ဘောလိဝုဒ်၏ ၂၀၂၁ ခုနှစ် ဝင်ငွေအကောင်းဆုံးရုပ်ရှင် Pushpa ဖြင့် ဝက်ဝက်ကွဲအောင်မြင်နေသူ အာလူးအာဂျွန်၏ ဟိုက်ဒရာဘက်မြို့စံအိမ်ကြီး

ဘောလိဝုဒ်၏ ၂၀၂၁ ခုနှစ် ဝင်ငွေအကောင်းဆုံးရုပ်ရှင် Pushpa ဖြင့် ဝက်ဝက်ကွဲအောင်မြင်နေသူ အာလူးအာဂျွန်၏ ဟိုက်ဒရာဘက်မြို့စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
10 Mar 2023 11:56 am တွင် တင်ခဲ့သည်
2324 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာလူးအာဂျွန်သည် တလဂူရုပ်ရှင်မင်းသားဖြစ်ပြီး နာမည်ကျော် အာလူးမိသားစုမှ ဆင်းသက်သူ ဖြစ်ပြီး မကြာသေးမီက ဝက်ဝက်ကွဲအောင်မြင်နေခဲ့သည့် Pushpa: The Rise ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်နာမည်ကြီးနေသူ ဖြစ်သည်။

သူ၏ တဟုန်ထိုးအောင်မြင်မှုကြောင့် ဘောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်သူတို့က Jawan အမည်ဖြင့် ရိုက်ကူးမည့် ဇာတ်ကားတွင် ရှာရွတ်ခန်၊ နာယန်သရာတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ရန်ပင် အာလူးအာဂျွန်ကို ကမ်းလှမ်းမှု များ ပြုလုပ်ခဲ့သည်။

သို့သော် အာလူးအာဂျွန်ကလည်း Pushpa အပိုင်း ၂ ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် စတင်ရိုက်ကူးနေပြီ ဖြစ်ရာ ရှာရွတ်ခန်နှင့်တွဲဖက်သရုပ်ဆောင်ရန် ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။

(Pushpa အောင်မြင်မှု)

Pushpa ဇာတ်ကားသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်က ထွက်ရှိထားခြင်းဖြစ်ပြီး အပိုင်း ၁ အဖြစ် ရိုက်ကူးထားခြင်း ဖြစ်သည်။

Pushpa ဇာတ်ကားသည် ဝင်ငွေ ရူပီး သန်း ၃၇၃၀ အထိ ရရှိကာ ၂၀၂၁ ခုနှစ် အိန္ဒိယ၏ ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့သည်သာမက တလဂူ ရုပ်ရှင်သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ်လည်း စံချိန်တင်ခဲ့သည်။

Pushpa ဇာတ်ကား၏ ဇာတ်ဝင်တေး Srivalli မှ တေးသွားသံစဉ်မှာ TikTok တွင် အလွန်ကျော်ကြား ရေပန်းစားသည်အထိ အောင်မြင်မှုရခဲ့သည်။ Pushpa: The Rule Part 2 ကို လာမည့် ၂၀၂၄ ခုနှစ် နှစ်စပိုင်းတွင် ပြသနိုင်ရန် စီစဉ်ထားသည်။

(အာလူးအာဂျွန်နှင့် မိသားစု၏ ဟိုက်ဒရာဘက်မြို့စံအိမ်)

စံအိမ်တွင်နေထိုင်သူ- အာလူးအာဂျွန်နှင့် ဇနီး စနီးဟား ရဒီ (Sneha Reddy)

တည်နေရာ- ဟိုက်ဒရာဘက်မြို့၊ အိန္ဒိယနိုင်ငံအကျယ်အဝန်း-စံအိမ်အကျယ် စတုရန်းပေ ၈၀၀၀(၇၄၃ ဒသမ ၂ စတုရန်းမီတာ)၊ ခြံအကျယ် ၂ ဧက(၈၀၉၃ ဒသမ ၇ စတုရန်းမီတာ)

