အိမ်ရောင်းကာ သားကို ဆေးကုရန်ငြင်းသည့် ခင်ပွန်းအား ဇနီးဖြစ်သူက ကွာရှင်းမှု ပြည်မကြီးလူမှုကွန်ရက်တွင် ဂယက်ရိုက်

အိမ်ရောင်းကာ သားကို ဆေးကုရန်ငြင်းသည့် ခင်ပွန်းအား ဇနီးဖြစ်သူက ကွာရှင်းမှု ပြည်မကြီးလူမှုကွန်ရက်တွင် ဂယက်ရိုက် - Property News in Myanmar from iMyanmarHouse.com
9 Mar 2023 11:05 am တွင် တင်ခဲ့သည်
1762 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကျန်းမာရေးအခြေအနေဆိုးရွားနေသော အသက် ၂၂ နှစ်အရွယ်ရှိ သားဖြစ်သူအတွက် ဆေးကုသစရိတ်ရရှိရေး အတွက် နေအိမ်ရောင်းချရန် တိုင်ပင်မှုကို ငြင်းဆိုခဲ့သည့် ခင်ပွန်းဖြစ်သူအား ဇနီးက ကွာရှင်းလိုက်မှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေသည်။

တရုတ်ပြည်အရှေ့ပိုင်း ဖူကျန်းပြည်နယ်မှ အမည်မသိရသော အမျိုးသမီးသည် သားဖြစ်သူကို ဆေးကုသရန် လိုအပ်သည့် ယွမ်ငွေ ၁ သန်း (ကန်ဒေါ်လာ ၁၄၄၀၀) ကို ရှာဖွေရန် ကြိုးစားနေခဲ့သည်။

သူ၏ သားမှာ ရှားပါးသည့် ရောဂါတစ်မျိုးဖြစ်သော ‘ရိုးတွင်းခြင်ဆီ ပျက်ဆီးယိုယွင်းခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ’ (aplastic anaemia) ရောဂါ ခံစားနေရသူ ဖြစ်သည်။

သားကို ဆေးကုရန် လိုအပ်သည့်ငွေ ရှာမရသောအခါ မိခင်က အိမ်ကို ရောင်းချကာ သားကို ဆေးကုလိုသည်။ ထိုအိမ်မှာ ခင်ပွန်းဖြစ်သူနှင့် ပူးတွဲပိုင်ဆိုင်သည့်အိမ်ဖြစ်သော်လည်း ခင်ပွန်းက အိမ်မရောင်းနိုင်ကြောင်း ငြင်းလိုက်သည်ဟု Star Video သတင်းဌာနက ဖော်ပြသည်။

ထိုအမျိုးသမီးက ပြောသည်မှာ သားဖြစ်သူ ရှောင်လင်းတွင် aplastic anaemia ရောဂါဖြစ်ပွားနေကြောင်း ၂၀၁၇ ခုနှစ်တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သောနှစ် မေလမှစကာ ကျန်းမာရေးအခြေအနေဆိုးရွားလာ ခဲ့ကြောင်း ပြောသည်။

သားဖြစ်သူအတွက် ဆေးဖိုးကုန်ကျစရိတ်မှာ တစ်လလျှင် ယွမ်ငွေ ၈၀၀၀ (ကန်ဒေါ်လာ ၁၁၀၀) ခန့်ရှိသည်။

သားဖြစ်သူ၏ ရောဂါကို ကုသနိုင်ရေးအတွက် လိုအပ်သည့်ငွေ ရှာဖွေရန် သူမက အလုပ် ၂ ခုလုပ်ခဲ့သော်လည်း စုစုပေါင်းလစာမှာ တစ်လလျှင် ယွမ်ငွေ ၁၀၀၀၀ (ကန်ဒေါ်လာ ၁၄၀၀) သာရသည်။

သို့သော် နောက်ပိုင်းတွင် ကျန်းမာရေးအခြေအနေဆိုးရွားနေသော သားဖြစ်သူကို အချိန်ပြည့် စောင့်ရှောက်နိုင်ရန်အတွက် ထိုအလုပ် ၂ ခုမှ ထွက်ခဲ့သည်။

(ခင်ပွန်းဖြစ်သူက ပြောသည်မှာ ၎င်းအနေဖြင့် အိမ်ရောင်းရန် သဘောတူနိုင်ကြောင်း၊ သို့သော် သူရမည့် ပိုင်ဆိုင်မှုတစ်ဝက်ကို သားဖြစ်သူဆေးကုရန် မပေးနိုင်ကြောင်း ပြောသည်။ ဓာတ်ပုံ-Weibo)

