မိမိ အရူးအမူးချစ်နေသော နာမည်ကြီး ကိုရီးယားမင်းသားနှင့် လက်ထပ်ခွင့်ရခဲ့သည့် ဂျပန်မိန်းကလေး (ထင်ပေါ်ကျော်ကြား ကြယ်ပွင့်တို့၏ ဘဝများ)

မိမိ အရူးအမူးချစ်နေသော နာမည်ကြီး ကိုရီးယားမင်းသားနှင့် လက်ထပ်ခွင့်ရခဲ့သည့် ဂျပန်မိန်းကလေး (ထင်ပေါ်ကျော်ကြား ကြယ်ပွင့်တို့၏ ဘဝများ) - Property News in Myanmar from iMyanmarHouse.com
9 Mar 2023 11:52 am တွင် တင်ခဲ့သည်
1231 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၂၀၀၈ ခုနှစ်က ထုတ်လွှင့်ပြသခဲ့သော You Are My Destiny ဇာတ်လမ်းတွဲတွင် Girls’ Generation မှ YoonA နှင့်အတူ တွဲဖက်သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ကိုရီးယားမင်းသား လီဂျေးဟွန် (Lee Jee Hoon) သည် ၎င်းအား အရူးအမူး ချစ်ခင်နှစ်သက်နေသော ဂျပန်မိန်းကလေး မီယူဒ အေယာနီ (Miura Ayane) နှင့် ပြီးခဲ့သော ၂၀၂၁ ခုနှစ်အတွင်း လက်ထပ်ခဲ့ကြသည်။

သူတို့နှစ်ဦးအကြား အသက်ကွာဟမှု ၁၄ နှစ်ခန့်ရှိရာ နိုင်ငံတကာ ကိုရီးယားရုပ်ရှင်ပရိသတ်များအကြား ၎င်းတို့၏ အချစ်ဇာတ်လမ်းကို များစွာစိတ်ဝင်စားခဲ့ကြသည်။

ဂျပန်မလေး မီယူဒသည် လီဂျေးဟွန်၏ ပရိသတ်ဖြစ်လာပြီးနောက်ပိုင်း ကိုရီးယားဘာသာစကား လေ့လာသင်ကြားမှုများ ပြုလုပ်ခဲ့သည်။

၎င်းတို့နှစ်ဦး မည်သို့ မည်ပုံဆုံစည်းကာ ချစ်ကြိုက်ခဲ့ကြသနည်း။ ထိုအကြောင်းရပ်များကို အောက်တွင် ဆက်လက်ဖတ်ရှုကြည့်ပါ။

မီယူဒသည် မိခင်ဖြစ်သူကြောင့် ကိုရီးယားဒရာမာဇာတ်လမ်းတွဲများကို စွဲငြိခဲ့သူဖြစ်သည်။

မီယူဒ၏ မိခင်သည် လီဂျေးဟွန်ကို အရူးအမူးနှစ်သက်သဘောကျသူ ဖြစ်သည်။

မီယူဒလည်း မိခင်ကြီးနှင့်အတူ ကိုရီးယားဇာတ်လမ်းတွဲများကြည့်ရင်း လီဂျေးဟွန်အပေါ် စိတ်ဝင်စားမှုများ ကြီးထွားလာခဲ့သည်။

သို့နှင့် မီယူဒသည် ကိုရီးယားဘာသာစကား စတင်လေ့လာသင်ယူတော့သည်။

မီယူဒသည် တောင်ကိုရီးယားအထိ သွားရောက်ကာ ကောလိပ်တက်ခဲ့ပြီး ကောလိပ်တွင် စကားပြန်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည်။

ကောလိပ်တက်စဉ်ကာလအတွင်း မီယူဒသည် ဂီတပွဲများ သွားရောက်ကြည့်ရှုလေ့ရှိသည်။

လီဂျေးဟွန်သည် ဂီတပွဲများတွင် ဖျော်ဖြေတင်ဆက်လေ့ရှိသည်ကို သိထားသော မီယူဒက သူ၏ပွဲများသို့ အမြဲအားပေးလေ့ရှိသည်။

တစ်ခုသော ဖျော်ဖြေပွဲအပြီးတွင်မူ ကြားခံလူတစ်ဦး၏ မိတ်ဆက်ပေးမှုဖြင့် သူတို့နှစ်ဦး သိကျွမ်းခဲ့ကြ၏။

