“ကြင်နာစွာနှင့် မုန်းပါတော့”

“ကြင်နာစွာနှင့် မုန်းပါတော့” - Property Knowledge in Myanmar from iMyanmarHouse.com
14 Mar 2023 2:18 pm တွင် တင်ခဲ့သည်
540 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အတင်းလာချင်သူကို

ငြင်းရတာရင်နာမဆုံး

တစ်သက်လုံးမုန်းတော့မယ်။

အဖြစ်မရှိတော့….

အပြစ်ရှိသူ ကိုယ်..ကိုယ်ကလေ

မိုက်မဲစွာ လက်တွေကမ်းကြိုရမှာလား

လက်လွှဲလို့ရှောင်ကာဖယ်။

အမုန်းဟာ ကြာရင်မေ့မှာမို့

ခင်ရယ်…မျက်ရည်စို့စို့နဲ့ငြင်းမိတယ်။

မယဉ်ကျေးသူ အဖြစ်နဲ့

ရွံ့မုန်းစွာထားပြစ်ခဲ့ပါတော့

ခေါင်းငုံ့လို့မျက်နှာငယ်

ဝေဒနာ သယ်ကာသွားရမှာမို့

ကလေးရယ်….

မုန်းစိတ်နဲ့ ကျေနပ်ပါ…။

သတ္တိမရှိတဲ့ ကဗျာလို့ပဲ ပြောလိုက်ရပါတော့မည်။ကဗျာအချိုးကျချင်မှ ကျမည်။မတတ်နိုင်။ ရေးတုန်းက ချစ်ပါလျက်ကယ်နှင့် ပေါင်းဖက်ဖို့ခက်နေသည့် ဘဝအခြေအနေတွင် ချစ်သူဘဝ ရယူခဲ့ပြီးမှ သူ့ဘဝကို မနစ်မွန်းစေချင်သည့်သဘောတို့နှင့် တွေးမြင်ဖွဲ့စပ်မိခဲ့သည့် ကဗျာဖြစ်သည်။

ဒီကဗျာက ကြာခဲ့ပါပြီ။ဟိုလွန်ခဲ့သည် ၁၀နှစ်ခန့်ကဖြစ်သည်။

တိုက်ဆိုင်စွာပင် ရုပ်သံဇာတ်လမ်းတွဲ တစ်ခုကြည့်မိသည်။ကြည့်မိသည့်ဇာတ်လမ်းတွဲက မဟူရာပုလဲ အပိုင်း(၂၄) ဖြစ်သည်။ထိုအပိုင်း၏ အဖွင့်မှာပဲ …

ချယ်ရီဆိုတဲ့ ဆရာဝန်မလေးက ကလေးတစ်ယောက်အဖေ မုဆိုးဖို ကိုမောင့်ထံ လာပြီး သူ့အပေါ် ကိုမောင့်ရဲ့ သဘောထား ဘယ်လိုရှိလဲဆိုပြီး လာမေးသည့် အခန်းကို ကြည့်ရသဖြင့် အထက်က ကျွန်တော်ရေးခဲ့တဲ့ ကဗျာလေးကို သတိရမိပါသည်။

လာချင်သူက မိန်းကလေး၊ငြင်းသူက ယောက်ျားလေး။မြင်းကမလှုပ် ခုံကလှုပ်သည်ဟု ပြောကောင်း ပြောကြမည့် အခန်းဖြစ်သည်။

သို့ပါသော်လည်း အချစ်ဆိုသည်က ဘာကြောင့် ဘယ်လိုဆိုတာပြောရခက်သည်။အကြောင်းတိုက်ဆိုင်လျှင် ဖြစ်မည်။ဘယ်သူမို့၊ဘယ်ဝါမို့ဆိုပြီး ကန့်သတ်မရ။ယောက်ျားလေးကစစ၊မိန်းကလေးကစစ စချင်သူကစမည်ဟု ကျွန်တော်က ဤသို့ပင်ယူဆသည်။