“ဒီရောဂါက ကျွန်တော့်အသက်အန္တရာယ်ထိခိုက်နိုင်တယ်လို့ ဆရာဝန်က ပြောပါတယ်”ဟု ရှောင်လင်းက Star Video သို့ ပြောသည်။

“ပထမအကြိမ် ခွဲစိတ်ကုသမှုလုပ်ဖို့အတွက် အနည်းဆုံး ယွမ် ၇၀၀၀၀၀ (ကန်ဒေါ်လာ ၁၀၁၀၀၀) လိုပါတယ်” ဟု မိခင်ဖြစ်သူက ပြောသည်။

သူ့တွင် အလုပ်လည်းမရှိတော့ရာ သားကိုဆေးကုရန် မိသားစုနေအိမ်ကို ရောင်းချလိုခြင်း ဖြစ်သည်။

ထိုအကြောင်းကို ခင်ပွန်းဖြစ်သူနှင့် ဆွေးနွေးရာ ခင်ပွန်းက ငြင်းပယ်ခဲ့သည်။ “ဘယ်လိုပဲဖြစ်ဖြစ် သူက ၆ လအတွင်း သေမှာပဲ။ အဲဒါကြောင့် ဆေးကုဖို့မလိုဘူး”ဟု ခင်ပွန်းက ဇနီးကို ပြောခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးတွင် ခင်ပွန်းဖြစ်သူက ပြောသည်မှာ သူ့အနေဖြင့် အိမ်ရောင်းရန် သဘောတူနိုင်ကြောင်း၊ သို့သော် အိမ်ရောင်းလျှင် ရမည့် ခန့်မှန်းငွေပမာဏ ယွမ်ငွေ ၁ ဒသမ ၈ သန်း (ကန်ဒေါ်လာ ၂၆၀၀၀၀) မှ တစ်ဝက်ကို ပေးရန် တောင်းဆိုခဲ့သည်။

“မင်းအိမ်ရောင်းမယ်ဆိုရင် ငါက တစ်ဝက်ကျော် ရထိုက်ပါတယ်”ဟု ခင်ပွန်းက ပြောသည်ဟု ဆိုသည်။

မိမိရသော ဝေစုမှ သားဖြစ်သူကို ဆေးကုရန် မပေးနိုင်ကြောင်း၊ ဆေးကုသစရိတ် ယွမ်ငွေ ၁ ဒသမ ၂ သန်း ကျော်မှသာလျှင် မိမိ၏ဝေစုမှ ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း ခင်ပွန်းဖြစ်သူက ပြောသည်။

(aplastic anaemia သည် ရှားပါးရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်မှ သွေးဆဲလ်များ ထုတ်လုပ်မှု ရပ်ဆိုင်းသွားရာ ရောဂါခံစားရသူများအတွက် အလွန်ပင်ပန်းနွမ်းနယ်မှု ခံစားရစေကာ ကူးစက်ရောဂါများ လွယ်ကူစွာ ဖြစ်ပွား နိုင်ပြီး ထိန်းချုပ်မရနိုင်သော သွေးထွက်ခြင်းမျိုးလည်း ရင်ဆိုင်ရလေ့ရှိသည်။ ဓာတ်ပုံ-Weibo)

ထို့ကြောင့် ဇနီးဖြစ်သူက ကွာရှင်းပြတ်စဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် ယခုအဖြစ်အပျက်အပေါ် သဘောထား ထင်မြင်ချက် အမျိုးမျိုး ကွဲပြားနေကြသည်။

တစ်ဦးက မှတ်ချက်ပြုသည်မှာ “ဖခင်က တစ်ကိုယ်ကောင်းဆန်ပြီး နှလုံးသားမရှိတဲ့ သတ္တဝါပဲ”ဟု ဆိုသည်။

သို့သော် အခြားတစ်ဦးကမူ “သူ့ဆုံးဖြတ်ချက်မှာ အမှန်၊ အမှား မရှိပါဘူး။ သူက ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးဖြစ်သူပါ”ဟု မှတ်ချက်ပြုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: He’s going to die anyway’: woman in China divorces ‘heartless’ husband who refuses to sell home to save gravely ill son (scmp)

[Zawgyi]

အိမ္ေရာင္းကာ သားကို ေဆးကုရန္ျငင္းသည့္ ခင္ပြန္းအား ဇနီးျဖစ္သူက ကြာရွင္းမႈ ျပည္မၾကီးလူမႈကြန္ရက္တြင္ ဂယက္ရိုက္