ဤသည်ကား ၎င်းတို့နှစ်ဦး စတင်ဆုံစည်းခဲ့ပုံပင် ဖြစ်သည်။

သူတို့နှစ်ဦး ဖုန်းနံပါတ်များ အပြန်အလှန်ပေးခဲ့ကြသည်။

သို့သော် ရှေ့ဆက်ရန် အကြောင်းမရှိသဖြင့် ဇာတ်လမ်းမှာ ဤနေရာတွင်ပင် အဆုံးသတ်ရဖွယ်ရှိသည်။

မီယူဒက လီဂျေးဟွန်ကို ထပ်မံတွေ့ဆုံကာ မိမိ၏ဘဝ ပြောင်းလဲစေခဲ့မှုအတွက် ကျေးဇူးတင်စကား ပြောလိုသည်။

သူသာ လီဂျေးဟွန်၏ ပရိသတ်မဟုတ်ပါက ကိုရီးယားဘာသာစကား လေ့လာဖြစ်မည် မဟုတ်သည့်အပြင် ကိုရီးယားသို့ လာခဲ့မည်လည်း မဟုတ်ချေ။ ထို့ကြောင့် မီယူဒက လီဂျေးဟွန်ကို ညစာအတူစားရန် ဖိတ်ခေါ်ရန် ကြိုးစားသည်။

သို့သော် ကံမကောင်းစွာဖြင့်ပင် လီဂျေးဟွန်က ထိုနေ့တွင်ပင် ဖုန်းပျောက်သွားရာ မီယူဒအဖို့ ဆက်သွယ်၍ မရနိုင်တော့ချေ။

သို့သော် မီယူဒကား လီဂျေးဟွန်နှင့် တွေ့ဆုံရန် ဇွဲမလျှော့။

ဒုတိယအကြိမ်မြောက် ဆုံစည်းချိန်တွင် ညစာအတူစားရန် မီယူဒက ကမ်းလှမ်းသော်လည်း လီဂျေးဟွန်က ဗိုက်အောင့်နေသောကြောင့် လက်မခံခဲ့။

တတိယအကြိမ် ချိန်းဆိုမှုတွင်လည်း ထိုဒေသဝန်းကျင်တွင် ကိုဗစ် ၁၉ ကူးစက်မှု မမျှော်လင့်ဘဲ ဖြစ်ပွားမှု ကြောင့် အစီအစဉ် ဖျက်ခဲ့ရသည်။

သို့သော် မီယူဒ၏ စတုတ္ထအကြိမ်မြောက် ကြိုးစားမှုတွင်မူ လီဂျေးဟွန်နှင့် လူချင်းတွေ့ရန် အထမြောက်ခဲ့ လေသည်။

ထိုအချိန်တွင်ကား မီယူဒက မိမိအားတွေ့ရန် အလွန်ဇွဲကောင်းစွာ ကြိုးပမ်းနေမှုအပေါ် လီဂျေးဟွန်က အလွန်စိတ်ဝင်စား စိတ်လှုပ်ရှားနေခဲ့သည်။

၎င်းတို့နှစ်ဦး ဆုံစည်းချိန်တွင် မီယူဒ၏ အလှအပေါ် လီဂျေးဟွန်က များစွာ အံ့အားသင့်သွားခဲသည်။

လီဂျေးဟွန်က ပြောခဲ့သည်မှာ မိမိကို တွေ့လိုသည့် ရည်ရွယ်ချက်ကို မသိခဲ့သောကြောင့် တွေ့ဆုံရမည့်အပေါ် စိုးရိမ်ကြောင့်ကြမှုများ ရှိခဲ့ကြောင်း ၊ မိမိဘဝ ပြောင်းလဲစေခဲ့မှုအတွက် ကျေးဇူးတင်စကား ပြောလိုကြောင်း ပြောခဲ့လျှင် ချက်ချင်းတွေ့ဆုံခဲ့မည်ဖြစ်ကြောင်း ပြောသည်။