ဗိသုကာဒီဇိုင်နာ - Aamir & Hameeda Associates ကုမ္ပဏီမှ အေမာ ရှားမား အာလူးအာဂျွန်၏ ဟိုက်ဒရာဘက်မြို့မှစံအိမ်ကို ကောင်းချီးမင်္ဂလာဟု အမည်ပေးထားကာ ဗိသုကာပညာရှင် အေမာရှားမား (Aamir Sharma) က မော်ဒန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ပေးထားခြင်း ဖြစ်သည်။

အာလူးအာဂျွန်၏ စံအိမ်မှာ အရည်အသွေးမြင့် ပရိဘောဂများကို လက်ရာမြောက်သော ဗိသုကာဟန် ဖြင့်ပေါင်းစပ်ထားကာ ရိုးစင်းသော်လည်း luxurious ဖြစ်သည့် စံအိမ်တစ်လုံး ဖြစ်သည်။

စံအိမ်၏ ဗိသုကာပညာရှင် အေမာရှားမားက ပြောသည်မှာ စံအိမ်ဒီဇိုင်းမှာ အလွန်ခက်ခဲကြောင်း ၊ မိမိကို ဤဒီဇိုင်းမျိုး ထပ် ဆွဲခိုင်းလျှင် ၂ ကြိမ် စဉ်းစားရဖွယ်ရှိကြောင်း ပြောသည်။

((ကောင်းချီး မင်္ဂလာဟု အမည်ပေးထားသော စံအိမ်))

(စံအိမ်၏ အပြင်ဘက်မြင်ကွင်း။ ဓာတ်ပုံ - @aamir_hameeda/Instagram) အာလူးအာဂျွန်က သူ၏ စိတ်ကူးအိပ်မက်ထဲမှ စံအိမ်ကို ဟိုက်ဒရာဘက်မြို့တွင် ဆောက်လုပ်ခဲ့ပြီး ကောင်းချီး မင်္ဂလာဟု အမည်ပေးခဲ့သည်။

အာလူးအာဂျွန်က ထိုစံအိမ်တွင် ဇနီးဖြစ်သူ စနီးဟား ရဒီ ၊ ကလေးများဖြစ်သော အာဟားနှင့် အာရန် ၊ အချစ်တော်ခွေးကြီး ကာဇိုကူတို့နှင့်အတူ နေထိုင်လျှက်ရှိသည်။

စံအိမ်မှာ လူကုံထံ ရပ်ကွက်တွင် တည်ရှိပြီး စံအိမ်အကျယ် စတုရန်းပေ ၈၀၀၀ ရှိကာ ခြံဝန်းအကျယ်မှာ ၂ ဧက ရှိသည်။

(ရှည်လျားကျယ်ဝန်းသော ညစာစားခန်းတွင် ကြီးမားသည့် မှန်ပြတင်းကြီးများ တပ်ဆင်ထားရာ ခြံဝန်းအတွင်းမှ ရေကူးကန်ကို တွေ့မြင်နေရသည်။ ဓာတ်ပုံ- houzz.in)

အာလူးအာဂျွန်၏ စံအိမ်တည်ရှိရာ ဒေသသည် ခြံဝန်းများတွင် မြေအကျယ်၏ ၅ ပုံ ၁ ပုံတွင်သာ အဆောက်အအုံ ဆောက်လုပ်ခွင့်ပေးသော ဒေသဖြစ်သည်။

((ဒီဇိုင်းပုံဖော်ထားမှုများ))

(အာလူးအာဂျွန်၏ စံအိမ် ဓာတ်ပုံတစ်ပုံ။ ဓာတ်ပုံ- houzz.in)

ဗိသုကာပညာရှင် ရှားမားက စံအိမ်ကို minimalism ဗိသုကာဟန်ဖြင့် ခမ်းနားသည့် ခံစားချက်ရစေရန် ဦးတည် ဒီဇိုင်းဆွဲခဲ့သည်။