ချစ်ရသူနှင့် အချစ်ခံရသူ ထပ်တူမကျသည့်အခါ အချစ်ခံရသည့် ရေခဲနှလုံးသားရှိသူကို ချစ်ရသူမိန်းကလေးတစ်ယောက်က စည်းဘောင်တွေကို ဘေးဖယ်ထားပြီး အရည်ဖျော်ကြည့်သည်။ ရေခဲက အရည်မပျော်ရေးချ မပျော်ပါလေ။

ကိုယ်ချစ်ရသော အမျိုးသားတစ်ဦး၏ငြိမ်နေသည့် နှလုံးသားကို လှုပ်နှဲ့ဖို့ ချယ်ရီဆိုသည့် ဆရာဝန်မလေးက သူမချစ်သော လုပ်ဖော်ကိုင်ဖက် ဆရာဝန်တစ်ယောက်က လက်ထပ်ခွင့်တောင်းနေပြီဆိုတဲ့ စကားနဲ့ ကိုမောင်ဆိုသည့် ဇာတ်ဆောင်ရဲ့ရင်ကို လှုပ်နှဲ့ပါသည်။

ဒါကို ကိုမောင်က ချယ်ရီရဲ့ အရေးကိစ္စအနေနှင့် ရှောင်ဖယ်လိုက်သည်။

“ချယ်ရီလေ..ဘယ်သူ့ကိုမျှော်လင့်ပြီး… အချိန်တွေဆွဲနေခဲ့လဲဆိုတာ… ကိုမောင်သိရဲ့လာဟင်..။”

ချယ်ရီက အရည်မပျော်သူကြီးကို တည့်ပင်မေးတော့သည်။

ကိုမောင်ဆိုသူကလည်း သားကို အကြောင်းတည်ပြီး နောက်ဆုံးပိတ်ငြင်းသည်။ လွမ်းမောဖွယ်အခန်းလေး ဖြစ်သည်။

ကိုမောင်က “ချယ်ရီနဲ့ခင်မင်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ချယ်ရီ့အပေါ်မှာတိမ်းညွှတ်မိခဲ့တာရှိလို့ရှိရင် ကျွန်တော်ကို ခွင့်လွှတ်ပါချယ်ရီ…”

“အထီးကျန်တဲ့လူတစ်ယောက်က ကြင်နာတတ်တဲ့လက်တစ်စုံကို တွယ်တာမိခဲ့တယ်လို့ဘဲ သဘောထားလိုက်ပါ…။”

“ကျွန်တော့် ဘဝကိုငဲ့မကြည့်ပါနဲ့ …ကျွန်တော်ဟာ ဘယ်တော့မှ ချယ်ရီ့ဘေးနားကလူတစ်ရောက် ဖြစ်လာမှာမဟုတ်ဘူး ချယ်ရီ…။”

“သားသာကျွန်တော့်ဘဝမှာ မရှိခဲ့ဘူးဆိုရင်..ချယ်ရီ့ကို ရွေးချယ်မိခဲ့မှာ အမှန်ပါပဲ…။

ျ..ပြောရက်လိုက်လေခြင်း။ကျွန်တော်လည်း ကျွန်တော်ကဗျာမှာ ချစ်လို့လာသူတစ်ယောက်ကို လက်ခံနိုင်ပါရက်ကယ်နှင့် ငြင်းခဲ့သည်။ကိုမောင်လည်း ချယ်ရီကို လက်ခံနိုင်ပါရက်ကယ်နှင့် ငြင်းခဲ့သည်။

ငြင်းချင်သူအတွက် အကြောင်းဟာ ပြချက်တို့ ရှာတတ်ကြခြင်းပင်ဖြစ်ပေမည်။အငြင်းခံရသူများအနေနှင့် ကြင်နာစွာဖြင့် မုန်းနိုင် မမုန်းနိုင်ခြင်းသည် လက်တွေ့ဘဝတွင်မှာတော့…..။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

“ၾကင္နာစြာႏွင့္ မုန္းပါေတာ့”

အတင္းလာခ်င္သူကို

ျငင္းရတာရင္နာမဆုံး

တစ္သက္လုံးမုန္းေတာ့မယ္။

အျဖစ္မရွိေတာ့….

