စာအုပ် ငှားမဖတ်နိုင်ပါ၍

စာအုပ် ငှားမဖတ်နိုင်ပါ၍ - Property Knowledge in Myanmar from iMyanmarHouse.com
11 Mar 2023 11:25 am တွင် တင်ခဲ့သည်
686 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဟိတ်ကောင် ....မင်းအထုပ်တွေက လေးလိုက်တာကွာ။ဘာလုပ်မလို့လဲ။

ကျွန်တော့်သူငယ်ချင်းဆန်းဝင်း ကြိုးနှင့်စည်းထားသည့် စာအုပ်ထုပ်ကို လက်ဖြင့်ဆွဲမ ကြည့်ရင်း မေးလိုက်၏။

“အေးဟ….ငါ့ဆီမှာလည်းများနေလို့…ဖတ်လို့လည်းဝပြီလေ…။အဲ့ဒါ …မင်းအကူအညီလိုလို့…”

ကျွန်တော်က “ဘာလုပ်ရမှာလဲ..ငါယူသွားရမှာလား”

“မဟုတ်ပါဘူးဟ…ဒီတစ်ထုပ်ကို မင်းကထမ်း…နောက်တစ်ထုပ်ငါထမ်းမယ်…။ငါနဲ့လိုက်ခဲ့ကွာ..။”ဟု ဆန်းဝင်းကပြော၏။

ညခုနစ်နာရီလောက်တွင် သူနှင့်ကျွန်တော် သူတို့အိမ်မှ စာအုပ်ထုပ် တစ်ထုပ်ဆီကို ထမ်းလိုက်ဆွဲလိုက် တစ်လှည့်စီလုပ်ရင်း မြို့အလယ်ရပ်သို့ ထွက်ခဲ့ကြသည်။

…………………………

ဆန်းဝင်းနှင့် ကျွန်တော်က ငယ်သူငယ်ချင်းများဖြစ်ကြသည်။ကျွန်တော်ထက် ကြီးရင် တစ်နှစ်လောက်ပဲ ကြီးပါလိမ့်မည်။မတိမ်းမယိမ်းမို့ မင်းနှင့်ငါနှင့်သာ ပြောကြသည်။

သူတို့အိမ်နှင့် ကျွန်တော်တို့အိမ်က လှမ်းခေါ်ရင်ကြားသည့် အကွာအဝေးတွင်သာရှိသည်။သူနှင့် ကျွန်တော်က ဝါသနာတူတာများသည်။စာဖတ်ခြင်းနှင့် အားကစားဖက်တွင် ဝါသနာတူကြသည်။

သူလည်းစာဖတ်သလို ကွန်တော်လည်းစာဖတ်သည်။ကျွန်တော်ဝိတ်မလျှင် သူလည်းလာကစားသည်။ ကျွန်တော်ဂျွမ်းပစ်လေ့ကျင့်လျှင် သူလည်းပစ်၏။ကျွန်တော်ကနောက်ဂျွမ်းသာ ရသည်။သူက ရှေ့ဂျွမ်းရော နောက်ဂျွမ်းပါရသည်။

ကျွန်တော်က စက်မှုလယ်ယာရုံးက ဝန်ထမ်းလိုင်းခန်းမှာနေသဖြင့် ရုံးစာကြည့်တိုက်မှ စာအုပ်များကို ငှားဖတ်ခွင့်ရသည်။လစဉ်ထုတ် မဂ္ဂဇင်းနှင့်အားကစားဂျာနယ်အပါအဝင် ရသဝတ္ထုအချို့ကို ရုံးရှိစာကြည့်တိုက်မှ ဖတ်ခွင့်ရပါသည်။

ကာတွန်းနှင့်ရသဝတ္ထုအစုံကိုတော့ စာအုပ်ဆိုင်များက ငှားဖတ်ကြရသည်။ကာတွန်းကြိုက်သည့် အရွယ်တုန်းက စိုင်းဗေဒါ၊မောင်စူပါအပါအဝင် ကာတွန်းအတော်များများကို ငှားဖတ်ခဲ့ကြရသည်။

စာဖတ်ရှိန်ရလာပြီး လေးတန်းကျောင်းသား အရွယ်တွင် သိုင်းဝတ္ထုတစ်အုပ်ကို ဖတ်မိရာမှ ကြိုက်သွားသည်။ ထို့နောက်သိုင်းဝတ္ထုတွေငှားဖတ်သည်။ထိုအချိန်က ငါးပြား၊ဆယ်ပြားခေတ်ဖြစ်သည်။