ထောင့်မှန်စတုဂံသေတ္တာပုံးအသွင် ပုံဖော်ရခြင်းမှာ အားလပ်ရက်အပန်းဖြေအိမ် ခံစားချက်ရစေရန် ဖြစ်သည်ဟု ဆိုသည်။

စံအိမ်အတွင်းသို့ ဝင်သွားလျှင် ရှည်လျားသော စင်္ကြန်တစ်ခုက ရေကူးကန်ဆီသို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။

အရက်ဘား ၊ မီးဖိုဆောင်နှင့် ညစာစားနေရာအားလုံးမှာ တစ်ခုနှင့်တစ်ခု နီးကပ်စွာရှိရာ ထိုနေရာတို့အကြား အလွယ်တကူသွားလာနိုင်မည် ဖြစ်သည်။ Buildofy နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဗိသုကာပညာရှင် ရှားမားက ပြောခဲ့သည်မှာ အာလူးအာဂျွန်က မိမိဘာလိုချင်သည်ကို အတိအကျသိသူဖြစ်ကြောင်း ၊ စံအိမ်ဒီဇိုင်းမှာ ထင်ရှားရှင်းလင်းရမည်ဟု ပြောသည်ဟု ဆိုသည်။

(အာလူးအာဂျွန်၏ ခမ်းနားလှပသော ရေပန်းရေချိုးခန်း။ ဓာတ်ပုံ- @aamir_hameeda/Instagram)

ရှားမားက Houzz India သို့ ပြောသည်မှာ မျက်နှာစာတွင် ပြတင်းပေါက် (သို့မဟုတ်) ဗိသုကာအလှဆင်မှုများ မရှိကြောင်း ရေပြင်ညီ မှန်သားလိုင်းတစ်ခုသာ ရှိကြောင်း ပြောသည်။

“အာလူးအာဂျွန်က ရှေ့မျက်နှာစာမှာ ပြတင်းပေါက်တွေ ထည့်ချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီဇိုင်းကို နည်းနည်းပိုဆန်းစေချင်တယ်။ ”ဟု ရှားမားက ပြောသည်။

((မိသားစုနှင့် သဟဇာတရှိမည့်နေရာ))

(အာလူးအာဂျွန်နှင့် သူ၏ မိသားစုကို တွေ့ရပုံ။ ဓာတ်ပုံ- @alluarjunonline/Instagram)

ဧည့်ခန်းတွင် အဖြူနှင့်အနက်ရောင် အစင်းကြားကူရှင်ခုံများ ၊ မီးခိုးရောင် ကော်ဇောနှင့် သစ်ပင်များ တွေ့ရသည်။

(အာလူးအာဂျွန်၏ ကလေးတစ်ဦး။ ဓာတ်ပုံ-@alluarjunonline/Instagram)

စံအိမ်အတွင်း ကျောချမှီနိုင်သည့် ခုတင်များပါသော ဇိမ်ကျကျ ရုပ်မြင်သံကြားခန်း တစ်ခုလည်းရှိသည်။

စံအိမ်တစ်ခုလုံး၏ ဒီဇိုင်းမှာ ရိုးစင်းသော်လည်း ဇိမ်ကျသည့် ဒီဇိုင်းမျိုး ဖြစ်သည်။

ပန်းချီကားများ၊ အရည်အသွေးမြင့် ပစ္စည်းများနှင့် စကျင်ကျောက်ပြား စားပွဲမျက်နှာပြင်တို့မှာလည်း ဇိမ်ကျကျ ခံစားချက်ကို ရစေသည်။

(အာလူးအာဂျွန်နှင့် သူ၏ မိသားစုမှာ ဤစံအိမ်ကြီးအတွင်း ပျော်ရွှင်ဖွယ် အမှတ်တရများစွာ ရှိကြသည်။ ဓာတ်ပုံ-@alluarjunonline/Instagram)