ဤအချက်ကား နားလည်ပေးနိုင်ပါသည်။

သူက နာမည်ကျော်တစ်ဦး ဖြစ်သည်မဟုတ်ပါလော။

ထိုသို့ တွေ့ဆုံသည့် နေ့တွင်ပင် လီဂျေးဟွန်ကလည်း မီယူဒ၏ အလှအပေါ် အရူးအမူး ဖြစ်သွားခဲ့သည်။

အထက်ပါ ဖြစ်ရပ်များ ဖြစ်ပွားပြီး တစ်နှစ်အကြာတွင် သူတို့နှစ်ဦး လက်ထပ်ခဲ့ကြသည်။

၎င်းတို့၏ လူမှုကွန်ရက်အကောင့်များတွင် ဓာတ်ပုံများ မကြာခဏ တင်လျှက်ရှိသည်ကိုလည်း တွေ့ရသည်။

ရုပ်ရှင်ရိုက်၍ပင် ရသော လှပသည့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပင်တည်း။

သူတို့နှစ်ဦး၏ ချစ်ဇာတ်လမ်းမှ ရရှိသည့် သင်ခန်းစာမှာ လူသားနှစ်ဦးကြား ချစ်ခြင်းမေတ္တာ ပေါ်ပေါက်စေရန် အသက်အရွယ် ၊ ယဉ်ကျေးမှု ၊ ဘာသာစကား နှင့် မည်သည့်ကွဲပြားချက်များ ရှိသည်ဖြစ်စေ ဆုံစည်းနိုင်ကြသည်ကြောင်း ဖြစ်သည်။

စိတ်ရှည်ကာ ဇွဲကောင်းပြီး ပွင့်လင်းသည့် နှလုံးသားရှိပါက အရာရာဖြစ်နိုင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Here’s The Story Of How A Japanese Fan Married A Popular Korean Actor (koreaboo)

[Zawgyi]

မိမိ အရူးအမူးခ်စ္ေနေသာ နာမည္ၾကီး ကိုရီးယားမင္းသားႏွင့္ လက္ထပ္ခြင့္ရခဲ့သည့္ ဂ်ပန္မိန္းကေလး (ထင္ေပၚေက်ာ္ၾကား ၾကယ္ပြင့္တို႔၏ ဘဝမ်ား)

၂၀၀၈ ခုႏွစ္က ထုတ္လႊင့္ျပသခဲ့ေသာ You Are My Destiny ဇာတ္လမ္းတြဲတြင္ Girls’ Generation မွ YoonA ႏွင့္အတူ တြဲဖက္သရုပ္ေဆာင္ကာ နာမည္ၾကီးခဲ့သူ ကိုရီးယားမင္းသား လီေဂ်းဟြန္ (Lee Jee Hoon) သည္ ၎အား အရူးအမူး ခ်စ္ခင္ႏွစ္သက္ေနေသာ ဂ်ပန္မိန္းကေလး မီယူဒ ေအယာနီ (Miura Ayane) ႏွင့္ ျပီးခဲ့ေသာ ၂၀၂၁ ခုႏွစ္အတြင္း လက္ထပ္ခဲ့ၾကသည္။

သူတို႔ႏွစ္ဦးအၾကား အသက္ကြာဟမႈ ၁၄ ႏွစ္ခန္႔ရွိရာ ႏိုင္ငံတကာ ကိုရီးယားရုပ္ရွင္ပရိသတ္မ်ားအၾကား ၎တို႔၏ အခ်စ္ဇာတ္လမ္းကို မ်ားစြာစိတ္ဝင္စားခဲ့ၾကသည္။

ဂ်ပန္မေလး မီယူဒသည္ လီေဂ်းဟြန္၏ ပရိသတ္ျဖစ္လာျပီးေနာက္ပိုင္း ကိုရီးယားဘာသာစကား ေလ့လာသင္ၾကားမႈမ်ား ျပဳလုပ္ခဲ့သည္။

၎တို႔ႏွစ္ဦး မည္သို႔ မည္ပံုဆံုစည္းကာ ခ်စ္ၾကိဳက္ခဲ့ၾကသနည္း။ ထိုအေၾကာင္းရပ္မ်ားကို ေအာက္တြင္ ဆက္လက္ဖတ္ရႈၾကည့္ပါ။

