ပူပြင်းသည့်နွေ၊ဝေလိုက်သည့်ထနောင်း အညာမြေ မြောင်အကြောင်း ရေးလိုက်ပါကြောင်း

ပူပြင်းသည့်နွေ၊ဝေလိုက်သည့်ထနောင်း အညာမြေ မြောင်အကြောင်း ရေးလိုက်ပါကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
9 Mar 2023 4:22 pm တွင် တင်ခဲ့သည်
941 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

နွေရောက်ပြီနော်။ရက်ရှည် အလုပ်ပိတ်ရက်တွေကလည်း ဒီနွေမှာမှပဲ ရှိသည်။အလုပ်ပိတ်ရက်တွေမှာ အညာကိုပြန်ချင်လိုက်တာလို့ စိတ်ထဲက တောင့်တနေမိသည်။ သို့ပါသော်လည်း…..ယခုအခါ အညာမြေက ကျွန်တော်တ်ို့မြို့ကလေးသည် ခြေခင်းလက်ခင်းမသာတော့ပေ။အမှတ်တရနှင့်သာ လွမ်းနေရပါသည်။

မြစ်မင်းဧရာဝတီနှင့် ညီနောင်ချင်းတွင်းမြစ်နှစ်စင်းကြားက မထင်မရှားမြို့ကလေးက ကျွန်တော့်မွေးရပ်မြေ မြောင်မြို့ ဖြစ်သည်။ ဆောင်းမှာအေးသလောက် နွေမှာ ချွေးတသွင်သွင်ရှိလှသည့်မြို့ဖြစ်သည်။

သန္ဓေယုတ်သူသာ မွေးရပ်မြေကို မေ့ကောင်း မေ့ပေမည်။လူငယ်အရွယ်ကတည်းက ခွဲခဲ့ရသော်လည်း ယနေ့ထိ ကျွန်တော့်မွေးရပ်မြေကိုတော့ လွမ်းတဆဲဖြစ်သည်။

အချိန်အအားရလျှင် အညာက ကျွန်တော်နေခဲ့သည့် မြို့ကလေးဆီ ပြန်ဦးမည်ဟု တေးထားသည်။ ကျွန်တော့်မွေးရပ်မြေမှာ အမှတ်ရခြင်းတွေ အများကြီးရှိသည်။သံယောဇဉ်တွေရှိသည်။ ငယ်ချစ်ဟောင်းတွေ ရှိသည်။

ကျွန်တော့်မွေးရပ်မြို့ကလေးက အထီးကျန်ဆန်လှသည်။စစ်ကိုင်း၊မြင်းမူ၊ချောင်းဦး၊မုံရွာမြို့တို့လို ကားလမ်းမပေါ်မှာ မရှိသည့်အတွက် ဖွံ့ဖြိုးစည်ကားသင့်သလောက် မစည်ကားဘဲဖြစ်နေသည်။မန္တလေး မုံရွာလမ်းမကြီးပေါ်က မြင်းမူနှင့် ချောင်းဦးကြားက နေရာတနေရာကနေ လမ်းခွဲထွက်မှ ရောက်ရသည့် မြို့တစ်မြို့ ဖြစ်သည်။ ထို့ကြောင့်ပင်ထင်သည် တောရနံ့ မပျောက်သော မြို့လေးတစ်မြို့အသွင် ဖြစ်နေပေသေးသည်။

ခွဲခွာခဲ့ရသည့် သက်တမ်းအားဖြင့် မနည်းလှသော်လည်း ကျွန်တော်တို့မြို့ပုံရိပ်က ကျွန်တော့်အတိတ်က နှလုံးသားမှာခတ်နှိပ်ထားသည့် ပုံရိပ်ပမာသာရှိနေပါသေးသည်။မဟားတရားကြီး ပုံရိပ်တို့ ပြောင်းလဲသွားခြင်း မရှိခဲ့သေးပေ။

ကျွန်တော်ချန်ထားရစ်ခဲ့စဉ်ကအတိုင်းပင် ရှိနေသေးသည်။အပျိုလေးလည်း မဟုတ်တော့။ အပျိုဟိုင်းကြီး လို့လည်း မပြောရက်သည့် ရင့်ကျက်ခြင်း ဣန္ဒြေတို့ဖြင့် လှပနေသည့် မမကြီးအသွင်ဖြစ်နေပေပြီ။ ပြောင်းလဲသည်တို့လည်း အနည်းငယ်တော့ရှိသည်။