မီးဖိုဆောင်မှာ ဆင်စွယ်ရောင် ဗီရိုအံများဖြင့် အဖြူရောင် Theme ကို တွေ့ရသည်။

အင်စတာဂရမ်တွင် အာလူးအာဂျွန်တင်ခဲ့သော ဓာတ်ပုံများ၌ သံလိုက်များ၊ မှတ်စုများနှင့် ပန်းချီပုံများ ကပ်ထားသော ရေခဲသေတ္တာတစ်လုံးကို တွေ့ရသည်။

ထိုနေရာမှာ မိသားစု စုဝေးကာ အတူတကွ အချိန်ကုန်ဆုံးလေ့ရှိသည့်နေရာတစ်ခု ဖြစ်ဟန်ရသည်။

(အာလူးအာဂျွန်၏ ကလေးတစ်ဦးကို ရေကူးကန်တွင် တွေ့ရပုံ။ ဓာတ်ပုံ-@alluarjunonline/Instagram)

ပန်းဥယျာဉ်နှင့် ရေကူးကန်နေရာကို အာလူးအာဂျွန်၏ ကလေးများ အလွန်နှစ်သက်ကြသည်။

မြေယာအလှပြင်ထားသော ခြံနောက်ဘက်တွင် ပန်းအိုးများနှင့် ပန်းပင်များ တွေ့ရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jawan Makers Are Eyeing This South Megastar After Facing A Rejection From Allu Arjun For The Shah Rukh Khan Starrer? (scmp)

[Zawgyi]

ေဘာလိဝုဒ္၏ ၂၀၂၁ ခုႏွစ္ ဝင္ေငြအေကာင္းဆံုးရုပ္ရွင္ Pushpa ျဖင့္ ဝက္ဝက္ကြဲေအာင္ျမင္ေနသူ အာလူးအာဂၽြန္၏ ဟိုက္ဒရာဘက္ျမိဳ႕စံအိမ္ၾကီး

အာလူးအာဂၽြန္သည္ တလဂူရုပ္ရွင္မင္းသားျဖစ္ျပီး နာမည္ေက်ာ္ အာလူးမိသားစုမွ ဆင္းသက္သူ ျဖစ္ျပီး မၾကာေသးမီက ဝက္ဝက္ကြဲေအာင္ျမင္ေနခဲ့သည့္ Pushpa: The Rise ဇာတ္ကားတြင္ ပါဝင္သရုပ္ေဆာင္ကာ လွ်မ္းလွ်မ္းေတာက္နာမည္ၾကီးေနသူ ျဖစ္သည္။

သူ၏ တဟုန္ထိုးေအာင္ျမင္မႈေၾကာင့္ ေဘာလိဝုဒ္ရုပ္ရွင္ထုတ္လုပ္သူတို႔က Jawan အမည္ျဖင့္ ရိုက္ကူးမည့္ ဇာတ္ကားတြင္ ရွာရြတ္ခန္၊ နာယန္သရာတို႔ႏွင့္အတူ ပါဝင္သရုပ္ေဆာင္ရန္ပင္ အာလူးအာဂၽြန္ကို ကမ္းလွမ္းမႈ မ်ား ျပဳလုပ္ခဲ့သည္။

သို႔ေသာ္ အာလူးအာဂၽြန္ကလည္း Pushpa အပိုင္း ၂ ကို ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီတြင္ စတင္ရိုက္ကူးေနျပီ ျဖစ္ရာ ရွာရြတ္ခန္ႏွင့္တြဲဖက္သရုပ္ေဆာင္ရန္ ကမ္းလွမ္းခ်က္ကို ျငင္းပယ္ခဲ့သည္။

(Pushpa ေအာင္ျမင္မႈ)

Pushpa ဇာတ္ကားသည္ ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ၁၇ ရက္က ထြက္ရွိထားျခင္းျဖစ္ျပီး အပိုင္း ၁ အျဖစ္ ရိုက္ကူးထားျခင္း ျဖစ္သည္။