အျပစ္ရွိသူ ကုိယ္..ကိုယ္ကေလ

မိုက္မဲစြာ လက္ေတြကမ္းႀကိဳရမွာလား

လက္လႊဲလို႔ေရွာင္ကာဖယ္။

အမုန္းဟာ ၾကာရင္ေမ့မွာမို႔

ခင္ရယ္…မ်က္ရည္စို႔စို႔နဲ႔ျငင္းမိတယ္။

မယဥ္ေက်းသူ အျဖစ္နဲ႔

ရြံ႕မုန္းစြာထားျပစ္ခဲ့ပါေတာ့

ေခါင္းငုံ႔လို႔မ်က္ႏွာငယ္

ေဝဒနာ သယ္ကာသြားရမွာမို႔

ကေလးရယ္….

မုန္းစိတ္နဲ႔ ေက်နပ္ပါ…။

သတၱိမရွိတဲ့ ကဗ်ာလို႔ပဲ ေျပာလိုက္ရပါေတာ့မည္။ကဗ်ာအခ်ိဳးက်ခ်င္မွ က်မည္။မတတ္ႏိုင္။ ေရးတုန္းက ခ်စ္ပါလ်က္ကယ္ႏွင့္ ေပါင္းဖက္ဖို႔ခက္ေနသည့္ ဘဝအေျခအေနတြင္ ခ်စ္သူဘဝ ရယူခဲ့ၿပီးမွ သူ႔ဘဝကို မနစ္မြန္းေစခ်င္သည့္သေဘာတို႔ႏွင့္ ေတြးျမင္ဖြဲ႔စပ္မိခဲ့သည့္ ကဗ်ာျဖစ္သည္။

ဒီကဗ်ာက ၾကာခဲ့ပါၿပီ။ဟိုလြန္ခဲ့သည္ ၁၀ႏွစ္ခန္႔ကျဖစ္သည္။

တိုက္ဆိုင္စြာပင္ ရုပ္သံဇာတ္လမ္းတြဲ တစ္ခုၾကည့္မိသည္။ၾကည့္မိသည့္ဇာတ္လမ္းတြဲက မဟူရာပုလဲ အပိုင္း(၂၄) ျဖစ္သည္။ထိုအပိုင္း၏ အဖြင့္မွာပဲ …

ခ်ယ္ရီဆိုတဲ့ ဆရာဝန္မေလးက ကေလးတစ္ေယာက္အေဖ မုဆိုးဖို ကိုေမာင့္ထံ လာၿပီး သူ႔အေပၚ ကိုေမာင့္ရဲ႕ သေဘာထား ဘယ္လိုရွိလဲဆိုၿပီး လာေမးသည့္ အခန္းကို ၾကည့္ရသျဖင့္ အထက္က ကၽြန္ေတာ္ေရးခဲ့တဲ့ ကဗ်ာေလးကို သတိရမိပါသည္။

လာခ်င္သူက မိန္းကေလး၊ျငင္းသူက ေယာက်္ားေလး။ျမင္းကမလႈပ္ ခုံကလႈပ္သည္ဟု ေျပာေကာင္း ေျပာၾကမည့္ အခန္းျဖစ္သည္။

သို႔ပါေသာ္လည္း အခ်စ္ဆိုသည္က ဘာေၾကာင့္ ဘယ္လိုဆိုတာေျပာရခက္သည္။အေၾကာင္းတိုက္ဆိုင္လွ်င္ ျဖစ္မည္။ဘယ္သူမို႔၊ဘယ္ဝါမို႔ဆိုၿပီး ကန္႔သတ္မရ။ေယာက်္ားေလးကစစ၊မိန္းကေလးကစစ စခ်င္သူကစမည္ဟု ကၽြန္ေတာ္က ဤသို႔ပင္ယူဆသည္။

ခ်စ္ရသူႏွင့္ အခ်စ္ခံရသူ ထပ္တူမက်သည့္အခါ အခ်စ္ခံရသည့္ ေရခဲႏွလုံးသားရွိသူကို ခ်စ္ရသူမိန္းကေလးတစ္ေယာက္က စည္းေဘာင္ေတြကို ေဘးဖယ္ထားၿပီး အရည္ေဖ်ာ္ၾကည့္သည္။ ေရခဲက အရည္မေပ်ာ္ေရးခ် မေပ်ာ္ပါေလ။

