စင်္ကာပူတည်ထောင်သူ လီကွမ်ယု၏ သမီး၊ လိင်တူချစ်သူ Li Huanwu (စင်္ကာပူဝန်ကြီးချုပ်၏ တူ) တို့ပိုင်သော စင်္ကာပူမှ လုံးချင်းအိမ်တစ်လုံးကို နာမည်ကြီး ဟော့ပေါ့ဆိုင် Haidilao ပိုင်ရှင်က စင်္ကာပူဒေါ်လာ သန်း ၅၀ ဖြင့်ဝယ်ယူခဲ့

စင်္ကာပူတည်ထောင်သူ လီကွမ်ယု၏ သမီး၊ လိင်တူချစ်သူ Li Huanwu (စင်္ကာပူဝန်ကြီးချုပ်၏ တူ) တို့ပိုင်သော စင်္ကာပူမှ လုံးချင်းအိမ်တစ်လုံးကို နာမည်ကြီး ဟော့ပေါ့ဆိုင် Haidilao ပိုင်ရှင်က စင်္ကာပူဒေါ်လာ သန်း ၅၀ ဖြင့်ဝယ်ယူခဲ့ - Property News in Myanmar from iMyanmarHouse.com
7 Mar 2023 9:46 am တွင် တင်ခဲ့သည်
2105 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူရှိ နာမည်ကြီး ဟော့ပေါ့ဆိုင်အုပ်စုဖြစ်သော Haidilao International ၏ ပူးတွဲတည်ထောင်သူ Shi Yonghong သည် Cluny Hill အရပ်တွင် စင်္ကာပူကို တည်ထောင်ခဲ့သည့် နိုင်ငံခေါင်းဆောင် ဝန်ကြီးချုပ် လီကွမ်ယု၏ သမီး ပိုင်ဆိုင် သော GCB ဟုခေါ်သော အထက်တန်းစားဘန်ဂလိုအိမ်တစ်လုံးကို စင်္ကာပူဒေါ်လာ သန်း ၅၀ ဖြင့် ဝယ်ယူခဲ့သည်။

အဆိုပါ GCB ကို ပိုင်ဆိုင်သူမှာ Kwa Geok Choo Pte Ltd ကုမ္ပဏီမှဖြစ်ကြောင်း စထရိတ်တိုင်းမ်စ် သတင်းစာ က ဖော်ပြသည်။

ထိုကုမ္ပဏီမှာ နောက်ပိုင်းတွင် Cluny Lodge Pte Ltd ဟု အမည်ပြောင်းခဲ့သည်။

ကုမ္ပဏီပိုင်ရှင်မှာ စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယု (ကွယ်လွန်) ၏ သမီး လီဝေလင်း (Lee Wei Ling) ဖြစ်သည်။ လီဝေလင်း၏ တူ ၊ Lee Hsien Yang (လီကွမ်ယု၏သား) ၏ ဒုတိယသား လီဟွမ်ဝူ (Li Huanwu) သည်လည်း အဆိုပါကုမ္ပဏီ၏ ဒါရိုက်တာများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

စထရိတ်တိုင်းမ်သတင်းစာက ရရှိခဲ့သော တရားဝင်အရောင်းအဝယ်စာရွက်စာတမ်းများအရ ထို GCB ခန်းသည် လီဝေလင်းထံမှ Shi Yonghong ထံသို့ စက်တင်ဘာ ၆ ရက်တွင် လက်လွှဲလက်ပြောင်းဖြစ်ခဲ့ကြောင်း သိရသည်။

Shi Yonghong သည် Haidilao International ၏ ပူးတွဲတည်ထောင်သူဖြစ်သည့်အပြင် ဟော့ပေါ့ ဟင်းခတ် အမွှေးအကြိုင်များနှင့် Sauces များ ထုတ်လုပ်သည့် ကုမ္ပဏီ Yihai International Holding ၏ ဥက္ကဌ လည်း ဖြစ်သည်။

သူ၏ မိသားစုကြွယ်ဝမှုမှာ စင်္ကာပူဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ (ကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ) ရှိပြီး Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်သော China's Richest 2021 စာရင်းတွင် နံပါတ် ၈၇ နေရာ၌ ဖော်ပြခံရသည်။

ယခုဝယ်ယူလိုက်သောအိမ်မှာ Shi Yonghong တို့ မိသားစုပိုင်ဆိုင်ထားသော အခြားဘန်ဂလိုအိမ် ၂ လုံးနှင့် လမ်းလျှောက်သွားရုံဖြင့်ရောက်သော အကွာအဝေးတွင် တည်ရှိသည်။

တစ်လုံးမှာ Gallop လမ်းပေါ်တွင်တည်ရှိပြီး အခြားတစ်လုံးမှာ ကပ်လျက်တွင်တည်ရှိပြီး Winged House ဟု အမည်ပေးထားသည်။

