“ခြံနဲ့ ဝင်းနဲ့ အိမ်လေးနဲ့”

“ခြံနဲ့ ဝင်းနဲ့ အိမ်လေးနဲ့” - Property Knowledge in Myanmar from iMyanmarHouse.com
7 Mar 2023 2:07 pm တွင် တင်ခဲ့သည်
591 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ခြံတံခါးတိုင်ရှိ ခလုတ်လေးကို နှိပ်လိုက်သဖြင့် ခြံအတွင်း တစ်နေရာက ‘ကလောင်’ဆိုသည့် မြည်သံကလေး ထွက်သွားသည်ကို ကြားလိုက်၏။ထို့နောက် ကြေးဝါရောင်တံခါးသည် ဆလိုက်ဒိုးပုံစံ ဘေးတိုက်ရွေ့လျားပြီး ပွင့်သွား၏။

အဝေးထိန်းကိရိယာတပ်ဆင်ထားသဖြင့် လူလာဖွင့်စရာမလိုတော့ပေ။ဖွင့်ပေးသူက ခြံထဲတနေရာရာမှာ ရှိပါလိမ့်မည်။ခြံထဲဝင်ပြီးနောက် လျှပ်တစ်ပြက်အတွင်း အကဲခက်မိလိုက်သည်။

ခြံဝင်းအကျယ်သည် ပေ(၁၅၀)ပတ်လည်လောက်ရှိပေရော့မည်။အိမ်တစ်လုံးကိုပင် ပေ(၅၀)ကျော် ပတ်လည်အတွင်း ဆောက်ထားလိမ့်မည်ဟု ခန့်မှန်းရသည်။နှစ်ထပ်တိုက်အိမ်ကြီးဖြစ်ပြီး လူတွေကိုတော့ မတွေ့ရ။အိမ်ထဲကမထွက်ဘဲ နေကြသည်လား။တိတ်ဆိတ်ခြင်းတို့သာ မင်းမူနေသည်။

ခဏနေတော့ ကောင်လေးတစ်ယောက် ကားတွေရပ်ထားရာကြားထဲက ထွက်လာသည်။ကားဂိုထောင် အမိုးအောက်တွင် ဈေးကြီးပေ့ဆိုသည့် ကားများရပ်ထားသည်။ကားဂိုထောင်နှင့် အိမ်မကြီးအကြား ဆက်သွယ်ထားသည့်နေရာတွင် အဖီတိုက်ခန်းတစ်ခုကိုလည်း ခြေတံရှည်အမြင့်ပုံစံ ဆောက်ထား၏။ ထိုအဆောက်အအုံ၏ အောက်တွင်လည်း ကားတစ်စီးရပ်ထား၏။ထိုကားမှာ လျှပ်စစ်ကားဖြစ်ကြောင်း နောက်မှ ကောင်လေးပြောပြသဖြင့် သိရသည်။

ကျွန်တော်တို့အဖွဲ့ ဤအိမ်ကြီး အတွင်းရောက်လာခဲ့ရသည်က အထွေထွေဝန်ဆောင်မှုကို အကြောင်းပြု၍ ရောက်လာခဲ့ခြင်းဖြစ်သည်။ကျွန်တော့်အဓိကလုပ်ကိုင်သည်က အခြားအလုပ်တစ်ခု။ အိမ်တွင်းအိမ်ပြင်နှင့် ပတ်သက်ပြီး လုပ်ကိုင်ရမည့် ယခုအလုပ်သည်ကာ မိမိနှင့် အစိမ်းသက်သက်။မကျွမ်း မကျင်။သိုသော်လည်း အမြင်တော့ထိုက်သင့်သလောက်ရှိထားပါသည်။

ထို့ကြောင့်ပင် စနေ၊တနင်္ဂနွေ အလုပ်ပိတ်ရက်ကလေးတွင် ဒီအလုပ်ကို ကူညီဝင်ရောက်လုပ်ကိုင်ရင်း အတွေ့အကြုံတို့ ယူရသည်။

ကျွန်တော် ယခုကူရမည်က ခြဆေးဖြန်းခြင်းလုပ်ရမည်။ထိုကိစ္စပြီးမှ ဤအိမ်အတွက် အခြားသောလုပ်ငန်းတို့ ဆက်လက်လုပ်ကိုင်ရမည်။

‘သူဌေးတွေတော့မရှိဘူးဗျ…လုပ်ရမယ့်နေရာတွေကို ကျွန်တော်လိုက်ပြမယ်..’