ကျွန်တော်တို့ မြို့ကို မြောက်ရပ်၊အလယ်ရပ်၊တောင်ရပ်ဟူ၍ အပိုင်းအခြားသုံးခုဖြင့်ခွဲခြားထားသည်။ထိုသို့ခွဲခြား သတ်မှတ်ခဲ့ခြင်းမှာလည်း ပုဂံမင်းဆက်အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရင်း ဖောင်ဆိုက်ကပ်ရာ အပိုင်းအခြားကိုလိုက်ပြီး ဘုရားသုံးဆူတည်ခဲ့သည်။ဦးဘုရား၊ဝမ်းလှိုင်ဘုရားနှင့် ပဲ့ဘုရာဆိုပြီး သုံးဆူတည်ခဲ့ သည်။

ဦးဘုရားရှိရာအပိုင်းကို မြောက်ရပ်၊ဝမ်းလှိုင်ဘုရားရှိရာကို အလယ်ရပ်၊ပဲ့ဘုရားခေါ် ပဲ့ရွှေဂူ မြတ်စွာဘုရား ရှိရာအရပ်ကို တောင်ရပ်ဟု သတ်မှတ်ခဲ့ကြသည်။ကျွန်တော်နေထိုင်ရာတောင်ရပ်တွင် ပဲ့ရွှေဂူမြတ်စွာဘုရား အပြင် ထင်ရှားသည့် သာသနိက အဆောက်အအုံဟောင်းတစ်ခုလည်းရှိနေပါသေးသည်။ထိုအဆောက်အအုံမှာ “ဝက်မစွပ်ကျောင်းတိုက်”ဖြစ်သည်။

ဝက်မစွပ်ကျောင်းတိုက်မှာ ရေစကြိုရှိ ဦးချင်းကျောင်းတိုက်နှင့် အပြိုင်တည်ဆောက်ခဲ့ကြောင်း ငယ်စဉ်ကသိရသည်။ဟုတ်မဟုတ်ကို သမိုင်းသုတေသီတို့ ချိန်ထိုးကြည့်ပါရန် တောင်းပန်ပါသည်။

ကျွန်တော်ငယ်စဉ်က မြောင်မြို့တောင်ရပ်၏ အစွန်ဆုံးတွင် နေခဲ့သည်။ ကျွန်တော်တို့တောင်ဘက်တွင် လယ်ယာစိုက်ကွင်းတို့သာ ထိုစဉ်ကရှိခဲ့သည်။ ယခုအခါမှာတော့ တို့ချဲ့ဖော်ဆောင်ထားသော အစိုးရုံးအဆောက်အအုံတို့ကြောင့် မြင်ကွင်းတို့ အနည်းငယ် ပြောင်းလဲသွားသည်တော့ ရှိသည်။

ကျွန်တော်ငယ်စဉ်က မြို့၏တောင်ဘက်တွင် ဘုရားငုတ်တိုကြီးရှိခဲ့သည်။မြို့၏တောင်ဘက် ထိုဘုရားငုတ်တို အနီးတစ်ဝိုက်တွင် တောလည်ထွက်ကြ၏။ ငှတ်ပစ်ထွက်ကြ၏။ပတက်သတ္တဝါတို့ပေါသဖြင့် ပတက်ပစ်၊ ပတက်ထောင်ထွက်ကြသည့် နေရာဖြစ်ခဲ့သည်။ဘုရားငုတ်တို အုတ်ပုံကြားက မွေပွေးတို့လည်း ကျွန်တော်တို့လက်က မလွတ်ခဲ့။ဖရဲခင်းတို့ရှိသဖြင့် အခင်းစောင့်များရှိသော်လည်း ကျွန်တော်တို့ပေါင်းသော ကာလသားကြီးတို့၏ လက်စွမ်းဖြင့် ဖရဲသီးတို့ စားခွင့်ရခဲ့သည့် နေရာလည်းဖြစ်ခဲ့သည်။

မြို့နှင့်ဝေးကွာခဲ့ပြီးသည့်နောက် ထိုဘုရားငုတ်တိုအား တောင်ရပ်တွင်ရှိသော ပဲ့ရွှေဂူဘုရားတွင် သီတင်းသုံးသည့် ရဟန်းတစ်ပါးက အလှူခံရရှိသည့် အလှူငွေတို့ဖြင့် ပြန်လည်တည်ဆောက်ပေးခဲ့ရာ ကြည်ညိုဖွယ်ရာ အဖြစ်သို့ ယခုအခါရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။