ကိုယ္ခ်စ္ရေသာ အမ်ိဳးသားတစ္ဦး၏ၿငိမ္ေနသည့္ ႏွလုံးသားကို လႈပ္ႏ႔ွဲဖို႔ ခ်ယ္ရီဆိုသည့္ ဆရာဝန္မေလးက သူမခ်စ္ေသာ လုပ္ေဖာ္ကိုင္ဖက္ ဆရာဝန္တစ္ေယာက္က လက္ထပ္ခြင့္ေတာင္းေနၿပီဆိုတဲ့ စကားနဲ႔ ကိုေမာင္ဆိုသည့္ ဇာတ္ေဆာင္ရဲ႕ရင္ကို လႈပ္ႏွဲ႔ပါသည္။

ဒါကို ကိုေမာင္က ခ်ယ္ရီရဲ႕ အေရးကိစၥအေနႏွင့္ ေရွာင္ဖယ္လိုက္သည္။

“ခ်ယ္ရီေလ..ဘယ္သူ႔ကိုေမွ်ာ္လင့္ၿပီး… အခ်ိန္ေတြဆြဲေနခဲ့လဲဆိုတာ… ကိုေမာင္သိရဲ႕လာဟင္..။”

ခ်ယ္ရီက အရည္မေပ်ာ္သူႀကီးကို တည့္ပင္ေမးေတာ့သည္။

ကိုေမာင္ဆိုသူကလည္း သားကို အေၾကာင္းတည္ၿပီး ေနာက္ဆုံးပိတ္ျငင္းသည္။ လြမ္းေမာဖြယ္အခန္းေလး ျဖစ္သည္။

ကိုေမာင္က “ခ်ယ္ရီနဲ႔ခင္မင္လာတဲ့ သက္တမ္းတစ္ေလွ်ာက္မွာ ခ်ယ္ရီ႕အေပၚမွာတိမ္းညႊတ္မိခဲ့တာရွိလို႔ရွိရင္ ကၽြန္ေတာ္ကို ခြင့္လႊတ္ပါခ်ယ္ရီ…”

“အထီးက်န္တဲ့လူတစ္ေယာက္က ၾကင္နာတတ္တဲ့လက္တစ္စုံကို တြယ္တာမိခဲ့တယ္လို႔ဘဲ သေဘာထားလိုက္ပါ…။”

“ကၽြန္ေတာ့္ ဘဝကိုငဲ့မၾကည့္ပါနဲ႔ …ကၽြန္ေတာ္ဟာ ဘယ္ေတာ့မွ ခ်ယ္ရီ႕ေဘးနားကလူတစ္ေရာက္ ျဖစ္လာမွာမဟုတ္ဘူး ခ်ယ္ရီ…။”

“သားသာကၽြန္ေတာ့္ဘဝမွာ မရွိခဲ့ဘူးဆိုရင္..ခ်ယ္ရီ႕ကို ေရြးခ်ယ္မိခဲ့မွာ အမွန္ပါပဲ…။

ေဩာ္..ေျပာရက္လိုက္ေလျခင္း။ကၽြန္ေတာ္လည္း ကၽြန္ေတာ္ကဗ်ာမွာ ခ်စ္လို႔လာသူတစ္ေယာက္ကို လက္ခံႏိုင္ပါရက္ကယ္ႏွင့္ ျငင္းခဲ့သည္။ကိုေမာင္လည္း ခ်ယ္ရီကို လက္ခံႏိုင္ပါရက္ကယ္ႏွင့္ ျငင္းခဲ့သည္။

ျငင္းခ်င္သူအတြက္ အေၾကာင္းဟာ ျပခ်က္တို႔ ရွာတတ္ၾကျခင္းပင္ျဖစ္ေပမည္။အျငင္းခံရသူမ်ားအေနႏွင့္ ၾကင္နာစြာျဖင့္ မုန္းႏိုင္ မမုန္းႏိုင္ျခင္းသည္ လက္ေတြ႔ဘဝတြင္မွာေတာ့…..။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?
ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
royal-hill

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service