အိမ်အတွင်း ခြတွေစွဲနေသည့်နေရာများနှင့် ခြမရောက်သေးသော်လည်း ခြဆေးကြိုတင်ချထားရမည့်နေရာများ ကို လိုက်လံပြသသည်။ထို့ကြောင့် အိမ်တွင်းပိုင်းအနေ အထားကိုလည်း အကုန်လုံးမြင်တွေ့ခွင့်ရခဲ့သည်။

အပေါ်ထပ်တွင်ပင် ကျယ်ဝန်းလှသည့် အိပ်ခန်းကျယ် ၅ ခန်းရှိသည်။အိမ်၏မျက်နှာသာကျသည့် ရှေ့ဘက် အပိုင်းကို ဧည့်ခန်းနှင့် ဘုရားခန်းတွဲထားသည်။ကျယ်ဝန်လှပါ၏။ဘုရားခန်းမှာလည်း ကြည်ညိုဖွယ်ကောင်းလှ ပါ၏။ထိုအခန်းတို့၏ အလယ်တွင် အားကစားလုပ်ရန်အတွက် ပစ္စည်းများနှင့်နေရာချထားသည်ကိုတွေ့ရသည်။

ထိုအိမ်ရှိခြံစောင့် ဥယျာဉ်မှူးကောင်လေး၏ ပြောစကားအရ ဤအိမ်က သူဌေးဆိုသူတို့သည် ရန်ကုန်မှာ အချိန်ကြာကြာ သိပ်ပြီး နေလေ့နေထ မရှိကြောင်းသိရသည်။မန္တလေးတွင် အနေများကြောင်း၊ စစ်ကိုင်းဘက်တွင် ပရိဘောဂနှင့် သစ်အချောထည်ထုတ် လုပ်သည့်လုပ်ငန်းများရှိကြောင်း သိရသည်။ မြန်မာပြည်အောက်ပိုင်းတွင်လည်းကောင်း၊လူတို့အနားယူ အပန်းဖြေကြရာ ပင်လက်ကမ်းခြေတို့တွင်လည်း အိမ်ရာများပိုင်ဆိုင်ထားကြောင်း သိရသည်။

မြန်မာပြည်အနှံ့ ခရီးထွက်လျှင် သူတို့အတွက် ဟိုတယ်မလို ကိုယ့်အိမ်ကိုယ့်ရာများ နေရာအနှံ့ရှိကြောင်း၊ သူတို့ပိုင်ဆိုင်သည် အိမ်မှာပဲတည်းနိုင်ကြောင်း သိရသည်။

ျ…သူများတွေချမ်းသာကြပုံများ လက်ညိုးညွှန်ရာ အိမ်ရှိနေကြတဲ့ ဘဝတွေပါလားဟု အတွေးတို့ စိတ်မှာဖြစ်လိုက်မိသေးသည်။မိမိအဖြစ်နှင့်ယှဉ်တော့ မိမိကအိမ်ငှား။နေစရာအတွက် အမြဲပူပန်နေရသူ ဖြစ်သည်။

ဒီလိုအိမ်ကောင်းရာကောင်းကြီးကို ခြဆေးဖြန်းရမည်က အပိုအလုပ်ဟု ထင်စရာရှိသည်။တကယ့်လက်တွေ့တွင် အိမ်တွင်ပိုင်း၌ သုံးထားသည့်သစ်တို့က များလှပါသည်။ကောင်းပေ့ဆိုသည့် သစ်များပါနိုင်သလို ၊ အထပ်သားနှင့် အခြားသောသစ်များလည်းပါဝင်ကြရာ ခြတို့သည် ဘယ်အချိန် ဘယ်ကာလကတည်းက ဝင်တွယ်နေကြသည်မသိ အတွင်းလှိုက်စားပြီးအတော်ပင် ပျက်ဆီးနေကြသည်ကို လုပ်ရင်းကိုင်ရင်းနှင့် တွေ့လာရသည်။

