တစ်လလျှင် အသုံးစရိတ် ဒေါ်လာ ၂၀၀၀ သာရခဲ့သော ဘရစ်တ်နီ စပီးယားစ်က ကယ်လီဖိုးနီးယားမှ စံအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်း အရှုံးခံကာ တိတ်တဆိတ် ရောင်းချ

တစ်လလျှင် အသုံးစရိတ် ဒေါ်လာ ၂၀၀၀ သာရခဲ့သော ဘရစ်တ်နီ စပီးယားစ်က ကယ်လီဖိုးနီးယားမှ စံအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်း အရှုံးခံကာ တိတ်တဆိတ် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
13 Mar 2023 10:18 am တွင် တင်ခဲ့သည်
2463 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘရစ်တ်နီ စပီးယားစ်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိခရိုင် အနောက်တောင်ဘက် ဆန်ဖာနန်ဒိုတောင်ကြားရှိ Calabasas မြို့တွင် တည်ရှိသော ၂၀၀၈ ခုနှစ်က ဆောက်လုပ်ခဲ့သည့် စံအိမ်တစ်လုံးကို တိတ်တဆိတ်ရောင်းချလိုက်ကြောင်း New York Post သတင်းဌာနက အတည်ပြုဖော်ပြခဲ့သည်။

ဘရစ်တ်နီ စပီးယားစ်သည် အဆိုပါအိမ်ကို ဈေးကွက်ပြင်ပအရောင်းအဝယ်မှတဆင့် ကန်ဒေါ်လာ ၁၀ ဒသမ ၁ သန်းဖြင့် ရောင်းချလိုက်ခြင်း ဖြစ်သည်။

ဘရစ်တ်နီ စပီးယားစ်သည် စိတ်ကျန်းမာရေးချွတ်ယွင်းမှုကြောင့် ထိန်းသိမ်းရန် လိုသည်ဟုဆိုကာ ဖခင်၏ အုပ်ထိန်းကွပ်ကဲမှုအောက်တွင် နေစေရန် တရားရုံးက အမိန်ချမှတ်ခံထားရသည်မှာ ၁၀ စုနှစ် တစ်ခုကျော် ရှိခဲ့ပြီး ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် conservatorship ဟူသော ဥပဒေရှိပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးမကောင်း လျှင် တရားရုံးက ရွေးချယ်ခန့်ထားသူတစ်ဦးမှ အုပ်ထိန်းပေးရသည်။

ထိုသို့ အုပ်ထိန်းရာတွင် ငွေကြေးကိစ္စမှသည် ကိုယ်ရေးကိုယ်တာများအထိ အုပ်ထိန်းသူ သဘောတူခွင့်ပြုချက် ရမှ လုပ်ဆောင်ခွင့်ရသည်။

ဘရစ်တ်နီစပီးယားသည် ဖခင်၏ အုပ်ထိန်းမှုအောက်တွင် တစ်လလျှင် အသုံးစရိတ် ဒေါ်လာ ၂၀၀၀ သာရပြီး သူ၏ဖခင်မှာမူ အုပ်ထိန်းခအဖြစ် ဒေါ်လာ ၁၁၀၀၀ လစာရသည်ဟု ဆိုသည်။

ထို့အပြင် ဘရစ်တ်နီ စပီးယား၏ ဖုန်းနှင့် အိပ်ခန်းအတွင်းများတွင်ပါ ဖခင်က ခန့်ထားသော လုံခြုံရေး ဝန်ထမ်းတို့၏ လျှို့ဝှက်အသံဖမ်းနားထောင်ခြင်းလည်း ခံခဲ့ရကြောင်း ဘရစ်တ်နီစပီးယားက တရားရုံးတွင် တင်ပြပြီး သူမအား အုပ်ထိန်းမှုအောက်တွင် ဖိနှိပ်စော်ကားနေခြင်းကို ရပ်တန့်ပေးပါရန် တင်ပြခဲ့သည်။