က်န္းမာေရးအေျခအေနဆိုးရြားေနေသာ အသက္ ၂၂ ႏွစ္အရြယ္ရွိ သားျဖစ္သူအတြက္ ေဆးကုသစရိတ္ရရွိေရး အတြက္ ေနအိမ္ေရာင္းခ်ရန္ တိုင္ပင္မႈကို ျငင္းဆိုခဲ့သည့္ ခင္ပြန္းျဖစ္သူအား ဇနီးက ကြာရွင္းလိုက္မႈမွာ တရုတ္ျပည္မၾကီး လူမႈကြန္ရက္တြင္ နာမည္ၾကီးေနသည္။

တရုတ္ျပည္အေရွ႕ပိုင္း ဖူက်န္းျပည္နယ္မွ အမည္မသိရေသာ အမ်ဳိးသမီးသည္ သားျဖစ္သူကို ေဆးကုသရန္ လိုအပ္သည့္ ယြမ္ေငြ ၁ သန္း (ကန္ေဒၚလာ ၁၄၄၀၀) ကို ရွာေဖြရန္ ၾကိဳးစားေနခဲ့သည္။

သူ၏ သားမွာ ရွားပါးသည့္ ေရာဂါတစ္မ်ဳိးျဖစ္ေသာ ‘ရိုးတြင္းျခင္ဆီ ပ်က္ဆီးယိုယြင္းျခင္းေၾကာင့္ျဖစ္ေသာ ေသြးအားနည္းေရာဂါ’ (aplastic anaemia) ေရာဂါ ခံစားေနရသူ ျဖစ္သည္။

သားကို ေဆးကုရန္ လိုအပ္သည့္ေငြ ရွာမရေသာအခါ မိခင္က အိမ္ကို ေရာင္းခ်ကာ သားကို ေဆးကုလိုသည္။ ထိုအိမ္မွာ ခင္ပြန္းျဖစ္သူႏွင့္ ပူးတြဲပိုင္ဆိုင္သည့္အိမ္ျဖစ္ေသာ္လည္း ခင္ပြန္းက အိမ္မေရာင္းႏိုင္ေၾကာင္း ျငင္းလိုက္သည္ဟု Star Video သတင္းဌာနက ေဖာ္ျပသည္။

ထိုအမ်ဳိးသမီးက ေျပာသည္မွာ သားျဖစ္သူ ေရွာင္လင္းတြင္ aplastic anaemia ေရာဂါျဖစ္ပြားေနေၾကာင္း ၂၀၁၇ ခုႏွစ္တြင္ စစ္ေဆးေတြ႔ရွိခဲ့ျခင္းျဖစ္ျပီး ျပီးခဲ့ေသာႏွစ္ ေမလမွစကာ က်န္းမာေရးအေျခအေနဆိုးရြားလာ ခဲ့ေၾကာင္း ေျပာသည္။

သားျဖစ္သူအတြက္ ေဆးဖိုးကုန္က်စရိတ္မွာ တစ္လလွ်င္ ယြမ္ေငြ ၈၀၀၀ (ကန္ေဒၚလာ ၁၁၀၀) ခန္႔ရွိသည္။

သားျဖစ္သူ၏ ေရာဂါကို ကုသႏိုင္ေရးအတြက္ လိုအပ္သည့္ေငြ ရွာေဖြရန္ သူမက အလုပ္ ၂ ခုလုပ္ခဲ့ေသာ္လည္း စုစုေပါင္းလစာမွာ တစ္လလွ်င္ ယြမ္ေငြ ၁၀၀၀၀ (ကန္ေဒၚလာ ၁၄၀၀) သာရသည္။

သို႔ေသာ္ ေနာက္ပိုင္းတြင္ က်န္းမာေရးအေျခအေနဆိုးရြားေနေသာ သားျဖစ္သူကို အခ်ိန္ျပည့္ ေစာင့္ေရွာက္ႏိုင္ရန္အတြက္ ထိုအလုပ္ ၂ ခုမွ ထြက္ခဲ့သည္။

(ခင္ပြန္းျဖစ္သူက ေျပာသည္မွာ ၎အေနျဖင့္ အိမ္ေရာင္းရန္ သေဘာတူႏိုင္ေၾကာင္း၊ သို႔ေသာ္ သူရမည့္ ပိုင္ဆိုင္မႈတစ္ဝက္ကို သားျဖစ္သူေဆးကုရန္ မေပးႏိုင္ေၾကာင္း ေျပာသည္။ ဓာတ္ပံု-Weibo)

“ဒီေရာဂါက ကၽြန္ေတာ့္အသက္အႏၱရာယ္ထိခိုက္ႏိုင္တယ္လို႔ ဆရာဝန္က ေျပာပါတယ္”ဟု ေရွာင္လင္းက Star Video သို႔ ေျပာသည္။