ထိုနေရာအနီးတစ်ဝိုက်သည် ပဲစင်းငုံခင်းဖြစ်လိုက်၊မြေပဲခင်းဖြစ်လိုက်၊ဆေးရွက်ကြီး စိုက်ပျိုးသည့် နေရာဖြစ်လိုက်၊နှမ်းနှင့် နှံစားပြောင်းစိုက်ခင်းနေရာတို့အဖြစ် တစ်နှစ်ပတ်လုံး စိုက်ပျိုးသီးနှံစုံတို့ လည်ပတ်စိုက်ပျိုးရာနေရာအဖြစ် ရှိခဲ့ပါသည်။

ထိုမှ တောင်ဘက်ခပ်လှမ်းလှမ်း ဆက်လျှောက်လိုက်မည်ဆိုလျှင် မြို့၏အနောက်မှ အရှေ့သို့သွားသည့် သဲချောင်းကြီးတစ်ခုရှိသည်။ထိုသဲချောင်းကြီးမှာ မိုးရွာသည့်အချိန်တွင်သာ ရေတို့စီးနေပြီး မိုးရပ်သွားပြီးခဏ ရေတို့လည်း ပျောက်ပျက်ရပ်ဆိုင်းသွားတတ်သည်။ထိုသဲချောင်းသည် မိုးရာသီတွင် အထက်ကျီးတောဘက် လယ်ကွက်များဆီက မိုးရေတို့သည် ထိုသဲချောင်းအတိုင်း စီဆင်းလာပြီး မြို့၏အရှေ့ဘက်ရှိ ဧရာဝတီမြစ်ထဲ စီးဆင်းသွားသည်။ထိုချောင်းကို ဖောင်းကတောချောင်းဟု ခေါ်လေသည်။

ထိုသဲချောင်းပေါ်ကို တံတားတစ်စင်းဖြတ်ထိုးထား၏။မြို့နှင့်နယ်မှသူများသည် ထိုတံတားပေါ်မှ ဖြတ်သန်းပြီး ကူလူးဆက်ဆံကြပါသည်။

မြို့၏အနောက်ဘက်တွင် ပဲ၊ပြောင်း၊နေကြာ၊ဂျုံ နှင့်ဝါတို့လည်း ငယ်စဉ်က စိုက်ပျိုးခဲ့သည်ကို တွေ့ရသည်။ ထိုအထက်ပိုင်းလယ်မြေတို့သည် မြေနီနှင့် စနယ်မြေဆန်သော မြေအမျိုးအစားတို့ ရောနှောဖြစ်တည်နေသည် ဟုထင်သည်။

မိုးရေစိုထားလျှင် ထိုလယ်ယာတို့ရှိမြေများသည် မြေစီးမြေနှစ်များဖြစ်ကာ လမ်းလျှောက်၍ မကောင်းတော့ပေ။ ဖိနပ်တွင် ထိုမြေတို့ အထပ်လိုက်ကပ်ပါလာသဖြင့် ဖိနပ်အမြင့်ကြီးစီးရသည့်ပမာ ဖြစ်နေတော့သည်။ နေဝင်ရာအရပ် မြို့၏အနောက်ဘက်တွင် သင်္ချိုင်းမြေရှိသည်။ပရိမ္မတွင် မွေးဖွားပြီး မြောင်တွင်ကြီးပြင်းခဲ့သည့် ဖေဖေသည် ထိုသင်္ချိုင်းမြေတွင် ရုပ်ခန္ဓာတို့ အဆုံးသတ်ခဲ့ရသည်။

မြို့၏အနောက်ဘက်ကျသောအပိုင်းတွင် ဈေးကြီးရှိသည်။လွန်ခဲ့သည့်လေးနှစ်ခန့်က ပြန်ရောက်ခဲ့သော်လည်း ဈေးကြီးသည် ကျွန်တော်ငယ်စဉ်ကအတိုင်းပင် ထူးပြီး ပြောင်းလဲသွားသည်ကို မတွေ့ရသေးပေ။ ဈေးအရှေ့ဘက်က ယခင်က ဗီဒီယိုပြသည့်ရုံများသည် တိုက်တာအဆောက်အအုံတို့ဖြစ်သွားပြီး ကုန်စုံဆိုင်တို့အဖြစ် ပြောင်းလဲသွားကြပေပြီ။