ညောင်ရွက်တစ်ရွက်ကို ခွက်လုပ်ပြီး ထိုခွက်နှင့် ဆီးယိုအပြည့်မှ ငါးပြားပဲရှိသည်။မုန့်ပြားသလက်တစ်ခုငါးပြား။ ဒါတောင်မှ နပ်မမှန်ချင်ပေ။

ထိုအချိန်က ဝတ္ထုတစ်အုပ်ငှားဖတ်ခကလည်း ထိုမျှသာရှိသည်။သို့သော်လည်း ကျောင်းတက်နေသည့် ရက်များတွင် ဝတ္ထုမဖတ်နိုင်ပေ။

စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင်သာ ငှားဖတ်ရ၏။သို့သော်လည်း ထိုစဉ်က မိဘများသည် ဝတ္ထုနှင့်ကာတွန်းတို့ကို ဖတ်ခွင့်မပြုပေ။ခိုးကြောင်ခိုးဝှက် ငှားဖတ်ခဲ့ရသည်။တေဇနှင့်၊ရွှေသွေးတို့လောက်သာ ဖတ်ခွင့်ပြုခဲ့သည်။

သိုင်းဝတ္ထုတွေ တော်တော်များများ ဖတ်ရှိန်ရလာသည့်အခါတွင် ငှားဖတ်ဖို့ ပိုက်ဆံမရှိသည်နှင့်ကြုံလျှင် ဆေးသမားဆေးပြတ်သည့်ပမာ နေမထိထိုင်မသာဖြစ်ရသည်။ကျွန်တော်ဖြစ်နေသည်ကို ဆန်းဝင်းက သိသဖြင့်

သူ့အိမ်ထဲမှာရှိသည့် သစ်သားသေတ္တာကြီးကိုဖွင့်ပြရာ ဝတ္ထုစာအုပ်များကို သေတ္တာအပြည့် ထပ်၍ထည့်ထား သည်ကို တွေ့ရသည်။သိုင်းဝတ္ထုများပေတည်း။

သိုင်းစာစဉ်တွဲများ အပြည့်အစုံရှိသည်။

“ဟိတ်ကောင်…ငါ့ကိုငှားကွာ…”

“အေးလေ…မင်းကိုငှားမလို့..ငါကပြတဲ့ဟာပဲ..”ဟု ဆန်းဝင်းကပြောသည်။

ထို့နောက်တွင်တော့ သူဆီကပဲ စာအုပ်များကို တစ်အုပ်ပြီး တစ်အုပ်အလကားဖတ်ခွင့်ရခဲ့သည်။

နောက်တော့ …

“ဆန်းဝင်း…ဒီစာအုပ်တွေက…ဘယ်ကရတာလဲ။ဝယ်ထားတာလား…” ဟု သူကိုမေးကြည့်သည်။

“ဘယ်ဟုတ်ရမှာလဲ…စာအုပ်ဆိုင်တွေကနေ ငါခိုးထားတာ…”ဟုသူကပြောသည်။

“အိုး…”

ကျွန်တော် အသံထွက်သွားသည်။သို့သော်လည်း ကျွန်တော်ဘာမှ မပြောခဲ့ပါ။ငှားဖတ်ခွင့်ရတုန်း ငှားဖတ်နေခဲ့သည်။သူခိုးအားပေးများဖြစ်နေမည်လားဟု စိတ်မှာအတွေး ဝင်လိုက်သေးသည်။

ယခုလည်း သူခိုးထားသည့် သေတ္တာတစ်လုံးနှင့်အပြည့်ရှိသည့် ဝတ္ထုများကို ငှားဖတ်ခဲ့ရာ ကုန်သလောက်ပင် ဖြစ်လာသည်။ထိုဝတ္ထုများကုန်သလောက်ဖြစ်ပါမှ သူကဒီလို အကူအညီတောင်းလာခဲ့ခြင်းဖြစ်သည်။

ဖတ်တုန်းက ဖတ်ခဲ့ပြီးမှတော့ ကူညီရပေတော့မည်။အာပတ်ပြေတန်ကောင်းပါရဲ့ဟုတွေးမိသည်။

…………….