ဘရစ်တ်နီ စပီးယားကို ချစ်ခင်အားပေးသည့် ပရိသတ်တို့ကလည်း “Free Britney” လှုပ်ရှားမှုများ ပြုလုပ်ကာ သူမအား လွတ်လပ်စွာနေခွင့်ပေးရန် တောင်းဆိုကြသည်။

ဘရစ်တ်နီ စပီးယားသည် အုပ်ထိန်းကွပ်ကဲမှုအောက်တွင် ၁၃ နှစ်ခန့် တိတ်ဆိတ်စွာ ဖြတ်သန်းခဲ့ရသည်။

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ ဖခင်ဖြစ်သူ၏ ကွပ်ကဲအုပ်ထိန်းမှုကို တရားရုံးက အဆုံးသတ်ခဲ့သည်။

ယခုအခါ ဘရစ်တ်နီ စပီးယားက အိပ်ခန်း ၆ ခန်းပါ နေအိမ်ကို တိတ်တဆိတ် ရောင်းထုတ်လာသည်။

ဘရစ်တ်နီ စပီးယားနှင့် ခင်ပွန်းဖြစ်သူ Sam Asghari တို့သည် အဆိုပါစံအိမ်ကို ၂၀၂၂ နှစ်လယ်ပိုင်းတွင် ကန်ဒေါ်လာ ၁၁ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း TMZ သတင်းဌာနက ဖော်ပြသည်။

ဝယ်ယူပြီး မကြာမီတွင် အဆိုပါစံအိမ်ကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သေးသည်။

မတ်လ ၁ ရက်က ရောင်းချခဲ့သော အရောင်းအဝယ်တွင်မူ ဝယ်ဈေးအောက် ကန်ဒေါ်လာ ၁ ဒသမ ၇ သန်း အရှုံးခံကာ ရောင်းချလိုက်ခြင်းဖြစ်ပြီး ၎င်းတို့ ခေါ်ခဲ့သည့် ခေါ်ဈေးအောက် ကန်ဒေါ်လာ ၁ ဒသမ ၉ သန်း နည်းပါးသည့် ဈေးနှုန်းလည်း ဖြစ်သည်။

(ဘရစ်တ်နီ စပီးယား ရောင်းချခဲ့သော Calabasas မြို့ စံအိမ်)

(ခြံဝန်းအကျယ်မှာ ၁ ဒသမ ၆ ဧကရှိသည်။ ဓာတ်ပုံ-The Grosby Group / BACKGRID)

ပိုင်ရှင်သစ်မှာ တက္ကဆပ်မှ ရှေ့နေတစ်ဦးဖြစ်သည်ဟု ဆိုသည်။ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းနေချိန်တွင် ယခုအရောင်းအဝယ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယခုစံအိမ်မှာ ဘရစ်တ်နီ စပီးယားနှင့် Asghari တို့ လက်ထပ်ချိန်ဝန်းကျင်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဘရစ်တ်နီ စပီးယား၏ ခင်ပွန်းဟောင်းနှင့် သား ၂ ဦးနေထိုင်သော နေအိမ်အနီးတွင် တည်ရှိသည်။ ဘရစ်တ်နီ စပီးယားသည် လက်ရှိအားဖြင့် အမှတ် ၁၀၁ အဝေးပြေးလမ်းမကြီးမှ ၁၄ မိနစ်ခရီးအကွာတွင် တ

ည်ရှိသော Thousand Oaks မြို့မှ နေအိမ်တွင် နေထိုင်လျက် ရှိသည်။

(ရုပ်ရှင်ရုံတစ်ခုလည်း ပါဝင်သည်။ ဓာတ်ပုံ-The Grosby Group / BACKGRID)

(နေအိမ်ပြင်ပ နားနေ နေရာ။ ဓာတ်ပုံ-The Grosby Group / BACKGRID)