မီယူဒသည္ မိခင္ျဖစ္သူေၾကာင့္ ကိုရီးယားဒရာမာဇာတ္လမ္းတြဲမ်ားကို စြဲျငိခဲ့သူျဖစ္သည္။

မီယူဒ၏ မိခင္သည္ လီေဂ်းဟြန္ကို အရူးအမူးႏွစ္သက္သေဘာက်သူ ျဖစ္သည္။

မီယူဒလည္း မိခင္ၾကီးႏွင့္အတူ ကိုရီးယားဇာတ္လမ္းတြဲမ်ားၾကည့္ရင္း လီေဂ်းဟြန္အေပၚ စိတ္ဝင္စားမႈမ်ား ၾကီးထြားလာခဲ့သည္။

သို႔ႏွင့္ မီယူဒသည္ ကိုရီးယားဘာသာစကား စတင္ေလ့လာသင္ယူေတာ့သည္။

မီယူဒသည္ ေတာင္ကိုရီးယားအထိ သြားေရာက္ကာ ေကာလိပ္တက္ခဲ့ျပီး ေကာလိပ္တြင္ စကားျပန္တစ္ဦးအျဖစ္ လုပ္ကိုင္ခဲ့သည္။

ေကာလိပ္တက္စဥ္ကာလအတြင္း မီယူဒသည္ ဂီတပြဲမ်ား သြားေရာက္ၾကည့္ရႈေလ့ရွိသည္။

လီေဂ်းဟြန္သည္ ဂီတပြဲမ်ားတြင္ ေဖ်ာ္ေျဖတင္ဆက္ေလ့ရွိသည္ကို သိထားေသာ မီယူဒက သူ၏ပြဲမ်ားသို႔ အျမဲအားေပးေလ့ရွိသည္။

တစ္ခုေသာ ေဖ်ာ္ေျဖပြဲအျပီးတြင္မူ ၾကားခံလူတစ္ဦး၏ မိတ္ဆက္ေပးမႈျဖင့္ သူတို႔ႏွစ္ဦး သိကၽြမ္းခဲ့ၾက၏။

ဤသည္ကား ၎တို႔ႏွစ္ဦး စတင္ဆံုစည္းခဲ့ပံုပင္ ျဖစ္သည္။

သူတို႔ႏွစ္ဦး ဖုန္းနံပါတ္မ်ား အျပန္အလွန္ေပးခဲ့ၾကသည္။

သို႔ေသာ္ ေရွ႕ဆက္ရန္ အေၾကာင္းမရွိသျဖင့္ ဇာတ္လမ္းမွာ ဤေနရာတြင္ပင္ အဆံုးသတ္ရဖြယ္ရွိသည္။

မီယူဒက လီေဂ်းဟြန္ကို ထပ္မံေတြ႔ဆံုကာ မိမိ၏ဘဝ ေျပာင္းလဲေစခဲ့မႈအတြက္ ေက်းဇူးတင္စကား ေျပာလို သည္။

သူသာ လီေဂ်းဟြန္၏ ပရိသတ္မဟုတ္ပါက ကိုရီးယားဘာသာစကား ေလ့လာျဖစ္မည္ မဟုတ္သည့္အျပင္ ကိုရီးယားသို႔ လာခဲ့မည္လည္း မဟုတ္ေခ်။ ထို႔ေၾကာင့္ မီယူဒက လီေဂ်းဟြန္ကို ညစာအတူစားရန္ ဖိတ္ေခၚရန္ ၾကိဳးစားသည္။

သို႔ေသာ္ ကံမေကာင္းစြာျဖင့္ပင္ လီေဂ်းဟြန္က ထိုေန႔တြင္ပင္ ဖုန္းေပ်ာက္သြားရာ မီယူဒအဖုိ႔ ဆက္သြယ္၍ မရႏိုင္ေတာ့ေခ်။

သို႔ေသာ္ မီယူဒကား လီေဂ်းဟြန္ႏွင့္ ေတြ႔ဆံုရန္ ဇြဲမေလွ်ာ့။

ဒုတိယအၾကိမ္ေျမာက္ ဆံုစည္းခ်ိန္တြင္ ညစာအတူစားရန္ မီယူဒက ကမ္းလွမ္းေသာ္လည္း လီေဂ်းဟြန္က ဗိုက္ေအာင့္ေနေသာေၾကာင့္ လက္မခံခဲ့။