ထိုမြောင်မြို့ဈေးကြီး၏အရှေ့မြောက်ဘက်တွင် ပါတီယူနစ်ရုံးရှိပြီး၊ထိုဘေးတွင် မီးသတ်ဌာနရှိကာ၊မီးသတ်ရုံး၏ အရှေ့ဘက်တွင် အထက်တန်းကျောင်းကြီးရှိပါသည်။ထိုအထက်တန်းကျောင်းကြီးတွင် ခုနစ်တန်းထိ ကျွန်တော်ပညာသင်ကြားခဲ့ရပါသည်။

အထက်တန်းကျောင်းတွင် ကျွန်တော်၏ လွမ်းမောရင်ခုန်ဖွယ်နေ့ရက်တို့ရှိခဲ့ပါသေးသည်။ ကျွန်တော်ချစ်သော မြောင်မြို့၏ အကြောင်းကို ပြောသည့်အခါ ကျွန်တော်၏ ဘဝတစ်စိတ်တစ်ပိုင်းသည်လည်း ကပ်ပါလာပေတော့မည်။ ပြောခွင့်ရလျှင် ပြောချင်ပါသေးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

ပူျပင္းသည့္ေႏြ၊ေဝလိုက္သည့္ထေနာင္း အညာေျမ ေျမာင္အေၾကာင္း ေရးလိုက္ပါေၾကာင္း

 

ေႏြေရာက္ၿပီေနာ္။ရက္ရွည္ အလုပ္ပိတ္ရက္ေတြကလည္း ဒီေႏြမွာမွပဲ ရွိသည္။အလုပ္ပိတ္ရက္ေတြမွာ အညာကိုျပန္ခ်င္လိုက္တာလို႔ စိတ္ထဲက ေတာင့္တေနမိသည္။ သို႔ပါေသာ္လည္း…..ယခုအခါ အညာေျမက ကၽြန္ေတာ္တို႔္ၿမိဳ႕ကေလးသည္ ေျခခင္းလက္ခင္းမသာေတာ့ေပ။အမွတ္တရႏွင့္သာ လြမ္းေနရပါသည္။

ျမစ္မင္းဧရာဝတီႏွင့္ ညီေနာင္ခ်င္းတြင္းျမစ္ႏွစ္စင္းၾကားက မထင္မရွားၿမိဳ႕ကေလးက ကၽြန္ေတာ့္ေမြးရပ္ေျမ ေျမာင္ၿမိဳ႕ ျဖစ္သည္။ ေဆာင္းမွာေအးသေလာက္ ေႏြမွာ ေခၽြးတသြင္သြင္ရွိလွသည့္ၿမိဳ႕ျဖစ္သည္။

သေႏၶယုတ္သူသာ ေမြးရပ္ေျမကို ေမ့ေကာင္း ေမ့ေပမည္။လူငယ္အရြယ္ကတည္းက ခြဲခဲ့ရေသာ္လည္း ယေန႔ထိ ကၽြန္ေတာ့္ေမြးရပ္ေျမကိုေတာ့ လြမ္းတဆဲျဖစ္သည္။

အခ်ိန္အအားရလွ်င္ အညာက ကၽြန္ေတာ္ေနခဲ့သည့္ ၿမိဳ႕ကေလးဆီ ျပန္ဦးမည္ဟု ေတးထားသည္။ ကၽြန္ေတာ့္ေမြးရပ္ေျမမွာ အမွတ္ရျခင္းေတြ အမ်ားႀကီးရွိသည္။သံေယာဇဥ္ေတြရွိသည္။ ငယ္ခ်စ္ေဟာင္းေတြ ရွိသည္။

ကၽြန္ေတာ့္ေမြးရပ္ၿမိဳ႕ကေလးက အထီးက်န္ဆန္လွသည္။စစ္ကိုင္း၊ျမင္းမူ၊ေခ်ာင္းဦး၊မုံရြာၿမိဳ႕တို႔လို ကားလမ္းမေပၚမွာ မရွိသည့္အတြက္ ဖြံ႕ၿဖိဳးစည္ကားသင့္သေလာက္ မစည္ကားဘဲျဖစ္ေနသည္။မႏၱေလး မုံရြာလမ္းမႀကီးေပၚက ျမင္းမူႏွင့္ ေခ်ာင္းဦးၾကားက ေနရာတေနရာကေန လမ္းခြဲထြက္မွ ေရာက္ရသည့္ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္သည္။ ထို႔ေၾကာင့္ပင္ထင္သည္ ေတာရနံ႔ မေပ်ာက္ေသာ ၿမိဳ႕ေလးတစ္ၿမိဳ႕အသြင္ ျဖစ္ေနေပေသးသည္။