“ပထမအၾကိမ္ ခြဲစိတ္ကုသမႈလုပ္ဖို႔အတြက္ အနည္းဆံုး ယြမ္ ၇၀၀၀၀၀ (ကန္ေဒၚလာ ၁၀၁၀၀၀) လိုပါတယ္” ဟု မိခင္ျဖစ္သူက ေျပာသည္။

သူ႔တြင္ အလုပ္လည္းမရွိေတာ့ရာ သားကိုေဆးကုရန္ မိသားစုေနအိမ္ကို ေရာင္းခ်လိုျခင္း ျဖစ္သည္။

ထိုအေၾကာင္းကို ခင္ပြန္းျဖစ္သူႏွင့္ ေဆြးေႏြးရာ ခင္ပြန္းက ျငင္းပယ္ခဲ့သည္။ “ဘယ္လိုပဲျဖစ္ျဖစ္ သူက ၆ လအတြင္း ေသမွာပဲ။ အဲဒါေၾကာင့္ ေဆးကုဖို႔မလိုဘူး”ဟု ခင္ပြန္းက ဇနီးကို ေျပာခဲ့သည္ဟု ဆိုသည္။

ေနာက္ဆံုးတြင္ ခင္ပြန္းျဖစ္သူက ေျပာသည္မွာ သူ႔အေနျဖင့္ အိမ္ေရာင္းရန္ သေဘာတူႏိုင္ေၾကာင္း၊ သို႔ေသာ္ အိမ္ေရာင္းလွ်င္ ရမည့္ ခန္႔မွန္းေငြပမာဏ ယြမ္ေငြ ၁ ဒသမ ၈ သန္း (ကန္ေဒၚလာ ၂၆၀၀၀၀) မွ တစ္ဝက္ကို ေပးရန္ ေတာင္းဆိုခဲ့သည္။

“မင္းအိမ္ေရာင္းမယ္ဆိုရင္ ငါက တစ္ဝက္ေက်ာ္ ရထိုက္ပါတယ္”ဟု ခင္ပြန္းက ေျပာသည္ဟု ဆိုသည္။

မိမိရေသာ ေဝစုမွ သားျဖစ္သူကို ေဆးကုရန္ မေပးႏိုင္ေၾကာင္း၊ ေဆးကုသစရိတ္ ယြမ္ေငြ ၁ ဒသမ ၂ သန္း ေက်ာ္မွသာလွ်င္ မိမိ၏ေဝစုမွ ေထာက္ပံ့ကူညီမည္ျဖစ္ေၾကာင္း ခင္ပြန္းျဖစ္သူက ေျပာသည္။

(aplastic anaemia သည္ ရွားပါးေရာဂါတစ္မ်ဳိးျဖစ္ျပီး ခႏၶာကိုယ္မွ ေသြးဆဲလ္မ်ား ထုတ္လုပ္မႈ ရပ္ဆိုင္းသြားရာ ေရာဂါခံစားရသူမ်ားအတြက္ အလြန္ပင္ပန္းႏြမ္းနယ္မႈ ခံစားရေစကာ ကူးစက္ေရာဂါမ်ား လြယ္ကူစြာ ျဖစ္ပြား ႏိုင္ျပီး ထိန္းခ်ဳပ္မရႏိုင္ေသာ ေသြးထြက္ျခင္းမ်ဳိးလည္း ရင္ဆိုင္ရေလ့ရွိသည္။ ဓာတ္ပံု-Weibo)

ထို႔ေၾကာင့္ ဇနီးျဖစ္သူက ကြာရွင္းျပတ္စဲရန္ ဆံုးျဖတ္ခဲ့ျခင္း ျဖစ္သည္။

တရုတ္ျပည္မၾကီး လူမႈကြန္ရက္တြင္ ယခုအျဖစ္အပ်က္အေပၚ သေဘာထား ထင္ျမင္ခ်က္ အမ်ဳိးမ်ဳိး ကြဲျပားေနၾကသည္။

တစ္ဦးက မွတ္ခ်က္ျပဳသည္မွာ “ဖခင္က တစ္ကိုယ္ေကာင္းဆန္ျပီး ႏွလံုးသားမရွိတဲ့ သတၱဝါပဲ”ဟု ဆိုသည္။

သို႔ေသာ္ အျခားတစ္ဦးကမူ “သူ႔ဆံုးျဖတ္ခ်က္မွာ အမွန္၊ အမွား မရွိပါဘူး။ သူက ကိုယ့္ကိုယ္ကိုယ္ အခ်စ္ဆံုးျဖစ္သူပါ”ဟု မွတ္ခ်က္ျပဳသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: He’s going to die anyway’: woman in China divorces ‘heartless’ husband who refuses to sell home to save gravely ill son (scmp)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service