Pushpa ဇာတ္ကားသည္ ဝင္ေငြ ရူပီး သန္း ၃၇၃၀ အထိ ရရွိကာ ၂၀၂၁ ခုႏွစ္ အိႏိၵယ၏ ဝင္ေငြ အေကာင္းဆံုး ရုပ္ရွင္ျဖစ္ခဲ့သည္သာမက တလဂူ ရုပ္ရွင္သမိုင္းတစ္ေလွ်ာက္ ဝင္ေငြအေကာင္းဆံုး ဇာတ္ကားအျဖစ္လည္း စံခ်ိန္တင္ခဲ့သည္။

Pushpa ဇာတ္ကား၏ ဇာတ္ဝင္ေတး Srivalli မွ ေတးသြားသံစဥ္မွာ TikTok တြင္ အလြန္ေက်ာ္ၾကား ေရပန္းစားသည္အထိ ေအာင္ျမင္မႈရခဲ့သည္။ Pushpa: The Rule Part 2 ကို လာမည့္ ၂၀၂၄ ခုႏွစ္ ႏွစ္စပိုင္းတြင္ ျပသႏိုင္ရန္ စီစဥ္ထားသည္။

(အာလူးအာဂၽြန္ႏွင့္ မိသားစု၏ ဟိုက္ဒရာဘက္ျမိဳ႕စံအိမ္)

စံအိမ္တြင္ေနထိုင္သူ- အာလူးအာဂၽြန္ႏွင့္ ဇနီး စနီးဟား ရဒီ (Sneha Reddy)

တည္ေနရာ- ဟိုက္ဒရာဘက္ျမိဳ႕၊ အိႏိၵယႏိုင္ငံအက်ယ္အဝန္း-စံအိမ္အက်ယ္ စတုရန္းေပ ၈၀၀၀(၇၄၃ ဒသမ ၂ စတုရန္းမီတာ)၊ ျခံအက်ယ္ ၂ ဧက(၈၀၉၃ ဒသမ ၇ စတုရန္းမီတာ)

ဗိသုကာဒီဇိုင္နာ - Aamir & Hameeda Associates ကုမၸဏီမွ ေအမာ ရွားမား အာလူးအာဂၽြန္၏ ဟိုက္ဒရာဘက္ျမိဳ႕မွစံအိမ္ကို ေကာင္းခ်ီးမဂၤလာဟု အမည္ေပးထားကာ ဗိသုကာပညာရွင္ ေအမာရွားမား (Aamir Sharma) က ေမာ္ဒန္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ေပးထားျခင္း ျဖစ္သည္။

အာလူးအာဂၽြန္၏ စံအိမ္မွာ အရည္အေသြးျမင့္ ပရိေဘာဂမ်ားကို လက္ရာေျမာက္ေသာ ဗိသုကာဟန္ ျဖင့္ေပါင္းစပ္ထားကာ ရိုးစင္းေသာ္လည္း luxurious ျဖစ္သည့္ စံအိမ္တစ္လံုး ျဖစ္သည္။

စံအိမ္၏ ဗိသုကာပညာရွင္ ေအမာရွားမားက ေျပာသည္မွာ စံအိမ္ဒီဇိုင္းမွာ အလြန္ခက္ခဲေၾကာင္း ၊ မိမိကို ဤဒီဇိုင္းမ်ိဳး ထပ္ ဆြဲခုိင္းလွ်င္ ၂ ၾကိမ္ စဥ္းစားရဖြယ္ရွိေၾကာင္း ေျပာသည္။

((ေကာင္းခ်ီး မဂၤလာဟု အမည္ေပးထားေသာ စံအိမ္))

(စံအိမ္၏ အျပင္ဘက္ျမင္ကြင္း။ ဓာတ္ပံု - @aamir_hameeda/Instagram) အာလူးအာဂၽြန္က သူ၏ စိတ္ကူးအိပ္မက္ထဲမွ စံအိမ္ကို ဟိုက္ဒရာဘက္ျမိဳ႕တြင္ ေဆာက္လုပ္ခဲ့ျပီး ေကာင္းခ်ီး မဂၤလာဟု အမည္ေပးခဲ့သည္။

