မေတြ႔ခဲ့ရ။

ဤဘုရားသို႔ လာေရာက္သူမ်ားတြင္ အုပ္စု ၂ ခုကြဲေနသည္။

ေဒသတြင္း ဘုရားေက်ာင္းတစ္ခုသို႔ အထူးအေထြရည္ရြယ္ခ်က္မရွိဘဲ လာေရာက္သူမ်ားႏွင့္ က်န္သူမ်ားမွာ ရင္ထဲကဆူးကို ႏႈတ္လိုသူမ်ား ျဖစ္ၾကသည္။

ရင္ထဲက စူးကိုႏႈတ္လိုေသာ သိမ္ေမြ႔နက္နဲသည့္ သေဘာသဘာဝမ်ားရွိျခင္းေၾကာင့္ ကၽြန္ေတာ့္အေနျဖင့္ ဓာတ္ပံုရိုက္ရာတြင္ လူတို႔၏ မ်က္ႏွာကို မရိုက္မိေစရန္ အထူးသတိျပဳခဲ့ပါသည္။

မိမိတို႔အခ်စ္ရဆံုးသူမ်ား ေသဆံုးမႈ (သို႔မဟုတ္) နာမက်န္းမႈမ်ား (သို႔မဟုတ္) အသည္းကြဲျခင္းတို႔အတြက္ ဤေနရာသို႔ လာေရာက္သူမ်ားသည္ စိတ္ေျဖသိမ့္မႈရေစရန္ လာၾကျခင္းျဖစ္ရာ သတင္းမ်ားတြင္ ၎တို႔၏ မ်က္ႏွာခံစားခ်က္မ်ားကို မေဖာ္ျပသင့္ပါ။

သင့္အေနျဖင့္လည္း ဤေနရာသို႔ လာေရာက္မည္ဆိုပါက အျခားသူမ်ားအေပၚ အေႏွာင့္အယွက္မျဖစ္ေစရန္ႏွင့္ ေလးစားသမႈရွိေစရန္ သတိျပဳသင့္ပါသည္။

(အေမႊးတိုင္ပူေဇာ္သည့္အိုးတြင္ပင္ သံႏႈတ္ပလာယာပံု ပန္းရိုက္ပံုေဖာ္ထားသည္ကို ေတြ႔ရသည္)

ဘုရားေက်ာင္းမွာ ႏွစ္ေပါင္း ၁၂၀၀ ခန္႔ သက္တမ္းရွိခဲ့ျပီျဖစ္ေသာ္လည္း ဝီကီပီဒီယာတြင္ ေဖာ္ျပခ်က္အရမူ သံႏႈတ္ပလာယာ အယူအဆမွာ ႏွစ္ေပါင္း ၄၀၀ (သို႔မဟုတ္) ၅၀၀ သက္တမ္းခန္႔သာ ရွိေသးသည္ဟု ဆိုသည္။

((ဘုရားေက်ာင္းႏွင့္ စပ္လ်ဥ္းသည့္ ပံုျပင္တစ္ပုဒ္))

တစ္ခါက ကုန္သည္ၾကီးတစ္ဦးရွိခဲ့သည္။

ကုန္သည္ၾကီး၏ လက္တြင္ ျပင္းထန္စြာ နာက်င္မႈေဝဒနာကို ခံစားေနရျပီး မည္သည့္ေဆးဝါးႏွင့္မွ ကုသ၍ မေပ်ာက္ကင္းခဲ့။

ကုန္သည္ၾကီးသည္ ဤဘုရားေက်ာင္းသို႔ လာျပီး ရက္သတၱပတ္ခန္႔ လာေရာက္ဆုေတာင္းခဲ့သည္။

ထိုသို႔ ဆုေတာင္းမႈမ်ား လုပ္ေနရင္း တစ္ေန႔တြင္မူ ကုန္သည္ၾကီး အိပ္မက္တစ္ခု မက္ေလသည္။

အိပ္မက္ထဲတြင္ ဘုရားမွ အေစာင့္နတ္က ေျပာသည္မွာ ကုန္သည္ၾကီး၏ နာက်င္မႈ ေဝဒနာသည္ အတိတ္ဘဝ မွ လာျခင္းျဖစ္ေၾကာင္း၊ အတိတ္ဘဝက ကုန္သည္ၾကီးအေပၚ အာဃာတ ထားခဲ့သူတစ္ဦးက ကုန္သည္ၾကီး အား ရည္စူးထားသည့္ ဗူးဒူးရုပ္တြင္ ၾကီးမားသည့္ ဆူးခၽြန္မ်ား ထိုးသြင္းကာ က်ိန္စာတိုက္ခဲ့ျခင္းေၾကာင့္ ျဖစ္ေၾကာင္း ေျပာျပီး ဆူးခၽြန္မ်ား ျပခဲ့သည္ဟု ဆိုသည္။