“ဟိတ်ကောင်..ရောက်ပြီဟ…”

အတွေးနှင့်လိုက်လာသော ကျွန်တော်မှာ သူ့အသံကြောင့် သတိထားလိုက်မိသည်။အလယ်ရပ်က အိမ်ဆိုင်လေးဖြစ်သည်။ထိုစာအုပ်အငှားဆိုင်တွင် ကျွန်တော်တို့ ကာတွန်းစာအုပ်များကို ထိုင်ဖတ်ခဲ့ကြသည်။

သူက “မင်းထမ်းလာတဲ့ စာအုပ်ထုပ်ကို…အဲဒီအိမ်ထဲ ပစ်ထည့်ကွာ…ပြီးတော့ ရှေ့တည့်တည့်ပြေးကွာ… တို့ဆရာကြီးရဲ့အစ်မရဲ့ စာအုပ်ဆိုင်မှာ ဒီတစ်ထုပ်ပစ်ရဦးမယ်…။”

စာအုပ်ထုပ်က လေးသဖြင့် ခြံစည်းရိုးကျော်ပြီးဝင်အောင် အားနှင့်လွှဲပစ်လိုက်သည်။

“ဖုန်း”ဆိုသည့် အသံနှင့်အတူ နောက်တစ် ဆိုင်သို့ အသည်းအသန် သုတ်ခြေတင်ပြေးခဲ့ရသည်။

ထိုညက ဆန်းဝင်းခိုးထားပြီး ကျွန်တော်ငှားဖတ်ခဲ့ရသည့် စာအုပ်များထဲမှ တချို့တလေကို ပိုင်ရှင်ထံ စွန်းစားခန့်ဖွင့်၍ ပေးခဲ့ကြပါသည်။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

စာအုပ္ ငွားမဖတ္ႏိုင္ပါ၍

ဟိတ္ေကာင္ ....မင္းအထုပ္ေတြက ေလးလိုက္တာကြာ။ဘာလုပ္မလို႔လဲ။

ကၽြန္ေတာ့္သူငယ္ခ်င္းဆန္းဝင္း ႀကိဳးႏွင့္စည္းထားသည့္ စာအုပ္ထုပ္ကို လက္ျဖင့္ဆြဲမ ၾကည့္ရင္း ေမးလိုက္၏။

“ေအးဟ….ငါ့ဆီမွာလည္းမ်ားေနလို႔…ဖတ္လို႔လည္းဝၿပီေလ…။အဲ့ဒါ …မင္းအကူအညီလိုလို႔…”

ကၽြန္ေတာ္က “ဘာလုပ္ရမွာလဲ..ငါယူသြားရမွာလား”

“မဟုတ္ပါဘူးဟ…ဒီတစ္ထုပ္ကို မင္းကထမ္း…ေနာက္တစ္ထုပ္ငါထမ္းမယ္…။ငါနဲ႔လိုက္ခဲ့ကြာ..။”ဟု ဆန္းဝင္းကေျပာ၏။

ညခုနစ္နာရီေလာက္တြင္ သူႏွင့္ကြၽန္ေတာ္ သူတို႔အိမ္မွ စာအုပ္ထုပ္ တစ္ထုပ္ဆီကို ထမ္းလိုက္ဆြဲလိုက္ တစ္လွည့္စီလုပ္ရင္း ၿမိဳ႕အလယ္ရပ္သို႔ ထြက္ခဲ့ၾကသည္။

…………………………

ဆန္းဝင္းႏွင့္ ကၽြန္ေတာ္က ငယ္သူငယ္ခ်င္းမ်ားျဖစ္ၾကသည္။ကၽြန္ေတာ္ထက္ ႀကီးရင္ တစ္ႏွစ္ေလာက္ပဲ ႀကီးပါလိမ့္မည္။မတိမ္းမယိမ္းမို႔ မင္းႏွင္႔ငါႏွင့္သာ ေျပာၾကသည္။

သူတို႔အိမ္ႏွင့္ ကၽြန္ေတာ္တို႔အိမ္က လွမ္းေခၚရင္ၾကားသည့္ အကြာအေဝးတြင္သာရွိသည္။သူႏွင့္ ကၽြန္ေတာ္က ဝါသနာတူတာမ်ားသည္။စာဖတ္ျခင္းႏွင့္ အားကစားဖက္တြင္ ဝါသနာတူၾကသည္။