ခြဲခြာခဲ့ရသည့္ သက္တမ္းအားျဖင့္ မနည္းလွေသာ္လည္း ကၽြန္ေတာ္တို႔ၿမိဳ႕ပုံရိပ္က ကၽြန္ေတာ့္အတိတ္က ႏွလုံးသားမွာခတ္ႏွိပ္ထားသည့္ ပုံရိပ္ပမာသာရွိေနပါေသးသည္။မဟားတရားႀကီး ပုံရိပ္တို႔ ေျပာင္းလဲသြားျခင္း မရွိခဲ့ေသးေပ။

ကၽြန္ေတာ္ခ်န္ထားရစ္ခဲ့စဥ္ကအတိုင္းပင္ ရွိေနေသးသည္။အပ်ိဳေလးလည္း မဟုတ္ေတာ့။ အပ်ိဳဟိုင္းႀကီး လို႔လည္း မေျပာရက္သည့္ ရင့္က်က္ျခင္း ဣေျႏၵတို႔ျဖင့္ လွပေနသည့္ မမႀကီးအသြင္ျဖစ္ေနေပၿပီ။ ေျပာင္းလဲသည္တို႔လည္း အနည္းငယ္ေတာ့ရွိသည္။

ကၽြန္ေတာ္တို႔ ၿမိဳ႕ကို ေျမာက္ရပ္၊အလယ္ရပ္၊ေတာင္ရပ္ဟူ၍ အပိုင္းအျခားသုံးခုျဖင့္ခြဲျခားထားသည္။ထိုသို႔ခြဲျခား သတ္မွတ္ခဲ့ျခင္းမွာလည္း ပုဂံမင္းဆက္အေလာင္းစည္သူမင္း တိုင္းခန္းလွည့္လည္ရင္း ေဖာင္ဆိုက္ကပ္ရာ အပိုင္းအျခားကိုလိုက္ၿပီး ဘုရားသုံးဆူတည္ခဲ့သည္။ဦးဘုရား၊ဝမ္းလႈိင္ဘုရားႏွင့္ ပဲ့ဘုရာဆိုၿပီး သုံးဆူတည္ခဲ့ သည္။

ဦးဘုရားရွိရာအပိုင္းကို ေျမာက္ရပ္၊ဝမ္းလႈိင္ဘုရားရွိရာကို အလယ္ရပ္၊ပဲ့ဘုရားေခၚ ပဲ့ေရႊဂူ ျမတ္စြာဘုရား ရွိရာအရပ္ကို ေတာင္ရပ္ဟု သတ္မွတ္ခဲ့ၾကသည္။ကၽြန္ေတာ္ေနထိုင္ရာေတာင္ရပ္တြင္ ပဲ့ေရႊဂူျမတ္စြာဘုရား အျပင္ ထင္ရွားသည့္ သာသနိက အေဆာက္အအုံေဟာင္းတစ္ခုလည္းရွိေနပါေသးသည္။ထိုအေဆာက္အအုံမွာ “ဝက္မစြပ္ေက်ာင္းတိုက္”ျဖစ္သည္။

ဝက္မစြပ္ေက်ာင္းတိုက္မွာ ေရစႀကိဳရွိ ဦးခ်င္းေက်ာင္းတိုက္ႏွင့္ အၿပိဳင္တည္ေဆာက္ခဲ့ေၾကာင္း ငယ္စဥ္ကသိရသည္။ဟုတ္မဟုတ္ကို သမိုင္းသုေတသီတို႔ ခ်ိန္ထိုးၾကည့္ပါရန္ ေတာင္းပန္ပါသည္။