အာလူးအာဂၽြန္က ထိုစံအိမ္တြင္ ဇနီးျဖစ္သူ စနီးဟား ရဒီ ၊ ကေလးမ်ားျဖစ္ေသာ အာဟားႏွင့္ အာရန္ ၊ အခ်စ္ေတာ္ေခြးၾကီး ကာဇိုကူတို႔ႏွင့္အတူ ေနထိုင္လွ်က္ရွိသည္။

စံအိမ္မွာ လူကုံထံ ရပ္ကြက္တြင္ တည္ရွိျပီး စံအိမ္အက်ယ္ စတုရန္းေပ ၈၀၀၀ ရွိကာ ျခံဝန္းအက်ယ္မွာ ၂ ဧက ရွိသည္။

(ရွည္လ်ားက်ယ္ဝန္းေသာ ညစာစားခန္းတြင္ ၾကီးမားသည့္ မွန္ျပတင္းၾကီးမ်ား တပ္ဆင္ထားရာ ျခံဝန္းအတြင္းမွ ေရကူးကန္ကို ေတြ႔ျမင္ေနရသည္။ ဓာတ္ပံု- houzz.in)

အာလူးအာဂၽြန္၏ စံအိမ္တည္ရွိရာ ေဒသသည္ ျခံဝန္းမ်ားတြင္ ေျမအက်ယ္၏ ၅ ပံု ၁ ပံုတြင္သာ အေဆာက္အအံု ေဆာက္လုပ္ခြင့္ေပးေသာ ေဒသျဖစ္သည္။

((ဒီဇိုင္းပံုေဖာ္ထားမႈမ်ား))

(အာလူးအာဂၽြန္၏ စံအိမ္ ဓာတ္ပံုတစ္ပံု။ ဓာတ္ပံု- houzz.in)

ဗိသုကာပညာရွင္ ရွားမားက စံအိမ္ကုိ minimalism ဗိသုကာဟန္ျဖင့္ ခမ္းနားသည့္ ခံစားခ်က္ရေစရန္ ဦးတည္ ဒီဇိုင္းဆြဲခဲ့သည္။

ေထာင့္မွန္စတုဂံေသတၱာပံုးအသြင္ ပံုေဖာ္ရျခင္းမွာ အားလပ္ရက္အပန္းေျဖအိမ္ ခံစားခ်က္ရေစရန္ ျဖစ္သည္ဟု ဆိုသည္။

စံအိမ္အတြင္းသို႔ ဝင္သြားလွ်င္ ရွည္လ်ားေသာ စၾကၤန္တစ္ခုက ေရကူးကန္ဆီသို႔ ေခၚေဆာင္သြားမည္ ျဖစ္သည္။

အရက္ဘား ၊ မီးဖုိေဆာင္ႏွင့္ ညစာစားေနရာအားလံုးမွာ တစ္ခုႏွင့္တစ္ခု နီးကပ္စြာရိွရာ ထိုေနရာတို႔အၾကား အလြယ္တကူသြားလာႏိုင္မည္ ျဖစ္သည္။ Buildofy ႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ ဗိသုကာပညာရွင္ ရွားမားက ေျပာခဲ့သည္မွာ အာလူးအာဂၽြန္က မိမိဘာလိုခ်င္သည္ကို အတိအက်သိသူျဖစ္ေၾကာင္း ၊ စံအိမ္ဒီဇိုင္းမွာ ထင္ရွားရွင္းလင္းရမည္ဟု ေျပာသည္ဟု ဆိုသည္။

(အာလူးအာဂၽြန္၏ ခမ္းနားလွပေသာ ေရပန္းေရခ်ိဳးခန္း။ ဓာတ္ပံု- @aamir_hameeda/Instagram)

ရွားမားက Houzz India သို႔ ေျပာသည္မွာ မ်က္ႏွာစာတြင္ ျပတင္းေပါက္ (သို႔မဟုတ္) ဗိသုကာအလွဆင္မႈမ်ား မရိွေၾကာင္း ေရျပင္ညီ မွန္သားလုိင္းတစ္ခုသာ ရွိေၾကာင္း ေျပာသည္။