သူလည္းစာဖတ္သလို ကြန္ေတာ္လည္းစာဖတ္သည္။ကၽြန္ေတာ္ဝိတ္မလွ်င္ သူလည္းလာကစားသည္။ ကၽြန္ေတာ္ဂၽြမ္းပစ္ေလ့က်င့္လွ်င္ သူလည္းပစ္၏။ကၽြန္ေတာ္ကေနာက္ဂၽြမ္းသာ ရသည္။သူက ေရွ႕ဂၽြမ္းေရာ ေနာက္ဂၽြမ္းပါရသည္။

ကၽြန္ေတာ္က စက္မႈလယ္ယာရုံးက ဝန္ထမ္းလိုင္းခန္းမွာေနသျဖင့္ ရုံးစာၾကည့္တိုက္မွ စာအုပ္မ်ားကို ငွားဖတ္ခြင့္ရသည္။လစဥ္ထုတ္ မဂၢဇင္းႏွင့္အားကစားဂ်ာနယ္အပါအဝင္ ရသဝတၳဳအခ်ိဳ႕ကို ရုံးရွိစာၾကည့္တိုက္မွ ဖတ္ခြင့္ရပါသည္။

ကာတြန္းႏွင့္ရသဝတၳဳအစုံကိုေတာ့ စာအုပ္ဆိုင္မ်ားက ငွားဖတ္ၾကရသည္။ကာတြန္းႀကိဳက္သည့္ အရြယ္တုန္းက စိုင္းေဗဒါ၊ေမာင္စူပါအပါအဝင္ ကာတြန္းအေတာ္မ်ားမ်ားကို ငွားဖတ္ခဲ့ၾကရသည္။

စာဖတ္ရွိန္ရလာၿပီး ေလးတန္းေက်ာင္းသား အရြယ္တြင္ သိုင္းဝတၳဳတစ္အုပ္ကို ဖတ္မိရာမွ ႀကိဳက္သြားသည္။ ထို႔ေနာက္သိုင္းဝတၳဳေတြငွားဖတ္သည္။ထိုအခ်ိန္က ငါးျပား၊ဆယ္ျပားေခတ္ျဖစ္သည္။

ေညာင္ရြက္တစ္ရြက္ကို ခြက္လုပ္ၿပီး ထုိခြက္ႏွင့္ ဆီးယိုအျပည့္မွ ငါးျပားပဲရွိသည္။မုန္႔ျပားသလက္တစ္ခုငါးျပား။ ဒါေတာင္မွ နပ္မမွန္ခ်င္ေပ။

ထိုအခ်ိန္က ဝတၳဳတစ္အုပ္ငွားဖတ္ခကလည္း ထိုမွ်သာရွိသည္။သို႔ေသာ္လည္း ေက်ာင္းတက္ေနသည့္ ရက္မ်ားတြင္ ဝတၳဳမဖတ္ႏိုင္ေပ။

စေန၊တနဂၤေႏြ ေက်ာင္းပိတ္ရက္မ်ားတြင္သာ ငွားဖတ္ရ၏။သို႔ေသာ္လည္း ထိုစဥ္က မိဘမ်ားသည္ ဝတၳဳႏွင့္ကာတြန္းတို႔ကို ဖတ္ခြင့္မျပဳေပ။ခိုးေၾကာင္ခိုးဝွက္ ငွားဖတ္ခဲ့ရသည္။ေတဇႏွင့္၊ေရႊေသြးတို႔ေလာက္သာ ဖတ္ခြင့္ျပဳခဲ့သည္။

သိုင္းဝတၳဳေတြ ေတာ္ေတာ္မ်ားမ်ား ဖတ္ရွိန္ရလာသည့္အခါတြင္ ငွားဖတ္ဖို႔ ပိုက္ဆံမရွိသည္ႏွင့္ႀကဳံလွ်င္ ေဆးသမားေဆးျပတ္သည့္ပမာ ေနမထိထိုင္မသာျဖစ္ရသည္။ကၽြန္ေတာ္ျဖစ္ေနသည္ကို ဆန္းဝင္းက သိသျဖင့္

သူ႔အိမ္ထဲမွာရွိသည့္ သစ္သားေသတၱာႀကီးကိုဖြင့္ျပရာ ဝတၳဳစာအုပ္မ်ားကို ေသတၱာအျပည့္ ထပ္၍ထည့္ထား သည္ကို ေတြ႔ရသည္။သိုင္းဝတၳဳမ်ားေပတည္း။