ကၽြန္ေတာ္ငယ္စဥ္က ေျမာင္ၿမိဳ႕ေတာင္ရပ္၏ အစြန္ဆုံးတြင္ ေနခဲ့သည္။ ကၽြန္ေတာ္တို႔ေတာင္ဘက္တြင္ လယ္ယာစိုက္ကြင္းတို႔သာ ထိုစဥ္ကရွိခဲ့သည္။ ယခုအခါမွာေတာ့ တို႔ခ်ဲ႕ေဖာ္ေဆာင္ထားေသာ အစိုးရုံးအေဆာက္အအုံတို႔ေၾကာင့္ ျမင္ကြင္းတို႔ အနည္းငယ္ ေျပာင္းလဲသြားသည္ေတာ့ ရွိသည္။

ကြၽန္ေတာ္ငယ္စဥ္က ၿမိဳ႕၏ေတာင္ဘက္တြင္ ဘုရားငုတ္တိုႀကီး႐ွိခဲ့သည္။ၿမိဳ႕၏ေတာင္ဘက္ ထိုဘုရားငုတ္တို အနီးတစ္ဝိုက္တြင္ ေတာလည္ထြက္ၾက၏။ ငွတ္ပစ္ထြက္ၾက၏။ပတက္သတၱဝါတို႔ေပါသျဖင့္ ပတက္ပစ္၊ ပတက္ေထာင္ထြက္ၾကသည့္ ေနရာျဖစ္ခဲ့သည္။ဘုရားငုတ္တို အုတ္ပုံၾကားက ေမြေပြးတို႔လည္း ကြၽန္ေတာ္တို႔လက္က မလြတ္ခဲ့။ဖရဲခင္းတို႔႐ွိသျဖင့္ အခင္းေစာင့္မ်ား႐ွိေသာ္လည္း ကြၽန္ေတာ္တို႔ေပါင္းေသာ ကာလသားႀကီးတို႔၏ လက္စြမ္းျဖင့္ ဖရဲသီးတို႔ စားခြင့္ရခဲ့သည့္ ေနရာလည္းျဖစ္ခဲ့သည္။

ၿမိဳ႕ႏွင့္ေဝးကြာခဲ့ၿပီးသည့္ေနာက္ ထိုဘုရားငုတ္တိုအား ေတာင္ရပ္တြင္ရွိေသာ ပဲ့ေရႊဂူဘုရားတြင္ သီတင္းသုံးသည့္ ရဟန္းတစ္ပါးက အလွဴခံရရွိသည့္ အလွဴေငြတို႔ျဖင့္ ျပန္လည္တည္ေဆာက္ေပးခဲ့ရာ ၾကည္ညိဳဖြယ္ရာ အျဖစ္သို႔ ယခုအခါေရာက္ရွိခဲ့ၿပီ ျဖစ္ပါသည္။

ထိုေနရာအနီးတစ္ဝိုက္သည္ ပဲစင္းငုံခင္းျဖစ္လိုက္၊ေျမပဲခင္းျဖစ္လိုက္၊ေဆးရြက္ႀကီး စိုက္ပ်ိဳးသည့္ ေနရာျဖစ္လိုက္၊ႏွမ္းႏွင့္ ႏွံစားေျပာင္းစိုက္ခင္းေနရာတို႔အျဖစ္ တစ္ႏွစ္ပတ္လုံး စိုက္ပ်ိဳးသီးႏွံစုံတို႔ လည္ပတ္စိုက္ပ်ိဳးရာေနရာအျဖစ္ ရွိခဲ့ပါသည္။

ထိုမွ ေတာင္ဘက္ခပ္လွမ္းလွမ္း ဆက္ေလွ်ာက္လိုက္မည္ဆိုလွ်င္ ၿမိဳ႕၏အေနာက္မွ အေရွ႕သို႔သြားသည့္ သဲေခ်ာင္းႀကီးတစ္ခုရွိသည္။ထိုသဲေခ်ာင္းႀကီးမွာ မိုးရြာသည့္အခ်ိန္တြင္သာ ေရတို႔စီးေနၿပီး မိုးရပ္သြားၿပီးခဏ ေရတို႔လည္း ေပ်ာက္ပ်က္ရပ္ဆိုင္းသြားတတ္သည္။ထိုသဲေခ်ာင္းသည္ မိုးရာသီတြင္ အထက္က်ီးေတာဘက္ လယ္ကြက္မ်ားဆီက မိုးေရတို႔သည္ ထိုသဲေခ်ာင္းအတိုင္း စီဆင္းလာၿပီး ၿမိဳ႕၏အေရွ႕ဘက္ရွိ ဧရာဝတီျမစ္ထဲ စီးဆင္းသြားသည္။ထိုေခ်ာင္းကို ေဖာင္းကေတာေခ်ာင္းဟု ေခၚေလသည္။