“အာလူးအာဂၽြန္က ေရွ႕မ်က္ႏွာစာမွာ ျပတင္းေပါက္ေတြ ထည့္ခ်င္တယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔က ဒီဇိုင္းကို နည္းနည္းပိုဆန္းေစခ်င္တယ္။ ”ဟု ရွားမားက ေျပာသည္။

((မိသားစုႏွင့္ သဟဇာတရွိမည့္ေနရာ))

(အာလူးအာဂၽြန္ႏွင့္ သူ၏ မိသားစုကို ေတြ႔ရပံု။ ဓာတ္ပံု- @alluarjunonline/Instagram)

ဧည့္ခန္းတြင္ အျဖဴႏွင့္အနက္ေရာင္ အစင္းၾကားကူရွင္ခံုမ်ား ၊ မီးခုိးေရာင္ ေကာ္ေဇာႏွင့္ သစ္ပင္မ်ား ေတြ႔ရသည္။

(အာလူးအာဂၽြန္၏ ကေလးတစ္ဦး။ ဓာတ္ပံုု-@alluarjunonline/Instagram) စံအိမ္အတြင္း ေက်ာခ်မွီႏိုင္သည့္ ခုတင္မ်ားပါေသာ ဇိမ္က်က် ရုပ္ျမင္သံၾကားခန္း တစ္ခုလည္းရွိသည္။

စံအိမ္တစ္ခုလံုး၏ ဒီဇိုင္းမွာ ရိုးစင္းေသာ္လည္း ဇိမ္က်သည့္ ဒီဇိုင္းမ်ဳိး ျဖစ္သည္။

ပန္းခ်ီကားမ်ား၊ အရည္အေသြးျမင့္ ပစၥည္းမ်ားႏွင့္ စက်င္ေက်ာက္ျပား စားပြဲမ်က္ႏွာျပင္တို႔မွာလည္း ဇိမ္က်က် ခံစားခ်က္ကို ရေစသည္။

(အာလူးအာဂၽြန္ႏွင့္ သူ၏ မိသားစုမွာ ဤစံအိမ္ၾကီးအတြင္း ေပ်ာ္ရႊင္ဖြယ္ အမွတ္တရမ်ားစြာ ရွိၾကသည္။ ဓာတ္ပံု-@alluarjunonline/Instagram)

မီးဖိုေဆာင္မွာ ဆင္စြယ္ေရာင္ ဗီရိုအံမ်ားျဖင့္ အျဖဴေရာင္ Theme ကို ေတြ႔ရသည္။

အင္စတာဂရမ္တြင္ အာလူးအာဂၽြန္တင္ခဲ့ေသာ ဓာတ္ပံုမ်ား၌ သံလိုက္မ်ား၊ မွတ္စုမ်ားႏွင့္ ပန္းခ်ီပံုမ်ား ကပ္ထားေသာ ေရခဲေသတၱာတစ္လံုးကို ေတြ႔ရသည္။

ထိုေနရာမွာ မိသားစု စုေဝးကာ အတူတကြ အခ်ိန္ကုန္ဆံုးေလ့ရွိသည့္ေနရာတစ္ခု ျဖစ္ဟန္ရသည္။

(အာလူးအာဂၽြန္၏ ကေလးတစ္ဦးကို ေရကူးကန္တြင္ ေတြ႔ရပံု။ ဓာတ္ပံု-@alluarjunonline/Instagram)

ပန္းဥယ်ာဥ္ႏွင့္ ေရကူးကန္ေနရာကို အာလူးအာဂၽြန္၏ ကေလးမ်ား အလြန္ႏွစ္သက္ၾကသည္။

ေျမယာအလွျပင္ထားေသာ ျခံေနာက္ဘက္တြင္ ပန္းအိုးမ်ားႏွင့္ ပန္းပင္မ်ား ေတြ႔ရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jawan Makers Are Eyeing This South Megastar After Facing A Rejection From Allu Arjun For The Shah Rukh Khan Starrer? (scmp)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Sweet Dream Villa
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service