သူငယ်ချင်းကနေ ချစ်သူဖြစ်သွားကြတဲ့ Lee Jong-suk နဲ့ အဆိုတော်မလေး IU တို့ လက်ထပ်ပြီးနေဖို့ ဝမ်ငွေ ၁၃ ဘီလီယံ တန်ကြေးရှိ လူနေခန်းဝယ်ယူ ၊ IU ရှိနေခြင်းမှာ မိမိအတွက် ခွန်အားတစ်ရပ်ဟု Lee Jong-suk ပြော

သူငယ်ချင်းကနေ ချစ်သူဖြစ်သွားကြတဲ့ Lee Jong-suk နဲ့ အဆိုတော်မလေး IU တို့ လက်ထပ်ပြီးနေဖို့ ဝမ်ငွေ ၁၃ ဘီလီယံ တန်ကြေးရှိ လူနေခန်းဝယ်ယူ ၊ IU ရှိနေခြင်းမှာ မိမိအတွက် ခွန်အားတစ်ရပ်ဟု Lee Jong-suk ပြော - Property News in Myanmar from iMyanmarHouse.com
13 Mar 2023 10:59 am တွင် တင်ခဲ့သည်
1467 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Lee Jong-suk (Korean: 이종석) (မွေး ၁၉၈၉ )သည် တောင်ကိုရီးယား ရုပ်ရှင်မင်းသား ၊ မော်ဒယ်တစ်ဦး ဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် မော်ဒယ်တစ်ဦးအဖြစ် အနုပညာလောကအတွင်း စတင်ဝင်ရောက်ခဲ့ပြီး Seoul Fashion Week တွင် ပါဝင်ခဲ့သည့် အသက်အငယ်ဆုံး အမျိုးသားမော်ဒယ်တစ်ဦး ဖြစ်ခဲ့သည်။

Lee Jong-suk သည် ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့သော School 2013 ဖြင့် နာမည်ကြီးလာခဲ့သည်။

သူ၏ နာမည်ကြီး ဇာတ်ကားများမှာ I Can Hear Your Voice (၂၀၁၃)၊ Doctor Stranger (၂၀၁၄) ၊ Pinocchio (၂၀၁၄) ၊W (၂၀၁၆) ၊ While You Were Sleeping (၂၀၁၇) ၊ Romance Is a Bonus Book (၂၀၁၉) နှင့် Big Mouth (၂၀၂၂) တို့ ဖြစ်သည်။

(အချစ်ရေး)

၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ ၃၁ ရက်တွင် Lee Jong-suk ၏ အေဂျင်စီက Lee Jong-suk နှင့် အဆိုတော် ၊ ရုပ်ရှင်မင်းသမီး IU တို့ ချစ်ကြိုက်နေကြောင်း အတည်ပြုခဲ့သည်။

IU ၏ အေဂျင်စီကလည်း ၎င်းတို့နှစ်ဦး၏ အချစ်ရေးကို အတည်ပြုခဲ့ပြီး တရားဝင်အတည်မပြုမီ ၄ လအလိုကတည်းက စတွဲခဲ့ကြခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

(Lee Jong-suk နှင့် IU ။ ဓာတ်ပုံများမှာ Lee Jong-suk နှင့် IUတို့၏ အင်စတာဂရမ်အကောင့်များမှ ဖြစ်သည်။)

တောင်ကိုရီးယား ရုပ်ရှင်ကြယ်ပွင့် Lee Jong-suk က ချစ်သူမိန်းကလေး အဆိုတော် IUသည် မိမိအတွက် ဖေးမကူညီမှု များစွာ ပြုလုပ်ခဲ့ကြောင်း ပြောထားသည်။

၎င်းတို့နှစ်ဦး တွဲနေကြောင်း တရားဝင်ကြေညာလိုက်ချိန်တွင် ပရိသတ်များမှာ များစွာ အံ့အားသင့်ခဲ့ကြသည်။