ထိုသဲေခ်ာင္းေပၚကို တံတားတစ္စင္းျဖတ္ထိုးထား၏။ၿမိဳ႕ႏွင့္နယ္မွသူမ်ားသည္ ထိုတံတားေပၚမွ ျဖတ္သန္းၿပီး ကူလူးဆက္ဆံၾကပါသည္။

ၿမိဳ႕၏အေနာက္ဘက္တြင္ ပဲ၊ေျပာင္း၊ေနၾကာ၊ဂ်ဳံ ႏွင့္ဝါတို႔လည္း ငယ္စဥ္က စိုက္ပ်ိဳးခဲ့သည္ကို ေတြ႔ရသည္။ ထိုအထက္ပိုင္းလယ္ေျမတို႔သည္ ေျမနီႏွင့္ စနယ္ေျမဆန္ေသာ ေျမအမ်ိဳးအစားတို႔ ေရာေႏွာျဖစ္တည္ေနသည္ ဟုထင္သည္။

မိုးေရစိုထားလွ်င္ ထိုလယ္ယာတို႔ရွိေျမမ်ားသည္ ေျမစီးေျမႏွစ္မ်ားျဖစ္ကာ လမ္းေလွ်ာက္၍ မေကာင္းေတာ့ေပ။ ဖိနပ္တြင္ ထိုေျမတို႔ အထပ္လိုက္ကပ္ပါလာသျဖင့္ ဖိနပ္အျမင့္ႀကီးစီးရသည့္ပမာ ျဖစ္ေနေတာ့သည္။ ေနဝင္ရာအရပ္ ၿမိဳ႕၏အေနာက္ဘက္တြင္ သခ်ႋဳင္းေျမရွိသည္။ပရိမၼတြင္ ေမြးဖြားၿပီး ေျမာင္တြင္ႀကီးျပင္းခဲ့သည့္ ေဖေဖသည္ ထိုသခ်ႋဳင္းေျမတြင္ ရုပ္ခႏၶာတို႔ အဆုံးသတ္ခဲ့ရသည္။

ၿမိဳ႕၏အေနာက္ဘက္က်ေသာအပိုင္းတြင္ ေဈးႀကီး႐ွိသည္။လြန္ခဲ့သည့္ေလးႏွစ္ခန္႔က ျပန္ေရာက္ခဲ့ေသာ္လည္း ေဈးႀကီးသည္ ကြၽန္ေတာ္ငယ္စဥ္ကအတိုင္းပင္ ထူးၿပီး ေျပာင္းလဲသြားသည္ကို မေတြ႕ရေသးေပ။ ေဈးအေ႐ွ႕ဘက္က ယခင္က ဗီဒီယိုျပသည့္႐ုံမ်ားသည္ တိုက္တာအေဆာက္အအုံတို႔ျဖစ္သြားၿပီး ကုန္စုံဆိုင္တို႔အျဖစ္ ေျပာင္းလဲသြားၾကေပၿပီ။

ထိုေျမာင္ၿမိဳ႕ေဈးႀကီး၏အေရွ႕ေျမာက္ဘက္တြင္ ပါတီယူနစ္ရုံးရွိၿပီး၊ထိုေဘးတြင္ မီးသတ္ဌာနရွိကာ၊မီးသတ္ရုံး၏ အေရွ႔ဘက္တြင္ အထက္တန္းေက်ာင္းႀကီးရွိပါသည္။ထိုအထက္တန္းေက်ာင္းႀကီးတြင္ ခုနစ္တန္းထိ ကၽြန္ေတာ္ပညာသင္ၾကားခဲ့ရပါသည္။

အထက္တန္းေက်ာင္းတြင္ ကၽြန္ေတာ္၏ လြမ္းေမာရင္ခုန္ဖြယ္ေန႔ရက္တို႔ရွိခဲ့ပါေသးသည္။ ကၽြန္ေတာ္ခ်စ္ေသာ ေျမာင္ၿမိဳ႕၏ အေၾကာင္းကို ေျပာသည့္အခါ ကၽြန္ေတာ္၏ ဘဝတစ္စိတ္တစ္ပိုင္းသည္လည္း ကပ္ပါလာေပေတာ့မည္။ ေျပာခြင့္ရလွ်င္ ေျပာခ်င္ပါေသးသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
7Mile Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service