((အမျိုးသားချင်းလက်ထပ်သော လီဟွမ်ဝူ၏ မင်္ဂလာဆောင်သို့ ဖခင် လီရှန်ယန်၊ မိခင် လီဆွတ်ဖန်နှင့် အစ်ကို လီရှန်းဝူတို့ တက်ရောက်ခဲ့))

လီဟွမ်ဝူသည် လက်ရှိ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း၏ တူဖြစ်ပြီး ကာလကြာရှည်တွဲခဲ့သော ယောက်ျားလေး ချစ်သူ Heng Yirui နှင့် တောင်အာဖရိကနိုင်ငံတွင် ၂၀၁၉ ခုနှစ်က လက်ထပ်ခဲ့မှုမှာ ကမ္ဘာ့သတင်းမီဒီယာတို့ အကြား နာမည်ကြီးခဲ့သည်။

စင်္ကာပူကို တည်ထောင်ခဲ့သော ဝန်ကြီးချုပ် လီကွမ်ယုနှင့်ဆိုလျှင် လီဟွမ်ဝူသည် မြေးတော်စပ်ပြီး သူ၏ မင်္ဂလာဆောင်သို့ ဖခင် လီရှန်ယန် (လီကွမ်ယု၏ သား)၊ မိခင် လီဆွတ်ဖန်၊ အစ်ကိုကြီး လီရှန်းဝူနှင့် ညီငယ် လီရှောင်ဝူတို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်က ကျင်းပခဲ့သော အဆိုပါမင်္ဂလာပွဲသို့ နှစ်ဖက်မိသားစုအသိုင်းအဝိုင်းမှ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

(မင်္ဂလာပွဲမြင်ကွင်း။ ဓာတ်ပုံ- Dear Straight People FB)

လီဟွမ်ဝူသည် အထွေထွေမန်နေဂျာတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ပြီး သူ၏ ခင်ပွန်းစင်္ကာပူနိုင်ငံသားမှာ တိရ စ္ဆာန်ဆေးကုဆရာဝန်တစ်ဦးဖြစ်သည်။

စင်္ကာပူတွင် LGBT အသိုက်အဝန်းကို အထောက်အပံ့ပြုသည့် နှစ်စဉ်ပွဲလမ်းတစ်ခုဖြစ်သော Pink Dot ပွဲကို အားပေးကြရန် လီဟွမ်ဝူက စင်္ကာပူနိုင်ငံသားများကို တိုက်တွန်းခဲ့ဖူးသည်။

သူ၏ ဖခင် လီရှန်ယန်က စထရိတ်တိုင်းမ်သတင်းစာသို့ ပြောသည်မှာ “အဖေသာ ဒါကိုသိရင် ကြည်နူးလိမ့်မယ် လို့ ကျွန်တော်ထင်ပါတယ်”ဟု ပြောသည်။

ကွယ်လွန်သွားပြီဖြစ်သော စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယုသည် စင်္ကာပူတွင် လိင်တူအချစ်ရေးများကို ထောက်ခံအားပေးခဲ့သူတစ်ဦး ဖြစ်သည်။

တွေ့ဆုံမေးမြန်းခန်းများတွင် လီကွမ်ယုက သူ၏ အယူအဆကို မကြာခဏပြောဖူးရာ လိင်တူအချစ်ရေးမှာ မျိုးဗီဇ ကွဲပြားမှုတစ်မျိုးဖြစ်ပြီး လိင်တူချစ်သူများကို မနှိပ်ကွပ်သင့်ကြောင်း ပြောဖူးသည်။

(ပုံတွင်တွေ့ရသည်မှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၉ ရက်က ကျင်းပခဲ့သော Pink Dot 2019 ပွဲသို့ လီဟွမ်ဝူတို့ စုံတွဲ၏ နှစ်ဘက်မိသားစု တက်ရောက်ခဲ့ပုံဖြစ်သည်။ ဝဲမှယာ-Heng ၏ မိဘ ၂ ပါး၊ လီဆွတ်ဖန် ၊ လီဟွမ်ဝူ၊ လီဟွမ်ဝူ၏ခင်ပွန်း Heng Yirui ၊ လီရှန်ယန်- ဓာတ်ပုံ- Pink Dot SG/Facebook)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Lee Hsien Yang, Lee Suet Fern and Li Shengwu were in attendance at Li Huanwu’s wedding (theindependent)

[Zawgyi]