Esquire Korea သို့ Lee Jong-suk က ပြောသည်မှာ “သူရှိနေခြင်းက ကျွန်တော်အတွက် နားခိုရာနဲ့ ခွန်အားတွေ ပေးပါတယ်။ တစ်ခြားသူတွေဟာ သူရဲ့ သီချင်းတွေကနေ ခွန်အားတွေ နှစ်သိမ့်မှုတွေ ရကြတယ်။ ကျွန်တော်အတွက်လည်း ထပ်တူပါပဲ။ တစ်ခုပဲ ခြားနားတာက ကျွန်တော်က သူဆီကနေ တိုက်ရိုက်အားပေးစကား ရခဲ့တာပဲ ဖြစ်ပါတယ်။ကျွန်တော်တို့နှစ်ယောက် အချိန်အတော်ကြာအောင် သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ သူက ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံး သူငယ်ချင်းပါပဲ။”ဟု ဆိုသည်။

(Lee Jong-suk နှင့် IU ဆိုးလ်မြို့တော် Gangnam အရပ်တွင် နေအိမ်သစ်တစ်လုံးကို ဝမ်ငွေ ၁၃ ဘီလီယံဖြင့် ဝယ်၊ လက်ထပ်ဖို့ ကြိုတင်ပြင်ဆင်ခြင်းလား)

Lee Jong-suk နှင့် IU တို့သည် တရားဝင်တွဲလိုက်ကြပြီးနောက် ၂၀၂၃ ခုနှစ်အတွင်း ကိုရီးယား၏ အကျော်ကြားဆုံးအတွဲ ဖြစ်လာသည်။

ထို့ကြောင့် ၎င်းတို့၏ လှုပ်ရှားမှုအားလုံးကို လူတိုင်းက ဂရုတစိုက် စောင့်ကြည့်လာကြသည်။

ဒီဇင်ဘာလ ၁၅ ရက်က ထုတ်လွှင့်ခဲ့သော KBS2 ၏ variety show ဖြစ်သော “Entertainment Company Live”တွင် သိလာရသည်မှာ IU သည် တောင်ကိုရီးယားနိုင်ငံ ၊ ဆိုးလ်မြို့တော် ၊ “Eterno Cheongdam” အိမ်ရာတွင် တန်ဖိုးကြီး တိုက်ခန်းတစ်ခန်း ဝယ်ယူခဲ့သည်ဟု ဆိုသည်။

တောင်ကိုရီးယား အွန်လိုင်း ပလက်ဖောင်းတစ်ခုဖြစ်သော Naver တွင် သတင်းများစွာ ထွက်လာရာ အဆိုပါ အိမ်သည် IU နှင့် Lee Jong Suk တို့ စုံတွဲ၏ လက်ထပ်ပြီးနောက် နေထိုင်မည့် နေရာအဖြစ် အသုံးပြုဖွယ် ရှိကြောင်း ခန့်မှန်းကြသည်။

ပြီးခဲ့သော နှစ်အတွင်းကလည်း Hyun Bin နှင့် Son Ye Jin တို့သည် တရားဝင် တွဲခဲ့ပြီးနောက် လက်ထပ်ပြီး နေထိုင်ရန်အတွက် တန်ဖိုးကြီး Penthouse ခန်းတစ်ခန်းကို လျှို့ဝှက်စွာ ဝယ်ယူခြင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

(မှတ်ချက်။ Hyun Bin နှင့် Son Ye Jin တို့၏ အဆိုပါ အခန်းအကြောင်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ၂၀၂၂ ခုနှစ်အတွင်းက ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)

Eterno Cheongdam အိမ်ရာတွင် ဈေးအကြီးဆုံး Penthouse ခန်း၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၂၆ ဒသမ ၅ သန်းခန့်အထိ ပေးခဲ့ရသည်။