အိမ်ကြီးသည်နှင့်အမျှ လူမနေသော်လည်း ပြုပြင်ထိန်းသိမ်းရမှုတို့က ရှိနေသည်။သူဌေးဆိုသည့် အဆောင်အယောင်နှင့်ညီစွာ ခြံတွင်းထားရသည့် ပစ္စည်းတို့ကလည်း တန်ဖိုးတို့ကြီးပေစွ။တန်ဖိုးကြီးငါးတို့ကို အကောင်(၂၀)ကျော်မွေးထားသည်။(၁)ကောင်ကို သိန်းဆယ်ဂဏန်းအထက်မှာ ရှိသည်ဟုသိရသည်။ ငါးစာဈေးနှင့်ပါတွက်ကြည့်လျှင်။သူတို့၏ အိမ်အတွက် ဗာဟီရ တစ်ရက်ကုန်ကျစရိတ်သည် မနည်းမနော။ ဆင်းရဲသားအိမ်ထောင်စု (၅၀)(၁၀၀)စာလောက်တော့ ကောင်းကောင်းကျွေးနိုင်လောက်သည်။

မီးပျက်သည့်ကာလမှာပင် ငါးတို့အောက်ဆီဂျင်ပျက်ပြီးမသေရအောင် မီးဆက်နိူးပြီး ရေလည်ပတ်အောင် လုပ်ပေးထားရကြောင်း သိရသည်။ နှင်းခွေးတစ်ကောင်အတွက် ၂၄နာရီ အဲယားကွန်ဖွင့်ပေးထားရသည်ဟု ဆိုသည်။

ခြံဝင်းအတင်းစိုက်ပျိုးထားသည် အလှစိုက်အပင်များကိုလည်း အမြဲတမ်း အပြောင်းအလဲ လုပ်ပေးရကြောင်း၊ ဒီနှစ်ဒီအပင်တို့စိုက်ပျိုးထားသော်လည်း နောက်နှစ်တွင် ဒီအပင်များ ရှိကောင်းမှာ ရှိပါဦးမည်။ စိတ်ကူးတည့်ရာ လိုရာဖြစ်သည့်ဘဝတွင် ဆန်းသစ်မှုနှင့် အိမ်အတွက်မင်္ဂလာဖြစ်စေမှုတို့အတွက်ဆိုလျှင် အပြောင်းအလဲတို့ လုပ်တတ်ကြောင်းသိရသည်။

သူဌေးဆိုသည်မျိုးက ငွေရှိသည်။ငွေရှိသည့်အတွက် ဒီနေ့ဒါဖြစ်နေသော်လည်း နောက်နေ့တွင် အခြားအရာတို့ ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။

ကျွန်တော်သည် လက်ရှိအခြေအနေအရ အိမ်ငှားဘဝဖြင့်ပင် အိမ်အတွက် အပြင်အဆင်တို့ကို အပြောင်းအလဲ လုပ်မိတတ်သေးသည်။ပိုက်ဆံရှိလာသည့်တနေ့ ကိုယ့်ခြံ၊ကိုယ့်ဝင်း၊ကိုယ့်အိမ်နှင့်ဖြစ်လာလျှင် ကျွန်တော်လည်း ဘာတွေဇာချဲ့မိမလဲ ဆိုသည်ကိုတော့ စောင့်ကြည့်ရပါလိမ့်ဦးမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

“ျခံနဲ႔ ဝင္းနဲ႔ အိမ္ေလးနဲ႔”

 

ျခံတံခါးတိုင္ရွိ ခလုတ္ေလးကို ႏွိပ္လိုက္သျဖင့္ ျခံအတြင္း တစ္ေနရာက ‘ကေလာင္’ဆိုသည့္ ျမည္သံကေလး ထြက္သြားသည္ကို ၾကားလိုက္၏။ထို႔ေနာက္ ေၾကးဝါေရာင္တံခါးသည္ ဆလိုက္ဒိုးပုံစံ ေဘးတိုက္ေရြ႕လ်ားၿပီး ပြင့္သြား၏။