စကၤာပူတည္ေထာင္သူ လီကြမ္ယု၏ သမီး၊ လိင္တူခ်စ္သူ Li Huanwu (စကၤာပူဝန္ၾကီးခ်ဳပ္၏ တူ) တို႔ပိုင္ေသာ စကၤာပူမွ လံုးခ်င္းအိမ္တစ္လံုးကို နာမည္ၾကီး ေဟာ့ေပါ့ဆိုင္ Haidilao ပိုင္ရွင္က စကၤာပူေဒၚလာ သန္း ၅၀ ျဖင့္ဝယ္ယူခဲ့

စကၤာပူရွိ နာမည္ၾကီး ေဟာ့ေပါ့ဆိုင္အုပ္စုျဖစ္ေသာ Haidilao International ၏ ပူးတြဲတည္ေထာင္သူ Shi Yonghong သည္ Cluny Hill အရပ္တြင္ စကၤာပူကို တည္ေထာင္ခဲ့သည့္ ႏိုင္ငံေခါင္းေဆာင္ ဝန္ၾကီးခ်ဳပ္ လီကြမ္ယု၏ သမီး ပိုင္ဆိုင္ ေသာ GCB ဟုေခၚေသာ အထက္တန္းစားဘန္ဂလိုအိမ္တစ္လံုးကို စကၤာပူေဒၚလာ သန္း ၅၀ ျဖင့္ ဝယ္ယူခဲ့သည္။

အဆိုပါ GCB ကို ပိုင္ဆိုင္သူမွာ Kwa Geok Choo Pte Ltd ကုမၸဏီမွျဖစ္ေၾကာင္း စထရိတ္တိုင္းမ္စ္ သတင္းစာ က ေဖာ္ျပသည္။ ထိုကုမၸဏီမွာ ေနာက္ပိုင္းတြင္ Cluny Lodge Pte Ltd ဟု အမည္ေျပာင္းခဲ့သည္။

ကုမၸဏီပိုင္ရွင္မွာ စကၤာပူဝန္ၾကီးခ်ဳပ္ လီကြမ္ယု (ကြယ္လြန္) ၏ သမီး လီေဝလင္း (Lee Wei Ling) ျဖစ္သည္။ လီေဝလင္း၏ တူ ၊ Lee Hsien Yang (လီကြမ္ယု၏သား) ၏ ဒုတိယသား လီဟြမ္ဝူ (Li Huanwu) သည္လည္း အဆိုပါကုမၸဏီ၏ ဒါရိုက္တာမ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္သည္။

စထရိတ္တိုင္းမ္သတင္းစာက ရရွိခဲ့ေသာ တရားဝင္အေရာင္းအဝယ္စာရြက္စာတမ္းမ်ားအရ ထို GCB ခန္းသည္ လီေဝလင္းထံမွ Shi Yonghong ထံသို႔ စက္တင္ဘာ ၆ ရက္တြင္ လက္လႊဲလက္ေျပာင္းျဖစ္ခဲ့ေၾကာင္း သိရသည္။

Shi Yonghong သည္ Haidilao International ၏ ပူးတြဲတည္ေထာင္သူျဖစ္သည့္အျပင္ ေဟာ့ေပါ့ ဟင္းခတ္ အေမႊးအၾကိဳင္မ်ားႏွင့္ Sauces မ်ား ထုတ္လုပ္သည့္ ကုမၸဏီ Yihai International Holding ၏ ဥကၠဌ လည္း ျဖစ္သည္။

သူ၏ မိသားစုၾကြယ္ဝမႈမွာ စကၤာပူေဒၚလာ ၅ ဒသမ ၇ ဘီလီယံ (ကန္ေဒၚလာ ၄ ဒသမ ၁ ဘီလီယံ) ရွိျပီး Forbes မဂၢဇင္းၾကီးက ထုတ္ျပန္ေသာ China's Richest 2021 စာရင္းတြင္ နံပါတ္ ၈၇ ေနရာ၌ ေဖာ္ျပခံရသည္။

ယခုဝယ္ယူလိုက္ေသာအိမ္မွာ Shi Yonghong တို႔ မိသားစုပိုင္ဆိုင္ထားေသာ အျခားဘန္ဂလိုအိမ္ ၂ လံုးႏွင့္ လမ္းေလွ်ာက္သြားရံုျဖင့္ေရာက္ေသာ အကြာအေဝးတြင္ တည္ရွိသည္။

တစ္လံုးမွာ Gallop လမ္းေပၚတြင္တည္ရွိျပီး အျခားတစ္လံုးမွာ ကပ္လ်က္တြင္တည္ရွိျပီး Winged House ဟု အမည္ေပးထားသည္။

  ((အမ်ဳိးသားခ်င္းလက္ထပ္ေသာ လီဟြမ္ဝူ၏ မဂၤလာေဆာင္သို႔ ဖခင္ လီရွန္ယန္၊ မိခင္ လီဆြတ္ဖန္ႏွင့္ အစ္ကို လီရွန္းဝူတို႔ တက္ေရာက္ခဲ့))