IU ဝယ်ခဲ့သောအခန်းမှာ ဝမ်ငွေ ၁၃ ဘီလီယံဝန်းကျင် (ကန်ဒေါ်လာ ၉ ဒသမ ၉ သန်း) ပေးခဲ့ရပြီး ကျသင့်ငွေ အားလုံးကို ငွေသားဖြင့် ပေးချေခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အနာဂတ်တွင် Eterno Cheongdam အိမ်ရာသည် တောင်ကိုရီးယား၏ ဈေးအကြီးဆုံး အိမ်ရာတစ်ခု ဖြစ်လာဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

လက်ရှိအားဖြင့် IU သည် Raemian Caelitus ဟုခေါ်သော ၅၆ ထပ်မြင့်မားသည့် မိုးမျှော်တိုက်တစ်ခုတွင် နေထိုင်လျှက်ရှိသည်။

အဆိုပါ အဆောက်အအုံသည် Yongsan ခရိုင်တွင် အမြင့်မားဆုံး အဆောက်အအုံဖြစ်ပြီး ဟန်မြစ်ကို အပေါ်စီးမှ စီးမိုး တွေ့မြင်နေရသည်။

ထိုမိုးမျှော်တိုက်ရှိ လူနေခန်းများ၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၂ ဒသမ ၆ သန်းမှ ၃ ဒသမ ၃ သန်းကြား ပေါက်ဈေးရှိသည်။

Raemian Caelitus မိုးမျှော်တိုက်ကြီးတွင် IU ၏ အခင်ဆုံး သူငယ်ချင်းများဖြစ်သော Yoo In Na, Zico နှင့် Crush တို့အပြင် အခြား အကျော်အမော်များစွာ နေထိုင်လျှက်ရှိသည်။

အထက် ဖော်ပြပါ တိုက်ခန်း ၂ ခန်းအပြင် IU သည် Gyeonggi-do အရပ်တွင်လည်း ၂ ထပ်အိမ်တစ်လုံး ပိုင်ဆိုင်ထားသေးသည်။

ထိုအိမ်၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၃ သန်းဝန်းကျင်ရှိကြောင်း ၊ အားလပ်ရက်များတွင် နားနေရန်အတွက် အပန်းဖြေအိမ်တစ်လုံးအဖြစ် ဝယ်ယူထားခြင်းဖြစ်ကြောင်း IU ၏ အေဂျင်စီက ထုတ်ပြန်သည်။

IU က ထိုအိမ်ဝန်းကျင်တွင် ဝမ်ငွေ သန်း ၈၀၀ တန်ကြေးရှိ မြေကွက်လည်း ဝယ်ယူထားသေးသည်။

IU သည် အနုပညာနယ်သို့ အသက် ၁၅ နှစ်အရွယ်ကတည်းက ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ရုပ်ရှင်နှင့် ဂီတနယ်ပယ် နှစ်ခုလုံးတွင် နာမည်တစ်လုံးရထားပြီး ဖြစ်သည်။

သူ၏ ရုပ်ရှင်နှင့် ဂီတများမှာ အောင်မြင်မှု ကြီးမားစွာ ရရှိခဲ့ရာ တန်ဖိုးကြီး အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားသည်မှာ အံ့အားသင့်ဖွယ် မရှိချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Lee Jong-suk addresses relationship with IU, recalls her support during the ‘turbulent’ phase of his life: ‘Her existence gives me strength…’ (lovekpop95, indianexpress, wikipedia)

[Zawgyi]

သူငယ္ခ်င္းကေန ခ်စ္သူျဖစ္သြားၾကတဲ့ Lee Jong-suk နဲ႔ အဆိုေတာ္မေလး IU တို႔ လက္ထပ္ျပီးေနဖို႔ ဝမ္ေငြ ၁၃ ဘီလီယံ တန္ေၾကးရွိ လူေနခန္းဝယ္ယူ ၊ IU ရွိေနျခင္းမွာ မိမိအတြက္ ခြန္အားတစ္ရပ္ဟု Lee Jong-suk ေျပာ