အေဝးထိန္းကိရိယာတပ္ဆင္ထားသျဖင့္ လူလာဖြင့္စရာမလိုေတာ့ေပ။ဖြင့္ေပးသူက ျခံထဲတေနရာရာမွာ ရွိပါလိမ့္မည္။ျခံထဲဝင္ၿပီးေနာက္ လွ်ပ္တစ္ျပက္အတြင္း အကဲခက္မိလုိက္သည္။

ျခံဝင္းအက်ယ္သည္ ေပ(၁၅၀)ပတ္လည္ေလာက္ရွိေပေရာ့မည္။အိမ္တစ္လုံးကိုပင္ ေပ(၅၀)ေက်ာ္ ပတ္လည္အတြင္း ေဆာက္ထားလိမ့္မည္ဟု ခန္႔မွန္းရသည္။ႏွစ္ထပ္တိုက္အိမ္ႀကီးျဖစ္ၿပီး လူေတြကိုေတာ့ မေတြ႔ရ။အိမ္ထဲကမထြက္ဘဲ ေနၾကသည္လား။တိတ္ဆိတ္ျခင္းတို႔သာ မင္းမူေနသည္။

ခဏေနေတာ့ ေကာင္ေလးတစ္ေယာက္ ကားေတြရပ္ထားရာၾကားထဲက ထြက္လာသည္။ကားဂိုေထာင္ အမိုးေအာက္တြင္ ေဈးႀကီးေပ့ဆိုသည့္ ကားမ်ားရပ္ထားသည္။ကားဂိုေထာင္ႏွင့္ အိမ္မႀကီးအၾကား ဆက္သြယ္ထားသည့္ေနရာတြင္ အဖီတိုက္ခန္းတစ္ခုကိုလည္း ေျခတံရွည္အျမင့္ပုံစံ ေဆာက္ထား၏။ ထိုအေဆာက္အအုံ၏ ေအာက္တြင္လည္း ကားတစ္စီးရပ္ထား၏။ထိုကားမွာ လွ်ပ္စစ္ကားျဖစ္ေၾကာင္း ေနာက္မွ ေကာင္ေလးေျပာျပသျဖင့္ သိရသည္။

ကၽြန္ေတာ္တို႔အဖြဲ႔ ဤအိမ္ႀကီး အတြင္းေရာက္လာခဲ့ရသည္က အေထြေထြဝန္ေဆာင္မႈကို အေၾကာင္းျပဳ၍ ေရာက္လာခဲ့ျခင္းျဖစ္သည္။ကၽြန္ေတာ့္အဓိကလုပ္ကိုင္သည္က အျခားအလုပ္တစ္ခု။ အိမ္တြင္းအိမ္ျပင္ႏွင့္ ပတ္သက္ၿပီး လုပ္ကုိင္ရမည့္ ယခုအလုပ္သည္ကာ မိမိႏွင့္ အစိမ္းသက္သက္။မကၽြမ္း မက်င္။သိုေသာ္လည္း အျမင္ေတာ့ထိုက္သင့္သေလာက္ရွိထားပါသည္။

ထို႔ေၾကာင့္ပင္ စေန၊တနဂၤေႏြ အလုပ္ပိတ္ရက္ကေလးတြင္ ဒီအလုပ္ကို ကူညီဝင္ေရာက္လုပ္ကိုင္ရင္း အေတြ႔အႀကဳံတို႔ ယူရသည္။

ကၽြန္ေတာ္ ယခုကူရမည္က ျခေဆးျဖန္းျခင္းလုပ္ရမည္။ထိုကိစၥၿပီးမွ ဤအိမ္အတြက္ အျခားေသာလုပ္ငန္းတို႔ ဆက္လက္လုပ္ကိုင္ရမည္။

‘သူေဌးေတြေတာ့မရွိဘူးဗ်…လုပ္ရမယ့္ေနရာေတြကို ကၽြန္ေတာ္လိုက္ျပမယ္..’

