မှတ်သားသင့်တဲ့ဥပဒေအကြောင်းအရာ အဆောက်အဦးဆောက်လုပ်တဲ့အခါ

မှတ်သားသင့်တဲ့ဥပဒေအကြောင်းအရာ အဆောက်အဦးဆောက်လုပ်တဲ့အခါ - Property Knowledge in Myanmar from iMyanmarHouse.com
12 Mar 2023 1:01 pm တွင် တင်ခဲ့သည်
827 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

နေရာလပ်မရှိ မိုးမျှော်တိုက်တွေပြည့်နှက်နေတဲ့ ရန်ကုန်မြို့ပြကြီးထဲ အဆောက်အဦးဆောက်လုပ်တဲ့အခါ အမှားအယွင်းကင်းစွာဆောက်လုပ်နိုင်ဖို့ iMyanmarHouse ကိုမေးမြန်းလာကြတဲ့မေးခွန်းတွေထဲမှ အဆောက်အဦးဆောက်လုပ်မှုနဲ့သက်ဆိုင်တဲ့ အမေးအဖြေသုံးခုကို ဒီတစ်ပတ် ဥပဒေအရေးအရာ အမေးအဖြေကဏ္ဍမှာ ဗဟုသုတအဖြစ်တင်ဆက်ပေးလိုက်ပါတယ်။

 

မေးခွန်း (၁) - အဆောက်အအုံဖျက်သိမ်းခြင်းအတွက် မည်သို့ လျှောက်ထားဆောင်ရွက်ရမည်နည်း?

အဖြေ (၁) - အဆောက်အအုံကို ဖျက်သိမ်းလိုပါက အဆိုပါ ဖျက်သိမ်းခြင်းကို တာဝန်ယူကြောင်း မြေရှင်၏ ကတိခံဝန်ချက်၊ ဘေးကပ်လျက်ရှိသော အဆောက်အအုံပျက်စီးမှု မရှိစေရန် ဖျက်သိမ်းမည့် အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ (သို့မဟုတ်) ဗိသုကာနှင့် မြေရှင်၏ ကတိခံဝန်ချက်၊ အိမ်ရှင်/ငှား ပြဿနာကင်းရှင်‌ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ မြေပိုင်ဆိုင်မှု အထောက် အထားမိတ္တူ၊ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ ဖျက်သိမ်းမည့် အဆောက်အအုံ ၏ဓာတ်ပုံနှင့်ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓာတ်ပုံတို့ကို ပူးတွဲပြီး အဆောက်အအုံမှာ (၃) ထပ် နှင့်အောက်ဖြစ်ပါက မြို့နယ်စည်ပင်သာယာရေးကော်မတီတွင်လည်းကောင်း (၄)ထပ်နှင့်အထက် ဖြစ်ပါက မြို့တော်ခန်းမ၊ အင်ဂျင်နီယာဌာနတွင်လည်းကောင်း လျှောက်ထားရမည်။

မေးခွန်း (၂) - ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကြောင့် မိမိအိမ်ထိခိုက်ပျက်စီးသော် လျော်ကြေးရပိုင်ခွင့် ရှိပါသလား ?

အဖြေ (၂) - ဆောက်လုပ်ရေးလုပ်ငန်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက် ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါ ဆောက်လုပ်‌ရေးလုပ်ငန်းကြောင့် မိမိပိုင်ဆိုင်သည့် အဆောက် အအုံ၏ တစ်စိတ်တစ်ဒေသကို ထိခိုက်စေခြင်း သို့မဟုတ် ပျက်စီးစေခြင်း ဖြစ်ပေါ်ပါက ယင်း ပျက်စီး ဆုံးရှုံးမှုကို ခံစားရသည့်နစ်နာသူသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ကန့်ကွက်လွှာ တင်သွင်းနိုင်ပါသည်။ အဆိုပါကော်မတီသည် ကန့်ကွက်ချက်နှင့်စပ်လျဉ်း၍ အမြန်ဆုံးစစ်ဆေး ဆောင်ရွက်ပြီးနောက် အမှန်တကယ်နစ်နာကြောင်းတွေ့ရှိလျှင် လုပ်ငန်းလုပ်ဆောင်သူနှင့်ညှိနှိုင်း၍ ထိုက်သင့်သော နစ်နာကြေးကို သတ်မှတ်ပေးရမည်။ နစ်နာသူအနေဖြင့် ကော်မတီမှ သတ်မှတ်ပေး သည့် နစ်နာကြေးကို လက်မခံလျှင် သို့မဟုတ်ကော်မတီမှ ညှိနှိုင်းသတ်မှတ်ပေးနိုင်ခြင်း မရှိလျှင် တည်ဆဲဥပဒေနှင့်အညီ နစ်နာကြေးရရှိနိုင်ရန် သက်ဆိုင်ရာ တရားရုံးသို့ လျှောက်ထားပြီး တောင်းဆို နိုင်သည်။

မေးခွန်း (၃) - အဆောက်အအုံတည်ဆောက်ပြီးစီးပါက မည်သည့်စာရွက်စာတမ်းများ သိမ်းဆည်းရန်လိုအပ်ပါသလဲ ?

အဖြေ (၃) - အဆောက်အအုံ ဆောက်လုပ်ပြီးစီးပါက အဆောက်အအုံ စတင်ဆောက်လုပ်ရန် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုထားသည့် အဆောက်အအုံဆောက်လုပ်ရန် ခွင့်ပြုမိန့်၊ အဆောက်အအုံ တည်ဆောက်ပြီးစီးပါက သက်ဆိုင်ရာမှ လူနေထိုင်ရန် ခွင့်ပြုသည့် အမိန့် (BCC)၊ မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်၊ ရေသုံးစွဲမှုဆိုင်ရာခွင့်ပြုမိန့် ကဲ့သို့သော စာရွက်စာတမ်းအထောက်အထားများကို သိမ်းဆည်းထားရန် လိုအပ်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါရစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]


 


 










 






နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
One Direction မှ အဆိုတော် လီယမ်ပိန်း အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေးရိစ်မြို့ ဟိုတယ် ဝရန်တာမှ ပြုတ်ကျကာ သေဆုံးခဲ့၊ လီယမ်ပ
One Direction မှ အဆိုတော် လီယမ်ပိန်း အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေးရိစ်မြို့ ဟိုတယ် ဝရန်တာမှ ပြုတ်ကျကာ သေဆုံးခဲ့၊ လီယမ်ပ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Shwe Moe Kaung
sales-gallery

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service