Lee Jong-suk (Korean: 이종석) (ေမြး ၁၉၈၉ )သည္ ေတာင္ကိုရီးယား ရုပ္ရွင္မင္းသား ၊ ေမာ္ဒယ္တစ္ဦး ျဖစ္သည္။

၂၀၀၅ ခုႏွစ္တြင္ ေမာ္ဒယ္တစ္ဦးအျဖစ္ အႏုပညာေလာကအတြင္း စတင္ဝင္ေရာက္ခဲ့ျပီး Seoul Fashion Week တြင္ ပါဝင္ခဲ့သည့္ အသက္အငယ္ဆံုး အမ်ဳိးသားေမာ္ဒယ္တစ္ဦး ျဖစ္ခဲ့သည္။

Lee Jong-suk သည္ ၂၀၁၂ ခုႏွစ္က ထြက္ရွိခဲ့ေသာ School 2013 ျဖင့္ နာမည္ၾကီးလာခဲ့သည္။

သူ၏ နာမည္ၾကီး ဇာတ္ကားမ်ားမွာ I Can Hear Your Voice (၂၀၁၃)၊ Doctor Stranger (၂၀၁၄) ၊ Pinocchio (၂၀၁၄) ၊W (၂၀၁၆) ၊ While You Were Sleeping (၂၀၁၇) ၊ Romance Is a Bonus Book (၂၀၁၉) ႏွင့္ Big Mouth (၂၀၂၂) တို႔ ျဖစ္သည္။

(အခ်စ္ေရး)

၂၀၂၂ ခုႏွစ္ ၊ ဒီဇင္ဘာလ ၃၁ ရက္တြင္ Lee Jong-suk ၏ ေအဂ်င္စီက Lee Jong-suk ႏွင့္ အဆုိေတာ္ ၊ ရုပ္ရွင္မင္းသမီး IU တု႔ိ ခ်စ္ၾကိဳက္ေနေၾကာင္း အတည္ျပဳခဲ့သည္။

IU ၏ ေအဂ်င္စီကလည္း ၎တို႔ႏွစ္ဦး၏ အခ်စ္ေရးကို အတည္ျပဳခဲ့ျပီး တရားဝင္အတည္မျပဳမီ ၄ လအလိုကတည္းက စတြဲခဲ့ၾကျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

(Lee Jong-suk ႏွင့္ IU ။ ဓာတ္ပံုမ်ားမွာ Lee Jong-suk ႏွင့္ IUတို႔၏ အင္စတာဂရမ္အေကာင့္မ်ားမွ ျဖစ္သည္။)

ေတာင္ကိုရီးယား ရုပ္ရွင္ၾကယ္ပြင့္ Lee Jong-suk က ခ်စ္သူမိန္းကေလး အဆုိေတာ္ IUသည္ မိမိအတြက္ ေဖးမကူညီမႈ မ်ားစြာ ျပဳလုပ္ခဲ့ေၾကာင္း ေျပာထားသည္။

၎တို႔ႏွစ္ဦး တြဲေနေၾကာင္း တရားဝင္ေၾကညာလိုက္ခ်ိန္တြင္ ပရိသတ္မ်ားမွာ မ်ားစြာ အံ့အားသင့္ခဲ့ၾကသည္။

Esquire Korea သို႔ Lee Jong-suk က ေျပာသည္မွာ “သူရွိေနျခင္းက ကၽြန္ေတာ္အတြက္ နားခိုရာနဲ႔ ခြန္အားေတြ ေပးပါတယ္။ တစ္ျခားသူေတြဟာ သူရဲ႕ သီခ်င္းေတြကေန ခြန္အားေတြ ႏွစ္သိမ့္မႈေတြ ရၾကတယ္။ ကၽြန္ေတာ္အတြက္လည္း ထပ္တူပါပဲ။ တစ္ခုပဲ ျခားနားတာက ကၽြန္ေတာ္က သူဆီကေန တိုက္ရိုက္အားေပးစကား ရခဲ့တာပဲ ျဖစ္ပါတယ္။ကၽြန္ေတာ္တို႔ႏွစ္ေယာက္ အခ်ိန္အေတာ္ၾကာေအာင္ သူငယ္ခ်င္းေတြ ျဖစ္ခဲ့ၾကတယ္။ သူက ကမၻာေပၚမွာ ေပ်ာ္စရာအေကာင္းဆံုး သူငယ္ခ်င္းပါပဲ။”ဟု ဆိုသည္။