အိမ္အတြင္း ျခေတြစြဲေနသည့္ေနရာမ်ားႏွင့္ ျခမေရာက္ေသးေသာ္လည္း ျခေဆးႀကိဳတင္ခ်ထားရမည့္ေနရာမ်ား ကို လိုက္လံျပသသည္။ထို႔ေၾကာင့္ အိမ္တြင္းပိုင္းအေန အထားကိုလည္း အကုန္လုံးျမင္ေတြ႔ခြင့္ရခဲ့သည္။

အေပၚထပ္တြင္ပင္ က်ယ္ဝန္းလွသည့္ အိပ္ခန္းက်ယ္ ၅ ခန္းရွိသည္။အိမ္၏မ်က္ႏွာသာက်သည့္ ေရွ႕ဘက္ အပိုင္းကို ဧည့္ခန္းႏွင့္ ဘုရားခန္းတြဲထားသည္။က်ယ္ဝန္လွပါ၏။ဘုရားခန္းမွာလည္း ၾကည္ညိဳဖြယ္ေကာင္းလွ ပါ၏။ထိုအခန္းတို႔၏ အလယ္တြင္ အားကစားလုပ္ရန္အတြက္ ပစၥည္းမ်ားႏွင့္ေနရာခ်ထားသည္ကိုေတြ႔ရသည္။

ထိုအိမ္ရွိျခံေစာင့္ ဥယ်ာဥ္မွူးေကာင္ေလး၏ ေျပာစကားအရ ဤအိမ္က သူေဌးဆိုသူတို႔သည္ ရန္ကုန္မွာ အခ်ိန္ၾကာၾကာ သိပ္ၿပီး ေနေလ့ေနထ မရွိေၾကာင္းသိရသည္။မႏၱေလးတြင္ အေနမ်ားေၾကာင္း၊ စစ္ကိုင္းဘက္တြင္ ပရိေဘာဂႏွင့္ သစ္အေခ်ာထည္ထုတ္ လုပ္သည့္လုပ္ငန္းမ်ားရွိေၾကာင္း သိရသည္။ ျမန္မာျပည္ေအာက္ပိုင္းတြင္လည္းေကာင္း၊လူတို႔အနားယူ အပန္းေျဖၾကရာ ပင္လက္ကမ္းေျခတို႔တြင္လည္း အိမ္ရာမ်ားပိုင္ဆိုင္ထားေၾကာင္း သိရသည္။

ျမန္မာျပည္အႏွံ႔ ခရီးထြက္လွ်င္ သူတို႔အတြက္ ဟိုတယ္မလို ကိုယ့္အိမ္ကိုယ့္ရာမ်ား ေနရာအႏွံ႔ရွိေၾကာင္း၊ သူတို႔ပိုင္ဆိုင္သည္ အိမ္မွာပဲတည္းႏိုင္ေၾကာင္း သိရသည္။

ေဩာ္…သူမ်ားေတြခ်မ္းသာၾကပုံမ်ား လက္ညိဳးညႊန္ရာ အိမ္ရွိေနၾကတဲ့ ဘဝေတြပါလားဟု အေတြးတို႔ စိတ္မွာျဖစ္လိုက္မိေသးသည္။မိမိအျဖစ္ႏွင့္ယွဥ္ေတာ့ မိမိကအိမ္ငွား။ေနစရာအတြက္ အျမဲပူပန္ေနရသူ ျဖစ္သည္။

ဒီလိုအိမ္ေကာင္းရာေကာင္းႀကီးကို ျခေဆးျဖန္းရမည္က အပိုအလုပ္ဟု ထင္စရာရွိသည္။တကယ့္လက္ေတြ႔တြင္ အိမ္တြင္ပိုင္း၌ သုံးထားသည့္သစ္တို႔က မ်ားလွပါသည္။ေကာင္းေပ့ဆိုသည့္ သစ္မ်ားပါႏိုင္သလို ၊ အထပ္သားႏွင့္ အျခားေသာသစ္မ်ားလည္းပါဝင္ၾကရာ ျခတို႔သည္ ဘယ္အခ်ိန္ ဘယ္ကာလကတည္းက ဝင္တြယ္ေနၾကသည္မသိ အတြင္းလႈိက္စားၿပီးအေတာ္ပင္ ပ်က္ဆီးေနၾကသည္ကို လုပ္ရင္းကိုင္ရင္းႏွင့္ ေတြ႔လာရသည္။