လီဟြမ္ဝူသည္ လက္ရွိ စကၤာပူဝန္ၾကီးခ်ဳပ္ လီရွန္လြန္း၏ တူျဖစ္ျပီး ကာလၾကာရွည္တြဲခဲ့ေသာ ေယာက်္ားေလး ခ်စ္သူ Heng Yirui ႏွင့္ ေတာင္အာဖရိကႏိုင္ငံတြင္ ၂၀၁၉ ခုႏွစ္က လက္ထပ္ခဲ့မႈမွာ ကမၻာ့သတင္းမီဒီယာတို႔ အၾကား နာမည္ၾကီးခဲ့သည္။

စကၤာပူကို တည္ေထာင္ခဲ့ေသာ ဝန္ၾကီးခ်ဳပ္ လီကြမ္ယုႏွင့္ဆိုလွ်င္ လီဟြမ္ဝူသည္ ေျမးေတာ္စပ္ျပီး သူ၏ မဂၤလာေဆာင္သို႔ ဖခင္ လီရွန္ယန္ (လီကြမ္ယု၏ သား)၊ မိခင္ လီဆြတ္ဖန္၊ အစ္ကိုၾကီး လီရွန္းဝူႏွင့္ ညီငယ္ လီေရွာင္ဝူတို႔ တက္ေရာက္ခဲ့ၾကသည္။

၂၀၁၉ ခုႏွစ္၊ ေမလ ၂၄ ရက္က က်င္းပခဲ့ေသာ အဆိုပါမဂၤလာပြဲသို႔ ႏွစ္ဖက္မိသားစုအသိုင္းအဝုိင္းမွ တက္ေရာက္ခဲ့ျခင္းျဖစ္သည္။

  (မဂၤလာပြဲျမင္ကြင္း။ ဓာတ္ပံု- Dear Straight People FB)

လီဟြမ္ဝူသည္ အေထြေထြမန္ေနဂ်ာတစ္ဦးအျဖစ္ အလုပ္လုပ္ကိုင္ျပီး သူ၏ ခင္ပြန္းစကၤာပူႏိုင္ငံသားမွာ တိရ စၦာန္ေဆးကုဆရာဝန္တစ္ဦးျဖစ္သည္။

စကၤာပူတြင္ LGBT အသိုက္အဝန္းကို အေထာက္အပံ့ျပဳသည့္ ႏွစ္စဥ္ပြဲလမ္းတစ္ခုျဖစ္ေသာ Pink Dot ပြဲကို အားေပးၾကရန္ လီဟြမ္ဝူက စကၤာပူႏိုင္ငံသားမ်ားကို တိုက္တြန္းခဲ့ဖူးသည္။

သူ၏ ဖခင္ လီရွန္ယန္က စထရိတ္တိုင္းမ္သတင္းစာသို႔ ေျပာသည္မွာ “အေဖသာ ဒါကိုသိရင္ ၾကည္ႏူးလိမ့္မယ္ လို႔ ကၽြန္ေတာ္ထင္ပါတယ္”ဟု ေျပာသည္။

ကြယ္လြန္သြားျပီျဖစ္ေသာ စကၤာပူဝန္ၾကီးခ်ဳပ္ လီကြမ္ယုသည္ စကၤာပူတြင္ လိင္တူအခ်စ္ေရးမ်ားကို ေထာက္ခံအားေပးခဲ့သူတစ္ဦး ျဖစ္သည္။

ေတြ႔ဆံုေမးျမန္းခန္းမ်ားတြင္ လီကြမ္ယုက သူ၏ အယူအဆကို မၾကာခဏေျပာဖူးရာ လိင္တူအခ်စ္ေရးမွာ မ်ဳိးဗီဇ ကြဲျပားမႈတစ္မ်ဳိးျဖစ္ျပီး လိင္တူခ်စ္သူမ်ားကို မႏွိပ္ကြပ္သင့္ေၾကာင္း ေျပာဖူးသည္။

(ပံုတြင္ေတြ႔ရသည္မွာ ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၂၉ ရက္က က်င္းပခဲ့ေသာ Pink Dot 2019 ပြဲသို႔ လီဟြမ္ဝူတို႔ စံုတြဲ၏ ႏွစ္ဘက္မိသားစု တက္ေရာက္ခဲ့ပံုျဖစ္သည္။ ဝဲမွယာ-Heng ၏ မိဘ ၂ ပါး၊ လီဆြတ္ဖန္ ၊ လီဟြမ္ဝူ၊ လီဟြမ္ဝူ၏ခင္ပြန္း Heng Yirui ၊ လီရွန္ယန္- ဓာတ္ပံု- Pink Dot SG/Facebook)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Lee Hsien Yang, Lee Suet Fern and Li Shengwu were in attendance at Li Huanwu’s wedding (theindependent)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service