Elon Musk က သူ၏ ဝန်ထမ်းများကို ထားရန် ကိုယ်ပိုင်မြို့တစ်မြို့ဆောက်လုပ်မည်
Elon Musk က သူ၏ ဝန်ထမ်းများကို ထားရန် ကိုယ်ပိုင်မြို့တစ်မြို့ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
15 Mar 2023 10:21 am တွင် တင်ခဲ့သည်
1416 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Elon Musk သည် သူ၏ မြောက်မြားစွာသော ကုမ္ပဏီများမှတဆင့် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ် ပြည်နယ်တွင် မြေဧက ထောင်ပေါင်းများစွာ ဝယ်ယူလျက်ရှိနေသည်။
Wall Street Journal ၏ ဖော်ပြချက်အရ Elon Musk က သူ၏ ဝန်ထမ်းများ နေထိုင်၊ အလုပ်လုပ်ကိုင်နိုင်ရန် မြို့ကြီးတစ်မြို့ တည်ထောင်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။
Elon Musk ၏ ကုမ္ပဏီများသည် Austin မြို့အနီးတွင် အနည်းဆုံး မြေဧက ၃၅၀၀ ခန့် ဝယ်ယူထားပြီးဖြစ်ကာ Snailbrook အမည်ရှိ မြို့တစ်မြို့ တည်ထောင်ရန် လုပ်ဆောင်လျက်ရှိသည်။
Wall Street Journal ၏ သတင်းမှာ ခရိုင်မှ သဘောတူညီချက်များနှင့်၊ အခြားမြေယာ မှတ်တမ်းများ၊ ခရိုင်မှ အီးမေးလ်များ၊ ကုမ္ပဏီအတွင်း ဆက်သွယ်ဆောင်ရွက်ချက်များ၊ ပြည်နယ်လိုင်စင်မှတ်တမ်းများ၊ မြေပိုင်ရှင်များ-ခရိုင်အရာရှိများနှင့် တွေ့ဆုံမေးမြန်းချက်များအပေါ် အခြေပြုထားသည်။
ပြီးခဲ့သောနှစ်များစွာအတွင်း နည်းပညာကုမ္ပဏီကြီးများသည် ကုမ္ပဏီဝန်းအတွင်း facilities များစွာ ထားရှိခြင်း အားဖြင့် ဝန်ထမ်းများ ဆွဲဆောင်ခေါ်ယူနိုင်စေရန် ကြိုးစားခဲ့ကြသည်။
ယခုအခါ Elon Musk က သူ၏ ကုမ္ပဏီပိုင်မြို့ကြီးတစ်မြို့ တည်ဆောက်ခြင်းအားဖြင့် ထိုသို့သော ခြေလှမ်းမျိုး ကို ပိုမိုချဲ့ထွင်ရန် လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။
Wall Street Journal ၏ ဖော်ပြချက်အရ Elon Musk သည် သူ၏ ကုမ္ပဏီများဖြစ်သော Boring Co., Tesla နှင့် SpaceX မှ ဝန်ထမ်းများကို ဈေးကွက်ပေါက်ဈေးအောက် ပိုမိုသက်သာသည့် အိမ်ငှားခဖြင့် နေအိမ်သစ် များတွင် နေထိုင်နိုင်စေလိုသည်ဟု ဆိုသည်။
အဆိုပါ ကုမ္ပဏီအားလုံး၏ ပင်မထုတ်လုပ်ရေးနေရာမှာ Austin မြို့အနီးတွင် တည်ရှိသည်။
The Snailbrook မြို့တွင် နေအိမ်ပေါင်း ၁၀၀ ကျော် ဆောက်လုပ်ရန် စီစဉ်ထားပြီး ရေကူးကန်နှင့် အားကစား နေရာများလည်း ပါဝင်မည်ဟု ဆိုသည်။
Elon Musk က Tesla ၏ ရုံးချုပ်နှင့် သူ၏နေအိမ်ကို ကယ်လီဖိုးနီးယားပြည်နယ်မှသည် တက္ကဆပ်ပြည်နယ်သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်အတွင်း ကြေညာထားသည်။
ကယ်လီဖိုးနီးယားပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် စပ်လျဉ်းပြီး တင်းကျပ်ပိတ်ပင်မှုများ ပြုလုပ်မှုအပေါ် Elon Musk က ရှုတ်ချဝေဖန်ခဲ့ကာ ရုံးချုပ်နှင့်အိမ် ပြောင်းရွှေ့ရန် စီစဉ်ခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သောနှစ်အတွင်း Tesla သည် Austin မြို့တွင် လျှပ်စစ်ဘက်ထရီများ အလုံးအရင်းထုတ်လုပ်သည့် စက်ရုံတစ်ခု ဖွင့်လှစ်ခဲ့သည်။