အိမ္ႀကီးသည္ႏွင့္အမွ် လူမေနေသာ္လည္း ျပဳျပင္ထိန္းသိမ္းရမႈတို႔က ရွိေနသည္။သူေဌးဆိုသည့္ အေဆာင္အေယာင္ႏွင့္ညီစြာ ျခံတြင္းထားရသည့္ ပစၥည္းတို႔ကလည္း တန္ဖိုးတို႔ႀကီးေပစြ။တန္ဖိုးႀကီးငါးတို႔ကို အေကာင္(၂၀)ေက်ာ္ေမြးထားသည္။(၁)ေကာင္ကို သိန္းဆယ္ဂဏန္းအထက္မွာ ရွိသည္ဟုသိရသည္။ ငါးစာေဈးႏွင့္ပါတြက္ၾကည့္လွ်င္။သူတို႔၏ အိမ္အတြက္ ဗာဟီရ တစ္ရက္ကုန္က်စရိတ္သည္ မနည္းမေနာ။ ဆင္းရဲသားအိမ္ေထာင္စု (၅၀)(၁၀၀)စာေလာက္ေတာ့ ေကာင္းေကာင္းေကၽြးႏိုင္ေလာက္သည္။

မီးပ်က္သည့္ကာလမွာပင္ ငါးတို႔ေအာက္ဆီဂ်င္ပ်က္ၿပီးမေသရေအာင္ မီးဆက္ႏိူးၿပီး ေရလည္ပတ္ေအာင္ လုပ္ေပးထားရေၾကာင္း သိရသည္။ ႏွင္းေခြးတစ္ေကာင္အတြက္ ၂၄နာရီ အဲယားကြန္ဖြင့္ေပးထားရသည္ဟု ဆိုသည္။

ျခံဝင္းအတင္းစိုက္ပ်ိဳးထားသည္ အလွစိုက္အပင္မ်ားကိုလည္း အျမဲတမ္း အေျပာင္းအလဲ လုပ္ေပးရေၾကာင္း၊ ဒီႏွစ္ဒီအပင္တို႔စိုက္ပ်ိဳးထားေသာ္လည္း ေနာက္ႏွစ္တြင္ ဒီအပင္မ်ား ရွိေကာင္းမွာ ရွိပါဦးမည္။ စိတ္ကူးတည့္ရာ လိုရာျဖစ္သည့္ဘဝတြင္ ဆန္းသစ္မႈႏွင့္ အိမ္အတြက္မဂၤလာျဖစ္ေစမႈတို႔အတြက္ဆိုလွ်င္ အေျပာင္းအလဲတို႔ လုပ္တတ္ေၾကာင္းသိရသည္။

သူေဌးဆိုသည္မ်ိဳးက ေငြရွိသည္။ေငြရွိသည့္အတြက္ ဒီေန႔ဒါျဖစ္ေနေသာ္လည္း ေနာက္ေန႕တြင္ အျခားအရာတို႔ ျဖစ္ေကာင္းျဖစ္ေနပါလိမ့္မည္။

ကၽြန္ေတာ္သည္ လက္ရွိအေျခအေနအရ အိမ္ငွားဘဝျဖင့္ပင္ အိမ္အတြက္ အျပင္အဆင္တို႔ကို အေျပာင္းအလဲ လုပ္မိတတ္ေသးသည္။ပိုက္ဆံရွိလာသည့္တေန႔ ကိုယ့္ျခံ၊ကိုယ့္ဝင္း၊ကိုယ့္အိမ္ႏွင့္ျဖစ္လာလွ်င္ ကၽြန္ေတာ္လည္း ဘာေတြဇာခ်ဲ႕မိမလဲ ဆိုသည္ကိုေတာ့ ေစာင့္ၾကည့္ရပါလိမ့္ဦးမည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
အမေရိကန် ဘီလျံနာကြီး Jay Chaudhry ဝန်ထမ်းခေါ်ယူရာတွင် အဓိကကြည့်သည့် အချက် ၃ ချက်
အမေရိကန် ဘီလျံနာကြီး Jay Chaudhry ဝန်ထမ်းခေါ်ယူရာတွင် အဓိကကြည့်သည့် အချက် ၃ ချက်
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service