တတိယအၾကိမ္ ခ်ိန္းဆိုမႈတြင္လည္း ထိုေဒသဝန္းက်င္တြင္ ကိုဗစ္ ၁၉ ကူးစက္မႈ မေမွ်ာ္လင့္ဘဲ ျဖစ္ပြားမႈ ေၾကာင့္ အစီအစဥ္ ဖ်က္ခဲ့ရသည္။

သို႔ေသာ္ မီယူဒ၏ စတုတၳအၾကိမ္ေျမာက္ ၾကိဳးစားမႈတြင္မူ လီေဂ်းဟြန္ႏွင့္ လူခ်င္းေတြ႔ရန္ အထေျမာက္ခဲ့ ေလသည္။

ထိုအခ်ိန္တြင္ကား မီယူဒက မိမိအားေတြ႔ရန္ အလြန္ဇြဲေကာင္းစြာ ၾကိဳးပမ္းေနမႈအေပၚ လီေဂ်းဟြန္က အလြန္စိတ္ဝင္စား စိတ္လႈပ္ရွားေနခဲ့သည္။

၎တို႔ႏွစ္ဦး ဆံုစည္းခ်ိန္တြင္ မီယူဒ၏ အလွအေပၚ လီေဂ်းဟြန္က မ်ားစြာ အံ့အားသင့္သြားခဲသည္။

လီေဂ်းဟြန္က ေျပာခဲ့သည္မွာ မိမိကို ေတြ႔လိုသည့္ ရည္ရြယ္ခ်က္ကို မသိခဲ့ေသာေၾကာင့္ ေတြ႔ဆံုရမည့္အေပၚ စိုးရိမ္ေၾကာင့္ၾကမႈမ်ား ရွိခဲ့ေၾကာင္း ၊ မိမိဘဝ ေျပာင္းလဲေစခဲ့မႈအတြက္ ေက်းဇူးတင္စကား ေျပာလိုေၾကာင္း ေျပာခဲ့လွ်င္ ခ်က္ခ်င္းေတြ႔ဆံုခဲ့မည္ျဖစ္ေၾကာင္း ေျပာသည္။

ဤအခ်က္ကား နားလည္ေပးႏိုင္ပါသည္။

သူက နာမည္ေက်ာ္တစ္ဦး ျဖစ္သည္မဟုတ္ပါေလာ။

ထိုသို႔ ေတြ႔ဆံုသည့္ ေန႔တြင္ပင္ လီေဂ်းဟြန္ကလည္း မီယူဒ၏ အလွအေပၚ အရူးအမူး ျဖစ္သြားခဲ့သည္။

အထက္ပါ ျဖစ္ရပ္မ်ား ျဖစ္ပြားျပီး တစ္ႏွစ္အၾကာတြင္ သူတို႔ႏွစ္ဦး လက္ထပ္ခဲ့ၾကသည္။

၎တို႔၏ လူမႈကြန္ရက္အေကာင့္မ်ားတြင္ ဓာတ္ပံုမ်ား မၾကာခဏ တင္လွ်က္ရွိသည္ကိုလည္း ေတြ႔႔ရသည္။

ရုပ္ရွင္ရုိက္၍ပင္ ရေသာ လွပသည့္ အခ်စ္ဇာတ္လမ္းေလးတစ္ပုဒ္ပင္တည္း။

သူတို႔ႏွစ္ဦး၏ ခ်စ္ဇာတ္လမ္းမွ ရရွိသည့္ သင္ခန္းစာမွာ လူသားႏွစ္ဦးၾကား ခ်စ္ျခင္းေမတၱာ ေပၚေပါက္ေစရန္ အသက္အရြယ္ ၊ ယဥ္ေက်းမႈ ၊ ဘာသာစကား ႏွင့္ မည္သည့္ကြဲျပားခ်က္မ်ား ရွိသည္ျဖစ္ေစ ဆံုစည္းႏိုင္ၾကသည္ေၾကာင္း ျဖစ္သည္။

စိတ္ရွည္ကာ ဇြဲေကာင္းျပီး ပြင့္လင္းသည့္ ႏွလံုးသားရွိပါက အရာရာျဖစ္ႏုိင္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Here’s The Story Of How A Japanese Fan Married A Popular Korean Actor (koreaboo)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service