ဘရစ်တ်နီ စပီးယား၏ နေအိမ်အရောင်းအဝယ်တွင် Compass အိမ်ခြံမြေကုမ္ပဏီမှ Bryce Pennel က အကျိုးဆောင်ပေးခဲ့သည်။ စံအိမ်အကျယ်မှာ ၁၁၆၄၉ စတုရန်းပေရှိပြီး ခြံဝန်းအကျယ်မှာ ၁ ဒသမ ၆ ဧက ရှိသည်။

ထိုင်ခုံ ၁၀ ခုံပါ ရုပ်ရှင်ရုံ၊ ဝိုင်သိုလှောင်ခန်း၊ ရုံးခန်းတစ်ခု၊ မီးလင်းဖိုတစ်ခုပါသော master bedroom ၊ နေအိမ်အပြင်ဘက်တွင် အလျား ၅၅ ပေရှိ ရေကူးကန်တစ်ခုတို့ ပါဝင်သည်။

ခြံဝန်းအတွင်း အိပ်ခန်းတစ်ခန်းနှင့် မီးဖိုဆောင်တို့ပါသော ဧည့်ဂေဟာအိမ်တစ်လုံးလည်း ရှိသည်။

(ဆက်စပ်သတင်း)

ဘရစ်တ်နီ စပီးယား မနေရဲသော စံအိမ်၊ ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ၂ ဦး သေဆုံးခဲ့သည့် သရဲခြောက်သော စံအိမ်ကြီး

https://www.imyanmarhouse.com/news/read/1020037

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Britney Spears quietly sells California home for a roughly $1.7M loss (nypost)

[Zawgyi]

တစ္လလွ်င္ အသံုးစရိတ္ ေဒၚလာ ၂၀၀၀ သာရခဲ့ေသာ ဘရစ္တ္နီ စပီးယားစ္က ကယ္လီဖုိးနီးယားမွ စံအိမ္ကို ကန္ေဒၚလာ ၁ ဒသမ ၇ သန္း အရံႈးခံကာ တိတ္တဆိတ္ ေရာင္းခ်

ဘရစ္တ္နီ စပီးယားစ္သည္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိခရိုင္ အေနာက္ေတာင္ဘက္ ဆန္ဖာနန္ဒိုေတာင္ၾကားရွိ Calabasas ျမိဳ႕တြင္ တည္ရွိေသာ ၂၀၀၈ ခုႏွစ္က ေဆာက္လုပ္ခဲ့သည့္ စံအိမ္တစ္လံုးကို တိတ္တဆိတ္ေရာင္းခ်လိုက္ေၾကာင္း New York Post သတင္းဌာနက အတည္ျပဳေဖာ္ျပခဲ့သည္။

ဘရစ္တ္နီ စပီးယားစ္သည္ အဆိုပါအိမ္ကို ေစ်းကြက္ျပင္ပအေရာင္းအဝယ္မွတဆင့္ ကန္ေဒၚလာ ၁၀ ဒသမ ၁ သန္းျဖင့္ ေရာင္းခ်လိုက္ျခင္း ျဖစ္သည္။

ဘရစ္တ္နီ စပီးယားစ္သည္ စိတ္က်န္းမာေရးခၽြတ္ယြင္းမႈေၾကာင့္ ထိန္းသိမ္းရန္ လိုသည္ဟုဆိုကာ ဖခင္၏ အုပ္ထိန္းကြပ္ကဲမႈေအာက္တြင္ ေနေစရန္ တရားရံုးက အမိန္ခ်မွတ္ခံထားရသည္မွာ ၁၀ စုႏွစ္ တစ္ခုေက်ာ္ ရွိခဲ့ျပီး ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုတြင္ conservatorship ဟူေသာ ဥပေဒရွိျပီး ကိုယ္စိတ္ႏွစ္ပါး က်န္းမာေရးမေကာင္း လွ်င္ တရားရံုးက ေရြးခ်ယ္ခန္႔ထားသူတစ္ဦးမွ အုပ္ထိန္းေပးရသည္။