ကုန္သည္ၾကီးသည္ အိပ္ယာမွ လန္႔ႏိုးလာခ်ိန္တြင္ သတိျပဳမိသည္မွာ သူ၏ နာက်င္မႈေဝဒနာမ်ား ပိန္းၾကာရြက္ တြင္ ေရမတင္သကဲ့သို႔ အရွင္းေပ်ာက္ကင္းသြားသည္ကို ေတြ႔လိုက္ရသည္။

သူႏွင့္ ပတ္သက္ေသာ ဗူးဒူးရုပ္ က်ိန္စာဆူးခၽြန္မ်ား ဖယ္ရွားလိုက္ျခင္းေၾကာင့္ျဖစ္သည္ဟု ဆို၏။

(ပင္မ ေက်ာင္းေဆာင္ေရွ႕မွ လွပေသာ မီးအိမ္မ်ား)

(လွဴဒါန္းထားေသာ ပလာယာမ်ား ထားရွိသည့္ နံရံ)

(ဘုရားဝန္း သက္ေစ့ ပတ္ျခင္း)

ဤဘုရားသို႔ ေရာက္လွ်င္ အဓိက ယံုၾကည္လုပ္ေဆာင္ခ်က္တစ္ခုမွာ ဘုရားတစ္ပတ္ ပတ္ရျခင္း ျဖစ္သည္။

ပထမဆံုးအေနျဖင့္ သင္ေရာက္ရွိေနသည့္ အသက္အရြယ္အတိုင္း ဝါးေခ်ာင္းငယ္မ်ား သက္ေစ့ ယူေဆာင္ ရမည္ ျဖစ္သည္။

(ဝါးေခ်ာင္းေသတၱာပံုး- ဝါးတစ္ေခ်ာင္းစီတြင္ လွဴဒါန္းထားသူ၏ အမည္ႏွင့္ အသက္တို႔ကို ေဖာ္ျပထားသည္)

သင္သည္ အသက္ ၇၇ ႏွစ္အရြယ္ဆိုပါက ဝါးေခ်ာင္း ၇၇ ေခ်ာင္းကို ဝါးေခ်ာင္းမ်ား ထားရွိသည့္ ေသတၱာအတြင္းမွ ယူေဆာင္ရမည္ ျဖစ္သည္။ ထို႔ေနာက္ ဘုရားဝန္းကို လွည့္ပတ္လမ္းေလွ်ာက္ကာ ဘုရားဝန္းေနာက္ဘက္ နံရံသို႔ေရာက္လွ်င္ တစ္စံုတစ္ခုကို ထိေတြ႔လိုက္ရမည္ဟု ဆိုသည္။

(ေနာက္ဘက္နံရံ)

(ေနာက္ဘက္နံရံ အနီးကပ္ျမင္ကြင္း)

အထက္ေဖာ္ျပပါဓာတ္ပံုတြင္ အျမင့္တစ္ေနရာ၌ ေဒါင္လိုက္အေခ်ာင္းတစ္ခုကို ပံုးတစ္ခုအတြင္း ေတြ႔ရမည္ျဖစ္သည္။

ထိုအရာမွာ ဘုရားဝန္းပတ္မည့္သူမ်ား ထိေတြ႔ရမည့္အရာျဖစ္၏။

လက္ေတြ႔တြင္ ကၽြန္ေတာ္ေတြ႔ရသည္မွာကား အခ်ဳိ႕သူမ်ားသည္ ဘုရားဝန္းကို ပတ္ရံုသာ ပတ္ၾကျပီး မည္သည့္အရာကိုမွ မထိေတြ႔ၾကသည္ကို ေတြ႔ရကာ အခ်ဳိ႕သူတို႔ကမူ လက္အုပ္မိုးကာ ရွိခိုးေနၾကသည္ကို ေတြ႔ရသည္။

ဘုရားဝန္း တစ္ပတ္ျပည့္လွ်င္ သင္ဝါးေခ်ာင္း ယူခဲ့သည့္ ေသတၱာအတြင္းသို႔ ဝါးတစ္ေခ်ာင္းခ်ကာ ဘုရားဝန္းကို ေနာက္တစ္ၾကိမ္ ထပ္ကာ ပတ္ရမည္ ျဖစ္သည္။

ဤနည္းအတုိင္း ဝါးေခ်ာင္းမ်ား မကုန္မခ်င္း ဘုရားကို ပတ္ရမည္ ျဖစ္သည္။

ဝါးေခ်ာင္းကုန္ခ်ိန္တြင္ သင္သည္ ဘုရားကို သက္ေစ့ ပတ္ခဲ့ျပီး ျဖစ္သည္။

(ဂ်ိဇိုဟုေခၚေသာ ရိုးရာေက်ာက္တံုး)

(ပင္မ ေက်ာင္းေဆာင္)

(ဘုရားေထာင့္မွ ဖေယာင္းတိုင္ပူေဇာ္ရာေနရာ)

(ဘုရားေက်ာင္းနံရံတစ္ေနရာ)

(ေရထြက္ေနဆဲ ေရတြင္းတစ္တြင္း)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Solemn Uniqueness of Kyoto’s Kuginuki Jizo Temple (regex)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Aung Theikdi Villa
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service