Elon Musk ၏ SpaceX and Boring Co. တို့သည်လည်း တက္ကဆပ်တွင် အခြေစိုက်နေရာများ ရှိသည်။
Boring Co က Austin မြို့တွင် မြေအောက်ဥမင်များ ဖောက်လုပ်နိုင်မည့်အလားအလာကို မြို့အာဏာပိုင် များနှင့် ဆွေးနွေးခဲ့ကြောင်း Austin American Statesman က ဖေဖော်ဝါရီလအတွင်း ဖော်ပြခဲ့သည်။
Austin နှင့် ကပ်လျက်တည်ရှိသော Bastrop ခရိုင်မှ အိမ်ခြံမြေမှတ်တမ်းများအရ Boring Co. သည် ကော်လိုရာဒိုမြစ်အနီးတွင် မြေကွက် ၁၁ ခု ပိုင်ဆိုင်ထားကြောင်း ဖော်ပြသည်။
Boring Co. သည် အဆိုပါဒေသတွင် ကူးသန်းရောင်းဝယ်ရေးနှင့် လူနေအဆောက်အအုံမြေကွက်များ၊ စားကျက်နှင့် ယာမြေများ ပိုင်ဆိုင်ထားကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
Elon Musk ၏အဖွဲ့က Bastrop ခရိုင်တွင် မြို့တစ်မြို့တည်ထောင်ရန် ဆွေးနွေးလျက်ရှိကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြသည်။
ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဝေါစထရိဂျာနယ်သို့ ပြောသည်မှာ မြို့နယ်နိမိတ်တစ်ခု ဖွဲ့စည်းထူထောင်ရန် တင်ပြလျှောက်ထားမှုမျိုး မရှိသေးကြောင်း၊ ထိုသို့ တည်ထောင်ရန်ဆိုလျှင် နေထိုင်သူ ပမာဏ အတိုင်းအတာတစ်ခုရှိရမည် ဖြစ်ကြောင်း ပြောသည်။
(နယ်နိမိတ်များမှာ ခန့်မှန်းချေသာ ဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ Travis ခရိုင်၏ ဂြိုဟ်တုဓာတ်ပုံ။ Bastrop ခရိုင်၏ ပုံမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလနှင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ပုံများ ဖြစ်သည်။ ဓာတ်ပုံ-Maxar and Google Earth (satellite imagery)
[The Snailbrook မြို့ ဝန်းကျင်ပုံ (အပေါ်)။ Bastrop ခရိုင်ရုံးသို့ ဇန်နဝါရီက တင်ပြခဲ့သည့် စာရွက်စာတမ်းများ၊ (အောက်ပုံ)]
(၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း တက္ကဆပ်ပြည်နယ်တွင် Tesla ၏ လျှပ်စစ်ဘက်ထရီများ ထုတ်လုပ်သည့် စက်ရုံဖွင့်ပွဲ၌ Elon Musk အမှာစကားပြောနေပုံ။ ဓာတ်ပုံ-BOB DAEMMRICH/ZUMA PRESS)
(ဖေဖော်ဝါရီလအတွင်း Bastrop ခရိုင်ရှိ SpaceX ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု)
(Bastrop ခရိုင်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူ David Barrow က Elon Musk ၏ စီမံကိန်းသစ်များကြောင့် ဒေသတွင်း ရေအရည်အသွေး ပျက်စီးမည်ကို စိုးရိမ်နေသည်)
(Bastrop ခရိုင်ရှိ စားကျက်မြေများအနီးတွင် Boring Co. ၏ အဆောက်အအုံသစ်များ ပေါ်ပေါက်လာနေပုံ)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Elon Musk is planning to build his own town (CNN, wsj)
 [Zawgyi]
https://www.wsj.com/articles/elon-musk-texas-town-52386513
(Elon Musk ၏ ကုမ္ပဏီက Bastrop ခရိုင်တွင် အကောင်အထည်ဖော်နေသော လုပ်ငန်းခွင်နေရာ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service