သိုင္းစာစဥ္တြဲမ်ား အျပည့္အစုံရွိသည္။

“ဟိတ္ေကာင္…ငါ့ကိုငွားကြာ…”

“ေအးေလ…မင္းကိုငွားမလို႔..ငါကျပတဲ့ဟာပဲ..”ဟု ဆန္းဝင္းကေျပာသည္။

ထို႔ေနာက္တြင္ေတာ့ သူဆီကပဲ စာအုပ္မ်ားကို တစ္အုပ္ၿပီး တစ္အုပ္အလကားဖတ္ခြင့္ရခဲ့သည္။

ေနာက္ေတာ့ …

“ဆန္းဝင္း…ဒီစာအုပ္ေတြက…ဘယ္ကရတာလဲ။ဝယ္ထားတာလား…” ဟု သူကိုေမးၾကည့္သည္။

“ဘယ္ဟုတ္ရမွာလဲ…စာအုပ္ဆိုင္ေတြကေန ငါခိုးထားတာ…”ဟုသူကေျပာသည္။

“အိုး…”

ကၽြန္ေတာ္ အသံထြက္သြားသည္။သို႔ေသာ္လည္း ကၽြန္ေတာ္ဘာမွ မေျပာခဲ့ပါ။ငွားဖတ္ခြင့္ရတုန္း ငွားဖတ္ေနခဲ့သည္။သူခိုးအားေပးမ်ားျဖစ္ေနမည္လားဟု စိတ္မွာအေတြး ဝင္လိုက္ေသးသည္။

ယခုလည္း သူခိုးထားသည့္ ေသတၱာတစ္လုံးႏွင့္အျပည့္ရွိသည့္ ဝတၳဳမ်ားကို ငွားဖတ္ခဲ့ရာ ကုန္သေလာက္ပင္ ျဖစ္လာသည္။ထိုဝတၳဳမ်ားကုန္သေလာက္ျဖစ္ပါမွ သူကဒီလို အကူအညီေတာင္းလာခဲ့ျခင္းျဖစ္သည္။

ဖတ္တုန္းက ဖတ္ခဲ့ၿပီးမွေတာ့ ကူညီရေပေတာ့မည္။အာပတ္ေျပတန္ေကာင္းပါရဲ႕ဟုေတြးမိသည္။

…………….

“ဟိတ္ေကာင္..ေရာက္ၿပီဟ…”

အေတြးႏွင့္လိုက္လာေသာ ကၽြန္ေတာ္မွာ သူ႔အသံေၾကာင့္ သတိထားလိုက္မိသည္။အလယ္ရပ္က အိမ္ဆိုင္ေလးျဖစ္သည္။ထိုစာအုပ္အငွားဆိုင္တြင္ ကၽြန္ေတာ္တို႔ ကာတြန္းစာအုပ္မ်ားကို ထိုင္ဖတ္ခဲ့ၾကသည္။

သူက “မင္းထမ္းလာတဲ့ စာအုပ္ထုပ္ကို…အဲဒီအိမ္ထဲ ပစ္ထည့္ကြာ…ၿပီးေတာ့ ေရွ႕တည့္တည့္ေျပးကြာ… တို႔ဆရာႀကီးရဲ႕အစ္မရဲ႕ စာအုပ္ဆိုင္မွာ ဒီတစ္ထုပ္ပစ္ရဦးမယ္…။”

စာအုပ္ထုပ္က ေလးသျဖင့္ ျခံစည္းရုိးေက်ာ္ၿပီးဝင္ေအာင္ အားႏွင့္လႊဲပစ္လိုက္သည္။

“ဖုန္း”ဆိုသည့္ အသံႏွင့္အတူ ေနာက္တစ္ ဆိုင္သို႔ အသည္းအသန္ သုတ္ေျခတင္ေျပးခဲ့ရသည္။

ထိုညက ဆန္းဝင္းခိုးထားၿပီး ကၽြန္ေတာ္ငွားဖတ္ခဲ့ရသည့္ စာအုပ္မ်ားထဲမွ တခ်ိဳ႕တေလကို ပိုင္ရွင္ထံ စြန္းစားခန္႔ဖြင့္၍ ေပးခဲ့ၾကပါသည္။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

7Mile Condominium
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service