ထိုသို႔ အုပ္ထိန္းရာတြင္ ေငြေၾကးကိစၥမွသည္ ကိုယ္ေရးကိုယ္တာမ်ားအထိ အုပ္ထိန္းသူ သေဘာတူခြင့္ျပဳခ်က္ ရမွ လုပ္ေဆာင္ခြင့္ရသည္။

ဘရစ္တ္နီစပီးယားသည္ ဖခင္၏ အုပ္ထိန္းမႈေအာက္တြင္ တစ္လလွ်င္ အသံုးစရိတ္ ေဒၚလာ ၂၀၀၀ သာရျပီး သူ၏ဖခင္မွာမူ အုပ္ထိန္းခအျဖစ္ ေဒၚလာ ၁၁၀၀၀ လစာရသည္ဟု ဆိုသည္။

ထို႔အျပင္ ဘရစ္တ္နီ စပီးယား၏ ဖုန္းႏွင့္ အိပ္ခန္းအတြင္းမ်ားတြင္ပါ ဖခင္က ခန္႔ထားေသာ လံုျခံဳေရး ဝန္ထမ္းတို႔၏ လွ်ိဳ႕ဝွက္အသံဖမ္းနားေထာင္ျခင္းလည္း ခံခဲ့ရေၾကာင္း ဘရစ္တ္နီစပီးယားက တရားရံုးတြင္ တင္္ျပျပီး သူမအား အုပ္ထိန္းမႈေအာက္တြင္ ဖိႏွိပ္ေစာ္ကားေနျခင္းကို ရပ္တန္႔ေပးပါရန္ တင္ျပခဲ့သည္။

ဘရစ္တ္နီ စပီးယားကို ခ်စ္ခင္အားေပးသည့္ ပရိသတ္တို႔ကလည္း “Free Britney” လႈပ္ရွားမႈမ်ား ျပဳလုပ္ကာ သူမအား လြတ္လပ္စြာေနခြင့္ေပးရန္ ေတာင္းဆိုၾကသည္။

ဘရစ္တ္နီ စပီးယားသည္ အုပ္ထိန္းကြပ္ကဲမႈေအာက္တြင္ ၁၃ ႏွစ္ခန္႔ တိတ္ဆိတ္စြာ ျဖတ္သန္းခဲ့ရသည္။

၂၀၂၁ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္မူ ဖခင္ျဖစ္သူ၏ ကြပ္ကဲအုပ္ထိန္းမႈကို တရားရံုးက အဆံုးသတ္ခဲ့သည္။

ယခုအခါ ဘရစ္တ္နီ စပီးယားက အိပ္ခန္း ၆ ခန္းပါ ေနအိမ္ကို တိတ္တဆိတ္ ေရာင္းထုတ္လာသည္။

ဘရစ္တ္နီ စပီးယားႏွင့္ ခင္ပြန္းျဖစ္သူ Sam Asghari တို႔သည္ အဆိုပါစံအိမ္ကို ၂၀၂၂ ႏွစ္လယ္ပိုင္းတြင္ ကန္ေဒၚလာ ၁၁ ဒသမ ၈ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း TMZ သတင္းဌာနက ေဖာ္ျပသည္။

ဝယ္ယူျပီး မၾကာမီတြင္ အဆိုပါစံအိမ္ကို ကန္ေဒၚလာ ၁၂ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ေသးသည္။

မတ္လ ၁ ရက္က ေရာင္းခ်ခဲ့ေသာ အေရာင္းအဝယ္တြင္မူ ဝယ္ေစ်းေအာက္ ကန္ေဒၚလာ ၁ ဒသမ ၇ သန္း အရံႈးခံကာ ေရာင္းခ်လိုက္ျခင္းျဖစ္ျပီး ၎တို႔ ေခၚခဲ့သည့္ ေခၚေစ်းေအာက္ ကန္ေဒၚလာ ၁ ဒသမ ၉ သန္း နည္းပါးသည့္ ေစ်းႏႈန္းလည္း ျဖစ္သည္။