(Lee Jong-suk ႏွင့္ IU ဆိုးလ္ျမိဳ႕ေတာ္ Gangnam အရပ္တြင္ ေနအိမ္သစ္တစ္လံုးကို ဝမ္ေငြ ၁၃ ဘီလီယံျဖင့္ ဝယ္၊ လက္ထပ္ဖို႔ ၾကိဳတင္ျပင္ဆင္ျခင္းလား)

Lee Jong-suk ႏွင့္ IU တို႔သည္ တရားဝင္တြဲလိုက္ၾကျပီးေနာက္ ၂၀၂၃ ခုႏွစ္အတြင္း ကိုရီးယား၏ အေက်ာ္ၾကားဆံုးအတြဲ ျဖစ္လာသည္။

ထို႔ေၾကာင့္ ၎တို႔၏ လႈပ္ရွားမႈအားလံုးကို လူတိုင္းက ဂရုတစိုက္ ေစာင့္ၾကည့္လာၾကသည္။

ဒီဇင္ဘာလ ၁၅ ရက္က ထုတ္လႊင့္ခဲ့ေသာ KBS2 ၏ variety show ျဖစ္ေသာ “Entertainment Company Live”တြင္ သိလာရသည္မွာ IU သည္ ေတာင္ကိုရီးယားႏိုင္ငံ ၊ ဆိုးလ္ျမိဳ႕ေတာ္ ၊ “Eterno Cheongdam” အိမ္ရာတြင္ တန္ဖိုးၾကီး တိုက္ခန္းတစ္ခန္း ဝယ္ယူခဲ့သည္ဟု ဆိုသည္။

ေတာင္ကိုရီးယား အြန္လိုင္း ပလက္ေဖာင္းတစ္ခုျဖစ္ေသာ Naver တြင္ သတင္းမ်ားစြာ ထြက္လာရာ အဆိုပါ အိမ္သည္ IU ႏွင့္ Lee Jong Suk တို႔ စံုတြဲ၏ လက္ထပ္ျပီးေနာက္ ေနထိုင္မည့္ ေနရာအျဖစ္ အသံုးျပဳဖြယ္ ရွိေၾကာင္း ခန္႔မွန္းၾကသည္။

ျပီးခဲ့ေသာ ႏွစ္အတြင္းကလည္း Hyun Bin ႏွင့္ Son Ye Jin တို႔သည္ တရားဝင္ တြဲခဲ့ျပီးေနာက္ လက္ထပ္ျပီး ေနထိုင္ရန္အတြက္ တန္ဖိုးၾကီး Penthouse ခန္းတစ္ခန္းကို လွ်ိဳ႕ဝွက္စြာ ဝယ္ယူျခင္း သတင္းမ်ား ထြက္ေပၚလာခဲ့သည္။

(မွတ္ခ်က္။ Hyun Bin ႏွင့္ Son Ye Jin တို႔၏ အဆိုပါ အခန္းအေၾကာင္း iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ၂၀၂၂ ခုႏွစ္အတြင္းက ေရးသားေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။)

Eterno Cheongdam အိမ္ရာတြင္ ေစ်းအၾကီးဆံုး Penthouse ခန္း၏ တန္ဖိုးမွာ ကန္ေဒၚလာ ၂၆ ဒသမ ၅ သန္းခန္႔အထိ ေပးခဲ့ရသည္။

IU ဝယ္ခဲ့ေသာအခန္းမွာ ဝမ္ေငြ ၁၃ ဘီလီယံဝန္းက်င္ (ကန္ေဒၚလာ ၉ ဒသမ ၉ သန္း) ေပးခဲ့ရျပီး က်သင့္ေငြ အားလံုးကို ေငြသားျဖင့္ ေပးေခ်ခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