(ဘရစ္တ္နီ စပီးယား ေရာင္းခ်ခဲ့ေသာ Calabasas ျမိဳ႕ စံအိမ္)

(ျခံဝန္းအက်ယ္မွာ ၁ ဒသမ ၆ ဧကရွိသည္။ ဓာတ္ပံု-The Grosby Group / BACKGRID)

ပိုင္ရွင္သစ္မွာ တကၠဆပ္မွ ေရွ႕ေနတစ္ဦးျဖစ္သည္ဟု ဆိုသည္။ အိမ္ျခံေျမေစ်းႏႈန္းမ်ား က်ဆင္းေနခ်ိန္တြင္ ယခုအေရာင္းအဝယ္ျဖစ္ေပၚခဲ့ျခင္းျဖစ္သည္။

ယခုစံအိမ္မွာ ဘရစ္တ္နီ စပီးယားႏွင့္ Asghari တို႔ လက္ထပ္ခ်ိန္ဝန္းက်င္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ဘရစ္တ္နီ စပီးယား၏ ခင္ပြန္းေဟာင္းႏွင့္ သား ၂ ဦးေနထိုင္ေသာ ေနအိမ္အနီးတြင္ တည္ရွိသည္။ ဘရစ္တ္နီ စပီးယားသည္ လက္ရွိအားျဖင့္ အမွတ္ ၁၀၁ အေဝးေျပးလမ္းမၾကီးမွ ၁၄ မိနစ္ခရီးအကြာတြင္ တည္ရွိေသာ Thousand Oaks ျမိဳ႕မွ ေနအိမ္တြင္ ေနထိုင္လ်က္ ရွိသည္။

(ရုပ္ရွင္ရံုတစ္ခုလည္း ပါဝင္သည္။ ဓာတ္ပံု-The Grosby Group / BACKGRID)

(ေနအိမ္ျပင္ပ နားေန ေနရာ။ ဓာတ္ပံု-The Grosby Group / BACKGRID)

ဘရစ္တ္နီ စပီးယား၏ ေနအိမ္အေရာင္းအဝယ္တြင္ Compass အိမ္ျခံေျမကုမၸဏီမွ Bryce Pennel က အက်ဳိးေဆာင္ေပးခဲ့သည္။ စံအိမ္အက်ယ္မွာ ၁၁၆၄၉ စတုရန္းေပရွိျပီး ျခံဝန္းအက်ယ္မွာ ၁ ဒသမ ၆ ဧက ရွိသည္။

ထိုင္ခံု ၁၀ ခံုပါ ရုပ္ရွင္ရံု၊ ဝိုင္သိုေလွာင္ခန္း၊ ရံုးခန္းတစ္ခု၊ မီးလင္းဖိုတစ္ခုပါေသာ master bedroom ၊ ေနအိမ္အျပင္ဘက္တြင္ အလ်ား ၅၅ ေပရွိ ေရကူးကန္တစ္ခုတို႔ ပါဝင္သည္။

ျခံဝန္းအတြင္း အိပ္ခန္းတစ္ခန္းႏွင့္ မီးဖိုေဆာင္တို႔ပါေသာ ဧည့္ေဂဟာအိမ္တစ္လံုးလည္း ရွိသည္။

(ဆက္စပ္သတင္း)

ဘရစ္တ္နီ စပီးယား မေနရဲေသာ စံအိမ္၊ ဘရစ္နီး မာဖီတို႔ ဇနီးေမာင္ႏွံ ၂ ဦး ေသဆံုးခဲ့သည့္ သရဲေျခာက္ေသာ စံအိမ္ၾကီး

https://www.imyanmarhouse.com/news/read/1020037

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Britney Spears quietly sells California home for a roughly $1.7M loss (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service