အနာဂတ္တြင္ Eterno Cheongdam အိမ္ရာသည္ ေတာင္ကိုရီးယား၏ ေစ်းအၾကီးဆံုး အိမ္ရာတစ္ခု ျဖစ္လာဖြယ္ရွိေၾကာင္း ခန္႔မွန္းထားသည္။

လက္ရွိအားျဖင့္ IU သည္ Raemian Caelitus ဟုေခၚေသာ ၅၆ ထပ္ျမင့္မားသည့္ မိုးေမွ်ာ္တိုက္တစ္ခုတြင္ ေနထိုင္လွ်က္ရွိသည္။

အဆိုပါ အေဆာက္အအံုသည္ Yongsan ခရိုင္တြင္ အျမင့္မားဆံုး အေဆာက္အအုံျဖစ္ျပီး ဟန္ျမစ္ကို အေပၚစီးမွ စီးမိုး ေတြ႔ျမင္ေနရသည္။

ထိုမိုးေမွ်ာ္တိုက္ရွိ လူေနခန္းမ်ား၏ တန္ဖိုးမွာ ကန္ေဒၚလာ ၂ ဒသမ ၆ သန္းမွ ၃ ဒသမ ၃ သန္းၾကား ေပါက္ေစ်းရွိသည္။

Raemian Caelitus မိုးေမွ်ာ္တိုက္ၾကီးတြင္ IU ၏ အခင္ဆံုး သူငယ္ခ်င္းမ်ားျဖစ္ေသာ Yoo In Na, Zico ႏွင့္ Crush တို႔အျပင္ အျခား အေက်ာ္အေမာ္မ်ားစြာ ေနထိုင္လွ်က္ရွိသည္။

အထက္ ေဖာ္ျပပါ တုိက္ခန္း ၂ ခန္းအျပင္ IU သည္ Gyeonggi-do အရပ္တြင္လည္း ၂ ထပ္အိမ္တစ္လံုး ပိုင္ဆုိင္ထားေသးသည္။

ထိုအိမ္၏ တန္ဖုိးမွာ ကန္ေဒၚလာ ၃ သန္းဝန္းက်င္ရွိေၾကာင္း ၊ အားလပ္ရက္မ်ားတြင္ နားေနရန္အတြက္ အပန္းေျဖအိမ္တစ္လံုးအျဖစ္ ဝယ္ယူထားျခင္းျဖစ္ေၾကာင္း IU ၏ ေအဂ်င္စီက ထုတ္ျပန္သည္။

IU က ထိုအိမ္ဝန္းက်င္တြင္ ဝမ္ေငြ သန္း ၈၀၀ တန္ေၾကးရွိ ေျမကြက္လည္း ဝယ္ယူထားေသးသည္။

IU သည္ အႏုပညာနယ္သို႔ အသက္ ၁၅ ႏွစ္အရြယ္ကတည္းက ဝင္ေရာက္ခဲ့ျခင္း ျဖစ္ျပီး ရုပ္ရွင္ႏွင့္ ဂီတနယ္ပယ္ ႏွစ္ခုလံုးတြင္ နာမည္တစ္လံုးရထားျပီး ျဖစ္သည္။

သူ၏ ရုပ္ရွင္ႏွင့္ ဂီတမ်ားမွာ ေအာင္ျမင္မႈ ၾကီးမားစြာ ရရွိခဲ့ရာ တန္ဖိုးၾကီး အိမ္ျခံေျမမ်ားစြာ ပိုင္ဆိုင္ထားသည္မွာ အံ့အားသင့္ဖြယ္ မရွိေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Lee Jong-suk addresses relationship with IU, recalls her support during the ‘turbulent’ phase of his life: ‘Her existence gives me strength…’ (lovekpop95, indianexpress, wikipedia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service